We lived beneath the mat
Warm and snug and fat
But one woe, and that
Was the cat!
To our joys, a clog
In our eyes a fog
On our hearts a log
Was the dog!
When the cat's away
Then the mice will play
But, alas! one day (so they say)
Came the dog and cat,
Hunting for a rat,
Crushed the mice all flat,
Each one as he sat
Underneath the mat
Warm and snug and fat
Think of that!
Lewis Carroll
(1832 - 1898)
27 November 2008
25 November 2008
ရေ...ပြီးတော့ ရေ...ပြီးတော့ ရေ
မနေ့ညနေက အပတ်စဉ်လုပ်နေကျ ဖြစ်တဲ့ Seminar ကိုသွားတက်ဖြစ်တယ်၊ ကျနော်အလုပ်လုပ်တဲ့ faculty မှာ တနင်္လာနေ့ညနေတိုင်း Engineering Seminar တွေရှိပါတယ်၊ တကယ်တော့ အဲဒီ seminar အများစုကို ကျနော်မတက်ချင်ဘူး၊ တချို့ဟာတွေက သက်ဆိုင်ရာ research field အလိုက်အတော် အသေးစိတ်နိုင်တော့ ကိုယ့်မှာ အခြေခံမရှိရင် ဘာမှနားမလည်ဘူး၊ ဒီတော့ အဲလိုဟာတွေသွား နားထောင်ရတာ အချိန်ကုန်တယ်၊ ပြီး တော့ ကျနော့် lab မှာလည်းလုပ်စရာတွေက တပုံကြီးပဲ၊ ဒါပေမယ့် ဌာနက professor ကအဲဒီ seminar တွေ ကိုသွားနားထောင်စေချင်တယ်၊ ကိုယ်လုပ်နေတာနဲ့ မပတ်သက်ပေမယ့် သူများတွေဘယ်လိုလုပ်တယ် ဆိုတာ သိရမယ်၊ ပြီးတော့ ချဉ်းကပ်ပုံ အိုင်ဒီယာလည်း ရနိုင်တယ်ပေါ့၊ ဒီတော့လည်း သွားဖို့ကြိုးစား ရတာပေါ့လေ...၊
မနေ့ညနေကတော့ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်၊ ရေအကြောင်းပါ၊ ခေါင်းစဉ်က Virtual Water and Water Management တဲ့၊ Speaker က Stanford University မှာ နှစ်ပေါင်းများစွာ ပရော်ဖက်ဆာ လုပ်ခဲ့ပြီး အခုလက်ရှိ Zurich တက္ကသိုလ်မှာလည်း စာသင်နေတဲ့ Dr.A. Zehnder ဖြစ်ပါတယ်၊ သူပြောသွားတဲ့ facts and figures တချို့ကိုတော့ ကျနော်သိပြီးသားပါ၊ ဒါပေမယ့် ရေရဲ့ virtual aspect ကနေ ပြောသွားတာတချို့ ကစိတ်ဝင်စားစရာပဲ၊ ဥပမာ-ရေကို လိုအပ်မှုဟာ တိုက်ရိုက်တင်မဟုတ်ဘဲ တဆင့်ခံအနေနဲ့ ဘယ်လောက်အထိ အသုံးဝင်တယ်ဆိုတာ မျိုး...အာလူး တစ်ကီလိုရဖို့ဆိုရင် ရေ ၆၃၆ လီတာလိုအပ်တယ်၊ ပေါင်မုန့် တစ်ကီလို ဆိုရင် ရေ တစ်ကုဗမီတာ (1m3) သုံးမှ ထုတ်လုပ်နိုင်တယ်...အစ ရှိသဖြင့်ပေါ့၊
ရေကိုဖောဖောသီသီ အသုံးနိုင်ဆုံး နိုင်ငံတွေကတော့ အားလုံးသိကြတဲ့အတိုင်း USA, Australia, Argentina, France, Canada တို့ပေါ့၊ ဒီနိုင်ငံ ၅ နိုင်ငံက ရေရယ်၊ ရေကြောင့်ဖြစ်တဲ့ စိုက်ပျိုးရေးရယ်မှာ ပိုပိုလျှံလျှံ ရှိတယ်၊ သူတို့လို မကြွယ်ဝတဲ့ နိုင်ငံတွေကတော့ အစားအသောက်ကို တင်သွင်းရတာပေါ့၊ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာ က အဲဒီတင်သွင်းတဲ့ အသီးအနှံတွေနဲ့ အတူပါလာတဲ့ ဘေးထွက်ဆိုးကျိုးပါ၊ စိုက်ပျိုးရေးမှာ နိုက်ထရိုတ်၊ ဖေါ့စဖိတ်နဲ့ ပိုတက်စီယမ်တို့ အများဆုံးအသုံးပြုတယ်၊ ဒီတော့ အဲဒီဒြပ်ပေါင်းတွေက အသီးအနှံ တွေမှာ ပါလာရော၊ ပြီးတော့ စွန့်ပစ်လိုက်တဲ့ လူ့အညစ်အကြေးကတဆင့် မြေအောက်ရေ၊ မြစ်ချောင်းထဲကို ရောက်သွားရော၊ အဲဒီအခါ ဟင်းသီးဟင်းရွက် တင်သွင်းခဲ့တဲ့ နိုင်ငံတွေခမျာ ရေမလောက်ငှတဲ့ ကြားထဲ ရှိတဲ့ အဲဒီ ရေလေးပါ ညစ်နွမ်းရပြန်ပါရော၊ အချိန်မီ မသန့်စင်ဘူးဆိုရင် ရေနေသတ္တဝါနဲ့ အပင်တွေ သေကြေကုန်မှာ ဖြစ်ပါတယ်၊
အရှေ့တောင်အာရှနဲ့ ပတ်သက်ပြီး သူပြသွားတဲ့ slide တစ်ခုမှာတော့ ရေရှားပါးမှုကို ရင်ဆိုင်နေရတာတော့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံပါ၊ သူတို့မှာရှိတဲ့ မြစ်တွေကို ဆည်ဖို့လိုက်ရင်တော့ ဒီပြဿနာကို ရှင်းနိုင်မှာဖြစ်ပေ မယ့်လက်တွေ့မှာ မဖြစ်နိုင်ပါဘူး၊ ဒေသတွင်းမှာတော့ ရေနဲ့ပတ်သက်ပြီး မစိုးရိမ်ရသေးတဲ့ နိုင်ငံနှစ်ခုကတော့ မြန်မာနဲ့ထိုင်း ဖြစ်ပါတယ်၊ ဒီနိုင်ငံနှစ်ခုက တခြားအိမ်နီးချင်းတွေနဲ့ စာရင် စိုက်ပျိုးရေးအတွက် ရေလိုအပ်မှုကို ပံ့ပိုးပေးနိုင်တုန်းပါပဲ၊ ဒါပေမယ့် သူရထားတဲ့ အချက်အလက်တွေက ဘယ်တုန်းကလဲဆိုတာ ကျနော်မသိဘူး၊ အခုလက်ရှိကာလမှာ မှန်ချင်မှမှန်နိုင်ပါတယ်၊ ကျနော်သိထားသလောက် ဧရာဝတီ မြစ်ရေတင်စီမံကိန်းတွေ ကြောင့် မြစ်ကြောင်းကောပြီး သောင်ထွန်းလာနေမှုတွေလိုမျိုး အခက်အခဲတွေရှိတယ်၊ လွန်ခဲ့တဲ့ ၄ နှစ်ကမြန်မာ ပြည်ပြန်တုန်း ကျနော် ရေ sample အချို့ပြန်ယူလာခဲ့သေးတယ်၊ အဲဒီရေတွေကို ဓါတ်ခွဲကြည့်တော့ အင်းလေး ကန်ထဲမှာ ဖော့စဖိတ်နဲ့ ပိုတက်စီယမ် ပျော်ဝင်နှုန်းက အတော်မြင့်မားတာကို တွေ့ရတယ်၊ ကျွန်းမျောစိုက်ခင်း တွေမှာ သုံးတဲ့ဓါတ်မြေသြဇာ တွေကနေလာတာပေါ့၊ ရေရှည်မှာ မကောင်းပါဘူး၊
ဒီနေ့ခေတ်ရဲ့ လူနေမှုပုံစံရယ်၊ စက်မှုထွန်းကားမှုရယ်၊ လူဦးရေတိုးပွားမှုရယ် စတဲ့အကြောင်းတွေကြောင့် ရေ ညစ်ညမ်းလာမှုဟာ နိုင်ငံတိုင်းမှာ ကြုံနေရတဲ့ ပြဿနာတရပ် ဖြစ်ပါတယ်၊ ကျနော်တို့ နောက်မှာလာမယ့် မျိုးဆက်သစ်လေးတွေ အတွက်သန့်ရှင်း၊ ကောင်းမွန်တဲ့ရေ ထားခဲ့ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်၊ မဟုတ်ရင် ကိုယ်နေခွင့်ရတုန်း ရှေ့နောက်မကြည့်ဘဲ သုံးဖြုန်းခဲ့ပြီး တကိုယ်ကောင်းဆန်ရာ ကျနေမှာပေါ့၊
ကျနော့်ကို ရေစကားသိပ်ပြောတာပဲ လို့များထင်ကြမလားမသိဘူး၊ ကျနော်ကလည်း ရေထဲကကို မတက်ချင်ဘူး ဖြစ်နေတယ်၊ အားလုံးကို ရေငတ်တုန်း သန့်ရှင်းတဲ့ ရေတွင်းထဲပဲ ကျစေချင်ပါတယ် ။ ။
ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၀၈
18 November 2008
Autumn
Autumn (1)
Focal length 36 mm
Exposure 1/125
Aperture f/10
ISO 100
Autumn (2)
Focal length 55 mm
Exposure 1/200
Aperture f/10
ISO 100
Autumn (3)
Focal length 42 mm
Exposure 1/50
Aperture f/5
ISO 200
Autumn (4)
Focal length 47 mm
Exposure 1/100
Aperture f/8
ISO 400
Autumn (5)
Focal length 55 mm
Exposure 1/40
Aperture f/5.6
ISO 200
Autumn (6)
Focal length 53 mm
Exposure 1/125
Aperture f/8
ISO 100
13 November 2008
ရေ (a) Water (a) De l'eau
အခေါ်အဝေါ်နဲ့ နေရာဒေသတွေ ဘယ်လိုပဲ ပြောင်းပြောင်း တကမ္ဘာလုံးက သူ့ကိုလိုအပ်ပါတယ်၊ တကယ့်ကို မရှိ မဖြစ်လိုအပ်တာပါ၊ ဒါပေမယ့် လိုအပ်တိုင်းလည်း လိုသလောက်ရကြပါရဲ့လား...၊ ရတဲ့အခါမှာလည်း သန့်ရှင်း ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည့်စုံရဲ့လား၊
ကမ္ဘာပေါ်မှာ ရေလေးတစ်ပေါက်တောင်မှ ဝဝလင်လင် မသောက်ရတဲ့လူတွေ သိန်းသန်းချီရှိပါတယ်၊ ရေရဲ့ pH ၊ ရေမှာပါဝင်သင့်တဲ့ minerals ၊ Total Suspended Solids (TSS) လို့ခေါ်တဲ့ အမှုန်အမွှား ကင်းစင်မှု၊ စတာ တွေကို စဉ်းစားဖို့ဝေးလို့...ရေလို့ခေါ်ဖြစ်ရုံ လောက် အရည်လေးရရင်ကိုပဲ ကျေနပ်နေရတဲ့လူတွေ အများကြီးပါ၊
UNDP ရဲ့စာရင်းတစ်ခုအရ အမေရိကားလို နိုင်ငံမှာတော့ လူတစ်ယောက် တစ်နေ့ ပျမ်းမျှရေအသုံးပြုနှုန်းဟာ လီတာ ၆၀၀ နီးနီးရှိသတဲ့၊ ကမ္ဘာပေါ် မှာအများဆုံးပါပဲ၊ သူ့နောက်မှာတော့ သြစတြေးလျ၊ ပြီးတော့ ဥရောပ နိုင်ငံတွေ၊ ပြီးမှ တရုတ် အိန္ဒိယတို့က ၇၅-၁၀၀ လီတာခန့် နဲ့အလယ်မကျတကျ လိုက်ပါတယ်၊ ဒါ..တော်တော့်ကို နည်းနေပါပြီ၊ ဟိုး....အောက်ဆုံးကတော့ ရဝမ်ဒါ၊ ယူဂမ်ဒါ၊ မိုဇမ်ဘစ် စတဲ့ အာဖရိကနိုင်ငံတွေ...၊ သူတို့ရဲ့ လူတစ်ယောက် ပျမ်းမျှ တစ်နေ့သုံးနှုန်းက ၅ လီတာကနေ ၁၅ လီတာခန့်ပဲ ရှိပါတယ်၊ လူသားတစ် ယောက် အသက်ရှင်နေထိုင်မှုအတွက် လိုအပ်တာထက် အများကြီးနည်းပါတယ်၊
ဒီဖက်နှစ်တွေမှာတော့ တချို့လူတွေ ရေအရင်းအမြစ်အကြောင်းကို စပြီးသတိပြု၊ ဂရုစိုက်လာပါပြီ၊ သွားတိုက်နေစဉ်မှာ ရေဘုံဘိုင်ကို ပိတ်ထားတာတို့၊ ရေချိုးကန်ထဲ ရေတွေအများကြီးထည့်ရမယ့် Bath အစား၊ Shower နဲ့ရေချိုးတာတို့၊ မလိုအပ်ဘဲ ရေကိုမသွန်တာတို့ စသဖြင့်ပေါ့၊ ဒါပေမယ့်ကမ္ဘာ့လူဦးရေအချိုးနဲ့စာရင် အရမ်းနည်းပါသေးတယ်၊ တကယ်တော့ လူသားတွေသုံးနိုင်တဲ့ ရေချိုက ကမ္ဘာ့ရေထု စုစုပေါင်းရဲ့ ၃% ပဲရှိတာပါ၊ ဒါပေမယ့် ရေသံသရာလည်မှုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ ကတည်းက ဒီရေ ၃% ကိုပဲသုံးလာခဲ့ကြတယ်၊ ပြောရရင်တော့ ဒီနေ့ခင်ဗျား ထမင်းစားအပြီး သောက်လိုက်တဲ့ ရေဟာ ပုဂံခေတ်တုန်းက ကျန်စစ်သားမင်း ကြီး ချိုးခဲ့ဖူးတဲ့ ရေအချို့လည်း ကောင်းကောင်းကြီး ဖြစ်နေနိုင် ပါတယ်၊ တကယ်ပါ၊
ဒီကနေ့ တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေ၊ အဆမတန် များပြားလာတဲ့ ကုန်ထုတ်လုပ်မှု၊ စတာတွေကြောင့် တချိန် က ကျနော်တို့ဘိုးဘွားတွေ ဖောဖောသီသီ သောက်သုံးခွင့် ရခဲ့တဲ့ အဲဒီရေ ၃% ကိုကျနော်တို့ ကျပ်ကျပ် တည်း တည်း ခွဲဝေသုံးနေရပြီ၊ ဒီကြားထဲကမှ အဲဒီရေကလေးကို ကျနော်တို့ တန်ဖိုးထားပြီး မသုံးဘူးဆိုရင် သိပ်မဝေးတဲ့ကာလမှာ ရေအကျပ်အတည်းတွေ ဆက်တိုက်တွေ့လာရမှာ သေချာပေါက်ပါပဲ၊ ကဲ မိတ်ဆွေ ကော.....ဒီနေ့ရေကို အလဟဿမဖြစ်အောင် သတိလေး မပြုလိုက်ချင်ဘူးလား။ ။
ညီလင်းသစ်
၁၃ နိုဝင်ဘာ၊ ၂၀၀၈

09 November 2008
ကျနော်နှင့်ထိုရောဂါ
အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊
ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊
အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊
ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊
အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊
အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ‘ ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ’ ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊
အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ‘ လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ’ တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။
ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈
02 November 2008
Flying
Focal Length 55.0 mm
Exposure 1/4000
Aperture f/5.6
ISO 100
Focal Length 55.0 mm
Exposure 1/200
Aperture f/8.0
ISO 100
Focal Length 55.0 mm
Exposure 1/400
Aperture f/7.1
ISO 100
Focal Length 55.0 mm
Exposure 1/200
Aperture f/10.0
ISO 100