13 February 2009

ဖေဖော်ဝါရီ ဆယ့်သုံးရက် တမ်းချင်း



တသက်စာ ကြည့်ခဲ့ပါရစေ
မနက်ဖြန်ရဲ့ တိမ်မည်းတစ်အုပ်
ငါ့မျက်ဝန်းကို မဖုံးအုပ်ခင်အထိပေါ့၊

ဆုံမှတ်တွေကို စွဲထင်စေခဲ့တဲ့
ဟောဒီ စုတ်တံတစ်ချောင်းဟာ
ကိုယ်တိုင်အတွက်ကျတော့
ဆေးတွေ ခမ်းခဲ့ရတဲ့အဖြစ်... ...၊

လမင်းရယ်...
တမံတုပ်ပြီး အဖို့ခံရတော့မယ့်
ချောင်းရိုးကလေးဆီကိုမှ
ရေသောက်ဆင်းလာ သတဲ့လား၊
လှိုင်းထခွင့် မရှိတော့ပေမယ့်
ကျေးဇူးတော်တေးကိုတော့
သီကြွေးလိုက်ပါရစေ၊

ငါ...
အေဒီ ၃ ရာစုအတွက်
အလှဆုံး ပွင့်ခဲ့ပါတယ်၊
နောက်ဆုံး ခေါင်းလောင်းသံတို့
ရှိုက်ငင် မှိန်ဖျော့သွားချိန်အထိပေါ့ ။ ။


ညီလင်းသစ်
၁၃ ဖေဖော်ဝါရီ၊ ၂၀၀၉

3 comments:

  1. ခံစားသွား၏

    ReplyDelete
  2. လေးလေးနက်နက်တွေးကြည့်မှနားလည်မှာမျိုးပဲ။
    တစ်သက်စာကြည့်ခဲ့မယ်ဆိုလို့ စိတ်ထဲတစ်မျိုးပဲနော်.။
    ခုရက်ထဲ မအားဘူးထင်တယ် ကိုညီလင်းသစ်။

    ReplyDelete
  3. Tea...ကျေးဇူး။

    မယုဝရီရေ...ကြည့်ခဲ့သူက တကယ်ပဲ တစ်သက်စာ ကြည့်ခဲ့ရတာပါ၊ သူ့ရဲ့ နောက်ဆုံးအချိန်မှာလေ...။

    ReplyDelete