07 April 2009

သားကလေးရဲ့ One Man Show


One Man Show (1)
IMG_2434b
Canon EOS 450d, Sigma 18-200mm, 28mm, f/5, 1/40, ISO200


One Man Show (2)
IMG_2437b
Canon EOS 450d, Sigma 18-200mm, 28mm, f/4, 1/60, ISO200, Built-in Flash


One Man Show (3)
IMG_2436b
Canon EOS 450d, Sigma 18-200mm, 63mm, f/5, 1/60, ISO200, Built-in Flash


ဒီပစ္စည်းတွေ မကိုင်ပါနဲ့ဆိုတာကို သားလေးက တခါတခါနားမထောင်ဘူး၊ ကလေးတို့ထုံးစံ မိဘလုပ်သမျှ အကုန်လိုက်အတုခိုးပြီး လိုက်လုပ်ချင်တယ်၊ တဖက်က ပြန်ကြည့်တော့လည်း ကလေးရဲ့ လေ့လာသင်ယူမှုမှာ သူတို့ကို အခွင့်အရေးပေးနိုင်သလောက် ပေးမယ်ဆိုရင် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်၊ ဒီတော့လည်း ကိုယ့်ကိုယ်ကို ပြန်ပြီး မေးကြည့်တယ်၊

မကိုင်ရဘူးဆိုရင် သူ, ပိုပြီးကိုင်ချင်မှာပါပဲ၊ အတင်းတားမြစ်ထားရင် ကျနော့်ကွယ်ရာမှာ သူကိုင်ဖို့ ကြိုးစားလိမ့် မယ်၊ ဂစ်တာနဲ့ ဟာမိုနီကာ ကို သူတကယ်ပဲ မကိုင်သင့်ဘူးလား၊ ဒါဟာ လျှပ်စစ်မီးဖို၊ မီးပူ၊ ဓါး စတဲ့ အန္တရာယ် ရှိတာတွေနဲ့စာရင် သူ့အတွက် မထိခိုက်နိုင်ပါဘူး၊ သားလေးအတွက်က သူလုပ်လို့ ဂစ်တာကွဲသွားနိုင်တယ် ဆိုတာထက် လူကြီးတစ်ယောက်လို သူဘယ်လောက်လိုက်လုပ်နိုင်သလဲ ဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်၊ ဒီလိုတွေးပြီးတော့ ဂစ်တာနဲ့ ဟာမိုနီကာကို ဘယ်နေရာကနေ ဘယ်လိုကိုင်ရတယ်၊ ဒါကို တော့မထိရဘူး၊ ဒါလေးကိုတော့ဖြင့် သတိထား၊ ဒါပေမယ့် တစ်ယောက်ထဲဆိုရင်တော့ မကိုင်ရဘူး စသဖြင့် ကြိုးစားပြောပြပြီး တခါတရံ one man show (one child show လို့ဆိုချင်လည်း ဆိုပေါ့လေ) လုပ်ခွင့် ပေးလိုက်ပါတော့တယ်။

15 comments:

  1. အစ်ကို ဟုတ်ပါတယ် များသောအားဖြင့် ကျနော်တို့ ငယ်ဘ၀ကဆို တားဆီးပိတ်ပင်ခံရတာများပါတယ်။ ကလေးမကိုင်ရဘူး ကလေးပဲရှိသေးတယ် ကလေးနဲ့ဘာဆိုင်လဲ သွား...ဝေးဝေးမှာနေဆိုတာနဲ့ လေ့လာစူစမ်းစိတ်တွေ ပျောက်ဆုံးသွားခဲ့ရတယ်။ ပြီးတော့ မေးမြန်းမှုတွေရဲ့ အဆုံးသတ်ကလည်း ငယ်သေးတယ် သိခွင့်မရှိဘူးတဲ့။ ကျနော်တော့ ပိတ်ပင်တားဆီးတာထက် အကျိုးသင့်အကြောင်းသင့်ရှင်းပြတာက ကလေးတွေကို ပိုတိုးတက်ထက်မြက်စေမယ် ထင်မိတယ်။ မှန်ချင်လည်း မှန်နိုင်သလို မှားချင်လည်း မှားနိုင်တယ်နော်....

    ReplyDelete
  2. One Boy Show.. ငယ်ငယ်ကတော့ ဟိုဟာမကိုင်ရဘူး ဒီဟာမကိုင်ရဘူး ပြီးတော့လူကြီးတွေကို ကြောက်ရတော့ ကွယ်ရာမှာတောင်မစူးစမ်းဖြစ်ဘူး..။ သားလေးကြီးလာရင်တော့ နာမည်ကျော် Musician ဖြစ်မယ်ထင်တယ်..။

    ReplyDelete
  3. ကလေးတယောက်ရဲ့  စူးစမ်းချင်စိတ်တွေကို တတ်နိုင်သမျှ လမ်းဖွင့်ပေးထားတာဟာ မိဘတွေရဲ့  အကောင်းဆုံး လုပ်ရပ် တခုပါ။ အကို့ သားလေးက အခုကတည်းက ဂီတနဲ့  ရင်းနှီးနေပြီနော်။ :)

    ReplyDelete
  4. သားကလေးကိုကြည့်သွားပြီး ရင်ထဲက စကားတွေ ပြောခဲ့တယ်။

    ReplyDelete
  5. ကလေးက ချစ်စရား)

    ReplyDelete
  6. ရွာသားလေးဝိုင်တီယူ...မှန်တာပေါ့ဗျာ၊ ကလေးတွေကို ငယ်စဉ်ကတည်းက သူတို့ကိုယ်ပိုင် အသိဥာဏ်နဲ့ ကျိုးကြောင်းဆက်စပ်ပြီး တွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးဖို့ အရေးကြီးပါတယ်၊

    ဟုတ်တယ်ကိုဖြိုးရ....ဟိုဟာမလုပ်ရ၊ ဒီဟာမကိုင်ရ ဆိုတာတွေ များလာတဲ့အခါ ကလေးတစ်ယောက်မှာ သူ့သဘောနဲ့သူ စူးစမ်းချင်စိတ်တွေ ပျောက်ကွယ်သွား တတ်ပါတယ်၊ အဲဒီလိုတွေလုပ်ရင် လူကြီးတွေမကြိုက် တာကိုလုပ်တဲ့အတွက် အပြစ်ဖြစ်တယ်လို့ သူထင်သွား ရော၊ ဒါနဲ့ကပ်လျက် ပါလာတာကတော့ ကြောက်စိတ် ပေါ့၊

    ကိုနေညိုရင့်ရေ...သားက ဂီတဆိုတာထက် သူ့အဖေလုပ်သလို လိုက်လုပ်ရလို့ ပျော်နေတာက ပိုပါတယ်၊ ဒီလိုလုပ်ခွင့်ရ တဲ့အခါတိုင်း သူ့မျက်နှာပေါ်မှာ သူ့ကိုယ်သူ ဂုဏ်ယူကျေ နပ်စိတ်တွေကို ကျနော်သတိထားမိတယ်၊

    အဲဒီစကားတွေကို ကျနော်မကြားရပေမယ့် ကျေးဇူးပါ မခင်ဦးမေ.... :)

    ကို/မဇနိ...ကျေးဇူးတင်ပါတယ်ခင်ဗျာ....။

    ReplyDelete
  7. Nice pics. Cute baby :)

    How are sigma lenses?

    ReplyDelete
  8. ချစ်စရာလေး...ဘယ်အချိန်လာကြည့်ကြည့်ပါပဲ။ ကလေးက သင်ပေးထားတာတွေ နားလည်တတ်ပြီလားဟင်။ အဖေတူလို့ ဥာဏ်ကောင်းတာဖြစ်မယ်နော်။

    ReplyDelete
  9. အမတုန်းကတော့ သားကြီးကို ကလေးဂစ်တာလေး တလက် ၀ယ်ပေးထားလိုက်တယ်.. မဟုတ်ရင် ဂစ်တာပေးပေးထားရမှာစိုးလို့ ...အေးရော :D

    ReplyDelete
  10. Hello Mae...Thanks for your comment!

    Well...Sigma lenses are pretty good. They work efficiently in sharpness, bokeh and have nice optical quality, too. As they are third-party lenses, they don't seem to be as good and precise as those from Canon and Nikon for some focal ranges. But, they have often very interesting quality-price ratio which is considerable.

    မယုဝရီရေ...ကျေးဇူးပါဗျာ၊ ကလေးက ကျနော်တို့ပြော သမျှကိုတော့ လိုက်ပြောတဲ့အဆင့်တော့ ရောက်ပါပြီ၊ မပီကလာပီကလာ ပေါ့ဗျာ၊ အင်း..မယုဝရီကိုတော့ မုန့်ကျွေးရတော့မယ်ထင်တယ်...အဟဲ၊ :)

    ဟုတ်တယ်အမ မေငြိမ်းရေ့...ကျနော်လည်းအဲဒါပဲ စဉ်းစားနေတာ၊ သူ နဲနဲကြီးလာရင်တော့ အဲဒီလိုပဲ လုပ်မှပဲ :D

    ReplyDelete
  11. လုပ်ချင်တာ ပေးလုပ်ပလိုက်။ :D
    ဒါမှ တိုးတတ်မှာ။

    ReplyDelete
  12. ကြီးလာတဲ့အထိ သားက ဂီတကိုစိတ်ဝင်စားရင်တော့ စိတ်မပူုရတော့ဘူးပေါ့ နော့် အစ်ကို ဂီတကိုချစ်တဲ့သူတွေရဲ့စိတ်က အေးချမ်းတယ်လို့ ညီတော့ထင်တယ် ဆိုတော့ သားက အလိမ်မာတုံးလေးဖြစ်မှာပါ ။

    ReplyDelete
  13. အပေါ်က ကျနော်ဗျး)

    ReplyDelete
  14. မောင်မျိုး ...
    အင်း..လောလောဆယ်တော့ သူက သိပ်စိတ်မဝင်စား ပြန်ဘူး၊ ကျနော် ဂစ်တာတီးရင် သူက ဟာမိုနီကာ မှုတ် ဖို့ပဲ စဉ်းစားနေတယ်၊ ဂစ်တာလိုလည်း မခက်တဲ့အပြင် သူ့ဟာမိုနီကာ အသံက ဂစ်တာသံကို ကျော်ကျော် သွားတော့ သူက ပျော်နေတာ...၊ နောက်ကျရင်တော့ ဘယ်လိုလာမလဲ မသိပါဘူးဗျာ...။

    ReplyDelete
  15. ချစ်စရာ သားငယ်လေးကို ကြည့်သွားတယ်..
    အခုကော သူ ဘာတွေ လုပ်ချင်နေသေးလဲ
    ကင်မရာကိုင်တာထင်တယ်..
    ကလေးကို လွတ်လပ်ခွင့်ပေးတာလေး သဘောကျတယ် :)

    ReplyDelete