13 December 2009

ရွှေတိဂုံ


ကျနော် မြန်မာပြည်ရောက်ခိုက် ပထမပိုင်းရက်တွေမှာ ရွှေတိဂုံဘုရားတက်ဖို့ စဉ်းစားတယ်၊ ဒါပေမယ့် တခြားဦးစားပေးရမယ့် ကိစ္စတွေ ရှိတာရယ်၊ ပြန်ခါနီးမှ အေးအေးလူလူ တက်မယ်လို့ စိတ်ကူးတာရယ်ကြောင့် ချက်ချင်းမသွားဖြစ်ဘူး၊ ဒါနဲ့ ပုဂံကပြန်လာမှ ဘုရားသွားဖြစ် တယ်၊ အဲဒီမှာ ဘုရားကို ရွှေသင်္ကန်းပြန်ကပ်ဖို့ ပစ္စယံက ရွှေပြားတွေကို ခွာထားတာနဲ့ သွားတိုးတယ်၊ ရောက်,ရောက်ချင်းမှာ ချက်ချင်း မသွားဖြစ်လိုက်တာကို နဲနဲနောင်တရတယ်၊ ဘုရားကို ရွှေသင်္ကန်းအပြည့်နဲ့ မဖူးခဲ့လိုက်ရဘူး၊ ဒါပေမယ့် တဖက်ကကြည့်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် ဘုရားကို သစ်ခေါက်ရောင်သင်္ကန်းနဲ့ ဖူးရတယ်လို့ တွေးလို့ရပါတယ်၊ ဘုရားရဲ့ အထက်ဖက်မှာ ကျန်နေသေးတဲ့ ရွှေရောင်နဲ့ အောက်ဖက် ပစ္စယံက သစ်ခေါက်သင်္ကန်းရောင်ရယ်က အတော်လေး contrast ဖြစ်ပြီး ကြည့်ရတာ တမျိုး သပ္ပါယ်ပါတယ်၊

ဒီက မထွက်ခွာခင် ကတည်းက ရွှေတိဂုံမှာ ဘယ်လိုတွေ ဓါတ်ပုံရိုက်ရင် ကောင်းမလဲလို့ ကြိုပြီး စဉ်းစားကြည့်တယ်၊ ရိုက်ချင်တဲ့ နေရာတွေ၊ ရိုက်လို့ကောင်းမယ် ထင်တဲ့ ရှုထောင့်တွေ အများကြီးပဲ ခေါင်းထဲပေါ်လာတယ်၊ ဒါပေမယ့် တကယ်တမ်း ရင်ပြင်ပေါ်လည်း ရောက်သွားရော အဲဒီအိုက်ဒီယာတွေ အားလုံးမေ့သွားတော့တယ်၊ ရင်ပြင်ပေါ်မှာ အမြင်၊ အကြား၊ အထိအတွေ့ အာရုံအားလုံးက ငြိမ်းချမ်း၊ တိတ်ဆိတ် မှုတွေနဲ့...၊ အနောက်ကမ္ဘာက ဖိစီးမှုတွေကို တဒင်္ဂမေ့သွားစေခဲ့တယ်၊ ရွှေတိဂုံမှာ အချိန်နာရီတွေဟာ ရပ်တန့်သွားခဲ့တယ်၊ ကျနော်ဟာ ကိုယ့်ကိုကိုယ် time and space အပြင်ဖက်မှာ ခဏလေး တွေ့လိုက်ရသလိုပါပဲ၊

တော်တော်လေး မိုးချုပ်မှ ပြန်ဆင်းလာခဲ့တယ်၊ မြန်မာပြည်သွားမယ် လုပ်တော့ tripod သယ်သွားရင်ကောင်းမလား လို့အကြာကြီး စဉ်းစားဖြစ်ပါတယ်၊ ပုဂံ sunset၊ ရွှေတိဂုံ ညရှုခင်း၊ ဒါတွေကို တွေးမိတော့ tripod ကို မဖြစ်မနေ သယ်မယ်လို့ တွေးထားတယ်၊ ဒါပေမယ့် တကယ်တမ်းမှာ မလွယ်ပါဘူး၊ ကျနော့် tripod က ကြီးလဲကြီးတဲ့အပြင် အတော်လည်း လေးတယ်၊ တော်ရုံနေရာမှာ အခြေခိုင် အောင်ဆိုပြီး ခပ်ကြီးကြီးဝယ်ထားမိတာ အခုမှ ဒုက္ခတွေ့တာပဲ၊ သေတ္တာထဲမှာ ကန့်လန့်ဖြတ် ထည့်တာတောင် အတိဝင်ရုံပဲ ရှိတယ်၊ ဒီကြားထဲ သေတ္တာက tripod မထည့်ရသေးတာတောင် ၂၆ ကီလိုကျော်နေပြီ၊ ဒီလိုနဲ့ သူ့ကို ထားခဲ့လိုက်ရတော့တယ်၊

အခု ရွှေတိဂုံမှာ tripod ကို အရမ်းသတိရနေခဲ့တယ်၊ ဒါပေမယ့်လည်း ဘာမှ မတတ်နိုင်ပါဘူး၊ ဒီလိုနဲ့ အခုပုံတွေကို handheld လက်တန်း ကြိုးစားပြီး ရိုက်ပါတယ်၊ အထူးသဖြင့် နေဝင်ချိန် အလင်းအားနည်း သွားတဲ့အချိန်မှာပေါ့...။ ။


ရွှေတိဂုံ (၁)
IMG_5576n


ရွှေတိဂုံ (၂)
IMG_5580n


ရွှေတိဂုံ (၃)
IMG_5581n


ရွှေတိဂုံ (၄)
IMG_5603n


ရွှေတိဂုံ (၅)
IMG_5630n


ရွှေတိဂုံ (၆)
IMG_5593n


ရွှေတိဂုံ (၇)
IMG_5629n


ရွှေတိဂုံ (၈)
IMG_5582n


ရွှေတိဂုံ (၉)
IMG_5590n


ရွှေတိဂုံ (၁၀)
IMG_5642n


ရွှေတိဂုံ (၁၁)
IMG_5655n


ရွှေတိဂုံ (၁၂)
IMG_5650n


ရွှေတိဂုံ (၁၃)
IMG_5637n


ညီလင်းသစ်
၁၄ ဒီဇင်ဘာ၊ ၂၀၀၉

4 comments:

  1. ကိုညီလင်းရေ

    ဒီပုံနဲ့ မဖူးမျှော်ဖူးတာမို့ အဆန်းတကြယ်နဲ့ ဖူးမျှော်သွားပါတယ်။

    ဘုရားကို တနင်္ဂနွေ မနက် ဒါမှ မဟုတ်ညနေဖက်မှာ တက်လေ့ရှိတာမို့ အရင်ကနေ့ရက်တွေလို ဖူးမျှော်ချင်စိတ်တွေ တဖွားဖွားပေါ်မိတယ်

    ရွှေတိဂုံကိုမြင်လျှင် ရွှေတိဂုံကိုမြင်လျှင် ကိုယ့်မြေကိုယ့်ရေ ပြန်ရောက်ပြီမို့ ဆိုတာ ဆိုချင်လိုက်တာဗျာ

    ReplyDelete
  2. သိပ်ကောင်းတယ် ညီလင်းရေ..
    တကယ်ပဲ သစ်ခေါက်ဆိုးအရောင်နဲ့ တမျိုး တင့်တယ်..တာ..။ ကြည်ညိုစရာကောင်းလိုက်တာ..
    ကျေးဇူး

    ReplyDelete
  3. ဘုရားလာဖူးသွားပါတယ်။ အခု လို စိတ်ရှည်လက်ရှည် ရိုက်လာပြီး ဘလော့ဂ်မှာ ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ညီလင်းရေ.. တို့လည်း ဗမာပြည် ပြန်လည်ဦးမှာမို့
    အခုတည်းက နှုတ်ဆက်သွားပါတယ်...
    MERRY X'S MAS AND HAPPY NEWYEAR !

    ReplyDelete