24 September 2010

သုံးနှစ်တာ (နောက်ဆက်တွဲ)


ဒီနှစ် သားရဲ့ သုံးနှစ်ပြည့် မွေးနေ့ကို ဘာမှ ထူးထူးထွေထွေ မလုပ်ပါဘူး၊ သား မွေးနေ့ကျတဲ့ ရက်သတ္တပတ် မှာလည်း ကျနော်က ပိုလန်ကို သင်တန်းတစ်ခု သွားတက်နေရတာမို့ မွေးနေ့ကို နှစ်ပတ်စောပြီး လုပ်ဖြစ် သွားတယ်၊ အဲဒီလို နှစ်ပတ်စောပြီး ရွေးလိုက်တဲ့ရက်က ဒီမှာ ခရီးသွားရာသီနဲ့ တိုက်ဆိုင်နေပြန်ရော၊ ဆိုတော့ ကျနော်တို့ မိတ်ဆွေတွေထဲက ဘယ်သူမှ မလာနိုင်ကြဘူး၊ ရှိတဲ့ မိသားစုနဲ့ပဲ နေ့လည်ခင်းတစ်ခုမှာ ဝိုင်းဖွဲ့စားသောက်တဲ့ ပုံစံမျိုးပါပဲ၊ နောက်နှစ်ဆိုရင်တော့ သူဖိတ်ချင်တဲ့ သူငယ်ချင်းတွေကို ဖိတ်ပေးမယ်လို့ ကျနော်တို့ စဉ်းစားထားပါတယ်၊ ဒီတစ်ခေါက် သူ့ရဲ့မွေးနေ့မှာ မြန်မာပြည်က အဖိုးအဖွားလည်း ပါဝင်ခွင့်ရ တာတော့ အမှတ်တရနဲ့ ဝမ်းသာစရာပါပဲ။


Photobucket




Photobucket
သားက ၅ လသား အရွယ်ကတည်းက နေ့ကလေးထိန်းကျောင်းကို သွားရတယ်၊ ဒီမှာက သူ့ကို နေ့ခင်းပိုင်း ထိန်းမယ့်သူ မရှိတာကြောင့် တစ်ပတ်ကို လေးရက် သွားခဲ့ရတယ်၊ ဒါက သူ့ရဲ့ ဒုတိယ ကျောင်းပေါ့၊ ဒီ နေ့ကလေးထိန်းကျောင်းက ကျနော်တို့ နှစ်ယောက်လုံး အလုပ်လုပ်တဲ့ အင်စတီကျုရဲ့ ဝန်ထမ်းသားသမီး တွေအတွက် ဖွင့်တဲ့ကျောင်းပါ၊ တခြားကလေး တွေရဲ့မွေးနေ့ပွဲတွေကို ပြန်,ပြန်ပြောပြတတ်တာနဲ့ ဒီတစ်ခါ သူ့အလှည့် ဖြစ်ပါစေဆိုပြီး ကျနော်တို့စီစဉ် ပေးလိုက်တဲ့ ပထမဆုံး ကျောင်းမွေးနေ့ပွဲလည်း ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး မသွားနိုင်တာကြောင့် ဆရာမတွေကပဲ ဓါတ်ပုံရိုက်ပေးပါတယ်။


Photobucket
ကျောင်းက သူ့ကို အဲဒီ ဝံပုလွေပုံပြင်စာအုပ် လက်ဆောင်ပေးပါတယ်၊ သားက ဝံပုလွေတွေကို ကြောက်လည်း ကြောက်၊ ဝံပုလွေပါတဲ့ ပုံပြင်ဆိုရင်လည်း နားထောင်ချင်နဲ့...၊ သူလုပ်တဲ့ အပြစ်ဆိုလည်း ဝံပုလွေလုပ်တာလို့ ပြောတတ်တယ်၊ စားပွဲအောက်က ထမင်းလုံးတွေ ဘယ်သူလုပ်လို့ ကျနေတာလဲ၊ ဝံပုလွေလုပ်တာ...၊ သားရဲ့ ဒီကားဘီးလေးကို ဘယ်သူဖြုတ်ပစ်တာလဲ၊ ဝံပုလွေ ဖြုတ်တာ...၊ အစရှိသဖြင့်ပေါ့လေ၊ ဝံပုလွေကတော့ လူဆိုးကြီး လုံးလုံးကို ဖြစ်လို့... ...။


Photobucket




Photobucket
ဟိုတစ်နေ့က စိတ်ကူးရတာနဲ့ သားရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲပုံကို ဒီလိုစုစည်းကြည့်တယ်..။



ညီလင်းသစ်
၂၄ စက်တင်ဘာ၊ ၂၀၁၀

13 comments:

  1. သားက တကယ် ၂ မျိုးစပ်လေးပဲး) စတာနော် အစ်ကို ချစ်စရာကောင်းလို့

    * ၆ လသားတုန်းကတော့ ခပ်မိုက်မိုက်အကြည့်လေးနဲ့
    * ၁ နှစ်သားကျတော့ ဒီခလေးက
    အနောက်တိုင်းသာရုပ်လေး ဗမာနဲ့တူတာ ဘာရှိသလဲ အတင်း ပြူးပြဲ ရှာကြည့်တော့ မျက်ဝန်းနက်နက်လေးတွေ့တယ် (တော်ပါသေးရဲ့)

    ၂ နှစ်နဲ့ ၃ နှစ်ပုံကတော့ လုံးလုံးကို ပြောင်းလဲသွားတာပဲ တကယ် ဒီလို ချစ်စရာကောင်းတဲ့ သားတစ်ယောက်တော့ လိုချင်သေးတယ်း) သား လူပျိုပေါက်ရောက်လာရင်တော့ သိပ်မပြုံးခိုင်းနဲ့ အစ်ကိုရေ ဖအေခေါင်းကြိမ်းမယ့် အပြုံးမျိုး ဟဟားးး

    မွေးနေ့တိုင်း မိသားစု စုံ၂လင်၂ နဲ့ ဆင်နွှဲနိုင်ပါစေဗျာ ။

    ReplyDelete
  2. သားလေးအမေက နိုင်ငံခြားသူဖြစ်မယ်ထင်ပါရဲ့..
    မြန်မာကလေးတွေရုပ်နဲ့မတူဘူး..
    ကြီးလာရင်တော့ တော်တော့ကိုချောမှာ..

    ReplyDelete
  3. Il est très mignon, et "Joyeux Anniversaire".

    ReplyDelete
  4. နောက်နှစ်လောက်ဆို ကျောင်းကပွဲတွေမှာ ၀င်နွှဲနိုင်လောက်ပြီ...သားချောလေး

    Happy Birthday

    ReplyDelete
  5. ကလေးလေးကိုချစ်လို့ နောက်တစ်ခေါ်က်လာကြည့်တယ်... နော်ကဆုံးပုံ (၃ )ျနှစ်မှာ ရိုက်တဲ့ပုံက တကယ့် လူချောလေး..
    ပိုစတာထုတ်လို့ ရတယ်...

    ReplyDelete
  6. ဆံနွယ်ညိုညို မျက်ဖန်ကောင်းကောင်း အပြုံးက တည်ကြည်ခန့်ညားလို့ သားချောပိုင်ရှင် မိဘတွေ သားအတွက် ဘယ်လောက်များ ပြုံးပျော်ကြည်နူး ကျေနပ်နေမလဲ တွေးရင်း အပျော်တွေတောင် ရင်ထဲ ကူးစက်မိတယ်။ တကယ်!!!

    ပြင်သစ်စကား improve ဖြစ်ချင်ရင် သားနဲ့ လေ့ကျင့်ရင်တော့ ခဏလေး တတ်မှာပဲ တွေးမိတယ်။ အိမ်ခြင်းသာ နီးရင် ချစ်စရာကောင်းလွန်းလို့ သူ့ကို အမြဲ babysit လုပ်ပေးမိမှာ အသေအချာပဲ။

    Lausanne ဖက်ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါ ကိုညီလင်းသစ်။ အလုပ်နဲ့ ပါတ်သတ်ပြီး ဂျီနီဗာကို ခဏခဏ ရောက်ဖြစ်ပါလိမ့်မယ်။

    အချိန်ပိုပေးနိုင်ရင် Lausanne ဖက်ကို လာဖြစ်အောင် ကြိုးစားပါ့မယ်။ မလာခင် email ကြိုပို့ ဆက်သွယ်ပါ့မယ်။

    ကိုညီလင်းသစ်နဲ့ မအိမ်သူရယ် သားချောလေးရယ်ကို အပြင်မှာ တကယ်ပဲ တွေ့ဖူးချင် ခင်မင်ရင်းနှီးချင်ပါတယ်။ သားနဲ့တွေ့ရင် ဓါတ်ပုံတွေ အတူတူ အများကြီး ရိုက်ယူပစ်အုံးမယ်။

    Once again, Thanks ever so much!!

    နန္ဒာ (SMNTL)

    ReplyDelete
  7. :P ...
    သားက ကျေးဇူးတင်ပါတယ်-တဲ့။ =)

    မောင်မျိုး ...
    အသက်အပိုင်းအလိုက်ကို analysis လုပ်ထားတော့တာ ပဲ၊ ကြီးလာရင်တော့ မပြောတတ်ဘူး၊ လောလောဆယ် သူစိတ်ဝင်စားတာက ဝံပုလွေပဲဗျ...၊ =) ဆုတောင်း အတွက် ကျေးဇူးပါပဲ။

    မစန္ဒကူး ...
    ဟုတ်ပါတယ်၊ ဒုတိယ နောက်ဆုံးပုံထဲက သူ့အမေပါပဲ။

    Mon Petit Avatar ...
    Merci beaucoup pour la visite et pour le souhait!

    sonata-cantata ...
    အခု “ကားကြီးတက်မယ် ဘေးကိုဖယ်” စ,နေပြီဗျ =)

    :P ...
    နောက်တစ်ခေါက် ထပ်လာတယ်ဆိုတော့ အပေါ်ဆုံးက Smiley နဲ့အတူတူပဲ ထင်ပါရဲ့၊ ဒုတိယ visit အတွက် ဒုတိယ thanks ပါပဲဗျာ...။

    နန္ဒာ ...
    ကလေးတွေနဲ့ စကားလေ့ကျင့်ရင်တော့ အတတ်မြန်တာ အမှန်ပါပဲ၊ ကျနော်ပြင်သစ်စကား စ,ပြောတုန်းက ကိုယ်ပြောတာ ကလေးတွေနားလည်ရင် တကယ်ပျော် တယ်၊ သူတို့က တကယ်နားမလည်ဘဲနဲ့ နားလည်ချင် ယောင်ဆောင်မှာ မဟုတ်ဘူးလေ၊ နန္ဒာ့လို babysit လုပ် ပေးချင်တဲ့သူများ အနီးမှာရှိလို့ကတော့ ကျနော်တို့လည်း မကြာခဏ dinner ထွက်စားလို့ရတာ ပေါ့၊ =) ဒီဖက်ကို လာဖြစ်ရင် မေးလ်သာ ကြိုပို့လိုက်လေ၊ လာလည်ဖို့ ဖိတ်ပါတယ်...။

    ReplyDelete
  8. HAPPY BIRTHDAY LITTLE PRINCE! Sorry for my late wish.

    ReplyDelete
  9. My youngest son also like n interested in wolves.He got a book about wolves as schoolyear end present,last year.He is already 12.

    ReplyDelete
  10. သားလေးရဲ့ အဆင့်ဆင့်ပုံလေးတွေ မြင်ရတာ တကယ်နှစ်သက်ကျတယ် ကိုညီ
    သားလေးကို မြန်မာဆန်တာလေး တစ်ခုခုကျန်ရှိနေပါစေလို့ ရင်ထဲက မရည်ရွယ်ဘဲ ဆုတောင်းနေမိတယ်..
    သားဖေဖေက မြန်မာစာကိုမြတ်နိုးနှစ်သက်ပြီး စာရေးကောင်းတဲ့ သူတစ်ယောက်ဖြစ်တာ သားအတွက် ၀မ်းသာတယ်...
    ချစ်စရာ ကြည့်မ၀သားငယ်လေးကို ငေးကြည့်ရင်း တစ်နေ့သောအခါ ဒီကလေးလေးနဲ့များ မြန်မာလိုနှုတ်ဆက်ခွင့်ရလေမလား.....မျှော်မှန်းမိပါတယ်..
    ချစ်စရာကောင်းလို့ ချစ်တာလား
    ချစ်တဲ့ စိတ်ကြောင့် ချစ်စရာကောင်းတာလား
    ..........................................
    သားငယ်ရဲ့ ရှေ့ဘ၀လမ်းခရီးတလျှောက် အေးချမ်းသာယာမှုများနဲ့ ပြည့်စုံနိုင်ပါစေ ။။

    ReplyDelete