21 December 2010

ဒီဇင်ဘာအလွမ်း ...

ဒီဇင်ဘာလဟာ ကျနော့်ကို အမြဲပဲကိုင်လှုပ်လေ့ ရှိပါတယ်၊ နိုဝင်ဘာနောက်ဆုံးအပတ်ရောက်လို့ ဒီဇင်ဘာ ထဲဝင်တော့မယ်ဆိုတာနဲ့ စိတ်လှုပ်ရှားရပြီ၊ ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိပါဘဲ အလိုလိုနေရင်း ရင်ဘတ်ထဲကပဲ မောနေသလိုလို၊ နှလုံးခုန်သံတွေကပဲ ပိုမြန်လာသလိုလို ... ...၊ အဲဒါ ဒီဇင်ဘာတစ်လလုံး လိုလိုပဲ၊ ဒီဇင်ဘာနဲ့ပတ်သက်လို့ အခုလိုမျိုးလေး လုပ်ချင်တာကြာပါပြီ၊ လိုအပ်တာတွေ စောင့်နေခဲ့ရင်းနဲ့ အခုမှပဲ ဖြစ်တော့တယ်၊ ခံစား, ဝေဖန်ကြည့်ပေးပါဦး...။




ဒီသီချင်းက တေးရေးညီညီသွင်ရဲ့ သီချင်းပါ၊ မူရင်းသီဆိုသူကလည်း သူပါပဲ၊ ဒီဇင်ဘာနဲ့ လိုက်ဖက်တဲ့သီချင်းလေးမို့ ကျနော်တတ်နိုင်သလောက် ခံစားကြည့်ပါတယ်၊ ဒီနှစ်ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ ကျနော်တို့ နှင်းတောင်ပေါ် ရောက်နေမှာဖြစ်လို့ ဒီပို့စ်ဟာလည်း ဒီနှစ်အတွက် ကျနော့်ရဲ့နောက်ဆုံးပို့စ်ပဲ ဖြစ်ပါလိမ့်မယ်၊ ကျနော့်ရဲ့ ဘလော့ဂ်လေးကို လာလည်ကြသူအားလုံး နှစ်သစ်မှာ ပျော်ရွှင်၊ အေးချမ်းမှုများ နဲ့ ပြီးပြည့်စုံပါစေလို့ အခုကတည်းက ကြိုတင်နှုတ်ဆက်လိုက်ပါတယ်ခင်ဗျား...၊ ၂၀၁၁ မှာပျော်ပျော်ပါးပါး ပြန်တွေ့ကြတာပေါ့...။

Wishing you all a Merry Christmas and a Happy New Year...!!!!!

ညီလင်းသစ်
၂၁ ဒီဇင်ဘာ၊ ၂၀၁၀

19 comments:

  1. "အိမ်မှာဆို မိသားစု သိပ်ပျော်နေလောက်ပြီ...."

    ရင်ထဲကို ချွန်ထက်တဲ့ အရာတခုနဲ့ တဆုံး ထိုးစိုက်လိုက်သလိုပါပဲ...။
    ထပ်တူ ခံစားသွားပါတယ်...
    ကျေးဇူးပါ ကိုညီလင်း...

    ReplyDelete
  2. Wishing you all a Merry Christmas and a Happy New Year...!!!!!

    ၂၀၁၁မှာ ပြန်ဆုံကြမယ်

    ဧရာသီတာ
    *****
    မပြောတော့ဘူးလားလို့ပဲ...
    မပြောလိုက်ရရင်လည်း နောက်နှစ်ကူးသွားမှာ စိုးလို့ ပြောလိုက်ပါတော့မယ်လေ

    ကိုဧရာ့ဂစ်တာနဲ့ တပုံစံထဲပဲ
    ဟော်လိုဂစ်တာတွေက အားလုံး ဒီလိုတွေချည်းပဲလားတော့မသိ...

    ဂီတနဲ့ ဒီဇင်ဘာအလွမ်းတွေကတော့
    တဆစ်ဆစ်နာကျင်တတ်တာ
    အတူတူပါပဲ...။

    ReplyDelete
  3. မနေ့ကသီချင်းနားထောင်တဲ့နေရာမှာ ကွန်နက်ရှင်ရပ်ရပ်သွားလို့ ဒီနေ့မှ တပုဒ်လုံး နားထောင်ဖြစ်တယ် ...

    မနှစ်က ခရစ်စမတ်ရက်တည့်တည့်ကြီး အိမ်ပြန်ဖို့ လေယာဉ်ကွင်း ဆင်းရတာကို ပြန်ပြီးအမှတ်ရစေတယ် ဒီသီချင်းလေးကး(

    နှင်းဖွေးဖွေးလေးတွေ မြင်လေတိုင်း အရမ်းလွမ်းတယ်နော် ဒီဇင်ဘာ ခရစ်စမတ်ချိန်ကြုံပြီမို့
    အိမ်မှာဆို မိသားစု သိပ်ပျော်နေလောက်ပြီ ...

    အနေဝေးဆုံး သားကိုမျှော်ရော့မယ် ( ကိုယ်ကလည်း မိသားစုထဲ အဝေးဆုံး နဲ့ တဦးတည်းသော ) တံခါးဝ က အချိန်ရှိတိုင်း ကြုံလင့်စောင့်နေမယ် အမေအို အလွမ်းမျက်ရည်စိုနေပြီ ...

    ခရစ်စမတ်ထဲသာ ကြားတိုင်း စိတ်နာ အိမ်ကိုပြန်ချင်လွန်းလို့ မျက်ရည်လည် ............း(

    ဒီသီချင်း တခါမှ နားမထောင်ဖူးဘူး ... ခုမှနားထောင်ဖူ်းလို့ ကျေးဇူးတင်ပါတယ် ...

    ဘရာသား ရဲ့  မိသားစုအားလုံးကိုလည်း

    MERRY CHRISTMAS AND HAPPY NEWYEAR !!!!!!!!

    mie nge

    ReplyDelete
  4. နှင်းတောင်ပေါ်မှာ မိသာစုတွေ ပျော်ရွှင်ပါစေ အစ်ကို

    Merry Christmas and a Happy New Year...!!!!!

    ReplyDelete
  5. မသက်ဝေ ...
    ခံစားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ...၊

    မသီတာ ...
    ဒီဇင်ဘာကို ခံစားပုံချင်းတူတာ သိရလို့ ဝမ်းသာပါတယ်၊ သံကြိုးတပ်ဟော်လိုဂစ်တာ အများစုက အဲဒီလို အရောင်နဲ့ အဲဒီလို shape တွေပဲ များပါတယ်၊ ပိုးကြိုး တပ်ဟော်လိုတွေကတော့ shape က နံပါတ် 8 နဲ့ပိုတူ ပါတယ်၊ ကိုဧရာဆိုထားတာရှိရင်လည်း အဆင်ပြေရင် တင်ပါဦး....နော့၊

    (မ)mie nge ...
    စာသားတွေကို ဆစ်ပိုင်းပြီး ခံစားပေးသွားလို့ ကျေးဇူး အထူးပါခင်ဗျား၊ ကျနော်ကလည်း same to you လို့ နှုတ်ခွန်းဆက်ပါတယ်၊

    မောင်မျိုး ...
    Same to you ပါညီရေ...၊ ပျော်ရွှင်ဖွယ်ရာ နှစ်ကူးချိန် လေးဖြစ်ပါစေဗျာ...။

    ReplyDelete
  6. We wish you and your family a merry Christmas and happy new year.
    နောက်နှစ် ၂၀၁၁ အတွက် အားလပ်ရက်မှာ အင်အားတွေ မွေး ခဲ့နော် ကိုညီရေ...

    ReplyDelete
  7. Marry Christmas and Happy New Year bro ! nice song btw.

    ReplyDelete
  8. ညီလင်းနော်.. စိတ်ဆင်းရဲအောင် လုပ်တယ်။
    ဒါပေမဲ့ သီချင်းကလည်းကောင်း.. အသံနဲ့လည်းလိုက်...ငါ့မောင် တယ်ဟုတ်တာပဲ..။
    ဒါကြောင့် လွမ်းအောင် လုပ်တာကို ခွင့်လွှတ်လိုက်ပါတယ်။

    ReplyDelete
  9. အစ်ကိုရေ..သီချင်းနားထောင်ပြီးမျက်ရည်ဝဲမိတယ်..။ နားထောင်လို့အရမ်းကောင်းတယ်ဗျာ...။
    ကျွန်တော်ကတော့ နှင်းဆိုတာနဲ့ကိုလွမ်းပြီးသား... သားသားကစားနေတဲ့ကစားကွင်းက နောက်ခံမြင်ကွင်းလေးသိပ်သဘောကျတယ်..။

    Happy New Year !

    အစ်ကိုငယ်ငယ်ပဲရှိသေးတာဘဲ...ဟဲဟဲ..။

    ReplyDelete
  10. မေဓာဝီMarch 6, 2011 at 9:50 PM

    ဒီသီချင်းလေးကို နားထောင်ပြီးတာ ကြာပါပြီ။ စပြီး နားထောင်ခါစကတည်းက ကွန်မန့် ရေးမလို့ပဲ။ နောက်ကျနေပလား ဆိုပြီး မရေးဖြစ်တာ။ နောက်ထပ် တခါ ထပ်နားထောင်ဖြစ်တော့လဲ မရေးဖြစ်ပြန်ဘူး။ ခု တတိယအကြိမ်မြောက် နားထောင်ပြီးတော့ ရေးဖြစ်အောင် ရေးလိုက်ပါပြီ။

    ဒီသီချင်းကို အရမ်းကြိုက်လို့ ခဏခဏ နားထောင်ခဲ့ဖူးတယ်။ အထူးသဖြင့် ဒီဇင်ဘာလရောက်တိုင်းပါပဲ၊ နားသာထောင်ဖြစ်တာ ညီညီသွင်ရေးမှန်းမသိဘူး၊ သူဆိုတာလဲ နားမထောင်ဖူးဘူး။ ရင်ဂို ဆိုထားတာတော့ သိတယ်။

    ပထမဆုံး နားထောင်ဖူးတာက ၂၀၀၆ ဒီဇင်ဘာမှာပါ။ မိတ်ဆွေတယောက်က ကိုညီလင်းသစ်လိုပဲ ကိုယ်တိုင် ဂစ်တာတီးပြီး ဆိုထားတာကို ရိုက်ထားတဲ့ ဗီဒီယိုကလစ်လေးပါပဲ။ သူကလဲ မျက်နှာ ထည့်မရိုက်ထားဘူး၊ လက်နဲ့ ဂစ်တာပဲပါတယ်။ :)
    ကိုညီလင်းသစ်ရိုက်ထားတာက နှင်းတွေ ...ရှုခင်းတွေ ... မအိမ်သူနဲ့ သားသားလေးပါ ပါတော့ ပြည့်စုံလှပတဲ့ ဖန်တီးမှုလေးပေါ့။

    အဲဒီသီချင်း စနားထောင်ဖြစ်တဲ့ အချိန်တုန်းက အမေက အင်္ဂလန်မှာ၊ ကျမက ရန်ကုန်မှာ။ အဝေးက အမေပြန်လာမယ့်ရက်ကို မျှော်နေရတဲ့ အချိန် ...။ ကျမမိတ်ဆွေဆိုထားတဲ့ အဲဒီ သီချင်းလေး နားထောင်ပြီး အမေ့ကို လွမ်းနေရတယ်။

    နောက်နှစ် (၂၀၀၇) ဒီဇင်ဘာ ကျတော့ ကျမက အင်္ဂလန်ရောက်ပြီး အမေက ရန်ကုန်မှာ ... လွမ်းရပြန်တာပါပဲ ... ။
    ၂၀၀၈ - ၂၀၀၉ - ၂၀၁၀ ... တနှစ်ပြီး တနှစ်သာ ပြောင်းသွားတယ်၊ ဒီဇင်ဘာတွေက လွမ်းစရာ ကောင်းနေတုန်းပဲ။

    ခု ... ကိုညီလင်းသစ် ဆိုထားတဲ့ ဒီသီချင်းလေးကို ပြန်နားထောင်မိချိန်မှာ ဒီဇင်ဘာမဟုတ်ပေမဲ့ လွမ်းနေမိသေးတယ်။ ကိုညီလင်းသစ်ရဲ့ ဂစ်တာ ပလပ်ကင်အတီးရယ် နှင်းဖွေးဖွေးရှုခင်းရယ် ... လွမ်းလွမ်းဆွေးဆွေး သီဆိုထားတဲ့ တေးသံရယ်က အလွမ်းဓာတ်ခံရှိသူကို ပိုလွမ်းအောင် ပံ့ပိုးပေးနေသလိုပဲ။ မျက်ရည်လည် လာမိတယ် ....... :(

    ReplyDelete
  11. မမေဓာဝီ ...
    ချီတုံချတုံနဲ့ ရေးဖြစ်သွားတဲ့ ဒီကွန်မန့်လေးကို ကျနော် ဝမ်းသာစွာ ကြိုဆိုပါတယ်ဗျာ၊ ဒီသီချင်းကို ရင်ဂိုလည်း ဆိုထားသေးတာ ကျနော် မသိခဲ့ဘူးဗျ၊ မြန်မာပြည်မှာ ကတည်းက ဒီဇင်ဘာရောက်တိုင်း ဒီသီချင်းလေးကို ကျနော်ဆိုဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒီတုန်းကတော့ အခုလောက် သီချင်းစာသားပေါ်မှာ မစီးမျောခဲ့ဘူးပေါ့၊ အခုလို ဝေးသွားတော့မှပဲ......၊ အင်း...ကျနော်တော့ လူတွေကို လွမ်းဆွေးအောင်၊ ဝမ်းနည်းအောင် လိုက်လုပ်နေမိပြီ လား မသိပါဘူးဗျာ..၊ တကြိမ်ထက် ပိုပြီး နားထောင်ဖြစ်တယ်ဆိုတော့ ဝမ်းသာရပေမယ့် ပိုလွမ်းသွားမိတယ် ဆိုတော့ စိတ်မကောင်းပါဘူးဗျာ၊ ဒါပေမယ့် ဒါဟာလည်း ရင်ဘတ်တူလို့ပဲ လို့ပဲ ဖြေတွေး လိုက်တော့မယ်လေ...နော။

    ReplyDelete
  12. Oh exactement c'est cette chanson!!! Un de mes amis m'a transfert par mél. Juste arrivée, essayé d'adapter... pays, famille, amis,.. oh tout s'ennuient de moi... Quand je l'ai écouté, "musique, ambiance, arrière-plan" tout est en harmonie avec mes sentiments... vraiment ça me rend plus triste.. fait pluerer en plus... et en même temps je me suis bien sentie le sentiment de chanteur!
    Avec mes meilleurs voeux,

    ReplyDelete
  13. Anonymous ...
    Je pense que c'est bien SSZ qui a laissé ce commentaire. :) Merci beaucoup de visiter mon blog et d'avoir écouté cette chanson. Je suis navré que la chanson te rende triste mais en même temps, je comprends tout à fait ton sentiment. Je pense que ce genre de chanson peut très bien toucher à tas de gens qui sont loin de la maison surtout en décembre. Je fais partie de ces gens et c'était l'une des raisons pour lesquelles j'ai réalisé ce petit clip vidéo. Bien à toi..!! :)

    ReplyDelete
  14. Ah harrr... oui, c'est surement moi! Est-ce que tu peux me l'envoyer par mél s'il te plaît? Parce que je n'ai plus dans ma boitre car j'ai éfacé tout de celui qui m'a trasfert quand je me suis fâché de lui. :)
    En fait, j'aime bien ta chanson... peut confirmer que j'aime beaucoup mieux que même des chanteurs célèbres comme j'aime bien écouter la guitare comme ça.
    Merci et bien à toi aussi,
    Su

    ReplyDelete
  15. I think I listen to this song thousand times within 4/5 days as I'm very stressful, disappointed & in bad mood. Guitar make me release!
    Thanks,

    ReplyDelete
  16. Anonymous ...
    Thank you so much for appreciating my art work. It makes me happy to know that guitar relieves your stress and bad mood. Hope everything's gonna be alright...! :)

    ReplyDelete
  17. လွမ်းလွမ်းနဲ့ ဒီသီချင်းလေးကို နောက်တခေါက် ထပ်လာနားထောင်ဖြစ်တယ် ကိုညီလင်းရေ ...
    ဒီဇင်ဘာကတော့ နှစ်တိုင်း လွမ်းစရာတွေ ပေးနေတာပါပဲ။

    ReplyDelete
  18. အခေါက်ခေါက်အခါခါ နားထောင်ဖြစ်တယ် အကို
    အိမ်ကိုလည်း လွမ်းသွားတယ်
    ဒီသီချင်းလေးကို အခုမှ ကြားဖူးတာ
    Editing လုပ်တာလေး တော်တော် သဘောကျတယ်
    နှင်းခဲလေးတွေကို ကြည့်ပြီး လွမ်းလွမ်းဆွေးဆွေးလေး ဖြစ်နေတယ်
    သိပ်အေးမြတဲ့ အဲ့နှင်းတွေကို ကိုင်ကြည့်ရင် ဘယ်လိုနေမှာပါလိမ့်....။

    သိပ်နူးညံ့တဲ့ အနုပညာအတွက် appreciated လုပ်လိုက်ပါတယ် :))

    ReplyDelete
  19. နောက်တစ်ခေါက် လာနားထောင်သွားပါတယ် :)

    ReplyDelete