17 February 2011

မော်ဒန်ကိတ်


အစားအသောက် အကြောင်းတွေ၊ ချက်နည်းပြုတ်နည်း အကြောင်းတွေကို ပုံနဲ့တကွ တင်တဲ့ ဘလော့ဂ်တွေကို ရောက်သွားရင် ခံစားချက် ၂ မျိုးနဲ့ ပြန်,ပြန်လာရလေ့ ရှိပါတယ်၊ ပထမတစ်ခုက ဗိုက်ဆာတာ ဖြစ်ပြီးတော့ ဒုတိယ တစ်ခုကတော့ (နဲနဲ) အားကျတာလို့ ပြောရမယ် ထင် တယ်၊ :) ကျနော်လည်း တခါတခါ အဲဒီလို ချက်တတ်ချင်လိုက် တာ...၊

ဒီနေ့ ညနေတော့ ကိတ်မုန့်လေး တစ်ခုလုပ်ဖြစ်ပါတယ်၊ ကိတ်မုန့်လုပ်တာပါ၊ ဖုတ်တာ မဟုတ်ပါဘူး၊ ဆိုင်က အသင့်ရောင်း တဲ့ ကိတ်မုန့်တစ်လုံးကိုဝယ်ပြီးတော့ ကိုယ်လုပ်ချင်တာ လုပ်ပစ်လိုက်လို့ ကိတ်မုန့်လုပ်တာလို့ ပြောတာပါ၊ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆိုရင်တော့ အဲဒီပေါ်မှာ ဖယောင်းတိုင်လေးတွေ အစီအရီ ထွန်းရမှာပါ၊ ဒီနေရာမှာ ကြားဖူးတဲ့ ဟာသလေးတစ်ခုကို ပြောပြရဦးမယ်၊ အသက်အပိုင်းအခြား တစ်ခုကို ရောက်လာပြီ ဆိုတဲ့အခါ မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းတော့မယ်ဆိုရင် ဘေးမှာ မီးသတ်ဘူးတစ်ဘူး အဆင်သင့် ရှိပါစေ-တဲ့၊ များလွန်းတဲ့ ဖယောင်းတိုင်တွေကြောင့် မီးဘေး စိုးရိမ်ရလို့ပါ-တဲ့၊ အခုလည်း မီးရေးထင်းရေး ကာကွယ်တယ်ပဲ ဆိုဆို၊ မီးသတ်ဘူး မဆောင်ချင်ဘူးပဲ ပြောပြော ကိတ်မုန့်လေးတစ်လုံးတော့ ဒီလိုဖြစ်လာခဲ့ပါတယ်၊ ဟုတ်တယ်လေ...၊ ဖယောင်းတိုင်အစား ကျနော်က စိတ်ကူးထဲမှာ ရှိတာတွေကို အစားထိုးလိုက်တာကိုး၊ ခံစားကြည့်ပါဦး... ...နော့၊


(၁)
Photobucket
5DmarkII + EF 100mm f/2.8 Macro USM, 100mm, f/11, 1/200, iso100
Strobist: 1 flash YN-650 camera right, behind the subject, power 1/8, 1 flash Speedlite 430Ex camera left, in front of subject, power 1/16, diffused by DIY light tent, flash triggered by Yongnuo RF-602.

အောက်ခံ ကိတ်မုန့်က Mille feuilles လို့ခေါ်တဲ့ ကိတ်ပါ၊ မြန်မာလိုပြန်ရင်တော့ အရွက်တစ်ထောင်-တဲ့၊ အလွှာပါးပါးလေး တွေ အများကြီးနဲ့ လုပ်ထားလို့ ဒီလိုခေါ်တယ် ထင်တာပဲ၊


(၂)
Photobucket
5DmarkII + EF 100mm f/2.8 Macro USM, 100mm, f/11, 1/200, iso100
Strobist: same as above.

ဒီကိတ်မုန့်ကို အမျိုးအစား အရသာမတူတဲ့ အရာ ၄ မျိုးနဲ့ အလှဆင်ပါတယ်၊ ရှေ့ဖက်က ငရုတ်သီးနဲ့ ဘေးနှစ်ဖက်က လိမ္မော်သီးကတော့ အလွယ်တကူ မှတ်မိနိုင်ပါတယ်၊ အနောက်ဖက်မှာ နဲနဲကွယ်နေတာက ချော့ကလက်တောင့် ဖြစ်ပြီးတော့ အလယ်က ခရမ်းရောင် ဗူးကလေးတွေကတော့ Nespresso ကော်ဖီ capsule ပါပဲ၊ What else?


(၃)
Photobucket
5DmarkII + EF 100mm f/2,8 Macro USM, 100mm, f/2.8, 1/200, iso100
Strobist: 1 flash YN-650 camera right, in front of subject, power 1/16, 1 flash Speedlite 430Ex camera left, behind the subject, power 1/16, diffused by DIY light tent, flash triggered by Yongnuo RF-602.

ဒီပုံမှာတော့ အလင်းကို ပြောင်းပြန်ပေးထားပါတယ်၊ အပေါ်နှစ်ပုံမှာက ဘယ်ကနေညာ ထောင့်ဖြတ်ကို ဖလက်ရှ် ၂ ခုနဲ့ ပေးထားပြီးတော့ ဒီမှာကတော့ ညာကနေဘယ် ထောင့်ဖြတ်ကို ပြောင်းပြန်, ပြန်ယူထားတာပါ၊ ဒီပုံတွေအားလုံးရဲ့ ကင်မရာ setting က အတူတူပါပဲ၊ မတူတာက အလင်းရဲ့ အပြင်း၊ အပျော့ပါ...၊


(၄)
Photobucket
5DmarkII + EF 100mm f/2.8 Macro USM, 100mm, f/11, 1/200, iso100
Strobist: 1 flash YN-650 camera right, power 1/8, 1 flash Speedlite 430Ex camera left, slightly behind the subject, power 1/16, diffused by DIY light tent, flash triggered by Yongnuo RF-602.


အခုလို ကိတ်မုန့်လှီးတဲ့ ပွဲမျိုးတွေမှာ အနောက်တိုင်းဓလေ့က အားလုံးသိကြတဲ့အတိုင်း သိပ်မရင်းနှီးဘူးဆိုရင် လူတစ်ယောက်ကို အသက်မမေးကြပါဘူး၊ အထူးသဖြင့် အမျိုးသမီးတွေကိုဆို ပိုပြီးတောင် မမေးကြပါဘူး၊ ဒါပေမယ့် နဲနဲလည်း ရင်းနှီးတယ်၊ အတည်တဝက်၊ အရွှန်းတဝက်နဲ့လည်း နောက်ချင်တယ်ဆိုရင်တော့ How old are you? အစား How young are you? လို့ မေးတတ်ကြပါတယ်၊ ကျနော့်ကိုတော့ အဲဒီလို ယဉ်ကျေးဖွယ်ရာ အသုံးအနှုံးတွေနဲ့ မေးစရာ မလိုပါဘူး၊ တခါတည်းပဲ ပြောလို့ရပါတယ်၊ ကိတ်မုန့်ပေါ်က ပစ္စည်း ၄ မျိုးစုစုပေါင်းက ကျနော့် အသက်ပါပဲခင်ဗျား၊ :D ကဲ, ကြိုက်ရာကို သုံးဆောင်နိုင်ပါပြီ... ...။ ။


ညီလင်းသစ်
၁၇ ဖေဖော်ဝါရီ၊ ၂၀၁၁

25 comments:

  1. မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ မွေးနေ့မှာ ပျော်ရွှင်ပါစေ အယ် အသက်က ၂၇နှစ်လာ
    ငယ်ငယ်လေးပဲရှိသေးတယ် သေချာ လက်ညိုးလေးနဲ့
    တခုချင်းထောက်ပြီး ရေတယ်နော် ... ၂၇ပဲတွေ့တယ်

    ReplyDelete
  2. မောင်မျိုးရေးထားတာတော့ ဂဏန်း ၂ လုံးပေါင်းရင် ၉ ရတယ်တဲ့။ ပို့စ်အဟောင်းတွေ မဖတ်ခင်ကတော့ ၂၇၊ ၃၆၊ ၄၅ တခုခုပဲလို့ တွေးနေတာ။ အဟောင်းတွေ ပြန်ဖတ်လိုက်တော့ သိသွားပါပြီ။ သေချာအောင် လိုက်ရေကြည့်တော့ .... သေချာသွားတယ်။

    မွေးနေ့မင်္ဂလာ ပျော်ရွှင်ပါစေရှင် ...

    ReplyDelete
  3. လိမ္မာပါးနပ်သူတို့များ သွယ်ဝိုက်ပြီး လှလှလေးဖြစ်အောင် ပြောတတ်ပါ့နော်။

    ဘာပဲဖြစ်ဖြစ် You are getting OLD!!! ဟား ဟား.., နောက်တာ။ :))

    "မင်္ဂလာကျက်သရေရှိသော မွေးနေ့ပါ ကိုညီလင်းသစ်"

    ခင်မင်လေးစားလျှက်
    နန္ဒာ

    ReplyDelete
  4. မ Baby taster ...
    မှန်လိုက်လေဗျာ..၊ ကိတ်မုန့်တစ်ခုလုံးကို already offered to BT လို့ စာကပ်လိုက်ရင် ကောင်းမယ်ထင်တယ်နော်..၊ :)

    မမေဓာဝီ ...
    ၂၇ ကစ,ပြီး ၄၅ မှာ ဆုံးတယ်..ဟုတ်လား? ၁၈ ဆိုတဲ့ ဂဏန်းနှစ်လုံးကလည်း ၉ ဖြစ်တယ်လေ..း)၊ နောက်တာပါဗျာ၊ ဆုတောင်းလေးအတွက် ကျေးဇူး အများကြီး တင်ပါတယ်နော်..၊

    နန္ဒာ ...
    ပျောက်နေပါ့လား၊ လာအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ ဟုတ်တယ်...ပြက္ခဒိန်တွေက ကိုယ့်ရှေ့မှာတင် ဟောတစ်စောင်၊ ဟောတစ်စောင် နဲ့ ကုန်သွားကြတယ်...၊း)

    ReplyDelete
  5. အဲ့....ကျနော် မှန်းတဲ့ အသက်က မှားနေသေးတယ်လား သိတော့ပါဘူး လောသွားတာနဲ့း)

    အစ်ကိုကတော့ ရက်စက်ပါ့ဗျာ မွေးနေ့ကိတ်မှာ ငရုတ်သိးကြီးနဲ့ဆိုတော့ စပ်ဖျင်းဖျင်းဖြစ်သွားတယ် ။

    ထပ်ဆုတောင်းပေးသွားတယ် အစ်ကိုရေ Happy Birthday ;)

    ReplyDelete
  6. မင်္ဂလာမွေးနေ့၊ ပျော်စရာမွေးနေ့ပါ။
    ကိတ်မုန့်နဲ့ ငရုပ်သီးကို အခုလိုအတူတကွ မတွေ့ဘူးပါဘူး။
    impact ဖြစ်တယ်။

    ReplyDelete
  7. ပျော်စရာမွေးနေ့ပါ..
    ရသာစုံကိတ်လေး စိတ်ကူးကိုကြိုက်ပါတယ်ဗျာ...
    ခက်တာက ကြည့်ရင်းနဲ့ သီချင်းတွေသွားသတိရနေတာပဲ.. အကြိုက်ဆုံးသီချင်းက ကော်ဖီခါးခါး.. မကြိုက်ဆုံးက ငရုပ်သီးလိုမျိုး..း)
    All the best ahead..

    ReplyDelete
  8. မွေးနေ့ပိုစ့်က ပျော်စရာ ပဟေဠိလေးနဲ့ပါလား ကိုညီလင်းသစ်
    ဘာဘဲဖြစ်ဖြစ် ကြည်နူးချမ်းမြေ့ဖွယ် မင်္ဂလာမွေးနေ့ရက်လေး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်
    နေ့ရက်တိုင်း မင်္ဂလာရှိစွာ နေထိုင်နိုင်ပါစေရှင်။
    မိသားစုနဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ လောကကောင်းကျိုး မိမိကောင်းကျိုး နှစ်ဖြာအကျိုး ဆောင်ရွက်နိုင်ပါစေလို့

    ခင်မင်စွာ
    မချော

    ReplyDelete
  9. စာကိုဆုံးဆောင်မဖတ်သေးပဲ ပထမဆုံးပုံကတည်းက သိသလိုလိုဖြစ်ပြီး ပစ္စည်းတွေကိုလိုက်ရေကြည့်နေတာ ငရုတ်သီးနဲ့ ကော်ဖီဗူးကတော့ရေလို့ရတယ်။ လိမ္မော်သီကလည်းတဖက်ကကွယ်နေပေမယ့် ဒီဖက်က ၅မို့လို့ ဟိုဖက်လည်း ၅ ဖြစ်လိမ့်မယ်လို့ မှန်းတယ်။ တခုပဲ ဒီ TOBLERONE က ဘယ်နှစ်ဆစ်ပါလိမ့်လို့ ထင်နေတာ။ စားပေမယ့် အထစ်ကို မမှတ်မိဘူး။ တော်တော် အပင်ပန်းခံလိုက်တယ်။ နောက်မှ အောက်ကပုံတွေကို ဆက်ကြည့်မိတာ :)

    ပျော်ရွှင်သော မွေးနေ့မင်္ဂလာပါ ကိုညီလင်းသစ် ရေ..

    ReplyDelete
  10. ကိတ်မုန့်က မမြင်ဘူးသေးတဲ့ topping အသစ်နဲ့ပါလား :-) ပျော်ရွှင်ဖွယ် ၁၈*၂ မွေးနေ့ဖြစ်ပါစေ :D

    ReplyDelete
  11. ချစ်သောမိသားစုနဲ့အတူ ကျန်းမာပျော်ရွှင် ချမ်းမြေ့သာယာသော နေ့တိုင်းရက်တိုင်းဖြစ်ပါစေလို့
    ၃၆ နှစ်ပြည့် ( ကော်ဖီဗူးလေးတွေက အစွန်းထွက် ၆ ရှိတယ်လေ ဟုတ်လားးp ) မွေးနေ့အမှတ်တရ အဖြစ် ။

    ငြုတ်သီးတောင့် အနီကိုမှ ဘာလို့ ရွေးထည့်ထားလဲမသိဘူးနော် ...

    mie nge

    ReplyDelete
  12. ပျော်ရွှင်သောမွေးနေ့ မှနောင်မွေးနေ့ ပေါင်းများစွာ
    ချစ်သောသူတွေနဲ့ အတူတူ ဆင်နွဲနိုင်ပါစေ...
    ကျမက သချာင်္မတော်လို့ မပေါင်းကြည့်တော့ပါဘူး။
    သက်တော်ရာကျော်ရှည်ပါစေ...
    shinlay and Thomas

    ReplyDelete
  13. " ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ"

    အဟား..အသက်ကိုတွက်ကြည့်ရသေးတယ်။ ချော့ကလက်ကို တြိဂံတစ်တုံးချင်းစီတွက်မှ အဖြေမှန်ရတော့တယ်.. =)။ အသင့်စားလို့ရတဲ့ ချောကလက်နဲ့ လိမ္မော်သီး ဘဲယူသွားတော့မယ်..။

    ReplyDelete
  14. မောင်မျိုး ...
    နောက်ဂဏန်းက ရှေ့ဂဏန်းရဲ့ နှစ်ဆလို့ ထင်ထားရင် တော့ ညီမှန်းထားတာ မမှားပါဘူး၊ ငရုတ်သီးက အကြောင်းရှိ တယ်ဗျ၊ လာမယ့်ပို့စ်မှာ ကျနော် ရှင်း ပြပါ့မယ်...၊း)

    မ,ကောင်းမွန်ဝင်း ...
    ကျေးဇူးပါခင်ဗျာ၊ ငရုတ်သီးနဲ့ ကိတ်မုန့်... အင်း,တခါ တခါတော့လည်း contrast လေးတွေက စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ....ဟုတ်တယ်ဟုတ်၊

    N/A ...
    'ငရုတ်သီးလိုမျိုး'ဆိုတာ ရာမရေးခဲ့တဲ့ သီချင်းကိုများ ပြောချင်တာလားမသိ၊ ဒါဆိုရင်တော့ ခိုင်ခင်ဦး ကတဲ့ပုံ တောင် ကျနော်လည်း ပြန်မြင်လာမိတယ်..ဟားဟား၊ ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်ဗျာ..၊

    မချော ...
    လှပပြေပြစ်တဲ့ မွေးနေ့ဆုတောင်းလေး အတွက် ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊

    မစူးနွယ် ...
    အောက်ဆုံးက top view ပုံကိုတောင် မကြည့်ရသေးဘဲ နဲ့ အဖြေမှန်လုနီးပါး စဉ်းစားနိုင်တာ တယ်တော်ပါလား၊ လိုချင်တဲ့ ဂဏန်းရအောင် Toblerone ကို နှစ်ဆစ်တောင် ဖဲ့ထုတ်လိုက်ရတယ်၊း)

    Evy ...
    တော်တယ်ဗျို့..၊ :) ပရိုဖိုင်းလ်မှာ passionate about baking လို့ရေးထားတော့ ကျနော် bake မလုပ်တဲ့ cake က သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းမယ်တော့ မထင်ဘူး..ဟားဟား၊

    မ mie nge ...
    ကော်ဖီဗူးလေးတွေကို အစွန်းထွက် ၆ နဲ့ယူပြီး တွက်တဲ့ logical thinking က တယ်ဟုတ်ပါလား၊ ကျနော် အဲဒီထောင့်က မစဉ်းစားခဲ့ ဖူးဘူး၊ တော်တယ်ဗျာ..၊ အင်း, ငရုတ်သီးက ဘာလို့ပါနေတာလဲ ဆိုတာ လာမယ့် ပို့စ်မှာ ကျနော်ပြောပါ့မယ်၊ (ကဲ..အခုကတည်းက ကြော်ငြာ ဝင်ထားလိုက်ပြီ...အဟဲ)၊

    မ,ရှင်လေးနဲ့ Thomas ...
    ချစ်စရာ မွေးနေ့ဆုတောင်းလေးအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်...၊

    ဖြိုး ...
    တော်တယ်ညီရေ..၊ ချော့ကလက်ရယ်၊ လိမ္မော်သီးရယ် နဲ့ညီမျှတဲ့ အသက်ကိုလည်း အဲဒီလို ယူသွားလို့ရရင် ကောင်းမယ်..ဟားဟား၊ မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်ဗျာ...။

    ReplyDelete
  15. ညီလင်းရေ့..
    ဘယ်နှစ်နှစ်ပဲပြည့်ပါစေ.. မွေးနေ့တိုင်း စိတ်ရော ကိုယ်ပါ ပျော်ရွှင်စွာ.. ချစ်သောသူတွေနဲ့အတူ.. အရှည်အကြာ ဖြတ်သန်းရပါစေ..။
    (တကယ်တော့ ပဟေဠိဖြေရတာ ပျင်းလို့...:D)

    ReplyDelete
  16. Dear Ko Nyi

    May be late wish.
    Many happy return of the day.
    May u belong younger n younger age together with Ma Eaithu,Thuriya n another......:)

    Gyidaw

    ReplyDelete
  17. ကိုညီလင်းက ငယ်သေးတာပဲ...း))

    ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပေါင်းများစွာကို ချစ်သောသူများနဲ့ အတူတူ ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ...

    ReplyDelete
  18. ပြောဖို့ မေ့သွားတယ်...
    မွေးနေ့ ကိတ်မုန့်ကို ပြင်ထားတဲ့ idea လေး ကြိုက်တယ်... ကင်မရာ အစွမ်းကိုလဲ ကြိုက်တယ်လို့...

    ပြီးတော့ Flickr မှာ အကောင့်ရှိရင် add ချင်ပါတယ်လို့...။

    ReplyDelete
  19. ပျော်စရာမွေးနေ့ပါပဲ၊
    အသက်သိချင်လို့ လိုက်ရေကြည့်တယ်
    ၃၅ ရတယ်၊
    ကိုယ့်ထက်ငယ်သေးတာ သိရလို့ အားကျသွားတယ်၊
    ငရုတ်သီးကို ကင်မရာအစွမ်းပြချင်လို့ ရိုက်တာ မှတ်တာ၊
    နောက်ပိုစ့်မှ ရှင်းပြမယ်ဆိုတော့ စောင့်အုံးမှ၊
    မွေးနေ့ကိတ်က အဟုတ်ကောင်းမယ့်ပုံ၊

    ReplyDelete
  20. အမမေငြိမ်း ...
    ကျေးဇူးတင်ပါတယ် အမရေ၊ အင်း..အမကိုတော့ ပဟေဠိတွေ လာ,လာမေးဦးမှနဲ့ တူတယ်...ဟားဟား၊

    Gyidaw ...
    Thank you so much for your kind wish. It's so touching. :)

    မသက်ဝေ ...
    ကျေးဇူးပါပဲဗျာ၊ ငယ်သေးတယ်ဆိုတော့ အမကို ဒီလို ကိတ်မုန့်မျိုး တစ်ခုလုံး ပို့လိုက်ဦးမှ ပါပဲ၊ Flickr အကောင့် ရှိပါတယ်၊ ဒါပေမယ့် အဲဒီအကောင့်က ဒီဘလော့ဂ်အတွက် သက်သက်ပဲဆိုတော့ အဲဒီမှာ ရှိသမျှ ပုံတွေက ဒီကဟာတွေနဲ့ အတူတူပါပဲ၊ Add ချင်တယ် ဆိုရင်တော့ nyilinnthit (http://www.flickr.com/photos/31440889@N04/) ပါပဲခင်ဗျား၊ ပရိုအကောင့်ဖွင့်ဖို့တော့ စဉ်းစားနေတုန်းပဲ၊

    (မ)အပြုံးပန်း ...
    တနေရာ,ရာမှာတော့ ၁ ကျပျောက်ခဲ့ပုံ ရတယ်ဗျို့..၊ :D ဟုတ်ကဲ့..နောက်ပို့စ်လည်း လာဖတ်ပါဦး၊ အင်း..ကိတ်မုန့်ကတော့ သိပ်မဆိုးပါဘူး၊ ငရုတ်သီးကတော့ မစပ်ဘူးဗျ..၊း)

    ReplyDelete
  21. ကိုညီလင်းရေ... မွေးနေ့ ဆုတောင်းလေး နောက်ကျသွားတာ ခွင့်လွှတ်ပါနော်။ ကိုညီလင်းရဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျရောက်သော မွေးနေ့မှသည် ချစ်သော မိသားစုနှင့် အတူ အမြဲ ထာဝရ ပျော်ရွှင်ပါစေရှင်။

    ReplyDelete
  22. Mon Petit Avatar ...
    Merci beaucoup!

    ရိုစ့် ...
    ဆုတောင်းလေးအတွက် ကျေးဇူးပါပဲ..။

    ReplyDelete
  23. ဘ၀တစ်လျှောက်လုံး စိတ်သွားတိုင်း ကိုယ်ပါပြီး ကောင်းကျိုးလိုရာ ဆန္ဒအားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ကိုယ့်စီကနေ malware ကူးမှာစိုးလို့  comment ပေးဘို့ တွန့် နေတာ။
    Iora

    ReplyDelete
  24. မ Iora ...
    ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ malware ကြောင့်နဲ့တော့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့၊ ကျနော်က အခု စစ်လည်းမစစ်၊ ဂရုလည်း မစိုက်တော့ ဘူး၊ ကွန်မန့်အားလုံးကိုလည်း ဖွင့်ထားလျက်ပါပဲဗျာ..။

    ReplyDelete