04 March 2011

ကန်ဘေးက တနင်္ဂနွေ


ပြီးခဲ့တဲ့ နှစ်ပတ်မှာ တနင်္ဂနွေက ပျော်ရွှင်ခြင်း ပန်းစည်းတွေ တပွေ့တပိုက်နဲ့ ကျနော်တို့ဆီကို ရောက်ချလာခဲ့ပါတယ်..၊ ပြီးတော့ ဆောင်းတွင်းကြီး ဖြစ်နေသေးရဲ့သားနဲ့ နွေဦးရာသီရဲ့ ဝတ်စုံကို ခပ်တည်တည်နဲ့ ကောက်ဝတ်ထားလို့...၊ မှုန်မှိုင်းမှိုင်း ကုတ်အင်္ကျီကြီးတွေနဲ့သာ အမြဲတမ်း နှာရည်တရှုံ့ရှုံ့ ရှိနေတတ်တဲ့ တနင်္ဂနွေကို အခုလို ဂျက်ကက်လေး တထည်နဲ့ အပြန့်သား၊ အစန့်သား လင်းလင်းချင်းချင်း တွေ့လိုက်ရတော့ လူတွေရဲ့ ပျော်ရွှင်မှုတွေဟာ ဘုရားကျောင်းက ခေါင်းလောင်းထိုးသံတွေနဲ့ အပြိုင်...၊ ဘာပြောကောင်းမလဲ၊ တဒေါင်ဒေါင် တဒင်ဒင်နဲ့ကို ဆူညံ ပြုံးပျော်လို့ပေါ့....၊

အဲဒီ နေရောင်နွေးနွေးတွေ အောက်က တနင်္ဂနွေနေ့လေးမှာ ကျနော်တို့ လမ်းလျှောက်ဖြစ်ပါတယ်၊အိမ်ကနေ ရေကန်စပ်ကိုဆင်း၊ အဲဒီကမှ ကန်ဘေးက လူသွားလမ်းလေး အတိုင်း ၁၀ မိနစ်လောက် လျှောက်လိုက်တော့ လာဗီယို (Laviau) ဆိုတဲ့ နေရာလေးကို ရောက်ပါ တယ်၊ အဲဒီနေရာလေးက နွေရာသီဆိုရင် စနေ၊ တနင်္ဂနွေတိုင်းလိုလို အပန်းဖြေ၊ ရေကူးတဲ့ လူတွေနဲ့ စည်ကားတတ်လေ့ ရှိပါတယ်၊ လူနေအိမ်တွေနဲ့ နဲနဲလှမ်းလို့ ဘာဘီကျူး လုပ်စားဖို့လည်း ခွင့်ပြုထားတယ်၊ ဆောင်းဦးဆိုရင်တော့ ရွက်ကြွေတွေနဲ့ လွမ်းစရာကောင်းပါတယ်၊ အနောက်ဖက်မှာလည်း ခင်တန်းလေးတခု ရှိတော့ သာယာတဲ့ နေရာလေး တစ်ခုလို့ပဲ ဆိုပါစို့..၊

အဲဒီမှာ သားက သူ့ရဲ့ကစားစရာတွေကို သဲထဲချပြီး စိတ်ကြိုက်ကစားတယ်၊ မအိမ်သူက သူနဲ့အတူ လိုက်ကစားပေးပြီး ကျနော်ကတော့ စိတ်ကူးတည့်သလို ဗီဒီယိုကလစ် တချို့ ရိုက်ဖြစ်ပါတယ်၊ ဘာမှ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး၊ ရေကန်နား ရောက်ဖြစ်တဲ့ အကြောင်းလေးကို အရေးနဲ့ မပြောဘဲ အပြနဲ့ ပြောကြည့်တဲ့ သဘောပါပဲ၊ နောက်ထပ် ၃ မိနစ် ၂၀ စက္ကန့်လောက်များ အချိန်ရသေးရင် အောက်က ဗီဒီယိုလေးကို အားပေးသွားပါဦး...လို့။ ။





ညီလင်းသစ်
၎ မတ်၊ ၂၀၁၁

36 comments:

  1. သားသားက ချစ်စရာကောင်းလိုက်တာ။ ကြီးလာရင် လူချောလေးဖြစ်မှာပဲ။ ရေကန်ကြီးက သာယာလိုက်တာဗျာ။

    တောင်ငူသား

    ReplyDelete
  2. haha သဘောကျလွန်းလို့ ဘာပြောရမှန်းမသိဖြစ်သွားတယ် ပုကျိကွေးလေးက မင်္ဂလာပါ နေကောင်းလားပြောတော့ အံ့သြသွားတာ နည်းနည်းပါးပါး တတ်သားပဲး)။


    ပါပါး ပါပါး လို့ ခေါ်တဲ့ ပြုံးစိစိ ပြောတဲ့ပုံလေးက ချစ်စရာကောင်းပါ့ ကျေးဇူးပါ အစ်ကိုရေ ။

    ReplyDelete
  3. သားလေးရဲ့  ချစ်စရာကောင်းတဲ့ ဗီဒီယိုပြကွက်လေးကို
    ၁၀ မိနစ်စာ ( ၃ ကြိမ် ) ကြည့်သွားပါတယ် .. သားလေးဗမာလိုဆိုတတ်တာ အဖေအသင်အပြကောင်းလို့နေမယ် ... သားလေးက စကားတွေပြောတတ်နေပြီနော် ( diaper စလေးတော့ တွေ့လိုက်မိသလိုဘဲ :p ) သားလေးရဲ့  တိုးတက်မှုလေးတွေကို အဆင်ပြေသလို တင်ပေးပါဦး ညီလင်း ရေ ....

    mie nge

    ReplyDelete
  4. ချစ်စရာကောင်းလိုက်တာ သားသားက
    ကကြီး ခကွေး ရော ရေးတတ်လား

    ReplyDelete
  5. သားလေးကချစ်စ၇ာကောင်းလိုက်တာနော်။ မောင်လေး၇ဲ.ဗီဒီယိုအခွေကိုကြည်.ပြီး တစ်ချိန်တုန်းကေ၇ာက်ခဲ.တဲ. ဂျာမနီနယ်စပ်မြို.လေး( ဆွစ်ဇလန်ဇူးရစ်နဲ.လည်းနီးတယ်)ကို သတိ၇နေလေရဲ.

    ReplyDelete
  6. မေဓာဝီMarch 4, 2011 at 8:19 AM

    ရေကန်ကြီးကလဲ အရမ်းသာယာ ...
    သားလေးကလဲ သိပ်ချစ်ဖို့ကောင်း ...
    ဒါရိုက်တာကလဲ အလွန်တော်တာပဲ။

    သားလေး စကားပြောတာက မပီကလာလေးနဲ့ ချစ်စရာလေး ... သဘောကျလို့ ၂ ခါပြန်ကြည့်သွားတယ်။ ငန်းကြီးတွေကလဲ လှလိုက်တာ ... ကြည့်ရတာနဲ့ကို စိတ်ထဲ ကြည်နူး ချမ်းမြေ့မိတယ်။

    ReplyDelete
  7. လပြည့်ရိပ်March 4, 2011 at 9:35 AM

    သားလေး သီချင်းဆိုနေတာ ချစ်စရာလေး.. ဆိုနေရင်းမေ့သွားပုံရတယ်..ပါးပါးဆိုပြီးမေးလိုက်တာလား... ပြီးတော့ ပါးပါး ..ပါးပါး..ဆိုပြီးခေါ်နေတာ...မပီကလာနဲ့ ချစ်စရာလေး ...

    ReplyDelete
  8. ၂ ခါပြန်ကြည့်မိပါတယ်။
    လောကကြီးက တယ်သာယာပါလားလို့ ခံစားရပါတယ်။
    ကန်ကြီးကလည်းလှ..ငှက်ကလေးတွေကလည်းလှ..
    သားသားလေးကလည်းလှ...
ှုIora

    ReplyDelete
  9. တောင်ငူသား ...
    အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..၊

    မောင်မျိုး ...
    တကယ်ပြောမယ်ဆို သူက ပြောနိုင်ရဲ့သားနဲ့ ပျင်းနေတာဗျ၊ ပြီးတော့ မြန်မာလို ပြောရတာ ကျနော် တစ်ယောက်ထဲနဲ့ဆိုတော့..၊ ဒီမှာက တခြား မြန်မာမိသားစုတွေ လည်း သိပ်မရှိတဲ့အပြင် နေကြတာ လည်း ဝေးကြတယ်၊ စကားမစပ် ရောင်စုံဘောလုံးနဲ့ ကားကြီးတက်မယ်ကို ရောချပြီး ဆိုသွားတဲ့ သီချင်းလေးက သားရဲ့ အလွဲလေးတွေ နားထောင် ချင်တယ်ဆိုတဲ့ ညီ့အတွက်...၊ :D

    မမီးငယ် ...
    diaper စလေးတောင် တွေ့ဖြစ်အောင် တွေ့လိုက်သေး တယ်ဆိုတော့ တော်တော် မျက်စိလျင်တာပဲ၊း) သူ မြန်မာစကားပြောတတ်ဖို့ ကျနော်က နောက်ဆုံးခံတပ် ဆိုတော့ တတ်နိုင်သလောက် သင်နေ၊ ပြောနေတာ ပါပဲဗျာ...၊

    အမည်ဝှက်စာဖတ်သူ (၁) ...
    မရေးတတ်သေးပါဘူးဗျာ...၊

    အမည်ဝှက်စာဖတ်သူ (၂) ...
    ကျေးဇူးတင်ပါတယ်နော်....၊

    မမေဓာဝီ ...
    တတိယမြောက်စာကြောင်း အကြိုက်ဆုံးပဲ..အဟဲ၊ နောက်တာပါဗျာ၊ လာအားပေးတာ ကျေးဇူးပါပဲ...၊

    လပြည့်ရိပ် ...
    ဟုတ်တယ်ဗျ၊ ရောင်စုံဘောလုံးနဲ့ ကားကြီးတယ်မယ်ကို ရောချလိုက်ပြီးတော့ ဘယ်ဟာကဘာ ဆိုတာ သူ မေ့သွားလို့ “အဲဒီပြီးတော့ဘာလဲ” လို့ မေးလိုက်တာ..၊

    မ Iora ...
    နောက်ထပ် လှတာ ရှိသေးတယ်၊ ကင်မရာ နောက်မှာရပ်နေတဲ့ တစ်ယောက်လေ..ဟားဟား၊ ခံစား ကြည့်ပေးတာ ကျေးဇူးပါဗျို့...။

    ReplyDelete
  10. သာယာ လိုက်တာ ကိုညီလင်းရေ... ရေကန်ကြီးရယ်၊ ဘဲငန်းလေးတွေရယ်၊ ကိုယ်ချစ်တဲ့ မိသားစုလေးရယ်။ ဘ၀က ပြီးပြည့်စုံ သွားပြီ။ ကိုညီလင်း သားသားက လူချောလေးနော်။ ချစ်စရာ ကောင်းလိုက်တာ။ သားသား ပြောတဲ့ မင်္ဂလာပါ၊ နေကောင်းလား၊ (နောက်ဆုံး သားသား ဆိုတာ ရောင်စုံ ဘောလုံး သီချင်း ထင်တာပဲ) ဆိုတာလေးက ချစ်ဖို့ ကောင်းလို့ ခဏ ခဏ ပြန်ကြည့် မိတယ်။ ဗွီဒီယိုမှာ ထည့်ထားတဲ့ စန္ဒရားသံ လေးကလည်း နားထောင် ကောင်းတယ်။

    ReplyDelete
  11. ဒီကွန်မန့်ကို ပြုံးရွှင်စွာ ရေးပါတယ်။ :))

    "မင်္ဂလာပါ။ နေကောင်းလား" ပြောတတ်တဲ့အပြင် "ရောင်စုံဘောလုံး" သီချင်းလေးလဲ ဆိုတတ်နေတာပဲ။

    အခုလို ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

    ဒီ Video Clip လေးကြည့်ပြီး ရှည်ရှည်ဝေးဝေး ကွန်မန့် မရေးတော့ပါဘူး။

    "ကြည်နူးပီတိ ဂွမ်းဆီထိ၏။
    သားငယ် ပျော်ရွှင်ပါစေသော်။"

    vous voyez en été.

    Aunt နန္ဒာ xoxo

    ReplyDelete
  12. ကြည်နူးစ၇ာမြင်ကွင်းလေးနဲ့တီင်္တီတာတာ သားလေးရဲ့
    ချစ်စဖွယ်ဟန်လေးက အသဲယားစရာလေးနော်အကို။
    မြင်ခွင့်ရလို့ကျေးဇူးပါ။နောက်တစ်ကြိမ် အားပေးသွား
    တယ်အကို။ပျော်ရွင်စရာမိသားစုနဲ့အတူ
    ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

    ReplyDelete
  13. Cette vidéo me rend heureuse. A propos, votre fils est tourjours mignon!!!

    ReplyDelete
  14. သားလေးက ချစ်စရာကောင်းလိုက်တာ...
    ပါပါး ပါပါး နဲ့ ခေါ်နေတာလေးက တကယ်ကို ချစ်စရာ...
    နေရာလေးကလဲ သာယာတယ်နော်...

    နောက်လဲ အခုလို သားသားပါတဲ့ ဗီဒီယိုလေးတွေ တင်ပါအုံး...း))

    ReplyDelete
  15. သားက သိပ်ချစ်စရာကောင်းတယ်...။ ကြီးလာရင်လည်း ထူးချွန်ထက်မြက်မှာ သေချာတယ်...။ သားရတနာပေါ့...။

    အခု video ထဲကနဲ့ စကိတ်စီးတဲ့ပုံနဲ့ တော်တော်ကွာနေသလိုဘဲ..။ ဟိုမှာက ငယ်ငယ်လေး... ။

    ReplyDelete
  16. သားအမိနှစ်ယောက် လမ်းလျှောက်နေတာကိုကြည့်ပြီး မနှစ်က နှင်းဝေတဲ့ဆောင်းထဲက နောက်ဆုံးပုံလေးကို တောင်သတိရသွားတယ်..။

    ReplyDelete
  17. ပျော်ရွှင်စရာမိသားစုလေးပါ။
    နှုတ်ဆက်ပေးပါနော်။

    ReplyDelete
  18. Beautiful Sunday!

    ReplyDelete
  19. ရိုစ့် ...
    သာယာနှစ်လိုဖွယ် ကွန်မန့်လေးအတွက် ကျေးဇူးပါပဲ..၊

    နန္ဒာ ...
    ဒီကွန်မန့်ကို ပြုံးရွှင်စွာ ရေးတယ်ဆိုတော့ အရင် ဘယ်ကွန်မန့်တွေကိုများ စူပုပ်ပြီး ရေးသွားပါလိမ့်လို့ စဉ်းစားနေတယ်...ဟားဟား၊ နောက်တာပါ၊ ကျေးဇူး..၊

    Angelhlaing ...
    လာလည်တာရော၊ ကွန်မန့်လေးအတွက်ပါ ကျေးဇူးတင် ပါတယ်ဗျာ...၊

    Mon Petit Avatar ...
    Merci pour ces mots sympas. Tu es gentille comme toujours.

    မသက်ဝေ ...
    ကျေးဇူးပါ၊ နောက်လဲတင်ပါဦး ဆိုတော့ ငိုချင်ရက် လက်တို့တော့ ဖြစ်နေပြီနော်...ဟင်းဟင်း၊ :D

    ကိုဖြိုး ...
    အင်း..စကိတ်စီးတဲ့ ပုံက ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံး အပတ်ထဲမှာ ရိုက်ထားတာ၊ ဒီဟာကတော့ လွန်ခဲ့တဲ့ ၂ ပတ်က၊ ကျနော်သူ့ကို ဟော်မုန်းတွေ အကျွေးများသွား လို့ ၂ လအတွင်း ထွားလာတာ ထင်တယ်...ဟားဟား၊ နောက်တာပါဗျာ၊ အငြိမ်ဓါတ်ပုံဆိုတော့ perspective ကွာသွားလို့ ဖြစ်မယ်ထင်တယ်နော်..၊

    မ,ရှင်လေး ...
    ဟုတ်ကဲ့... ပြောလိုက်ပါ့မယ်၊ ကျေးဇူးပါ..၊

    မသီတာ ...
    Yes, a winter Sunday in spring outfit... :D

    ReplyDelete
  20. It's a beautiful day!! Any tips for him to speak Burmese? My gal is 2 1/2 yrs old. she would understand a little Burmese when I speak to her. she wouldn't say it except for grandparents, Chit Chit and little heart. I am trying to teach her body parts now. She confused Nose and forehead. :-)

    Thank you!

    ReplyDelete
  21. သားသား စကားပြောတာ ချစ်စရာလေး။
    မြေကြီးပေါ်လူးလိမ့်ကစားနေတာ အားရစရာကြီးး။


    ပေါက်

    ReplyDelete
  22. ရောင်စုံဘောလုံး...ဘေးကိုဖယ် ဘေးကိုဖယ် :P
    ချစ်စရာကောင်းလိုက်တာ

    စူးနွယ်လေး

    ReplyDelete
  23. မေဓာဝီMarch 4, 2011 at 9:51 PM

    ကြည့်ရတာ စိတ်ချမ်းမြေ့လွန်းလို့ နောက်တခေါက် ထပ်လာကြည့်သွားတယ် ကိုညီလင်းသစ်ရေ ...
    ပထမကွန်မန့်ထဲ ပြောဖို့ ကျန်သွားတာလဲ လာဖြည့်ရင်း ဆိုပါတော့ ... ။
    ရေကန်ပြီးရယ် .. သားသားရယ် ... ဖန်တီးသူရယ်ပဲ ချီးကျူးစကားဆိုရသေးတယ် ... သားသားရဲ့မေမေ၊ ကိုညီလင်းသစ်ရဲ့ မအိမ်သူကို ရေးဖို့ကျန်သွားတယ်။

    သားလေးနဲ့ အတူ ကစားပေးနေတဲ့ မအိမ်သူရဲ့ မျက်နှာမှာ မိခင်တယောက်ရဲ့ အကြင်နာငွေ့တွေလွှမ်းပြီး ချောမောလှပနေတယ် ဆိုတဲ့ အကြောင်း ... .....

    ReplyDelete
  24. Sint Si ...
    As you might know already, one of the best ways for a child to learn a language, is to listen to a conversation. As for me, I don't have that opportunity. So, I simply talk to him as much as I can all the time since he was born. Besides, I interpret to him on purpose what his mom says as if he didn't understand French. For instance, when his mom says,"come and have breakfast, little son", I'd interpret instantly "သား...မေမေက မနက်စာ လာစားတော့-တဲ့". I find it lets him learn and memorize in parallel both usages. Just my two cents. :)

    ပေါက် ...
    ဟုတ်တယ်၊ သူက မြေဓါတ် ယူနေတာ...၊ :)

    မစူးနွယ် ...
    ဘော်လုံးတွေက သူ့မြင်ကွင်းကို ပိတ်နေပုံရတယ်..း)

    မမေဓာဝီရေ ...
    ပြောလိုက်ပါ့မယ်၊ သူ ဝမ်းသာသွားမှာ သေချာတယ်၊ မမေရဲ့ မျှတပြီး ခံစားနားလည်ပေးတတ်တဲ့ အဲဒီ စိတ်ကလေးက လှတယ်၊ ကျေးဇူး......။

    ReplyDelete
  25. အားကျဒလယ်ဝေ့.. :D

    ReplyDelete
  26. ချော(အစိမ်းရောင်လွင်ပြင်)March 5, 2011 at 2:04 AM

    ဗီဒီယိုလေးကြည့်ပြီ ကြည်နူးပီတိဖြစ်မိတယ်..
    ကလေးလေးရဲ့ပါးလေးကိုဆွဲလိမ်ပစ်ချင်တာ ဟိ
    စိတ်ယားတယ်
    ရေကန်ကြီးကို သဘောကျလိုက်တာ တစ်ခြားရေကန်တွေနဲ့ မတူတဲ့အချက်က ရေကန်အစပ်ဟာ မြေပြင်မဟုတ်ပဲ ကျောက်စရစ်လေးတွေ ဖြစ်နေတာ.. သိပ်လှတာဘဲ
    ကန်ထဲက ငွေငန်းဖြူတွေထင်ရဲ့ အဲဒီအကောင်တွေကလည်း ရေကန်ကို ပိုလှအောင် တန်ဆာဆင်ပေးထားသလိုပါဘဲ.
    အားလုံးခြုံပြောရရင် သိပ်ကို ကြည်နူးစရာကောင်းတဲ့ တနင်္ဂနွေနေ့လေးပါဘဲ..ပျော်ရွှင်ခြင်းတွေ ကူးစက်သွားတယ် တကယ်

    ReplyDelete
  27. သားလေးက ချစ်ဖို့ ကောင်းလိုက်တာ...
    တစ်ခါမှ comments မချန်ဖူးပေးမယ့် အစ်ကို့စာတွေကို အမြဲအားပေးလျက်ပါ
    ဒီနေ့ သားလေးရဲ့ အသံကြားလိုက်ရတော့ မရေးဘဲ မနေနိုင်တော့ဘူး.. :)

    ReplyDelete
  28. Star Dreamer ...
    :)

    မချော ...
    ပျော်ရွှင်ခြင်းတွေ ကူးစက်သွားတယ်ဆိုလို့ ဝမ်းသာပါ တယ်ဗျာ..၊ ငန်းတွေက လူတွေနားကို လာလာပြီး အစာတောင်းတတ်တယ်၊ မကုန်တဲ့ ပေါင်မုန့်တွေကို လူတွေက အမြဲသွားသွားကျွေးတော့ လူမြင်တာနဲ့ အစား တောင်းတော့တာပဲဗျ၊ ကန်ထဲမှာ ဒီလိုပဲ တချိန်လုံး ရှိနေကြတယ်..။

    ReplyDelete
  29. While u were replying comments on friday morning,i was watching the video.I repeatedly watched n appreciated it even i didn't have time to leave comment.I shared with my whole family today.I know ur effort for this post.Tks for sharing.

    Gyidaw

    ReplyDelete
  30. Gyidaw ...
    Thank you so much for your appreciation as usual. Happy to know that you share it with you family. I appreciate your comments, too. :)

    ReplyDelete
  31. Romantic Video clip and poetic post..
    Cheers!!!!

    ReplyDelete
  32. ကလေး က အဖေတူလို. ထင်တယ် အရမ်းချောတယ်။း) ကလေး ကို မြန်မာစကား တက်စေချင်တယ်။

    ReplyDelete
  33. အမည်ဝှက်စာဖတ်သူ (၃) ...
    အခုမှ အကြောင်းပြန်ရလို့ ဆောရီးပါဗျာ၊ ဖြစ်ပုံက ဒီကွန်မန့်က spam ထဲကို ရောက်နေခဲ့တော့ မသိလိုက်ဘူး၊ မနေ့ကမှ သွားမြင်လို့ ပြန်ထုတ်လာခဲ့ တာ၊ ပထမဆုံး မန့်သွားတဲ့ ကွန်မန့်လေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ..၊

    အမမေငြိမ်း ...
    ကျေးဇူးပါပဲ အမ....၊

    ကိုထွန်းထွန်း ...
    ကျနော်လည်း တတ်နိုင်သလောက် ပြောနေပါတယ်၊ အမှန်က “ကလေးက အဖေ မတူလို့ထင်တယ်” လို့ ဖြစ်ရမှာဗျ...။း)

    ReplyDelete
  34. ရောင်ဂျုံဘောလုံး ရောင်ဂျုံဘောလုံး... :)
    ချစ်စရာလေးဗျာ

    SZH

    ReplyDelete
  35. hello..

    Your son is very cute. What is his name ?He can even sing Burmese nursery song.
    did you teach him? I was surprise that you(as father)can teach him to speak in Burmese. I thought only Burmese ladies are able to stay closely with their kids and teach them. Anyway Glad to hear and read your blogs.

    Mon Myat Thu

    ReplyDelete
  36. ပထမ မိခင်နဲ့ သားငယ်လေးရဲ့ မေတ္တာတရားတွေ ထုံလွှမ်းနေတဲ့ မြင်ကွင်းလေးကို ကြည်ကြည်နူးနူးလေးကြည့်နေတာ....။
    ရာသီဥတုက သာသာယာယာ၊ မိခင်ရဲ့ အလိုလိုက်ကြင်နာမှုတွေနဲ့ ပျော်ရွှင်နေတဲ့ သားငယ်လေး
    ရုတ်တရက်...သားငယ်လေးရဲ့ မပီကလာ နဲ့ ကဗျာလေး ရွတ်သံကို ကြားရတော့ အံ့သြစိတ်နဲ့ ချစ်မြတ်နိုးနိုး ကြည့်မိတယ်
    ကြည့်စမ်း..ပါပါ လို့ ခေါ်လိုက်သေး
    ချစ်စရာကောင်းလိုက်တာ...
    ဖန်တီးပေးနိုင်မှုကိုလည်း လက်ဖျားခါပါရဲ့

    အားပါးတရ အားပေးသွားပါတယ်ရှင်း)))

    ReplyDelete