29 March 2011

စနေနေ့ ညစာ


သောကြာနေ့ညက ဂျပ်ဇ်ဂီတ ပွဲတော်ကို သွားပြီး နောက်တနေ့ စနေ နေ့လည်မှာတော့ ကျနော် ဟင်းချက်ပါတယ်၊ မရောက်ဖြစ်တာ ကြာနေတဲ့ အာရှဆိုင်ကို သွားတယ်၊ သူတို့ဆိုင်မှာ ကုန်စိမ်း ဝင်တာက ဗုဒ္ဓဟူးနေ့ဆိုတော့ စနေနေ့မှာ ဘာမှတောင် သိပ်မကျန်ချင်တော့ဘူး၊

ကန်စွန်းရွက်တွေ လတ်တာ တွေ့လို့ ခပ်ကြီးကြီး တစ်စည်းကို ဝယ်တယ်၊ မြင်းခွာရွက် တစ်စည်းဝယ်တယ်၊ မုန်ညင်းအသေး ၂ စည်း ဝယ်တယ်၊ သူကတော့ အမြဲလိုလို ဆိုင်မှာ ရှိတတ်ပါတယ်၊ ပုဇွန်ခြောက် တစ်ထုပ်၊ အသင့်စားလို့ရတဲ့ ပုဇွန်ငရုတ်သီးထောင်း ပုလင်းလေးလည်း ဝယ်တယ်၊ ဒါလေးက အရေးပေါ်ကာလတွေမှာ အသုံးတည့်လေ့ ရှိတယ်လေ၊ ဆားငန်စေ့ အထုပ်ကြီးတစ်ထုပ်လည်း ဝယ်တယ်၊ ပုဇွန်ဝယ်တယ်၊ ခရုဆီ တစ်ပုလင်းလည်း ဝယ်တယ်၊ အိမ်ရောက်မှ အရင်ပုလင်းတောင် မကုန်သေးတာ သွားတွေ့တယ်၊ ဒါတွေဝယ်ပြီးတော့ နောက်ထပ် ဘာဆက်ဝယ်ရမှန်း မသိတော့ဘူး၊ ဈေးခြင်းတောင်းကြီး ဆွဲပြီး ဆိုင်လေးထဲမှာ ပတ်နေတယ်၊ တစ်ပတ်...၊ နှစ်ပတ်...၊ သုံးပတ်...၊ ရပ်လိုက် တော့ ဘီယာပုလင်းတွေ ထားတဲ့ စင်ရှေ့ရောက်နေတယ်၊ တရုတ်ဘီယာ၊ ယိုးဒယားဘီယာ၊ အိန္ဒိယဘီယာ၊ ဂျပန်ဘီယာ၊ အားလုံးကို ကြည့်ပြီးမှ တံတွေးတချက် မျိုပြီး ပြန်လှည့်ထွက်လိုက်တယ်၊ ဒီဟာတွေ အားလုံး ဈေးကြီးပါတယ်၊ မြန်မာပြည် က ဘီယာ တမျိုးမျိုး ဆိုရင်တော့ အကြွေးတင်သွားလည်း ဘာအရေးလဲ၊ ဝယ်ပစ်လိုက်မှာပေါ့...၊ ဟုတ်ဖူးလား..၊

အသီးအရွက်တွေထားတဲ့ စင်ရှေ့ကို ဘယ်နှကြိမ်မြောက်မှန်းမသိ၊ ပြန်ရောက်လာ ပြန်တယ်၊ မြန်မာလို ဘယ်လိုခေါ်မှန်း မသိတဲ့ အရွက်တွေ ကို လိုက်ကြည့်နေမိတယ်၊ ဘယ်လောက်ပဲ ကြည့်ကြည့် နာမည်တွေတော့ ထွက်မလာပါဘူး၊ ဆိုင်ရှင် ဗီယက်နမ်က ငါဘာကူညီရမလဲ-လို့ လာမေးတယ်၊ နေပါစေဗျာ၊ ဒီလိုပဲ ကောင်းနိုးရာရာ လိုက်ကြည့်နေတာပါ-လို့ပဲ ဖြေလိုက်တယ်၊ ဒါ အမှန်ပါပဲ၊ ဈေးဝယ်သာ ကမန်းကတန်း ထွက်လာတာ၊ ဘာချက်မလဲ၊ ဘာဝယ်မလဲ မပြင်ဆင်လာ တဲ့ လူတစ်ယောက်အဖို့တော့ ဟိုဟာလိုက်ကြည့်၊ ဒီဟာလိုက်ကြည့် လုပ်တာ အကောင်းဆုံးပဲ မဟုတ်လား၊

ဆိုင်ရှင် ဗီယက်နမ်က ကောင်တာမှာ သွားပြန်ထိုင်နေတယ်၊ ကျနော်လည်း ရှိတဲ့နေရာမှာပဲ မတ်တပ်ရပ်နေပြီး တဆိုင်လုံး ကို ၃၆၀ ဒီဂရီ လှည့်ပြီး ကြည့်ပါတယ်၊ စင်တွေကြားမှာ ဟိုဝင်ဒီထွက် ပတ်ခဲ့ပြီးပြီလေ၊ နောက်ဆုံးတော့ နံနံပင် တစ်စည်း ယူလိုက်ပြီး ဝယ်ခြမ်းခြင်း အမှုကို လက်စသတ်လိုက်ပါတော့တယ်၊ အဲဒီနေ့က ပုဇွန်ကို ဆီပြန်ချက်၊ ကန်စွန်းရွက်ကြော်၊ မြင်းခွာရွက် သုပ်ပြီး မုန်ညင်းကို ဟင်းချိုချက်လိုက်တယ်၊ အစပ်အဟပ်ကော တည့်ရဲ့လားတော့ မသိပါဘူး၊ ဟင်းသီးဟင်းရွက် နောက်တစ်ခွက်လောက် ထည့်ချင်ပေမယ့် ဆိုင်မှာ ကျန်တာတွေက ခပ်နွမ်းနွမ်းတွေပဲမို့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတယ်၊ ဒါတွေ ချက်ပြီးလို့ အချိန်မရှိတော့တာနဲ့ ငါးပိထောင်းတောင် မလုပ်လိုက်နိုင်ဘူး၊ ငရုတ်သီးစိမ်းကိုပဲ ဒီအတိုင်း ကိုက်စားလိုက်တယ်၊ ကဲ, ဒီအထိတောင် ရောက်လာပြီးမှပဲဗျာ...၊ အားပေးသွားပါဦး...နော၊ ထမင်းတွေ အများကြီး ချက်ထားပါတယ်...။


Photobucket
ပုဇွန်ဆီပြန်


Photobucket
ကန်စွန်းရွက်ကြော်


Photobucket
မြင်းခွာရွက်သုပ်


Photobucket
မုန်ညင်းရွက်ဟင်းချို


ညီလင်းသစ်
၂၉ မတ်၊ ၂၀၁၁

30 comments:

  1. လပြည့်ရိပ်March 29, 2011 at 11:37 PM

    ဟားဟား အစ်ကို ညီလင်းတို့တော့ ဟင်းချက်တဲ့ ဘလောခ့်တွေကို အားကျလို့ လိုက်ချက်နေတာပေါ့။ ဟင်းချက်တာရော ၊ ဓာတ်ပုံရိုက်တာကိုရော ကြည့်ရတာ အစ်ကိုက တော်တော် စနစ်တကျ လုပ်တတ်ပုံရတယ်။ နံပါတ် ၁ အနေနဲ့ ကွန့်မန့် ပေးလို့ ဟင်းခွက်တွေ အနားရောက်လာရင် ကောင်းမှာ... ဂလု.. :-)

    ReplyDelete
  2. ခရမ်းချဉ်သီးအနှစ်ဗူးနဲ့ ချက်ထားတာပဲ..
    ခရမ်းချဉ်သီးကိုအလုံးကိုပြုတ်ပြီးချက်ရင် အရသာပိုကောင်းသလားလို့

    ReplyDelete
  3. အဲဒီဟင်းတွေအားလုံး မအိမ်သူ ရော စားလားး)
    မြင်းခွာရွက်သုတ် ကို ပိုစားချင်တယ် ဒီမှာဝယ်မရလို့ ငတ်နေတာကြာပြီ ဗျို့  )) ဗီယက်နမ်ဆိုင် တဆိုင်ရှိရင် ဗမာဟင်းချက်ပြုတ်ရ အဆင်ပြေသပေါ့ ..


    mie nge

    ReplyDelete
  4. အဲဒီဟင်းတွေအားလုံး မအိမ်သူ ရော စားလားး)
    မြင်းခွာရွက်သုတ် ကို ပိုစားချင်တယ် ဒီမှာဝယ်မရလို့ ငတ်နေတာကြာပြီ ဗျို့  )) ဗီယက်နမ်ဆိုင် တဆိုင်ရှိရင် ဗမာဟင်းချက်ပြုတ်ရ အဆင်ပြေသပေါ့ ..


    mie nge

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)March 30, 2011 at 2:40 AM

    ကိုညီလင်းသစ်က ဓာတ်ပုံအရိုက်ကောင်းသလို ဟင်းချက်လည်းကောင်းပေတာကိုး
    တော်ရုံအိမ်ရှင်မ လက်ဖျားခါလောက်ရဲ့
    ပုဇွန်ဆီပြန်များ အိနေတာဘဲ အနားသာရှိရင်နှိုက်စားမိမယ် ထင်တယ်...း)
    ဓာတ်ပုံရိုက်တဲ့ ဘက်ဂရောင်း ကာလာလေးကလည်း လှလိုက်တာ
    ပုံတွေကြည့်ပြီး စဉ်းစားနေတာ ကျွန်မဟင်းချက်တာ ကိုညီလင်းသစ်လက်ရာကို မှီပါ့မလား လို့ ...
    ထမင်းဘယ်နှပန်းကန် ကုန်သွားလဲ ဒီဟင်းတွေနဲ့း)

    ReplyDelete
  6. ဟဟား တော်လိုက်တာ
    ကိုယ်တောင် ကျွတ်သွားပြီ ဟင်းချက်ပြီးမတင်ရဲတော့ဖူး
    တော်တော်စိတ်ရှည်တာပဲနော် မြင်းခွါရွက်လှီးထားတာက
    နုတ်နေတာပဲ ပုဇွန်ဟင်းကလည်းရှယ်၊ ကစွန်းရွက်ကတော့ ပြောမနေနဲ့တော့


    Baby taster

    ReplyDelete
  7. မြင်းခွာရွက်ကိုအဲ့လိုနုတ်နုတ်စင်းရမှန်းမသိဘူး။
    ဟိုတလောက သုတ်စားတာ အပင်လိုက်နှီးနီး
    ဒီတိုင်းသုတ်တာ..အဟားခံရတယ်။
    ဟင်းတွေက စားကောင်းမဲ့ပုံလေးတွေ။



    ပေါက်

    ReplyDelete
  8. Wow, Ur cooking skill very good,

    Your wife and son like to eat?

    :D

    ReplyDelete
  9. ဈေးဝယ်ရတာ ခေါင်းအစားဆုံးပဲ ။ ယောကျာ်းလေးဆိုတော့ ပိုဆိုးတာပေါ့ ။
    ဟင်းတွေကို စုံနေတာပဲ။ မြင်းခွာရွက်သုတ်လေး စိတ်ရှည်လက်ရှည် နဲ့ ကို ပါးပါးလှီးထားတာပဲ ။
    ဟင်းတွေ အားလုံး အစပ်အဟပ်ကလည်း တည့်လိုက်တာ။
    ဟင်းတွေကြည့်ပြီး ဗိုက်တောင် စာသွားပြီ။

    ReplyDelete
  10. Bravo! Je dois admettre que ta cuisine est meilleure que le mien!!!

    ReplyDelete
  11. ရှယ်ပါလား ကိုညီလင်းသစ်ရေ။

    မြင်းခွါရွက်သုတ်က“ရိတ်ရိတ်ပါအောင်လှီး ”တယ်ဆိုတဲ့ စကားလုံးကို ဒါကိုပြောတာပဲ ဆိုတာ ကောင်းကောင်းသဘောပေါက်သွားတယ်။

    ခေါင်းစဉ်နဲ့ ပုဇွန်ဟင်းဓါတ်ပုံက စာမဖတ်ခင်မျက်စိထဲတန်းဝင်လာတော့ အော် အပြင်ဆိုင်သွားစားတာလို့ ထင်မိတာ။ ဓါတ်ပုံပဲ ဖြစ်ဖြစ် ၊ စာရေးတာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် presentation သိပ်ကောင်းတာပဲ။

    ReplyDelete
  12. မောင်မျိုးMarch 30, 2011 at 5:47 AM

    အစ်ကိုလည်း ဆြာကြီးပဲး) ဟင်းတွေက သန့်ပြီး စားချင်စရာတွေ မြင်းခွက်ရွက်သုတ်ကြိုက်တယ် ။

    ReplyDelete
  13. တယ်ဟုတ်ပါလား... :) ... စားချင်စရာတွေချည်းဘဲ

    ReplyDelete
  14. ဟင်းတွေကစုံတော့ဘာစားရမှန်းတောင်မသိတော့ဘူး
    ကန်စွန်းရွက်ကြော်နဲ့မုန်ညင်းဟင်းချိုပိုကြိုက်လို့ အဲဒါပဲ အရင်စားထားလိုက်မယ် :)
    ဒီဟင်းတွေက မအိမ်သူလည်း စားလို့ရတဲ့ ဟင်းမျိုးတွေပဲနော်။

    စူးနွယ်လေး

    ReplyDelete
  15. စားချင်လိုက်တာနော်....မစားရတာကြာပေါ့..
    အကိုကဟင်းချက်လည်းကောင်းတာပဲ...နော်..

    ReplyDelete
  16. အဟား..
    ဟင်းတွေကြည့်ရတာ မြင်ရုံနဲ့တင် ကောင်းနေမှန်းသိသာပါတယ်။ အိမ်သူပါ စားလို့အဆင်ပြေအောင်ချက်ထားပုံရတယ်။ သူတို့ဆလပ်သုတ်တဲ့ပုံမျိုး သုတ်ထားတယ်ထင်တယ်။ စားပြီးတော့ ဘာမှတ်ချက်ပေးလဲဆိုတာ ရေးပေးပါအုံး။

    ReplyDelete
  17. ဟင်းချက်ပို့စ်တွေ ပုံနှင့်တကွ ဝေေ၀ဆာဆာ တင်ဦးမှပါ...
    ဒီလို အကျောပေးလို့တော့ ဘယ်ဖြစ်မလဲ...:D

    ReplyDelete
  18. မြင်းခွာရွက်သုပ် တောင်
    စားချင်စိတ် ဖြစ်မိသွားတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  19. ကန်ဇွန်းရွက်ကြော် အကောင်းဆုံးပဲဗျို့...ကျန်တာကိုတော့ လေး၊ ငါး၊ ရှစ်ဇွန်းလောက်ပဲ နှိုက်သွားတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

    ReplyDelete
  20. What a lucky Ma Eain Thu!You proved what i said she doesn't need any diamond more.Already got really priceless:))When i try horseshoe leave salad next time,i'll try to mince like you.Love to eat it:)
    Gyidaw

    ReplyDelete
  21. ဟင်းတွေ အားလုံး ရှယ်တွေပါလား.. နည်းနည်းစီလောက် မြည်းသွားမယ်နော်.. :)

    ReplyDelete
  22. လပြည့်ရိပ် ...
    ဟုတ်တယ်ဗျာ၊ ဟင်းနံ့တွေ မွှေးနေတဲ့ ဘလော့ဂ်တွေကို လည်တာများသွားလို့ အားကျတာနဲ့ ၊ အဲဒီလိုမှ မဟုတ်ရင် လည်း စားရမှာ မဟုတ်ဘူးလေ...၊း)

    Nyi ...
    မှန်တာပေါ့ဗျာ၊ တကယ်ဆို အဲဒီလို ချက်သင့်တာပေါ့၊ ကျနော်က အပျင်းကြီးနေခဲ့တာ...၊း)

    မ mie nge ...
    ဟုတ်ကဲ့, စားပါတယ်၊ မြင်းခွာရွက်သုပ်ကို ကျနော်လည်း တော်တော်ကြိုက်တယ်ဗျ..။

    မချော ...
    အာ...ကျနော်က တတ်သလောက်၊ မှတ်သလောက် ပါဗျာ၊ ဒီဓါတ်ပုံတွေ မတင်ခင် နောက်ခံ ဘက်ဂရောင်း အစိမ်းကို မြင်တော့ “အင်း..အစိမ်းရောင် လွင်ပြင် ပိုင်ရှင်တော့ ကြိုက်မှာသေချာတယ်” လို့တောင် တွေးမိသေးတယ်၊ ထမင်းကတော့ ၃ ပန်းကန်...၊း)

    မဘေဘီ ...
    ဟာ...အဲဒီလိုတော့ မနောက်ကြေးလေ၊ ကျနော်က မဘေဘီတို့ဆီကနေ အာရုံခံစားပြီး လိုက်ချက်နေရတာ၊

    ပေါက် ...
    ဘာမှ အားမငယ်နဲ့၊ ကျနော်လည်း အဲဒီလိုပဲ အမြဲတမ်း အပင်လိုက် သုပ်နေတာ၊ ဟိုတလောကမှ အမေပြသွား လို့ နဲနဲ လှီးတတ်သွားတာ...၊း)

    Tun Tun ...
    Thank you. Yes..they did like.

    ညယံ ...
    လာလည်တာရော ကွန်မန့်အတွက်ပါ ကျေးဇူးပါဗျာ၊ ဟုတ်တယ်ဗျ၊ ဈေးဝယ်ရတာတော့ တကယ် ခေါင်းစား တယ်၊

    Mon Petit Avatar ...
    Hmm...c'est gentil à toi mais je suis certain que la tienne est aussi bonne, sans doute. :)

    မ,ကောင်းမွန်ဝင်း ...
    ကျေးဇူးပါဗျာ၊ အင်း..ရိတ်ရိတ်ပါအောင်လှီးတာက တော့ မီးဖိုချောင်စုန်း ပြုစားလိုက်လို့ နေပါလိမ့်မယ်...၊း)

    မောင်မျိုး ...
    အထင်မကြီးနဲ့ ညီရေ့...၊ နောက်ထပ် ၃ ခွက်လောက် ထပ်ချက်ပြီးရင် ကျနော်ချက်တတ်တာ ကုန်ပြီ...ဟားဟား၊

    rose of sharon ...
    သဘောရှိသာ သုံးဆောင်ပါဗျာ....၊

    မစူးနွယ် ...
    ကြိုက်တာသာ သုံးဆောင်ပါဗျာ၊ Guten Appetit..!

    Angelhlaing ...
    ဒီလိုပဲ လျှောက်လုပ်ကြည့်တာပါ ညီမရေ....၊ အထူးအထွေ မဟုတ်ပါဘူးဗျာ..၊

    N/A ...
    ကျေးဇူးပဲဗျို့၊ ဟုတ်တယ်ဗျ..တခါတလေတော့လည်း ရှဥ့်လည်းလျှောက်သာ၊ ပျားလဲစွဲသာ ပေါ့ဗျာ၊ မှတ်ချက်ကတော့ အထူးအထွေ မဟုတ်ပါဘူးဗျာ၊ ကောင်းတယ်ပေါ့၊ အင်း..ကောင်းကောင်း မကောင်းကောင်း တခြား စားစရာလည်း မရှိပါဘူး၊ သားကတော့ မြင်းခွာရွက်သုပ် ကို အတော်လေး ကြိုက်တယ်၊

    မသီတာ ...
    တိမ်ပေါ်ထိ လိုက်တော့မယ်ပေါ့...ဟုတ်လား၊း)

    ဆောင်းနှင်းရွက် ...
    ဟုတ်တယ်၊ မြင်းခွာရွက်က ဆေးဖက်လည်း ဝင်တော့ ကောင်းတယ်ဗျ...၊

    တောက်ပကြယ်စင် ...
    တင်ပါ့ဘုရား၊ ဦးဇင်းလည်း ကျန်းမာပါစေ...၊

    Gyidaw ...
    I am so flattered by your kind words and don't feel gravitational force any more....ha ha. Thanks a lot!

    Sunny ...
    စုံစေ့အောင်သာ မြည်းပါဗျား၊ လာလည်တာလည်း ကျေးဇူးပါနော်...။

    ReplyDelete
  23. ကိုညီလင်းက ပာင်းချက် တော်လိုက်တာ။ ပုဇွန်ပာင်းလေး ချက်ထားတာ အနှစ်လေးတွေ ကြေပြီး ဆီပြန်နေတာပဲ။ စားချင်တာ။ ကန်ဇွန်းရွက်ကြော်လည်း ကြိုက်၊ မြင်းခွာရွက်သုပ်လည်း ကြိုက်ပဲ။ ဓာတ်ပုံ ရိုက်ထားတာပါ လှတော့ ပာင်းတွေ အားလုံး ဆွဲဆောင်မှု ရှိတယ်။ မအိမ်သူနဲ့ သားသားတော့ မြန်မာပာင်း ကောင်းကောင်းလေးတွေ စားရတာပေါ့။ ကောင်းတယ်း)

    ReplyDelete
  24. ရှယ်ပါပဲ။ ကန်းဇွန်းရွကါကြော်နဲ့ မြင်းခွာရွက်သုပ်
    စားချင်ပါတယ်။

    ReplyDelete
  25. ဟင်းလည်းချက်တက်သေးသကိုး...
    မြင်း ခွာရွက်သုတ် မြန်းသွားတယ် ဂလု...

    ReplyDelete
  26. ရိုစ့်ရေ ...
    ကျေးဇူးပါပဲဗျာ၊ ကျနော် ချက်တတ်သလောက်လေး ထဲက ကြိုးစားပြီး လုပ်ကြည့်တာပါပဲ၊ လာအားပေးတာ လည်းဝမ်းသာပါတယ်ဗျာ၊

    မ,ရှင်လေး ...
    DPD နဲ့ ပို့လိုက်မယ်လေ၊ သိပ်မှ မဝေးတာ...၊း)

    အက္ခရာ ...
    မည်ကာမတ္တ ပါပဲဗျာ၊ မြန်းသွားလို့ များများ ကျေးဇူး တင်ပါတယ်ဗျို့...။

    ReplyDelete
  27. စာရေးကောင်းသလို ဟင်းချက်လည်းကောင်းလိုက်တာ :)

    ReplyDelete
  28. puff ...
    လာလည်တာရော ကွန်မန့်အတွက်ပါ ကျေးဇူးတင်ပါ တယ်ဗျာ..။

    ReplyDelete
  29. လာလည်ပြီး ဟင်းတွေကို သေချာမြည်းသွားပါတယ်ဗျာ .. နေ့တိုင်းရှိနေတဲ့ ဒီဟင်းတွေ နေ့တိုင်းလာမြည်းပါမည် .. ပြီးတော့ ကွန့်မန့်တွေကိုတော်တော်ဂရုစိုက်တယ်ဗျာ .. လေးစားစရာပဲ . ပို့စ်တွေ ဖတ်ပြီးရင် ကွန်းမန့်တွေကိုပါ လိုက်ဖတ်ဖြစ်မိတယ် .. ကျေးဇူးပါ

    ReplyDelete
  30. လာလည်ပြီး ဟင်းတွေကို သေချာမြည်းသွားပါတယ်ဗျာ .. နေ့တိုင်းရှိနေတဲ့ ဒီဟင်းတွေ နေ့တိုင်းလာမြည်းပါမည် .. ပြီးတော့ ကွန့်မန့်တွေကိုတော်တော်ဂရုစိုက်တယ်ဗျာ .. လေးစားစရာပဲ . ပို့စ်တွေ ဖတ်ပြီးရင် ကွန်းမန့်တွေကိုပါ လိုက်ဖတ်ဖြစ်မိတယ် .. ကျေးဇူးပါ

    ReplyDelete