01 April 2011

ခဏတာ နှုတ်ဆက်ခြင်း


ကျနော် ဘလော့ဂ်ရေးတာ ခဏနားပါမယ်၊ အမှန်အတိုင်း ပြောရရင် အခုတလော နဲနဲ အရှိန်ရနေတာမို့ အခုလို နားရတော့မယ်ဆိုတော့ တကယ် စိတ်မကောင်းဘူး၊ ဒါပေမယ့် ကျနော့်လက်မှာ ဒဏ်ရာရသွားလို့ စာရိုက်ရင် တော်တော် နာနေတာနဲ့ ရပ်ထားရမှာပါ...၊ ဒီတစ်ပုဒ် ကိုတော့ အတင်းကြိုးစားပြီး ရိုက်လိုက်ပါတယ်၊

ဖြစ်ပုံက ဒီလို၊ မနက်က အလုပ်ကို စက်ဘီးနဲ့သွားတယ်၊ အလုပ်မှာ အရေးကြီးတာတခု ရှိလို့ ကျနော် တစ်ယောက်တည်း စောစောသွားတာ၊ မအိမ်သူနဲ့သားက နောက်ကျမှ သွားကြမှာ..၊ အိမ်ရှိတဲ့ လမ်းသွယ်လေး ကနေ ကားလမ်းမကြီးပေါ်ကို အတက်မှာ ကျနော့်စက်ဘီးနဲ့ ကားတစ်စီးနဲ့ ချိတ်မိသွားတယ်၊ အဲဒီနေရာမှာ အမြန်နှုန်းကို ကီလိုမီတာ ၃၀ သတ်မှတ်ထားတယ်၊ အဲဒီလို သတ်မှတ်ထားရင် လမ်းဆုံတွေမှာ ညာဖက် ကလာတဲ့ ယာဉ်က ဦးစားပေးပါ၊ ကျနော် လမ်းမကြီးပေါ် အတက်မှာ ဘယ်ဖက်ကနေ ဆလွန်းကားတစ်စီး လာနေတယ်၊ နဲနဲလှမ်းတယ်၊ ပြီးတော့ ကျနော်က သူ့ညာဖက်က ဆိုတော့ ကျနော့်ကို ဦးစားပေးရမှာ၊ ဒီလိုတွေး ပြီး စက်ဘီးကို အရှိန်နဲ့ နင်းလိုက်တယ်၊ အဲဒီမှာ ဖြစ်သွားတာ... ... ...၊

မျက်လုံးထောင့်မှာ ရိပ်ကနဲလည်း မြင်၊ နားထဲမှာလည်း ဘရိတ်ဖမ်းသံ “ကျွီ” ဆိုတာကြီးလည်း ကြား၊ စက်ဘီး လက်ကိုင်က ရမ်းထွက်သွား ပြီး ကျနော် တပတ်လည်ပြီး ပြုတ်ကျတယ်၊ လူက ထူပူသွားပြီး အရမ်းလန့်သွား တယ်၊ တော်သေးတယ်၊ သတိတော့ လစ်မသွားလို့၊ ချက်ချင်း ထရပ်ကြည့်တယ်၊ ရတယ်၊ ရပ်လို့ ရတယ်၊ စက်ဘီးကတော့ ခပ်လှမ်းလှမ်းမှာ ကောက်ကွေးနေပြီ၊ ကားကလည်း မလှမ်းမကမ်းမှာ ရပ်ထားပြီး ကားပေါ်က သက်လတ်ပိုင်း လူတစ်ယောက် ဆင်းလာတယ်၊ သူလည်း အတော်လန့်ပြီး ပျာနေပုံပဲ၊ ကျနော့်ဆီကို ပြေးလာပြီး ဘာဖြစ်သွားသေးလဲ-ပဲ မေးနေတယ်၊ ကျနော်က ချက်ချင်း စကားမပြောနိုင်ဘူး၊ ကတုန်ကယင်ကြီးကို ဖြစ်နေတာ၊ အဖြစ်အပျက်က မြန်လွန်းတယ်၊ အဲဒီအချိန်မှာပဲ ညာဖက် လက်ကောက်ဝတ်က စ,နာလာတယ်၊ တစတစ နဲ့ကို ပိုနာလာတယ်၊ မလှမ်းမကမ်းမှာ တပတ်ရစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်၊ အဲဒီက လူလည်း ရောက်လာပြီး လာကြည့်တယ်၊ ဒါနဲ့ သူ့ဆိုင်မှာပဲ ကျနော့်စက်ဘီးကို ထားခဲ့ဖို့ ပြောပြီး ကျနော့်ကိုတိုက်တဲ့ ကားပိုင်ရှင်က ဆေးရုံကို လိုက်ပို့ပါတယ်၊ ကားပေါ်မှာ ထိုင်နေရင်း ဆေးရုံအသွားမှာ စိတ်နဲနဲ ပြန်ငြိမ်လာလို့ တခြားဘယ်နေရာတွေ နာနေသေးလဲလို့ စမ်းကြည့်တယ်၊ ဘယ်ဖက်ဒူး နဲနဲ ပွန်းသွားတာက လွဲလို့ တခြားဘာမှ မဖြစ်ဘူး၊ ကားက စက်ဘီး ရှေ့ဘီးကို တိုက်လိုက်လို့ လက်ကိုင်က ရမ်းပြီး ကျနော်လည်း ဟန်ချက်ပျက်၊ လဲကျတယ် ထင်တာပဲ၊ ကားက မောင်းလာတာ အရမ်းကြီး မမြန်လို့ တော်သေးတာပေါ့၊

တိုတိုပြောရရင် ဆေးရုံမှာ ဓါတ်မှန်ရိုက်တယ်၊ မကျိုးဘူး၊ လက်ကောက်ဝတ်မှာ အဆစ်လွဲသွားတယ်လို့ ပြောတယ်၊ ဆေးလိမ်းပြီး ပတ်တီးစည်းပေးတယ်၊ သောက်ဆေး တချို့ပေးလိုက်တယ်၊ ဘာမှ စိုးရိမ်စရာ မရှိဘူး၊ ဒါပေမယ့် ဒီနေ့တနေ့ တော့ အိမ်မှာ အနားယူနိုင်ရင် ကောင်းတယ်-တဲ့၊ ကားသမားက ကျနော့်ကို အိမ်လိုက်ပို့ ပေးတယ်၊ အထပ်ထပ်လည်း တောင်းပန်နေသေးတယ်၊ ကျနော်လည်း ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်တော့ အမှုတွေဘာတွေ ဖွင့်မနေတော့ပါဘူး၊ အိမ်ရောက်တော့ မအိမ်သူကို ဖုန်းဆက်၊ ရှင်းပြပြီး စိတ်မပူဖို့ ပြောလိုက် တယ်၊ အလုပ်ကို ဖုန်းဆက်၊ အတိုချုပ် ရှင်းပြပြီး ဒီနေ့ မလာတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ ဘလော့ပေါ်က ညီအကို မောင်နှမတွေကို သတိရလို့ ဒီစာလေး ရေးလိုက်တာပါ၊ ဟုတ်တယ်လေ...၊ ဒီနေ့က ဧပြီလ ၁ ရက်နေ့၊ ဒီလို ပို့စ်မျိုးတွေ ရှိနိုင်တယ်၊ သတိထားနေနော်-ဆိုပြီး သူတို့ကို သတိပေးရဦးမယ်လေ၊ ပျော်ရွှင်ပါစေ ခင်ဗျား...။ ။:D


ညီလင်းသစ်
၁ ဧပြီ၊ ၂၀၁၁

ဖြည့်စွက်ချက်။ ။ ဒီပို့စ်ဟာ April fool လုပ်တာ သက်သက်ပါ၊ ဘလော့ဂိုစဖီးယား အတွင်းက မောင်နှမတွေအကြား ခင်မင်ရာ ခင်မင်ကြောင်း နောက်တဲ့ သဘောပါပဲ၊ ဘယ်သူ့ကိုမှ အရူးလုပ်ဖို့ မရည်ရွယ်ဘဲ ဒီနေ့လေးမှာ အားလုံးကို ချစ်ခင်စွာ အမှတ်ရနေမိတဲ့ ပြယုဂ်သက်သက်ပါ ခင်ဗျား...။

41 comments:

  1. ဖြစ်မှဖြစ်ရလေ ညီလင်းရေ ... ဖတ်ပြီးစိတ်မကောင်းဘူး
    ဒဏ်ရာအမြန်သက်သာကောင်းမွန်လာပါစေ ... အက်ဆီးဒင့်ဖြစ်တာက ချက်ချင်းဆိုထူပူပြီး ဘာမှမဖြစ်လောက်ဖူးထင်ပေမယ့် ကြာလာရင် ဒဏ်ဖြစ်လာတတ်တယ် ဂရုစိုက်ပါဦး မိတ်ဆွေတယောက် အဲလိုဘဲ ကားအက်ဆီးဒင့် ဖြစ်တာ နောက်တော့ ပြန်ပြန်နာလာရော ...


    mie nge

    ReplyDelete
  2. အိပ်ခါနီး reader ဖွင့်ကြည့်တော့ နှုတ်ဆက်ခြင်းလို့ တွေ့တာနဲ့ ရောက်လာတာ။

    လက်က တကယ်ကြီး ခိုက်မိသွားတာလား။ April fool လုပ်တာလား။ ပို့စ် နောက်ဆုံးမှာ :D အဲဒီ icon ထည့်ထားတော့ ဇဝေဇ၀ါ ဖြစ်သွားရော။

    တကယ်ဆိုရင်တော့ နားနားနေနေ နေပြီး ဂရုစိုက်ပါ။
    fool လုပ်တာဆိုရင်တော့ .... အင်းးးးးး
    လူကြီးတွေကို နောက်ရင် ငရဲကြီးတတ်တယ်နော ... :)

    ReplyDelete
  3. လပြည့်ရိပ်April 1, 2011 at 1:08 AM

    စိတ်မကောင်းစရာပဲ အစ်ကိုရေ.........ဒဏ်ရာရတဲ့ကြားကနေ Aprilfool လုပ်တာလား :D တော်သေးတာပေါ့ ကြီးကြီးကျယ်ကျယ်ဖြစ်မသွားလို့ ။ ဥရောပဘက်က ဘလောခ့်ကာတွေ စာရေးနိုင်မယ့် ကံဇာတာညံ့နေပုံရတယ် :) ဗေဒင်လေးဘာလေး မေးဦးမှ .. မြန်မြန်သက်သာပါစေနှော်။

    ReplyDelete
  4. တစ်ကယ်ဆိုရင် စိတ်မကောင်းပါဘူး ကိုညီလင်းသစ်..။
    ဒီထက် ဆိုးဆိုးဝါးဝါး ဖြစ်မသွားတာ တော်ပါတော့တယ်။

    take care ပါရှင်။

    ReplyDelete
  5. ကိုညီလင်းသစ်
    တိုက်ဆိုင်တာကလည်း ဧပရယ်ဖူးလ်းဒေးမှ ဖြစ်ရတယ်လို့... :P
    ဘာဘဲဖြစ်ဖြစ် ဖတ်ရတာ တကယ်ကို စိတ်မကောင်းပါဘူး။ ဆိုးဆိုးဝါးဝါး ဖြစ်မသွားတာကိုဘဲ ကျေးဇူးတင်ရမှာပါနော်
    စာရေးတာ နားတယ်ဆိုတာလည်း အခိုက်အတန့်ဘဲမို့ မကြာခင် ပြန်ရေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
    အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေနော်။

    ReplyDelete
  6. ဟုတ်တယ်။
    တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဖြစ်ရတယ်လို့။
    ဒါပေမဲ့ တော်ပါသေးတယ်..။
    အရိုးဘာညာမကျိုးလို့..။
    သတိထားပါဗျိုး..။


    ပေါက်

    ReplyDelete
  7. ကြီးကြီးမားမား ဘာမှမဖြစ်ဘူးဆိုတော့
    တော်သေးတာပေါ့ နောက်တာတော့ မဟုတ်လောက်ပါဘူးနော်
    သက်သာမှ စာရေးပေါ့ ခုတော့ ဟင်းချက်ပြီး ပုံတွေစုထားလေ :P ပြီးမှကြွားနော်သိလား)

    Baby taster

    ReplyDelete
  8. ဒါမျိုးတွေ တို့ မယုံဘူး...
    မနက်ဖြန် ပိုစ့် အသစ်တခု တင်ပါ... ဟဲဟဲ..း))

    ReplyDelete
  9. တကယ်ကြီးလား April Fool လား ဗျ...
    တကယ်ဆိုရင်တော့ ဂရုစိုက်ပါဗျာ...
    April Fool ဆိုရင်တော့....... ဟင်း ဟင်း

    MC

    ReplyDelete
  10. မောင်မျိုးApril 1, 2011 at 4:24 AM

    အားဗျာာာာ အစ်ကိုကတော့ ပေါက်ကရ ဒီဘက်မှာ အဲ့လို တွေမကစားကြတော့ မသိဘူး ခဏခဏ ခံရလည်းမမှတ်ဘူးး ခုလည်း အတည်ကြီးလားဆိုပြီး စိတ်တွေပူ ခေါင်းစဉ်ဖတ်ကတည်းက အစ်ကိုခရီးများထွက်မလို့လားဆိုပြီး တွေးနေတော့ နောက်ဆုံးကျတော့ ပြုံးနေပုံထောက်တော့ မဖြစ်နိုင်ဘူးး) ဂရုစိုက် အစ်ကို ယတြာခြေတာဆိုလည်း ကောင်းသွားတာပေါ့ အစ်ကိုက မြှပ်ကွက်နဲ့ရေးထားတာဆိုတော့ တကယ် ဟုတ် မဟုတ်လည်း သေချာမသိ ခေါင်းတောင်နည်းနည်းစားသွားတယ် ။

    ReplyDelete
  11. တကယ်လား.. ဧပရယ်ဖူးလား... စိတ်မကောင်းတာ တ၀က်တပျက်နဲ့... :D.. ဒီနေ့က သိပ်စကြတာကိုး.. အဟဲ..


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  12. နောက်နေ့မှ..ဒီအကြောင်းကို ဆက်ပြောကြရအောင်လေ..ဒီနေ့ ဘာဆိုဘာမှ မယုံရဲဘူး..ဘူး..ဘူး..နိုးနိုးနိုး
    mm

    ReplyDelete
  13. နောက်တာလား။
    အတည်လား။
    ဒီလောက် ဓါတ်ပုံရိုက်တဲ့သူက လက်ကောက်ဝတ်မှာ ပတ်တီးလေးပတ်ထားပုံပဲဖြစ်ဖြစ် ရိုက်တင်သင့်တာပေါ့။
    သိပ်တော့မယုံဘူး။

    ReplyDelete
  14. ခုနက ကျွန်မပါ။
    ကောင်းမွန်ဝင်း

    ReplyDelete
  15. ကိုညီလင်းက နောက်တတ်မယ့်ပုံတော့ မရပါဘူး။
    ဂရုစိုက်ပါ။ (၃၀ Zone အတွင်းမှာ ကားတွေက တကယ်ဆို ဂရုစိုက်မောင်းကြပါတယ်။)
    သက်သာရင်လည်း သက်သာကြောင်း အကြောင်းပြန်ဦးနော...:)

    စူးနွယ်လေး

    ReplyDelete
  16. အများကြိး ထိခိုက်မသွားလို့ တော်သေးတယ်နော်အကို...
    အမြန်ဆုံး နာကျင်မှုများ ပျောက်ကင်း ပါစေလို့ ဆုတောင်း နေပါ့တယ် အကိုရေ...
    ကောင်းသောနေ့လေး ဖြစ်ပါစေ။

    ReplyDelete
  17. ဘာမှ ကြီးကြီးမားမားထိခိုက်မသွားတာဘဲကံကောင်းတယ်....။တကယ်ကော ဟုတ်ရဲ့လား...ဇီဇ၀ါတွေ ..အဲ .. ဇဝေဇ၀ါတွေဖြစ်သွားတယ်...။ ဘာမှမဖြစ်ပါစေနဲ့... မြန်မြန်သက်သာပါစေ..။

    ReplyDelete
  18. မ mie nge, လပြည့်ရိပ်, မလေး, မချော, ပေါက်, မစူးနွယ်, ညီမ Angelhlaing ...
    ကျနော် နေကောင်းပါတယ်ခင်ဗျား၊ ဘာဆို ဘာမှကို မဖြစ်ပါဘူး၊ ဒီပို့စ်က April fool လုပ်တာ သက်သက်ပါ၊း) နောက်ဆုံး စာကြောင်းဖတ်ပြီး သေချာပေါက် သိသွား ကြလိမ့်မယ်လို့ ကျနော်က ကျိန်းသေ တွက်ထားခဲ့တာ၊ အခုလို အရိုးခံနဲ့ စိတ်ပူကြတာကို တွေ့မှ ကျနော်ရေးတာ သိပ်မရှင်းဘူးထင်တယ် လို့ တွေးမိ တယ်၊ ပျော်ရွှင်ခြင်းတွေ၊ သောကတွေ၊ ဝမ်းနည်းခြင်း တွေ၊ အရသာရှိတဲ့ ဟင်းတွေ ဝေမျှနေကြတဲ့ မောင်နှမ တွေအချင်းချင်း ရှားတောင့်ရှားပါး ရက်လေးမှာ ခင်ခင် မင်မင် နောက်တဲ့ သဘောပါဗျာ၊ ငါတို့ကတော့ စိတ်ပူ လို့၊ သူကတော့ အရူးလုပ်ရက်တယ်-လို့ မတွေးပါနဲ့ နော်၊ အင်း..ဧပြီ ၁ ရက်နေ့ကို သတိမထားမိတာကပဲ ကျနော့်အပေါ် သံယောဇဉ် ရှိတာကို မြင်လိုက်ရလို့ ဝမ်းမြောက်၊ ကျေးဇူးတင်ရပါတယ်၊
    (ဒီအဖွဲ့က ဧပြီ ၁ ရက်နေ့ကို သိပ်သတိမထားမိဘဲ ကျနော့်အပေါ် တကယ့်ကို ရိုးရိုးသားသားနဲ့ စိတ်မကောင်း၊ စိတ်ပူကြတဲ့ အဖွဲ့ပေါ့၊ )

    မေဓာဝီ၊ မဘေဘီ၊ MC, ကိုနေဝဿန်၊ ဖြိုး ...
    သတိကောင်းကြတယ်နော်း)၊ ယုံချင်သလိုလိုနဲ့ ပြက္ခဒိန် ကို သတိတရ ရှိနေခဲ့ပုံပါပဲ...၊
    (ဒီအဖွဲ့ကတော့ ဇဝေဇဝါ ရှိကြသူ၊ ဧပြီ ၁ ရက်ကိုလည်း အမှတ်ရကြသူများ ပါပဲ)

    မသက်ဝေ၊ မောင်မျိုး၊ mm, မကောင်းမွန်ဝင်း ...
    လုံးဝကို မယုံရေးချ မယုံပေါ့...ဟားဟား၊ ပါးနပ်ပါတယ် ဗျာ၊ ဒါမှမဟုတ် မကြာခဏ ခံရဖူးတာလည်း ဖြစ်ချင်ဖြစ် မယ်..အဟဲ၊
    (ဒီအဖွဲ့ကတော့ ခေါင်းထဲမှာ “ဒီနေ့ဟာ ဧပြီ ၁ ရက်နေ့၊ သွားသတိ၊ စားသတိဟေ့”လို့ တချိန်လုံး သေသေချာချာ သတိပေးနေကြသူများ ပါပဲ)

    ReplyDelete
  19. မောင်လေး
    အမကဖတ်ပြီး တကယ်ထင်နေ ပြီး စိတ်မကောင်းဖြစ်နေတာ နောက်ဆုံးစာကြွင်း ကျမှဘဲ အေပ၇ယ်ဖူလ်း လုပ်တာသိ၇တော.တယ်။

    ReplyDelete
  20. လပြည့်ရိပ်April 1, 2011 at 11:14 AM

    ဟွန်း ..... မကျေနပ်ဘူး နောက်နှစ် ဧပြီလ ကို စောင့်နေတယ်..ကလဲ့စားချေဖို့ :P

    ReplyDelete
  21. လက်ထိသွားရင်မအိမ်သူကကွန်ပျူတာတောင်ပေးကိုင်မှာမဟုတ်ဘူးလို့ထင်တာရယ်အဆုံးကစာသားရယ်က ကယ်သွားလို့။အခုမှOnline ရောက်လာတာဆိုတော့ comments တွေဖတ်ပြီးဇတ်ရေလဲ လည်သွားတယ် ကံကောင်းလို့။

    ReplyDelete
  22. မခင် ...
    ရေးပြီဆိုတော့လည်း တကယ်ထင်အောင် ရေးရတာပေါ့ အမရေ..၊း)

    လပြည့်ရေ ...
    သိပ်စိတ်ကြီးတာ,ဟုတ်လား...ဟားဟား၊ အခုတည်းက ဒိုင်ယာရီမှာရေး၊ ဖုန်းမှာ reminder ထည့်ပြီး ကလဲ့စား ချေဖို့ ပြင်ဆင်တော့မယ် ထင်တယ်...၊ :D

    Mon Petit Avatar ...
    အင်း...ဒီနေရာမှာတော့ နောက်ကျပြီးမှ ရောက်လာတာ ခပ်ကောင်းကောင်းပဲ ထင်တယ်နော်...၊း)

    ReplyDelete
  23. ဧပရယ်၁ရက်နေ့မှန်းသိသိကြီးနဲ့ အဟုတ်အောက်မေ့နေ
    သေးတာ...:D နောက်ဆုံးမှ သတိရတော့တယ်...။

    ReplyDelete
  24. လူကြီးကိုနောက်စရာလားး) ဒီက ဧပရယ်ဆို ကိုယ့်မွေးနေ့နဲ့သင်္ကြန်ဘဲ သိတာ ... တခါမှလည်း အစအနောက်မခံရဘူး ဘယ်သူ့ကိုမှလည်း မနောက်ဖူးဘူးဆိုတော့ ခံလိုက်ရတာပေါ့လေ .. ထားပါတော့ ထားပါတော့ သူများတွေ စိတ်ပူရအောင်လုပ်တဲ့အတွက် လျော်ကြေးအနေနဲ့ သင်္ကြန်လည်းနီးပြီဆိုတော့ သင်္ကြန်သီချင်း ကိုယ်တိုင်ဆိုထားတဲ့ အမ်တီဗီလေးတပုဒ်တော့ လုပ်ပေးသင့်ပါတယ် ဒါမှမဟုတ် သင်္ကြန်မမီလည်း နောက် ဆယ့်တလလုံးလုံး ဆိုလို့ရသေးတယ်နော် ... :D

    mie nge

    ReplyDelete
  25. ခုမှ အပြင်က ပြန်ရောက်တာ ကျွန်မဘလော့မှာ ကိုညီလင်းသစ် ကော်မန့်တွေ့တာနဲ့ မင်္သကာလို့ ပြန်လာကြည့်တာ.. ဟွန်း ထင်တဲ့အတိုင်း ဖြစ်နေပြီ။ ဖတ်ရင်းနဲ့ နောက်တာလားမသိဘူးလို့ တွေးမိပေမဲ့ တကယ်များဖြစ်နေခဲ့ရင် ဆိုပြီး စိတ်ထဲက နောက်နောက်ပြောင်ပြောင် မရေးသွားရက်ဘူး ဖြစ်နေတာ.
    ကဲပါ ဘာဘဲဖြစ်ဖြစ် နောက်တာဖြစ်စေဦး တကယ် ဒဏ်ရာအနာတရ မဖြစ်တာ ၀မ်းသာပါတယ်.. ပျော်ရွှင်သော ဧပရယ်တစ်ရက်နေ့ပါရှင်.. :P

    ReplyDelete
  26. I'm the latest one and not to be worry.Smiling and reading both blog and comments.Any way take care!
    Gyidaw

    ReplyDelete
  27. ချစ်ကြည်အေးApril 1, 2011 at 3:26 PM

    ဟားဟား သိနေတယ်လေ....တကယ်ဖြစ်ရင် အဆစ်လွဲတာက စာရိုက်ဖို့ မပြောနဲ့ လှုပ်နိုင်မှာတောင် မဟုတ်ဘူး....ဘာပဲဖြစ်ဖြစ် Happy April Foolပါ ကိုညီလင်းသစ်ရေ...:)

    ReplyDelete
  28. ဒီနေ့ မနက်ကတည်းက စာတွေဖတ်ရင် သတိထားရမယ်လို့ ကိုယ့်ကိုကိုယ်သတိပေးထားတယ်။

    ReplyDelete
  29. ဒီနေ့မှာ ကိုယ်က ကြပ်နေကျမို့ ကိုယ့်အလှည့်ပြန်မရောက်အောင် သတိထားနေတာ ကိုညီလင်းရဲ့... ဒါကြောင့် မယုံတာပါ...
    ခံရပေါင်းများလို့ ဖုနေတာ ဟုတ်ပါဘူး...း))

    Facebook မှာလို Like Button တွေရှိရင် သိပ်ကောင်းမှာပဲနော်... ကော်မန့်တွေ အားလုံးကို Like ချင်လို့...

    စကားမစပ် ကိုညီလင်းမှာ Facebook ရှိရင် လာ join ပါလား.. ဘလော့ဂ်ဂါတွေ အများကြီး Facebook မှာ ရှိတယ်... ပျော်စရာကောင်းတယ်... ဒီမှာ Link... အားရင် လာလည်လှည့်ပါ...

    http://www.facebook.com/thetwai.blog#!/thetwai.blog

    ReplyDelete
  30. ဖတ်နေရင်း တကယ်စိတ်မကောင်းဖြစ်သွားတာ
    နောက်ဆုံးစာတွေ့တော့မှ ........
    ( happy April fool )

    ReplyDelete
  31. မအားပြီးပင်ပန်းလွန်းလို့ ဘာမှမဖတ်နိုင်မရေးနိုင်ဖြစ်နေတာ။ ခုခဏနားတုန်း သူ့ စီလာဖတ်လိုက်ပါတယ်။ စိတ်မကောင်းဖြစ်သွားအောင်လုပ်တယ်။ ပြန်ပြီးပြုံးအောင်လုပ်လို့ တော်သေးတာပေါ့...
့happy april fooling!!!
    အိုင်အိုရာ

    ReplyDelete
  32. တကယ်အောက်မေ့လို့  :(

    ReplyDelete
  33. (ကို) မောင်လေး ...
    နောက်ဆုံးအရောက်မှာမှ လွတ်သွားတာပေါ့လေ..၊း)

    မ mie nge ...
    လူကြီးကလည်း စိတ်မဆိုးရဘူးလေ၊း) ကဲ..အခုတော့ အမ်တီဗီအတွက် ပြောအားရှိသွားပြီ ပေါ့လေ..ဟုတ်၊ ကျနော် စ,လုပ်နေပါပြီဗျာ၊ သင်္ကြန်သီချင်းတော့ မဟုတ် ဘူး၊ အားလုံးသာ အဆင်ပြေရင် သိပ်မကြာခင်ကို ဖြစ်လာမှာပါ၊ ခဏလေးနော်....၊း)

    မချောရေ ...
    ဗွေမယူဘူး ဆိုလို့လည်း ဝမ်းသာပါတယ်ဗျာ...၊း)

    ဂျီးဒေါ် ...
    ရောက်လာတဲ့အချိန်မှာ အခြေအနေတွေက ပုံမှန်ပြန်ဖြစ် နေပြီဆိုတော့ ပြုံးပြုံးလေးနဲ့ ဖတ်သွားတယ်ပေါ့..၊း)

    အမချစ်ကြည်အေး ...
    အမကတော့ ဒါမျိုးတွေ ရိုး..ဟိုး..ဟိုး.. နေပြီလို့ ပြောမှာ သေချာတယ်...၊း)

    မ,ရှင်လေး ...
    ဘလော့ဂ်တစ်ခုရောက်၊ စာတစ်ကြောင်း ဖတ်ပြီးတိုင်း "ဧပြီ ၁ ရက်နေ့" ဆိုပြီး အခေါက်ခေါက် ရွတ်နေမှ တော်ကာကျမလား မသိဘူးနော်..၊

    မသက်ဝေ ...
    အဲဒါကြောင့် ပြောပါရောလား၊ သတိကောင်းတဲ့ အဖွဲ့ထဲ မှာ ပါတယ်လို့...၊း) Facebook ကို လာဖိတ်လို့လည်း ကျေးဇူးပါဗျာ၊ လာနိုင်ဖို့ ကျနော်ကြိုးစားပါ့မယ်...နော၊

    အက္ခရာ ...
    လူတွေကို စိတ်မကောင်းဖြစ်စေဖို့ တကယ့်ကို မရည်ရွယ်ရိုး အမှန်ပါ၊ အတည်ပေါက် ဖြစ်အောင် ကြိုးစားရင်း နဲ့ပဲ...၊း)

    မအိုင်အိုရာ ...
    ပြန်ပြီး ပြုံးသွားတယ်ဆိုလို့ တော်သေးတာပေါ့၊ အခုတလော ပျောက်နေပါတယ် အောက်မေ့တာ အလုပ် များနေတာကိုး...၊

    puff ...
    ကဲ..အခုတော့ သိသွားပြီလေ၊ မဟုတ်မှန်း....၊း)

    ReplyDelete
  34. ဒီနေ့ကို သတိထားမိပါတယ်။ ဒါကြောင့် မိုးမခမှာပါတဲ့ မိုးနက်ဝမ်း (MoeNed-One) ယူနီကုဒ် အောင်မြင်စွာ တီထွင်၊
    ကွန်ပျူတာသုံး မြန်မာစာကို နိုင်ငံတကာ အသိအမှတ်ပြုတော့မည်......... ဆိုတာကိုတောင် ဖတ်ပြီး ဒေါင်းလုတ်ကိုမနှိပ်ကြည့်ဘူး..ဟဲဟဲ...

    အခုက ကိုညီလင်းကို စနောက်တတ်မယ် မထင်တာရယ်၊ ပြီးတော့ ကိုယ့်ကိုကိုယ် လက်ကျိုးခံတဲ့နည်းနဲ့ စနောက်လိမ့်မယ် မထင်တာကြောင့်ရယ်ပါ။ ကြားဖူးတာက သူများတွေကို ချောက်တွန်းတာမျိုးတွေပဲ ဆိုတော့လေ :P

    ReplyDelete
  35. ကိုညီလင်းသစ်က လူတွေကိုပျော်အောင် တစ်ခုခုတော့လုပ်မယ်လို့ထင်ထားမိသားပဲ။

    အမှန်အတိုင်းဝန်ခံရရင်တော့
    ဖတ်စက နည်းနည်း စိတ်ပူပါတယ်။
    ဒါပေမယ့် ဆုံးအောင်ဖတ်ပြီး၊
    နေ့စွဲ(ကာလံဒေသံအရ)၊
    အွန်လိုင်းပေါ်က အချိန်တွေနဲ့ ဖြစ်ရပ်မှာကုန်မယ့် အချိန်တွေရယ် ကိုတွက်မိတယ်။

    “ ဒီလူက စာအရေးကောင်း (presentationတော်တာ)တယ်” ဆိုတာ ကိုယ့်ကိုကိုယ်သတိပေးရင်း ဖတ်ခဲ့ရပါတယ်။

    ReplyDelete
  36. 2 ရက်နေ့မှ လာဖတ်ဖြစ်ပေမယ့်
    ထိပ်ဆုံးမှာ ရက်ကြည့်လိုက်တော့
    မနေ့က တင်ထားတာ ..
    ဟဲဟဲ ..
    နဲနဲတော့ ရိပ်မိလိုက်တယ် ..
    ^_^

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  37. တကယ်မဟုတ်လို့ တော်သေးတာပေါ့ဗျာ
    စာဖတ်ရင်း စာရေးတဲ့သူရုပ်ကို တွေးပြီး ဘယ်လိုတွေ ဖြစ်နေမယ် ဘယ်လိုနာမယ် ဆိုပြီးပုံဖော်ရင်းဖတ်လာမိတာ ခုရက်တွေမှ ပို့စ်တွေ ဖတ်ပေမဲ့ဗျာ တကယ် လေးစားမိလို့ စိတ်ပူမိပါတယ် .. နောက်ဆုံးကျမှ ဒါကိုးးးး ဆိုပြီးသိတာ ပျော်ရွှင်ပါစေဗျာ.. .

    ReplyDelete
  38. အော်..ဒီလိုလား... နောက်တယ်ပေါ့ :)

    ReplyDelete
  39. မစူးနွယ် ...
    ကျနော့်မိတ်ဆွေ တစ်ယောက်တော့ အဲဒီ မိုးမခရဲ့ April fool မှာ ကောင်းကောင်းခံလိုက်ရတယ်ဗျ...၊း)

    Yuya Mon ...
    wow...really??? =)

    Anonymous ...
    Ta khar ta lay bar.... :)

    မ,ကောင်းမွန်ဝင်း ...
    အတွက်အချက်ကောင်းတာကြောင့် လွတ်သွားတာပဲ ဖြစ်မယ်...အဟဲ၊

    ဆောင်းနှင်းရွက် ...
    ရက်ကျော်နေပေမယ့် သတိကောင်းတုန်းပဲ...၊း)

    ဘာနေ ...
    ဒီရက်နဲ့လည်း တိုက်ဆိုင်သွားတာနဲ့ ခင်ခင်မင်မင် နောက်လိုက်တာပါပဲဗျာ...၊း)

    rose of sharon ...
    ပါးပါးလေးပါဗျာ...အဟဲ၊း)

    ReplyDelete