18 April 2011

နှစ်သစ်မင်္ဂလာ


ဒီနေ့မနက် အစောကြီး ထပြီးတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အနေနဲ့ နေထွက်ချိန် sunrise ဓါတ်ပုံ ရိုက်ဖြစ်ပါတယ်၊ ရေကန်ဘေး မှာ တမေ့တမော အိပ်နေတဲ့ မြို့ကလေးပေါ်ကို ပထမဦးဆုံး နေရောင်ခြည်တွေ ဖြာကျလာတာကို ရိုက်မယ်လို့ စဉ်းစားပြီးတော့ ကန်စပ်ကို ဆင်းလာခဲ့တယ်၊ ဟိုရောက်တော့ ဘယ်သူမှ မရှိဘူး၊ တနင်္ဂနွေမနက်ဆိုတော့ အားလုံးက အေးအေးဆေးဆေး အိပ်နေကြပုံ ပါပဲ၊ စိတ်ကြိုက်နေရာ တစ်ခုကို ရွေးပြီးတော့ tripod ကိုထောင်၊ ကင်မရာဆင်ပြီး test shots တွေ ရိုက်လိုက်တယ်၊ exposure စိတ်ကြိုက် ရတော့မှ အလင်းရောင် အပြောင်းအလဲကို စောင့်ရင်း အေးအေးဆေးဆေး ရိုက်ပါတယ်၊ ဒီရက်ပိုင်း နေသာတယ် ဆိုပေမယ့် မနက်ပိုင်း တွေမှာ တော်တော်အေးနေတုန်းပါပဲ၊ လက်တွေကို ကင်မရာ ပေါ်မှာ တချိန်လုံး မတင်ထားနိုင်ဘူး၊ ရိုက်လိုက်.. အိတ်ထဲပြန်နှိုက်ထားလိုက်... လုပ်နေရတယ်၊ မနက်စောစောမှာ ပတ်ဝန်းကျင်တခုလုံး အေးမြလန်းဆန်းပြီး ငှက်ကလေးတွေရဲ့ သီချင်းသံတွေနဲ့ တကယ်ပဲ ချမ်းမြေ့ ကျက်သရေ ရှိလှပါတယ်..၊

ကျနော့်ဘလော့ဂ်လေးကို လာလည်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ငြိမ်းချမ်း၊ သာယာတဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှုတ်ခွန်းဆက် ပါတယ်ခင်ဗျား....။ ။


Sunrise over Lausanne (HDR)
Photobucket
HDR of 6 photos Ev -1/0/+1 combined in Photoshop CS3


Sunrise over Lausanne
Photobucket
5DmarkII, EF 24-105 f/4L IS USM, 75mm, f/8, 1/640, iso400


ညီလင်းသစ်
၁၇ ဧပြီ၊ ၂၀၁၁

24 comments:

  1. Beautiful sunrise.Good start for new year.Thanks for your wish and same to you.The pre full moon is very beautiful on the lake tonight.Tomorrow will be more:)
    Gyidaw

    ReplyDelete
  2. မောင်မျိုးApril 18, 2011 at 3:36 AM

    လှလှပပ ဓာတ်ပုံလေးတွေနဲ့ လှလှပပ ဆုတောင်းစကားလေးတွေ အစ်ကိုလည်း မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ပါစေဗျာ ။

    ReplyDelete
  3. လှလိုက်တာရှူခင်းတွေက
    Blog ပိုင်ရှင်မိသားစုအတွက်လဲအေးချမ်းသာယာတဲ့နှစ်သစ်ဖြစ်ပါစေ

    ReplyDelete
  4.ိုပထမဆုံးပုံကိုပိုသဘောကျမိတယ်....

    မိသားစုအားလုံးပျော်ရွှင်ကျန်းမာမယ့် နှစ်သစ်မင်္ဂလာဖြစ်ပါစေ .................


    mie nge

    ReplyDelete
  5. နှစ်သစ်
    အာရုဏ်သစ်
    အားသစ်
    ကိုညီလင်းသစ်

    စိတ်ချမ်းသာ ကိုယ်ကျမ်းမာ မင်္ဂလာနှစ်မြတ်မှာ။

    ReplyDelete
  6. မင်္ဂလာနှစ်သစ်ပါဗျာ..

    ReplyDelete
  7. ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ

    စူးနွယ်လေး

    ReplyDelete
  8. အစစအရာရာ ပိုပြီးတိုးတက်အောင်မြင်တဲ့ နှစ်သစ်ဖြစ်ပါစေရှင်

    ReplyDelete
  9. ပုံလေး တွေ အတွက်ကျေးဇူး
    မင်္ဂလာနှစ်သစ်ပါဗျာ ပျော်ရွှင်ချမ်းမြေ့ပါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  10. ဂျီးဒေါ် ...
    ကျေးဇူးတင်ပါတယ်ဗျာ၊ လပြည့်ညကို စောင့်ကြည့်လိုက် ဦးမယ်..၊း)

    မောင်မျိုး ...
    ကျေးဇူးပါပဲ ညီရေ..၊

    Mon Petit Avatar ...
    ကျေးဇူးပါ၊ မင်္ဂလာပါနော်...၊

    မ mie nge ...
    မမီးငယ်တို့ မိသားစုလေးလည်း ကျန်းမာပါစေဗျာ..၊

    မ,ကောင်းမွန်ဝင်း ...
    ဟုတ်တယ်ဗျို့၊ အခုမှ အသစ်တွေချည်းပဲ၊ အင်း.. ဘလော့ဂ်ပါ အသစ်ပြောင်းရင် ကောင်းမလားပဲ..၊း)

    N/A ...
    မင်္ဂလာပါ၊ မတွေ့တာ ကြာပြီ....၊

    မစူးနွယ် ...
    ကျေးဇူးတင်ပါတယ်နော်...၊

    မဖြိုးဖြိုး ...
    ဆုတောင်းလေးအတွက်ရော လာလည်တဲ့ အတွက်ပါ ကျေးဇူးပါပဲဗျာ..၊

    မရွှေစင်ဦး ...
    ကျေးဇူးတင်ပါတယ်ဗျာ၊ ပျော်ရွှင်ပါစေနော်...။

    ReplyDelete
  11. မင်္ဂလာနှစ်သစ်ပါ ကိုညီလင်းသစ်
    ပုံတွေကြည့်ပြီး မြန်မာပြည်ကိုလွမ်းလိုက်တာ
    အရင်က ဧရာဝတီမြစ် တဖက်ကမ်းကို အစောကြီး
    သွားတဲ့နေ့မျိုးတွေဆို ဒီလိုရှု့ခင်းတွေ မြင်ရလေ့ရှိတယ်

    Baby taster

    ReplyDelete
  12. မင်္ဂလာနှစ်သစ်ပါ အစ်ကိုရေ... အစ်ကိုတို့ မိသားစုလေးလဲ ပျော်ရွှင်ပါစေနော် :)

    ReplyDelete
  13. ကြည်နူးစရာ မြင်ကွင်းလေးတွေနဲ့ ....
    မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေလို့ ဆန္ဒပြု
    ဆုတောင်းရင်း ကောင်းသောနေ့လေး ဖြစ်ပါစေအကို။

    ReplyDelete
  14. နှစ်သစ်မှာပျော်ရွှင်ပါစေ။။။။

    ReplyDelete
  15. မင်္ဂလာနှစ်သစ်ပါ။
    အားထုတ်မှုကတော့မချီးကျုးဘဲမနေနိုင်အောင်ပါဘဲ။
    ကိုယ်ကအစောကြီးထရတာအမုန်းဆုံး။
    ရလာတဲ့ ရလဒ်ကိုကြည့်ပြီး အားထုတ်ရတာအချည်းနှီးမဖြစ်ဘူးလို့ ခံစားရပါတယ်။ ဒုတိယပုံကို ပိုကြိုက်ပါတယ်။ ပ ပုံရဲ့ ဘယ်ဘက်ဘေးနားလေးက ရေထဲက မဲမဲအရာက ဒုတိယပုံမှာ မရှိတော့ ပိုပြီး သဘာဝအလှကိုခံစားရတယ်လို့ ထင်မိပါတယ်။

    ReplyDelete
  16. HAPPY Happy New Year to you, Brother!

    နှစ်သစ်မှာ ချစ်တဲ့ မိသားစုနဲ့အတူ ကျန်းမာချမ်းသာပျော်ရွှင်အောင်မြင်ပါစေ။
    ဓာတ်ပုံကောင်းများကိုလည်း များများဖန်တီးနိုင်ပါစေ။
    ကိုယ်ပိုင်ဗီဒီယိုများကိုလည်း များများထုတ်လုပ်နိုင်ပါစေ။
    ဂီတာတီးပြီး သီချင်းများများဆိုနိုင်ပါစေ။
    ဟင်းများများ ချက်ပြီး ဓာတ်ပုံများလက်စွမ်းပြနိုင်ပါစေ။
    ဘလောခ့်လည်း များများရေးနိုင်ပါစေ။ :-D

    ReplyDelete
  17. မဘေဘီ ...
    မင်္ဂလာပါဗျာ၊ ကျနော်လည်း ပုံကိုပြန်ကြည့်ပြီး စစ်ကိုင်းတောင်နောက်ကို နေဝင်သွားတဲ့ အချိန်တွေ ပြန်သတိရမိတယ်...၊

    puff ...
    ကျေးဇူးပါနော်၊ ချစ်ခင်သော သူတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေ ပိုင်ဆိုင်ပါစေလို့လည်း ပြန်ဆုတောင်း ပါတယ်..၊

    Angelhlaing ...
    နှစ်သစ်ဆုတောင်း အတွက်ရော အမြဲတမ်း ချန်ထားတတ်တဲ့ 'ကောင်းသောနေ့လေး ဖြစ်ပါစေ' အတွက်ပါ ကျေးဇူးတင်ပါတယ် ညီမရေ..၊း)

    မ,ရှင်လေး ...
    ထပ်တူ ပျော်ရွှင်ပါစေနော်...၊ ကျေးဇူးပါ၊

    မအိုင်အိုရာ ...
    မင်္ဂလာပါ၊ ပုံတွေကို အသေးစိတ် ကြည့်ပြီး အကြိုက်ကို ပြောခဲ့လို့ ကျေးဇူးပါပဲဗျာ၊ ဟုတ်တယ်၊ ကျနော်လည်း ဒုတိယပုံကို ပိုကြိုက်တယ်...၊

    လပြည့်ရိပ် ...
    wow... တယ်လည်း ပြည့်စုံတဲ့ ဆုတောင်းပါလား၊း)
    တသီတတန်းကြီးနဲ့ ကျနော်လုပ်ချင်တာတွေ အားလုံး ပါသွားတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်..၊ လပြည့်လည်း ကျောနာ၊ ခါးနာတာတွေ ပျောက်ကင်းပြီး ပရောဂျက်တွေ များများ လုပ်နိုင်ပါစေဗျာ....။

    ReplyDelete
  18. မင်္ဂလာနှစ်သစ်ပါ ညီလင်းသစ်ရေ... ပုံလေးတွေကောင်းလိုက်တာ... ရိုက်တဲ့သူကလဲတော် ရိုက်တဲ့ကင်မရာကလဲ အကောင်းစားဖြစ်မယ်နော်...

    ReplyDelete
  19. မင်္ဂလာနှစ်သစ်ပါ ညီလင်းသစ်ရေ... ပုံလေးတွေကောင်းလိုက်တာ... ရိုက်တဲ့သူကလဲတော် ရိုက်တဲ့ကင်မရာကလဲ အကောင်းစားဖြစ်မယ်နော်...

    ReplyDelete
  20. ပန်ဒိုရာApril 19, 2011 at 4:52 PM

    ရင်ထဲကိုအေးသွားစေတဲ့ ပုံလေးတွေနဲ့ မင်္ဂလာနှစ်သစ်ပါလား
    ပျော်ရွှင်ချမ်းမြေ့ပါစေ

    ReplyDelete
  21. rose of sharon ...
    ကျေးဇူးတင်ပါတယ်ဗျာ၊ ကင်မရာကပဲ အကုန်လုပ်သွား တာပါ၊ ကျနော်က သူ့ကို ကိုင်ထားရုံ သက်သက်..၊းD

    မပန်ဒိုရာ ...
    အေးမြတယ်ဆိုတော့လည်း ဝမ်းသာရပါသတဲ့ဗျာ..။

    ReplyDelete
  22. nice photos.tks for shearing.

    ReplyDelete
  23. လှတယ်နော်၊
    ကန်ထဲကရေတွေတောင် အဲဒီလို အရောင်ဖြစ်နေတယ်၊ (အောက်ပုံ)
    သဘာဝအရောင် ဖွဲ့စည်းမူက သိပ်လှတယ်၊
    ရိုက်ချက်ရူတောင့်ကလည်း အချိုးအစားကျတယ်၊

    အပေါ်ကအလင်းနဲ့ အောက်ကအလင်း ကြားမှာ ခွဲခြားပေးထားတာက Tonal Value တွေ၊

    (မတောက်တခေါက် ပြောကြည့်တာပါ)

    ReplyDelete
  24. Ma Chaw Su ...
    Thank you so much for your comment!

    မ,အပြုံးပန်း ...
    အမှန်ပါပဲ၊ Tonal value တွေက ပုံတွေမှာ အရေးကြီး တာကိုး...၊ အခုလို သေသေချာချာကြည့်ပြီး မှတ်ချက် ပေးသွားလို့လည်း ကျေးဇူး အထူးတင်ပါတယ်နော်..။

    ReplyDelete