20 April 2011

ခရီးသွားရန် ရှိသည်...


အီစတာပိတ်ရက်နဲ့ ဒီစနေ၊ တနင်္ဂနွေပေါင်းပြီး ခရီးတိုလေးတခု သွားဖို့ရှိပါတယ်၊ အိမ်ကနေ ၂ နာရီသာသာ လောက်မောင်းရင် ရောက်တဲ့ ပြည်တွင်းခရီးလေးပါပဲ၊ ကလေးတွေအတွက် ကစားစရာနေရာတွေ ဆောက်ထားတဲ့ ရွာကလေးတစ်ခုကို သွားမှာဆိုတော့ သားက အတော်ပျော်နေတယ်၊ တနင်္လာနေ့မှာ ပြန်ရောက်မှာပါ၊ ဝမ်းသာနေတာက နောက်တနေ့ အင်္ဂါကနေ ကြာသပတေးနေ့အထိ ကျနော် ခွင့် ၃ ရက်ထပ်ယူထားတာကိုပါ၊ အမှန်တော့ ဘာမှ အထွေအထူး မဟုတ်ပါဘူး၊ မနှစ်က ခွင့်လက်ကျန် ၄ ရက် ရှိသေးလို့ အကုန်ဖြတ်တဲ့ သဘောပါပဲ၊ ဧပြီလကုန်အထိမှ မယူရင် အဲဒီခွင့်တွေအားလုံး ဆုံးမှာဆိုတော့ ယူလိုက်တာပေါ့..၊

ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ လျှောက်ရိုက်မယ်၊ Editing လုပ်မယ်၊ သွားချင်တဲ့ နေရာလေးတွေ စာရင်းတို့ထားတယ်၊ တစ်ယောက်ထဲ လွတ်လွတ် လပ်လပ် သွားရမှာမို့ ပျော်နေပါတယ်၊ ရာသီဥတု သာယာဖို့ပဲ မျှော်လင့်ပါတယ်၊ ဒါနဲ့ စကားမစပ် ပြီးခဲ့တဲ့ ပို့စ်မှာ ကွန်မန့်ချန်ခဲ့တဲ့ ညီအစ်ကို၊ မောင်နှမတွေထဲက ဘယ်နှစ်ယောက်လောက်များ စိတ်ပညာကို သင်ဖူး၊ လေ့လာဖူးသလဲ-လို့ ကျနော် တွေးနေမိတယ်၊ သေချာတာကတော့ အားလုံးဟာ စိတ်ဓါတ်မြှင့်တင်ရေးဌာန တွေမှာ ကောင်းကောင်းအလုပ်ရနိုင်တယ် ဆိုတာပါ၊

မြန်မာကားတချို့ထဲကလို ပြောရရင်တော့ ကျနော်က ချောင်းတွေ တဟွတ်ဟွတ် ဆိုးပြီး တုန်တုန်ချိချိနဲ့ "သားတို့ သမီးတို့ရယ်...၊ အခုလို အားပေးကြတာလေ... အဘတော့ သိပ်ကို ဝမ်းသာရသကွယ်၊ ဒါပေမယ့် ဒီကင်မရာ၊ ဒီမှန်ဘီလူးနဲ့တော့ အဘ ဒီတောင်ကို ကျော်နိုင်တော့ မယ် မထင်ပါဘူးကွယ်၊ ဟိုဖက်တောင်ရောက်လည်း ပုံတွေက ဒီ့ထက်ပိုပြီး ကောင်းမှာ မဟုတ်ပါဘူးကွယ်..."ဆိုပြီး ခေါက်ကနဲ ဇက်ကျိုးကျ၊ အဲဒီအချိန် နောက်ခံ နှဲသံက ဆွေးဆွေးမြေ့မြေ့ပေါ်လာ...၊ အဲ..အဲဒီလို ဖြစ်မှာပေါ့လေ...၊း) ပြောချင်တာက ဒီမှန်ဘီလူးနဲ့တော့ ကျနော်ရိုက် နိုင်တဲ့ အကောင်းဆုံး ငွေလဝန်းက အဲဒါပဲ ဖြစ်ကောင်းဖြစ်မှာပါ၊ ကိစ္စတော့ မရှိပါဘူး၊ ခင်အောင်မြင့် ကဗျာထဲကလို 'ပန်း မပွင့်ရင်တောင် အရွက်လှဖို့' ကြိုးစားခဲ့ချင်တဲ့ ဆန္ဒရှိပါတယ်၊ စိတ်ဓါတ်လည်း မကျပါဘူး၊ ဒါပေမယ့် ဝိုင်းဝန်းအားပေး၊ စိတ်ဓါတ်မြှင့်တင်ပေးတဲ့ ကွန်မန့်တွေ ဖတ်လိုက်ရတော့ လူက စတီးရွိုက်ဆေးပြား စားလိုက်မိသလိုပဲ၊ မီတာ ၁၀၀ ကို ၅ စက္ကန့်နဲ့တောင် ပြေးချင်ပြေးနိုင်မယ့် ပေါ့ပါးမှုမျိုးနဲ့...၊ တကယ်ပဲ ပျော်ရွှင်ရလို့ အားလုံးကို ကျေးဇူးတင်ကြောင်း တကန်တက ပြောပါရစေ၊ ပြန်လာတဲ့အခါ ဆုံကြဦးမယ်လေ....နော။ ။းD


ညီလင်းသစ်
၂၀ ဧပြီ၊ ၂၀၁၁

20 comments:

  1. မောင်မျိုးApril 20, 2011 at 11:46 PM

    နှဲသံကြီးထွက်လာရင် “ အောင်မြတ်လေး အယ်လေ အောင်မလေး အစ်ကိုရဲ့ ဆိုပြီး ” လိုက်ကော ငိုရမှာလားဗျး)

    ခရီးတိုးလေးမှာမိသားစုတွေ ပျော်ရွှင်ပါစေဗျာ။ ဓာတ်ပုံကောင်းတွေလည်း မျှော်နေပါအုံးမယ် ။

    ReplyDelete
  2. ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေ
    ပြန်လာရင် ပြန်ဆုံတာပေါ့ကွယ် :)

    Baby taster

    ReplyDelete
  3. ဓါတ်ပုံများများရိုက်လာခဲ့ပါ..။
    တယောက်တည်း လွတ်လွတ်လပ်လပ်သွားမယ်ဆိုတဲ့
    နေရာတွေကို စိတ်ဝင်စားပါတယ်..။
    ဓါတ်ပုံရိုက်ဖို့ပဲ လို့ ထင်မိပါတယ်။

    ပေါက်

    ReplyDelete
  4. I can't wait to see the snapshots and read the posts regarding this short trip. Bon Voyage!!!!

    ReplyDelete
  5. Have a good trip with your beloveds.

    SZH

    ReplyDelete
  6. ခရီးသွားမယ့်ရက်တွေအားလုံး ရာသီဥတု သာသာယာယာ ရှိပါစေ ...
    မိသားစုနဲ့ဘဲဖြစ်ဖြစ် တယောက်တည်းဘဲဖြစ်ဖြစ် ( အားကျတယ် မနာလိုဘူး :D ကိုယ်တွေကတော့ ဒီရက်ပိုင်း ခလေးစာမေးပွဲရှိလို့ ခလေးနဲ့အတူ စာလိုက်ဖတ်ရဦးမယ် )
    ပျော်ပျော်ရွှင်ရွှင် နဲ့ လုပ်ချင်တာတွေအားလုံး အဆင်ပြေချောမွေ့ပါစေ ...

    mie nge

    ReplyDelete
  7. လပြည့်ရိပ်April 21, 2011 at 8:44 AM

    စတီးရွိုက်ဆေးပြားကိုငုံ၊ မီတာ ၁၀၀ ကို ၄ စက္ကန့်နဲ့ ပြေးနေတဲ့ကိုညီလင်းရဲ့ ဗီဒီယိုလေးကြည့်ချင်တယ် :P
    ခွင့်ရက်တွေ ၁ ပတ်လောက်ရတာ ပျော်စရာကြီး။ မိသားစုနဲ့ အတူတကွပျော်ရွှင်သော အားလပ်ရက်လေးဖြစ်ပါစေ အကိုရေ .....
    ဓာတ်ပုံများများရိုက်ခဲ့နှော်။

    ReplyDelete
  8. မောင်မျိုး ...
    ဟားဟားဟား... ညီကလည်း နောက်တတ်တာပဲ၊ ကျေးဇူးပါပဲဗျာ၊

    မဘေဘီ ...
    သိပ်သေချာတာပေါ့ဗျာ၊ ရန်ကုန်မှာပြန်ဆုံ...အဲ.. ပြန်လာရင် ပြန်ဆုံကြတာပေါ့၊း)

    ပေါက် ...
    တစ်ယောက်တည်းသွားမယ့် နေရာတွေက ဓါတ်ပုံ ရိုက်ဖို့ပါပဲဗျာ၊ အေးအေးဆေးဆေး အချိန်ယူ ရိုက်ချင်လို့..၊

    Mon Petit Avatar ...
    ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊ ပို့စ်နဲ့ ပုံတွေလည်း တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊

    SZH ...
    Thank you so much..!

    မ mie nge ...
    ကလေးနဲ့ စာလိုက်ဖတ်ရတာလည်း ပျော်ဖို့ ကောင်းပါတယ်ဗျ၊ သူတို့ရဲ့ တိုးတက်မှုလေးတွေကို ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်၊း) ဆုတောင်းပေးလို့ ကျေးဇူးပါနော်..။

    ReplyDelete
  9. လပြည့်ရိပ် ...
    ဟားဟား... ဒါဆိုရင်တော့ Forrest Gump လို မနားတမ်း ပြေးမှပဲ တူတယ်၊ ကျေးဇူးပါ ညီမရေ....။း)

    ReplyDelete
  10. အားကျလိုက်တာ။
    ခရီးစဉ်နှစ်ခုလုံးအဆင်ပြေပါစေ။ ရာသီဥတုကောင်းပါစေ။ ပုံတွေအများကြီးတင်နိုင်ပါစေ။
    အိုင်အိုရာ

    ReplyDelete
  11. ပျော်ရွင်စရာ မိသားစုခရီးစဉ်လေး ဖြစ်ပါစေအကိုရေ
    ဓါတ်ပုံလေးတွေနဲ့ ခရီးသွား အတွေ့အကြုံလေးတွေ
    စောင့်မျှော်နေပါတယ်လို့.....
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  12. စိတ်ဝင်စားစရာတွေ လာအုံးမယ် မျှော်..ဆိုတဲ့သဘောပေါ့။ ခွင့်တွေရကြ သွားကြတဲ့အသံကြားရရင် ကိုယ်ပါရောယောင် လိုက်ပျော်လာတယ်ဗျာ။ အောင်မြင်သော အဆင်ပြေချောမွေ့သော ခရီးဖြစ်ပါစေ။
    ( အရင် ဝေး.. စိတ်ဖြေ ကပျက်သွားပြီဗျ။ အသစ်လုပ်ထားပါတယ်။)

    ReplyDelete
  13. I went up to zermatt-Matterhorn with my family yesterday.The weather was fine and clear the whole day luckly.I remember my friends especially blogger photographers cos of rare and amazing scenes.
    Hope You also have lovely trip.Longing for nice photoes and post:)
    Gyidaw

    ReplyDelete
  14. Have a nice trip with your family.Best wishes for every happiness life can bring.

    ReplyDelete
  15. အားကျလိုက်တာ။
    ဒီမှာ ၅လပိုင်းလဆန်းက ဂိုးလ်ဒင်းဝိခ် ပိတ်ရက်ပါ။
    ခရီးထွက်ဖို့အစီအစဉ်မရှိပါဘူး။

    ကိုညီလင်းသစ်ရဲ့ ခရီးစဉ်နဲ့ ဓါတ်ပုံတွေကို မျှော်နေပါတယ်။

    စိတ်ဓါတ်မြှင့်တင်ရေး နှင့် ခွန်အားသစ်တိုးဆေးပြား ထုတ်လုပ်ရေး
    အရောင်းတာဝန်ခံ

    ReplyDelete
  16. သားသားကျောက်April 23, 2011 at 12:33 AM

    အဘ ရေ....ဗမာဇတ်ကားထုံးစံအတိုင်း..မသေခင် စကားတွေတဝကြီးပြောပြီး..ကင်မရာနဲ့ မှန်ဘီလူး ကို သားသားကို အမွေပေးတဲ့အကြောင်း..ဇတ်ညွှန်းထဲ ထည့်ရေးပေးပါနော်...

    ReplyDelete
  17. ပျော်ရွှင်သော ခရီးလေးဖြစ်ပါစေ အစ်ကိုရေ.. posts တွေ မျှော်နေတယ်နော် :-)

    ReplyDelete
  18. ဓါတ်ပုံတွေအများကြီးရိုက်နေပြီထင်တယ်။

    ReplyDelete