24 May 2011
တောင်ခြေရွာကလေးသို့ (၃)
ဒီခေါင်းစဉ်ကို တွေ့ရင် ပြီးခဲ့တဲ့ ဧပြီလက သွားခဲ့တဲ့ ခရီးအကြောင်းကို ဆက်ရေးဦးမယ်-လို့ တချို့က ထင်မလား မသိပါဘူး၊ တကယ်တမ်း မှာက အဲဒီခရီးအကြောင်းထက် အဲဒီခရီးမှာ လုပ်ခဲ့တဲ့ စမ်းသပ်မှုအကြောင်း ပြောမလို့ပါ၊ ထပ်ပြီး ဆစ်ပိုင်းရရင် အဲဒီအားလပ်ရက်တုန်းက ကြိုကြားကြိုကြား စမ်းရိုက်ခဲ့တဲ့ 5D mark II ဗီဒီယို အပိုင်းအစတချို့အကြောင်း ဆိုပါစို့...၊
ပုံမှန်ဆိုရင် ဓါတ်ပုံရိုက်တဲ့ ကင်မရာနဲ့ ဗီဒီယို ရိုက်ဖို့ ကျနော်စိတ်မပါ,ပါဘူး၊ ဓါတ်ပုံကင်မရာလို့ ဆိုရာမှာ​ ပေါ့ပေါ့ပါးပါး သုံးတဲ့ point and shoot ကင်မရာလေးတွေရော၊ DSLR ကင်မရာကြီးတွေကိုပါ ဆိုလိုတာပါ၊ ဒီကင်မရာတွေရဲ့ တည်ဆောက်ပုံအရ ဗီဒီယို ရိုက်တော့မယ်ဆိုရင် view finder အပေါက်ကနေ ကြည့်လို့ မရတော့ဘဲ ကင်မရာ နောက်ဖက်က LCD ကနေ တိုက်ရိုက်ကြည့်ပြီး ရိုက်ဖို့ လိုပါတယ်၊ အဲဒီလို ကင်မရာကို မျက်နှာရှေ့မှာ ခပ်ခွာခွာကိုင်၊ LCD ကနေကြည့်ပြီး ဗီဒီယို ရိုက်ရတာကို ကျနော်က မလုပ်ချင်တာပါ၊ တစ်ဦးချင်း အကြိုက်လို့ပဲ ဆိုရမယ် ထင်တယ်၊ ထားပါတော့...၊
ဒီလိုနဲ့ 5D mark II ကျနော့်ဆီ ရောက်လာတော့လည်း သူ့ရဲ့ ဗီဒီယို features တွေကို သိပ်ပြီး အရေးတယူ မလေ့လာ ဖြစ်ပါဘူး၊ ပြီးခဲ့တဲ့ ခရီးစဉ်မှာမှ စမ်းကြည့်ရင် ကောင်းမယ်ဆိုပြီး နည်းနည်းပါးပါး ရိုက်ဖြစ်ပါတယ်၊ ဒါကလည်း အချက် (၂) ချက်ကြောင့်ပါ၊ ပထမ တစ်ချက်က 5D mark II ရဲ့ full HD ဗီဒီယို အရည်အသွေးကို သိချင်တာရယ်၊ ဒုတိယ တစ်ချက်က zoom ပါတဲ့ မှန်ဘီလူးတွေနဲ့ ရိုက်ကြည့်ချင်တာရယ် ကြောင့်ပါ၊ ဒီအထဲက ရှုခင်းတော်တော်များများကို ပြီးခဲ့တဲ့ ပို့စ်တွေက ဓါတ်ပုံတွေထဲမှာ မြင်ပြီးသား ဖြစ်ပါလိမ့်မယ်၊ အခုကတော့ motion picture version ပေါ့လေ၊ ကင်မရာ settings ကိုလည်း ကောင်းမယ်ထင်တာ မှန်းချိန်ထားလို့ တချို့နေရာတွေမှာ ကြည့်လို့မကောင်းတာ သတိထားမိချင် ထားမိပါလိမ့်မယ်၊ အဲဒီအခါ မသိချင်ယောင်ဆောင်ပြီးတော့ပဲ ကြည့်သွားလိုက်ပါ-လို့၊ :D
အကယ်၍များ ဒီဗီဒီယိုကို ကြည့်လို့မရဘူးဆိုရင် ကွန်မန့်မှာ ဖြစ်ဖြစ်၊ စီဘောက်စ်မှာ ဖြစ်ဖြစ် တဆိတ်လောက် ရေးခဲ့ပေးပါဗျာ၊ လာပြီး အားပေးတာ ကျေးဇူးတင်ပါတယ်...။
ညီလင်းသစ်
၂၄ မေ၊ ၂၀၁၁
32 comments:
  1. I watched and listened the video twice.I feel the breeze and fragrance of pine,wild flowers and grass of hillside.I'm just pre school student in photography and no comment on that point of view:P
    Gyidaw
    ReplyDelete
  2. ဂျီးဒေါ် ...
    ကျေးဇူး အများကြီးတင်ပါတယ်၊ အမောပြေစေတဲ့ အခုလို ကွန်မန့်လေးအတွက်....။း)
    ReplyDelete
  3. ကြည့်လို့ကောင်းတယ်အကို...။ခုလို ဗီဒိုလေးနဲ့ကြည့်လိုက်
    ရတော့ အရင်ကထက်ပိုလို့တောင် အဲ့ရွာလေးကို သွားလည်
    ချင်စိတ်ပေါက်သွားတယ်..။ဗီဒိုတွေ၊ဒါ့ပုံတွေအကြောင်းက
    တော့ ကျွန်တော်လည်း နားမလည်လို့ပြောတတ်ဘူးဗျ။
    ကြည့်ကောင်းတာတော့အမှန်...။
    ReplyDelete
  4. FANTASTIC !!!
    I watch again and again:)
    Thanks...
    ReplyDelete
  5. ဓာတ်ပုံလေးတွေရော၊ ထည့်ထားတဲ့ သီချင်းရော ကောင်းတယ် ကိုညီလင်း။ လာကြည့်သွားတယ်နော်း)ကိုညီလင်း အမျိုးသမီးနဲ့ သားသားကိုလည်း နှုတ်ဆက်ကြောင်း ပြောပြပေးပါး)
    ReplyDelete
  6. အဝါရောင်ပန်း..
    အဝါရောင်စက်ဘီး.
    အဝါရောင်ဘောလုံးနဲ့..
    goodbye yellow brick road
    တကယ်လိုက်ဖက်ပါတယ်။
    ပေါက်
    ReplyDelete
  7. Ko Nyi,
    I also watched and listened your video clip it´s made me feel to remember my childhoods and very match with song and movie as well.
    By the way, I have a professional camera that my pa pa gave me when it was my birthday but I only know just press the button when I take photos. In fact I would like to go the photos creation course unless I have enough times.
    Can you share me a little bit of technology if it´s possible?
    I don´t have burmese font anymore because the virus was damaged so if I have any mistake by my writting english please forgive me.
    Thanks
    Regular reader
    ReplyDelete
  8. အိမ်ကို လွမ်းလိုက်တာ :( ကျမကအဲ့ဒီလို အေးဆေး
    စိတ်ငြိမ်တဲ့ နေရာလေးတွေ သဘောကျတယ်
    နယ်မှာနေပြီး ကြီးပြင်းလာသူမို့လားမသိဘူး
    ရိုက်တဲ့လူကလည်း တော်လို့ပေါ့နော့
    သူများသားသမီးများ စွယ်စုံပဲနော် တော်ချက်
    ကိုယ်နဲ့တော့ ကွာပ :)
    ReplyDelete
  9. ကိုညိမ်းနိုင် ...
    နည်းပညာတွေကို နားလည်စရာ မလိုပါဘူးဗျာ၊ ခံစား တတ်တဲ့ နှလုံးသား တစုံနဲ့ ကြည့်သွားတာကိုပဲ ကျနော်က ကျေးဇူးတင်နေတာ...၊း)
    Yuya Mon ...
    Thank you so much for your appreciation!
    ရိုစ့် ...
    အားပေးသွားတာ ကျေးဇူး၊ ပြောလိုက်ပါပြီဗျာ...၊
    ပေါက် ...
    တူရာ အရောင်ဖွဲ့စည်းပုံတွေ တွေ့တတ်တာ ချီးကျူးစရာ ပါပဲဗျာ၊ အနုစိတ် ကြည့်သွားလို့ ကျေးဇူးပါနော်...၊း)
    Regular reader ...
    First of all, don't worry about your English! I got you everything. :) When I bought my first DSLR camera, I, myself, didn't know much about photography (which I still don't). But, we are lucky to live in Internet era and you can learn a lot of things you want. Besides, with digital cameras, we have advantages to do errors, know instantly and correct. I am happy to share what I know and let me know when you come across some technical questions. Btw, thanks for visiting my blog and for your comment!
    မဘေဘီ ...
    အဲဒီလို မနှိမ့်ချကြေးလေ..၊း) ဦးကြီးပုက အလေးပြု လောက်တဲ့ မဘေဘီရဲ့ ဟင်းချက် ကျွမ်းကျင်မှုမျိုးကို ကျနော်က အားကျနေတာဗျ...။းD
    ReplyDelete
  10. ဗီဒီယိုထဲပါတဲ့ ရေတံခွန်နား သွားထိုင်ချင်တာရယ် ပျဉ်ထောင်အိမ်လေးနဲ့နေချင်တာရယ် အမ်တီဗီကြည့်ပြီး စိတ်ထဲပိုပြင်းပျသွားတယ် ကြည်နူးစရာလေးတွေကြည့်ရလို့ ကျေးဇူးပါညီလင်း ....
    mie nge
    ReplyDelete
  11. အေးစက်တဲ့မြို့ပြ
    အုတ်ဝါ၀ါလမ်းက
    လှမ်းလို့ခဏ ထွက်ခဲ့ကွယ်။
    တည်ငြိမ်အေးချမ်း
    ရေတံခွန်စမ်းနဲ့
    တောင်ဂမူလမ်းမှာ
    တိမ်ကင်းလင့်လို့
    လေညင်းငြင်သာ
    ကောင်းကင်ပြာကြည်
    မြေပြင်ညီမှာ ပျော်ပါးဆော့ကစားကြစို့ကွယ်။
    လူစုံပြီလား
    ဖေ့ချစ်သားနဲ့ ထာဝရအိမ်သူ
    အတူပါရင်
    ဘယ်လမ်းတွေ ဘယ်လောက်ဝေးဝေး
    စက်ဘီးလေးပြေးသလောက်
    မမောဘူး တောက်လျှောက် ခရီးနှင်မယ်။
    အဆင်မသင့်
    လာလို့မဖြစ်ခဲ့ရင်
    ဗီဒီယိုကလစ် ပို့လိုက်မယ်။
    ( အသံမကြည် ရုပ်မပီရင် ကော်မန့် သို့မဟုတ် စီပုံးမှာ တစ်လုံးနှစ်လုံးရေးခဲ့နော် )
    ဝေမျှခံစား မှတ်တမ်းများနဲ့
    ဘလောဂိုစပီးယားကို
    သံယောဇဉ်တွေဖြစ်
    ချစ်ခြင်းအစစ်တွေနဲ့
    (ကျွန်တော်)
    ညီလင်းသစ် ။ ။
    ReplyDelete
  12. အကိုရေ တင်ဆက်တဲ့သူ တော်လို့ ထင်ပါရဲ့ အသက်ဝင်လိုက်တာနော်... အေးအေးချမ်းချမ်းနဲ့ ကြည်နူးသလိုလို လွမ်းသလိုလိုနဲ့ အနုပညာ ဖန်တီးချက် ကတော့ အံ့မခန်းပါပဲ...အားပေးခံစားလျှက်.. ညီမလေး။
    ReplyDelete
  13. အကျီင်္အနီနဲ့ ၀က်ဝံပေါက်လေး စက်ဘီးစီးနေရင်း ပါပါးလို့ခေါ်လိုက်တာ ကြားတယ်း)
    တော်ပေါ်ကနေ အောက်ကရွာကလေးကိုရိုက်ထားပေးတဲ့ မြင်ကွင်းကိုကြိုက်တယ် ။
    ReplyDelete
  14. လှလိုက်တဲ့ ရှုခင်းတွေ တကယ်ကို ရင်သပ်ရှုမောပါဘဲ
    ထင်းရူးပင်တွေ ရေခဲဖုံးနေတဲ့တောင်တန်းတွေ မြက်ခင်းစိမ်းတွေ ပန်းဝါ၀ါတွေ စိမ်းနေတဲ့ ရေကန်တွေအားလုံးသဘောကျတယ်။ ကလေးလေးကလည်း ချစ်စရာ..
    ဝေမျှပေးတာ ကျေးဇူးပါ ကိုညီလင်းသစ်ရေ..
    ReplyDelete
  15. မ mie nge ...
    ပြီးခဲ့တဲ့ ပို့စ်မှာပါတဲ့ အင်္ကျီအနီရောင်နဲ့ အိန္ဒိယ အမျိုးသားကတော့ ရေတံခွန်နား အထိုင်ကောင်းလို့ ဖိနပ်တဖက် ကျွတ်ကျသွားတာ အသည်းအသန် လိုက်ဆယ် လိုက်ရတယ်၊ မဟုတ်ရင် ဂန္ဒီလို နောက်တဖက်ပါ လွှင့်ပစ်ပြီး ပြန်မလားမသိ...၊း)
    မ,ကောင်းမွန်ဝင်း ...
    Wow... speechless...!!! တကယ်ကို ဘာပြောရမှန်း မသိတော့ဘူး၊း) နှလုံးသားကို ထုတ်ချင်းခပ် သွားလို့..၊ အဲဒီလိုလည်း ကဗျာတွေ ရေးတတ်တာ မသိဘူးဗျ၊ ကဗျာလေးကို အရမ်းသဘောကျတယ်၊ တကယ့်ကိုပဲ ကျေးဇူး တင်ပါတယ်ဗျာ...၊
    Angelhlaing ...
    ကျနော် လုပ်တတ်လို့ မဟုတ်ပါဘူး ညီမရေ..၊ ရှုခင်းတွေ ကိုက ကောင်းတော့ ဘယ်သူရိုက်ရိုက် အဆင်ပြေမှာပါ၊ ကောင်းသောနေ့လေး ဖြစ်ပါစေ ညီမရေ (ဒီတခါ ကွန်မန့်မှာ မရေးခဲ့လို့ ကျနော်က တလှည့် ပြန်ပြီး နှုတ်ဆက်တာ..)းD
    မောင်မျိုး ...
    ညီကတော့ တယ်လီပသီတွေ ရနေပြီ ထင်တယ်၊း)
    မချော ...
    အစိမ်းရောင် မြင်ကွင်းတွေ ဆိုတော့ အစိမ်းရောင် လွင်ပြင်က အမျိုးသမီးလေးတော့ သဘောကျမှာပဲ ထင်ပါရဲ့လို့ ကျနော်ကလည်း မျှော်လင့်မိပါတယ်၊း) ကျေးဇူးတင်ပါတယ်နော်....။
    ReplyDelete
  16. nice presentation... thanks...
    ReplyDelete
  17. ဗီဒီယိုလေးကောင်းတယ်အကို၊ 50mm နဲ့ရိုက်တဲ့ Video တွေတော့ ကြည့်ဖူးတယ်။ DSLR Optical Viewfinder က အကိုတို့ လိုသူအတွက်ရောင်းတာနေလိမ့်မယ်။ check ကြည့်ပါလား။ 5DMkII အတွက်သေချာပေါက်ရှိပါလိမ့်မယ်။
    ReplyDelete
  18. ဟား...ဟား...ဟား... ဖိနပ်ချွတ်ပြီးထိုင်မှာပေါ့ ဘာခက်လို့း)
    mie nge
    ReplyDelete
  19. ကြည့်ရတာ စိတ်ကို ကြည်နူးအေးချမ်းစေတဲ့ Video Clip လေးပါ။ သီချင်းနဲ့လဲ တကယ်ပဲ လိုက်ဖက်ပါတယ်... လွမ်းစရာလေးလိုပဲ ခံစားရတယ်...
    Billy Joel သီချင်းတွေထဲမှာ အဲဒီသီချင်းရယ် Honesty ရယ် အကြိုက်ဆုံးပါပဲ...
    ReplyDelete
  20. မ,ရှင်လေး ...
    Vielen Dank ...!!
    ကိုကျော်မင်းနိုင် ...
    ဟုတ်တယ်ဗျ၊ ကျနော်လည်း စဉ်းစားသေးတယ်၊ ဒါပေမယ့် အနည်းဆုံး 200 USD နဲ့အထက် ဆိုတော့ လည်း.. ...း) ၊ ဒါပေမယ့် တလျှောက်လုံး ဗီဒီယို ရိုက်မယ် ဆိုရင်တော့ တန်ပါတယ်..၊
    မ mie nge ...
    မမီးငယ်ပြောမှ ရွာမှာ ဖိနပ်ဖင်ခုထိုင်ပြီး ၃ ကားပေါင်း မိုးလင်း ကြည့်တာတွေ သွား, သတိရမိတယ်..ဟားဟား၊
    မသက်ဝေ ...
    ကျနော်လည်း Billy Joel ရဲ့ Honesty ကို ကြိုက်တယ်၊ ဒီသီချင်းကို သူနဲ့ Elton John နဲ့ တွဲဆိုထားတာလည်း တော်တော် ကောင်းတယ်ဗျ ...။
    ReplyDelete
  21. စော(အဝါရောင်မြေ)May 27, 2011 at 3:50 AM
    မြန်မာပြည်မှာလည်း အဲလိုရှိစေခြင်လိုက်တာ။ အရမ်းလှပြီ အရမ်းအေးချမ်းပုံပဲ။
    တခါတခါတော့ အဲလိုနေရာမျိုးကို အလည်းသွားနေခြင်သား။
    အိမ်မက် ဆက်မက်လိုက်ပါဦးမယ်။
    ReplyDelete
  22. ခုမှ လာကြည့်ဖြစ်တယ် ကိုညီလင်းသစ်ရေ....နည်းပညာတွေအကြောင်း နားမလည်ပေမဲ့ ဒါဟာ အပျော်တမ်းလက်ထက် အပုံကြီးသာနေတဲ့ ပရိုလက်ရာဆိုတာ သတိထားမိတယ်။ လေတဖျတ်ဖျတ်တိုက်နေတဲ့ မြက်ရိုင်းပင်တွေကြားက ဂန္ဓမာလို ပန်းဝါဝါလေးတွေ၊ ရေတဖွားဖွားကျနေတဲ့ ရေတံခွန်၊ တောင်တန်းမားမားကြီးတွေ....။ အရမ်းလှတယ်....။
    ReplyDelete
  23. နေမကောင်းဖြစ်နေတာနဲ့မရောက်ဖြစ်ဘူး။တောင်တန်းတွေရယ် သားသားရယ် လေအတိုက်မှာလှုပ်နေတဲ့ အပင်လေးတွေရယ် အရမ်းသဘောကျမိတယ်။
    ReplyDelete
  24. I watched and listened the video twice.Thankyou for your nice presentation.Say hi to your wife and son,thanks.I will be come again to your block on my holidays.
    ReplyDelete
  25. စော (အဝါရောင်မြေ) ...
    ဟုတ်တယ်ဗျ၊ ကျနော်တို့ ဆီမှာလည်း လှတဲ့ ရှုခင်းတွေ အများကြီး ရှိပါတယ်၊ အခြေခံ လူမှုအဆောက်အအုံက သေချာ မဖွံ့ဖြိုးသေး လို့သာ...၊ လာလည်တာ ကျေးဇူး ပါနော်...၊
    မချစ်ကြည်အေး ...
    မုန့်ကျွေးချင်စရာ ကောင်းအောင်ကို ကွန်မန့်ပေးတတ် တယ်..ဟားဟား၊ အဲဒီလောက်ကြီးလည်း မမြှောက်နဲ့ လေ၊ ကျနော့်မှာ ပြန်ကြည့်တိုင်း အမှားတွေ မြင်,မြင်နေ လို့ ခက်နေတာဗျ...၊း)
    Mon Petit Avatar ...
    ခရီးတွေထွက်ပြီး အလုပ်များနေတယ် ထင်တာ..၊ ကြားရတာ စိတ်မကောင်းပါဘူးဗျာ၊ ဒီကြားထဲ လာလည်တဲ့ အတွက်လည်း ကျေးဇူးပါနော်..၊
    Ma Chaw Su ...
    Thank you for your kind words! Sure..I'll say HI to them on your behalf. Please do come whenever it's ok for you.
    ReplyDelete
  26. Hi Ko Nyi Linn Thit,
    Very nice video clip, I can imagine how much time u spent for editing it.
    Thank for sharing, Your country is very beautiful. Wish I can visit one day.
    Tun Tun
    ReplyDelete
  27. Ko Tun Tun ...
    Thank you so much for your kind comment. Indeed, it took me some times to edit that video as there were still many new features to master. Hope, next one will be a bit faster. :D
    ReplyDelete
  28. Thank for sharing!
    It makes me feel soothing!
    A Smiling Flower
    ReplyDelete
  29. ကြည်နူးစရာကောင်းလိုက်အောင် ငြိမ်းချမ်းလိုက်တာ.. ကျေးဇူး။
    ReplyDelete
  30. လင်းခန့် November 20, 2011 at 8:36 PM
    ကိုညီ
    လုပ်ထားတာလေးအရမ်းကောင်းပါတယ်။
    ဘယ် Video editing software လေးတွေများ
    အသုံးပြုထားတာလဲခင်ဗျ။သိခွင့်ရှိရင်သိပါရစေ။
    ReplyDelete
  31. ကိုလင်းခန့် ...
    ဒီဗီဒီယို အတွက် ကျနော် Adobe After Effects CS3 နဲ့ Adobe Premiere Element 9 ကို သုံးပါတယ်၊ လာပြီး အားပေးတာ ကျေးဇူးပါပဲဗျာ...။
    ReplyDelete
  32. လာအားပေး သွားပါတယ်။
    goodbye yellow brick road လိုက်ဖက်ပါတယ်...
    ReplyDelete