17 June 2011

ကျူးလစ်ဥယျာဉ်


တလောဆီက အီစတာ ပိတ်ရက်မှာ အိမ်နဲ့သိပ်မဝေးတဲ့ မြို့ကလေးက ကျူးလစ်ပန်းပြပွဲကို သွားဖြစ်ပါတယ်၊ အဲဒီတုန်းက အီစတာ ပိတ်ရက်နဲ့ ချိန်ကိုက်ပြီး မနှစ်က ကျန်နေတဲ့ ခွင့်လက်ကျန် ၄ ရက်ကို ယူလိုက်တယ်၊ ကျနော့်အလုပ်မှာက ခွင့်လက်ကျန်တွေကို ဧပြီလကုန် နောက်ဆုံးထားပြီး ယူရင်ယူ၊ မယူရင် အဆုံးပါပဲ၊ ဒါနဲ့ အီစတာပိတ်ရက် ခရီးထွက်လို့ အပြီးမှာ မအိမ်သူက အလုပ်ပြန်တက်၊ သားက နေ့ကလေးထိန်းကျောင်း ပြန်သွား လုပ်နေတဲ့ အချိန်မှာ ကျနော်က ကင်မရာ လွယ်ပြီး ပန်းခြံကို အေးအေးဆေးဆေး ထွက်ခဲ့လိုက်ပါတယ်...၊

ဒီကျူးလစ်ပန်း ပြပွဲကို ကျနော် တခါက လည်း ဓါတ်ပုံရိုက်ဖူးပါတယ်၊ ဒါပေမယ့် ဒီတခေါက်တော့ ဗီဒီယိုရိုက်ဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာ...၊ အဓိက,က ကင်မရာရဲ့ Full HD Resolution ကို စမ်းကြည့်ချင်တာပါ၊ ဒီကင်မရာက ဓါတ်ပုံကင်မရာ ဆိုပေမယ့် နာမည်ကြီး ပရို ဗီဒီယို ဒါရိုက်တာ တချို့ကတောင် ဒီကင်မရာကို သုံးပြီး ဗီဒီယိုတွေ ရိုက်လာကြတယ်၊ Lens ကောင်ကောင်းနဲ့ဆိုရင် selective focus တွေ အများကြီး သုံးလို့ရတဲ့အတွက် စိတ်ဝင်စားစရာ ပါပဲ၊ ဒီလိုနဲ့ပဲ အောက်ဖက်က ဗီဒီယိုလေး ဖြစ်လာခဲ့ပါတယ်၊

ဒီအထဲမှာ ပါတဲ့ ကျူးလစ်ပန်းတွေကို ဧပြီလလယ်ကနေ မေလလယ်အထိ နှစ်စဉ် ပြသ,လေ့ ရှိပါတယ်၊ ဆောင်းတွင်းကတည်းက ကြိုပြီး စိုက်ထားခဲ့တဲ့ ကျူးလစ်တွေက နွေဦးရဲ့ နေရောင်ခြည် နွေးနွေးနဲ့အတူ အပြိုင်းအရိုင်း ထွက်လာတဲ့အခါ တကယ်ပဲ သာယာတဲ့ ကျူးလစ်ဥယျာဉ်ကြီးတခု ဖြစ်လာပါတော့တယ်၊ မြင်နေကျတွေရော ရှားရှားပါးပါးတွေပါ အတော်လေး အမျိုးအစား စုံပါတယ်၊ မြို့ကလေးရဲ့ အုပ်ချုပ်သူတွေကတော့ သူတို့မြို့ရဲ့ အစဉ်အလာတခု အဖြစ် ဂုဏ်ယူစွာနဲ့ အခမဲ့ ပြသတာ ဖြစ်ပါတယ်၊ ကျနော့်အတွက် ကံကောင်းချင်တော့ အဲဒီနေ့ကလည်း လေပြေလေးက သွဲ့သွဲ့လေး တိုက်နေတာမို့ ပန်းတွေက “သေ” မနေဘူး၊ လေညှင်းရဲ့ တေးသွားမှာ ကကြိုးဆင်နေခဲ့တယ်၊ ခံစားကြည့်ပါဦး...။ (ဗီဒီယိုပေါ်က Play တြိဂံလေးကို နှိပ်လိုက်တဲ့အခါ အောက်ဖက် ဘောင်ပေါ်၊ ညာဖက်နားလေးမှာ Resolution ရွေးဖို့ ပေါ်လာပါလိမ့်မယ်၊ အဲဒီမှာရှိတဲ့ 360p ဆိုတာကို နှိပ်၊ ပေါ်လာတဲ့ menu ထဲက အပေါ်ဆုံး 720p HD ဆိုတာကို ရွေးပြီးကြည့်ရင် ပိုပြီး ကြည်လင် ပြတ်သားပါတယ်)



Camera:
Canon 5D mark II, camera native frame rate 25 fps

Lenses:
Canon EF 24-105mm f/4 L IS USM
Canon EF 70-200mm f/2.8 L IS USM

Editing Software:
Adobe After Effects CS3
Adobe Premiere Elements 9


ညီလင်းသစ်
၁၇ ဇွန်၊ ၂၀၁၁

39 comments:

  1. လပြည့်ရိပ်June 17, 2011 at 10:49 AM

    ပန်းတွေက လှလွန်းလို့ ဘာရေးလို့ရေးရမှန်းတောင်မသိတော့ဘူး။ ခရမ်းနက်ရောင်လေးနဲ့ အနားဖွာနေတဲ့ ပန်းလေးတွေကို မမြင်ဘူးသေးဘူး။ မျိုးစပ်ပြီးမှ စိုက်တာလားမသိဘူးနှော်။

    ReplyDelete
  2. လပြည့် ...
    ဖြစ်နိုင်တယ်ဗျ၊ သဘာဝပန်းတွေရော မျိုးစပ်ယူတာတွေရော အစုံပါပဲ၊ ကျနော်လည်း ရိုက်ကူးရေးမှာ ရှုပ်နေလို့ ပန်းအမျိုးအစားတွေနဲ့ သမိုင်းကိုတောင် သေချာ မဖတ်လိုက်ရဘူး..၊း)

    ReplyDelete
  3. မောင်မျိုးJune 17, 2011 at 11:17 AM

    တော်တော်လှတယ် လေပြေနဲ့အတူ ယိမ်းနွဲ့သွားတဲ့ သူတို့အလှက ရောင်စုံဂါဝန်လေးတွေဝတ်ထားတဲ့ ပျိုဖြူလေးတွေနဲ့တူပါ့ သိပ်ချစ်စရာကောင်းတယ်။

    ကျနော်တော့ အဲ့ပန်းမျိုးလေးတွေ အပြင်မှာမမြင်ဖူးသေးဘူးဗျ။

    ReplyDelete
  4. ရော တော်ပါတယ်ဆိုနေမှ :)
    အ၀ါရောင် ပန်းလေးတွေ ယိမ်းနေတာက
    ဘဲကောင်ပေါက်လေးတွေ ဆော့နေသလိုပဲ
    ဒါနဲ့ စကားမစပ် ခွင့်က နောက်နှစ်တပတ် သို့ ၁၀ရက်
    သယ်လို့မရဘူးလား။ ဒီမှာတော့ရတယ်။ လန်ဒန်က ကျမ မောင်လေးလည်းပြောတယ် ဧပရယ်လ် ဆို နောက်ဆုံးပဲတဲ့ အပြီးသုံးရတယ်ဆိုပဲ ဆိုးတာနော်။

    ReplyDelete
  5. Yes! You are right.Your tulips are dancing with the breeze.I went there twice and the wind was calm abit. My da da took video aspecially their names and hybrid year cos i'm interested in.I was model to take pictures as usual:)I like the music in your video.Do you play cello....mr. little tusk?

    ReplyDelete
  6. Ko Nyi miss a place to take video that on a little hill plant different flowers making shape of dancing lady.Her robe flying around her thighs.It's so lovely that I took photo imitating these flowers.
    Gyidaw

    ReplyDelete
  7. လှလိုက်တဲ့ပန်းကလေးတွေရယ်... အဲဒီနားမှာ တနေကုန်သွားထိုင်နေချင်စိတ်ပေါက်မိတယ်....

    ReplyDelete
  8. လေညင်းသွဲ့သွဲ့မှာ ယိမ်းနွဲ့နေတဲ့ အသွေးအရောင်စုံ ပန်းလေးတွေရယ် ... ချိုချိုမြမြ ဂီတသံစဉ်ရယ် ...
    ပေါင်းစပ်လိုက်တော့ ကဗျာတပုဒ်ကို ဖတ်ရသလိုပဲ တငြိမ့်ငြိမ့်နဲ့ ... မိုက်တယ် ကိုညီလင်းသစ် ... ။ အရမ်းလှလို့ ၂ ခေါက်ပြန်ကြည့်သွားတယ်။ တချို့ပန်းအမျိုးအစားတွေ မမြင်ဖူးသေးဘူး။

    ReplyDelete
  9. လှလိုက်တဲ့ပန်းလေးတွေဗျာ....၊ဟုတ်ပါ့...အကိုပြောသလိုပဲ
    ပန်းလေးတွေက လေအသွဲ့မှာ သေမနေတော့ဘူး....။
    နွဲ့နွဲ့လေးတွေယိမ်း....လို့....။ဗီဒီယိုလေးကြည့်ရတာ
    ကဗျာလေးဖတ်နေရသလိုပဲ....မိုက်တယ်ဗျ....။

    ReplyDelete
  10. Yellow, red, white so many colourful and beautiful tulips. Background music is nice too. Love the video.

    ReplyDelete
  11. အင်း ရွှေပြည်ကြီး က ဆိုတော့ ကြည့်မသွားနိုင်ဘူး ကိုညီလင်းသစ် ရေ

    ReplyDelete
  12. Canon 5D mark II ကျနော့်ကိုအလဲထိုးသွားပြီဗျာ.. :D

    ကောင်းလိုက်တဲ့ရိုက်ချက်၊ ကောင်းလိုက်တဲ့ကင်မရာ။

    ReplyDelete
  13. အဲဒီပန်းခင်းလေးထဲမှာ
    စိတ်ချမ်းသာမူတွေ ရနေကြမှာနော်၊
    ပန်းတွေက လူတွေကို ပြုံးနေစေမှာပဲ။

    ReplyDelete
  14. ရိုက်တဲ့သူကလည်းတော်လိုက်တာ....ပန်းတွေကလည်း လှလိုက်တာ ကြည့်မဝဘူး၊ ၂ခါပြန်ကြည့်သွားတယ်။

    ReplyDelete
  15. What a beautiful place to visit and those tulips are amazingly beautiful!!! I wish I could visit there sometime too.
    Mon Petit Avatar

    ReplyDelete
  16. So nice.
    Tulip is one of my favorite flowers. I love its shape. I even used my wedding invitation card with Tulip.
    Your creation is amazing. Will be back to see it again.
    Tusker! Tusker!
    Iora

    ReplyDelete
  17. ဟုတ်တယ် ကျွန်မလဲ ကျူးလစ်ကို အနှစ်သက်ဆုံးပန်းထဲမှာ အပါအ၀င်အဖြစ်ထည့်ထားတယ်
    သိပ်လှတာဘဲ သူလှပုံက တစ်မျိုးလေး အရောင်အသွေးကလည်းစုံလွန်းတယ်
    ကိုညီလင်းသစ် ဗီဒီယိုထဲက ကျူးလစ်လေးတွေ လေယူရာသိမ်းနေပုံများ နွဲ့နွဲ့ညင်သာ ချစ်စရာကောင်းလိုက်တာ အပြင်မှာတွေ့လိုက်ရရင်အသက်ရှုမှားလောက်ရဲ့

    ReplyDelete
  18. အကိုရဲ့ ဖန်တီးမှုကြောင့် ပန်းလေးတွေရဲ့ လှပမှုက ပိုလို့ အသက်ဝင်သွားတယ်ထင်ရတယ်....ကျေးဇူးပါအကို...
    ကောင်သောနေ့လေး ဖြစ်ပါစေ...အကို။

    ReplyDelete
  19. မောင်မျိုး ...
    ကျေးဇူးပါပဲ ညီရေ၊ တနေ့နေ့တော့ မြင်ခွင့်ကြုံမှာပါဗျာ..၊

    မဘေဘီ ...
    ခွင့်က နောက်နှစ်အထိကို ၂ ပတ်၊ ၃ ပတ်၊ ၁ လ ကြိုက်သလောက် သယ်သွားလို့ရပါတယ်၊ ဒါပေမယ့် ဘယ်နှပတ်ပဲ ဖြစ်ဖြစ်.. ဧပြီလ ကျော်သွားရင်တော့ အားလုံး ပျက်ပြယ်ပြီးသားလို့ မှတ်ယူကြပါတယ်..၊

    ဂျီးဒေါ် ...
    ဂျီးဒေါ်က ကျူးလစ်ကို ဒီလောက် စိတ်ဝင်စားမှန်း မသိဘူး၊ ချယ်လိုက ကျနော်အရမ်း ထိုးတတ်ချင်တဲ့ ဂီတ ပါပဲဗျာ၊ အခုချိန်ထိလည်း အခွင့်ရရင် သင်ချင်နေ တုန်းပဲ၊ ဂျီးဒေါ်ပြောတဲ့ တောင်ကုန်းလေးကိုတော့ တခါမှ သတိမထားမိဘူး၊ ရှိမှန်းတောင် မသိဘူး...၊ ဆိုတော့ နောက်တခါ ထပ်သွားရဦးမှာ ပေါ့ဗျာ...၊း)

    မ rose of sharon ...
    ဟုတ်ကဲ့..၊ ကျနော်ကတော့ ပန်းခင်းထဲ လျှောက်ရိုက် တာ များလို့ ခြေထောက်တွေ ညောင်းလာခဲ့တယ်..၊း)

    မမေဓာဝီ ...
    ကျေးဇူး တင်ပါတယ်နော်၊ အခုနောက်ပိုင်း ကဗျာရေးဖို့ ဦးနှောက်က ကျပ်ခဲနေတာ ကြာပြီ၊ ဒီလို တင်ဆက်မှုကို ကဗျာလေးတစ်ပုဒ် ဆိုလို့ တကယ်ပဲ ဝမ်းမြောက်ရ ပါတယ်...၊

    ကိုညိမ်းနိုင် ...
    အားပေးတာ ကျေးဇူးပါဗျာ၊ ကိုငှက်ပြောတဲ့ 'ဒါ ကဗျာ တစ်ပုဒ်ပေါ့၊ ဘယ်သူငြင်းမလဲ' ကို သတိရသွားတယ်၊း)

    ရိုစ့် ...
    ကျေးဇူးပါနော်၊ ကျူးလစ်တွေကို နှင်းဆီက လာပြီး အားပေးတာ ပေါ့လေ...၊း)

    အမရွှေဇင်ဦး ...
    ကျနော် တကယ်ပဲ စိတ်မကောင်းပါဘူးဗျာ၊ ဗီဒီယိုတွေ တင်တိုင်း လာလည်သူတွေ အားလုံး ကြည့်လို့မှ ရကြ ပါ့မလားလို့ အမြဲ စိတ်ထင့်နေခဲ့ ရတာဗျ...၊း(

    ကိုတီဇက်အေ ...
    အားမငယ်ပါနဲ့ဗျာ၊ မကျေပွဲ အနေနဲ့ Nikon D7000 နဲ့ ကြိုးဝိုင်းထဲကို ပြန်ဝင်လာခဲ့ဗျာ...၊း)

    မအပြုံးပန်း ...
    ဟုတ်ကဲ့၊ တချို့ပန်းတွေက လူတွေကို ပြုံးသွားစေတဲ့ အပြုံးပန်း တွေပါပဲဗျာ...၊းP

    မချစ်ကြည်အေး ...
    ကျေးဇူးပါဗျာ၊ ဒါပေမယ့် မြို့က ကျနော့်ကို ဒါရိုက် တာအဖြစ် လာခေါ်ရင်တော့ လုံးဝမလိုက်ဘူး၊ မောင်ကြီးနှမ လက်ဆင် မိမှာစိုးလို့....၊းD

    Mon Petit Avatar ...
    တနေ့မှာတော့ ဖြစ်မလာစရာ အကြောင်းမရှိပါဘူး..နော၊

    မအိုင်အိုရာ ...
    ကျေးဇူးပါနော်၊ Tulips ကို အရမ်းကြိုက်တယ်ဆိုတော့ မအိုင်အိုရာရဲ့ someone special က "The tulips, between your nose and chin, are the most beautiful" လို့ မပြောဘူးလား?း)

    မချော ...
    အသက်ရှူမှားတာတော့ ပြောမနေနဲ့ဗျို့၊ ကျနော်လည်း အဲဒီမှာ အသက်ကို မနည်းလုပြီး ရှူနေရတယ်၊ ကင်မရာနဲ့ ထရိုင်ပေါ့ထ်က လေးလို့ မောနေတာ....၊းD

    ညီမ Angelhlaing ...
    ကျေးဇူးပါ ညီမရေ၊ အင်း..ပန်းလေးတွေ အသက်ဝင်တာက တိုက်နေတဲ့ လေကြောင့်ဆို ပိုမှန်မယ် ထင်ပါရဲ့ဗျာ...။းD

    ReplyDelete
  20. သာယာငြိမ့်ညောင်းတဲ့ ဂီတသံလေးကို နားဆင်ရင်း လေညှင်းသွဲ့ သွဲ့  တိုက်ခတ်နေတဲ့ ပန်းဥယျာဉ်ကြီးကို အကို့ ကျေးဇူးနဲ့  လာလည်သွားပါတယ် :)။

    ReplyDelete
  21. C'est magnifique! En fait, j'aime bien des fleurs. J'ai aussi été pendant la fête et j'ai vu que des jolies fleurs. Mais, maintenant, j'ai remarqué qu'elles sont beaucoup plus magnifique avec ta création et musique. Bravo! :)

    ReplyDelete
  22. ဓါတ်ပုံရိုက်ရတာ ၀ါသနာ ပါတယ်။ ကျနော့ ကင်နွန်လေး ပျက်သွားတဲ့နောက် သိပ်မရိုက်ဖြစ်ဘူး။ တိုးရစ်တွေ ကင်မရာလွယ်လွယ်ပြီး လိုက်ရိုက်နေရင် မနာလိုတောင် ဖြစ်တယ်။ ဟီး။

    ဗူဒီယိုဖိုင်ကတော့ ကော်နက်ရှင်ကြောင့် ပြတ်တောင်းတောင်းလေးပဲ ကြည့်သွားပါတယ်ဗျာ။

    ReplyDelete
  23. မပြောဘူး၊ မပြောတော့ဘူး။ ကိုညီလင်းသစ်ရေ။ The most complaining လို့ ဘဲပြောတော့တယ်။း))
    အိုင်အိုရာ

    ReplyDelete
  24. မ San Htun ...
    လာလည်တဲ့အတွက်ရော ကွန်မန့်အတွက်ပါ ကျေးဇူး တင်ပါတယ်နော်....၊

    Anonymous ...
    Merci beaucoup pour tes gentils mots! En fait, les fleurs étaient déjà jolies elles-même et moi, j'ai essayé de révéler cette beauté autant que je peux. :)

    (ကို) အလင်းစက်များ ...
    ကင်မရာ ပျက်သွားတာ ကြားရလို့ စိတ်မကောင်းပါဘူး ဗျာ၊ ကျနော်ဆိုလည်း စိတ်ထိခိုက်မိမှာပဲ၊ ဗီဒီယိုကိုလည်း ပြတ်တောင်း၊ ပြတ်တောင်းနဲ့ ကြည့်ရတယ် ဆိုလို့ ထပ်ပြီး စိတ်မကောင်းပါဘူး၊း(

    မအိုင်အိုရာ ...
    ဒါကတော့ ဒီလိုပါပဲဗျာ၊ အခြေအနေ အတိုင်းအတာ တခုကို ရောက်လာကြတဲ့အခါ သိပ်မပြောကြတော့ဘူး လေ၊ စကားလုံးတွေ သိပ်မလိုအပ်တော့တာ မျိုးပေါ့၊း) ရင်ဘတ်အောက်ခြေမှာတော့ အမြဲရှိမှာ သေချာပါတယ် ...။းD

    ReplyDelete
  25. ညီလင်းသစ်ရေ မင်္ဂလာပါ။ ကျူးလစ်ပန်းတွေဟာ သိပ်ချစ်စရာကောင်းတဲ့ ပန်းတွေပါပဲလား။ အရောင်အသွေးက အစုံအလင်ရှိတယ်နော်။ လေညှင်းရဲ့တေးသွား မှာ ကကြိုးဆင်နေရဲ့နော်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

    ReplyDelete
  26. ကျူးလစ်ပန်းတွေဖွင့်ကြည့်တုန်းသားက နောက် ကနေ “မာမား ဘာလုပ်နေတာလဲ”
    “ပန်းကြည့်နေတာ” လို့ဖြေတော့ ၊
    “ အဲဒါပန်းမဟုန်ဘူး ကျူးလစ်လို့ခေါ်တယ်” တဲ့။

    ပြီးတော့ သူက ဒီဘလော့ဂ်ကိုဘာကိုကြည့်ပြီး မှတ်မိနေလဲမသိဘူး “ မာမား ခလေးလေး အိပ်နေတဲ့ ပုံကြည့်မယ်” ဆိုပြီတောင်းဆိုတော့တာပဲ။

    အဲဒါနဲ့ ကျွန်မလည်း ပထမတစ်ခါကြည့်ပြီး ကော်မန့်မရေးခဲ့ရဘူး။

    ကိုညီလင်းသစ်ရေ သိပ်ကိုလှတဲ့ ပန်းတွေအတွက် ကျေးဇူးပါ။
    (ကျွန်မပဲ ကိုညီလင်းသစ်ဆီက ပန်းစည်းရထားသလိုလို ........)
း)

    ReplyDelete
  27. ဦးဇင်း တောက်ပကြယ်စင် ...
    လာလည်တာ ကျေးဇူးပါ ဘုရား၊ ဦးဇင်းလည်း ကျန်းမာပြီး အဆင်ပြေပါစေ..၊

    မ,ကောင်းမွန်ဝင်း ...
    သားလေးက တယ်တော်ပါလား၊ ကျူးလစ်တွေတောင် သိနေပြီ၊ သူ ကျနော့်ဘလော့ဂ်ကို မှတ်ထားတဲ့နည်းလေး သဘောကျသွားတယ်၊ ဥာဏ်ကောင်းမှာလည်း သေချာတယ်၊ နောက်ဆုံး ကျေးဇူးတင်စကားအပြီး ကွင်းစကွင်းပိတ်ထဲမှာ ရေးတဲ့ စာကြောင့် ရီနေရပြန်ရော..၊ မ,ကောင်းမွန်က Sense of humour တော်တော် ရှိပုံရတယ်...။းD

    ReplyDelete
  28. Visited and enjoyed your beautiful relaxing footage.

    ReplyDelete
  29. စိတ်တော့မရှိပါနဲ့ နော်။ သဘောကျလွန်းလို့  desktop မှာခဏတင်ထားတယ်။ ခွင့်ပြုပါနော်။
    အိုင်အိုရာ

    ReplyDelete
  30. Ko Kyaw Minn Naing ...
    Thank you so much for your visit and comment!

    မအိုင်အိုရာ ...
    အို.. ဒီလို လွယ်လွယ်နဲ့ ဘယ်ရမလဲ၊ ငရုတ်သီးစိမ်း များများပါတဲ့ ချဉ်ပေါင်ကြော် တစ်ပွဲ၊ ဒါမှမဟုတ် ငရုတ် သီးစိမ်းနဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ပါတဲ့ ကန်စွန်းရွက် ကြော်တစ်ပွဲ နဲ့ လဲမှ ရမယ်... အဟဲ၊ (ခင်ခင်မင်မင် နောက်တာပါဗျာ၊ ခဏပဲတင်တင် အပိုင်ပဲတင်တင် သဘောရှိပါ...)။းD

    ReplyDelete
  31. ကျေးဇူးအထူးပါရှင်။ သဘောကောင်းလိုက်တာ။
    နှစ်ပွဲလုံးပို့ လိုက်မယ်။ စောင့်နေ။း)
    အိုင်အိုရာ

    ReplyDelete
  32. ရိုက်ထားတာ မိုက်လိုက်တာ။ ကျွန်တော့် ကင်မရာလဲ HD ရိုက်လို.ရတယ်။ ဖိုင်ဆိုဒ် အရမ်းကြီးတာရယ်။ edit လုပ်တာ အချိန်အရမ်းတာရယ်ကြောင့် ဆိုဒ်မှာ မတင်ဖြစ်ဘူး။ Movie make ပဲသုံးတက်တော့ အစ်ကို ဗွီဒီယိုလောက် မလန်းဘူး။း)

    ReplyDelete
  33. ohhh....thanks u for sharing..
    i really enjoy and love it..

    ReplyDelete
  34. တော်တော်လှတဲ့ပန်းလေးတွေ အရောင်တွေရောလှတယ်
    တလောက အလုပ်ရှုပ်နေလို့ ခုမှပဲအေးအေးဆေးဆေး လာကြည့်ဖြစ်တော့တာ

    ReplyDelete
  35. သိပ်တော်တဲ့ ကင်မရာမင်းရဲ့ သိပ်လှတဲ့ ရိုက်ချက်တွေရယ်... သိပ်လှတဲ့ ကျူးလစ်ပန်းတွေရယ်...း))

    Double Tardive ဆိုတာ နှစ်ရောင်စပ်နေတဲ့ ပန်းတွေကိုများ ပြောတာလား မသိ...

    ReplyDelete
  36. မအိုင်အိုရာ ...
    ပို့လိုက်၊ ပို့လိုက်...၊ ဒီက စောင့်နေသူ xxx ဝိုးအို့ xx စောင့်နေသူ..၊း)

    ကိုထွန်းထွန်း ...
    HD ရတော့ ကောင်းတာပေါ့၊ မရိုက်ချင်မှသာ နေရော၊ လိုတဲ့အခါ အဆင်သင့်ပဲ၊ ဖိုင်ဆိုဒ် ကြီးတာတော့ အမှန်ပဲဗျို့၊ Edit လုပ်ရင်လည်း ကွန်ပြူတာကprocesser ကောင်းကောင်းနဲ့မှ ပိုအဆင်ပြေချင်တာ..၊

    regina ...
    Thanks you for your appreciation...!

    မစူးနွယ် ...
    အဲဒါကြောင့် မတွေ့ပါလားလို့ စဉ်းစားနေတာ..၊ ကျေးဇူး ပါနော်...၊

    မသက်ဝေ ...
    မသက်ဝေကိုတော့ Raclette ဖိတ်ကျွေးဖို့ ခိုင်လုံတဲ့ အကြောင်းတွေ ရှိနေပြီ၊း) Double Tardive ဆိုတာ မသက်ဝေ ထင်သလိုပဲ ဟုတ်မယ် ထင်တာပဲ၊ ကျနော်လည်း သေချာမသိဘူးဗျ...၊း)

    ReplyDelete
  37. အိုးးး.... လှလိုက်တဲ့ပန်းတွေ တစ်ခါမှ အဲဒီလောက် အသွေးအရောင်စုံတာ မတွေ့ဖူးပါဘူးရှင်။ ကျူးလစ်ဆိုလို့ ပန်းဆိုင်တွေမှာရောင်းတဲ့ အဖြူ အ၀ါ အနီလောက်ဘဲတွေ့ဖူးတာ။ အပင်တောင်မမြင်ဖူးဘူး။ ဗွီဒီယိုလေးတင်ပေးတာ အရမ်းကိုကျေးဇူးတင်ပါတယ်ရှင်။ အဲဒီလို ပန်းဥယျာဉ်မျိုးထဲ တသက်မှာ တခါလောက်ရောက်ဖူးရင်ကို သေပျော်ပါပြီ...

    ReplyDelete
  38. မအိမ်သူ ...
    အဲဒီလောက်တောင်လားဗျာ...၊း) ဖြစ်နိုင်ရင် ပန်းတွေကို ချစ်တဲ့သူတိုင်း ပန်းတွေအလယ်ကို ရောက်စေချင်ပါတယ်၊ အခုလို ခံစား၊ အားပေးသွားတာ ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်နော်...။

    ReplyDelete
  39. ရွှေပြည်ကြီးကတော့ ဇာတိကစပြလာပြီလေ :)
    နည်းနည်း ပြတ်တောင်း ပြတ်တောင်း ဖြစ်လာပြီ
    ဒါပေမယ့် အဲဒါလေးကိုပဲ ရအောင်ထိုင်ကြည့်နေတယ်
    ပန်းလေးတွေကို နှစ်သက်မြတ်နိုးတဲ့ စိတ်နဲ့ကော..
    လေအသွဲ့မှာ ယိမ်းနွဲ့နေတဲ့ သဘာဝမြင်ကွင်းကို သဘောကျတဲ့ စိတ်နဲ့ကော
    အဲလိုနေရာမျိုးမှာ တစ်ကြိမ်လောက်တော့ အေးအေးလူလူထိုင်ခွင့်ရချင်ပါရဲ့
    ဘာသီချင်းမှ မပါတဲ့ တေးသွားငြိမ်ငြိမ်လေးကိုပဲ နားထောင်ရင်းလေ :)

    ReplyDelete