23 September 2011

ချစ်သောဧရာဝတီ ...


နီးနီးကပ်ကပ်၊ ရင်းရင်းနှီးနှီး နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဧရာဝတီပါ...၊


Photobucket
ပထမ မြန်မာနိုင်ငံတော်ရဲ့ နှလုံးသားဗဟို တည့်တည့်က ဧရာဝတီ...၊


Photobucket
ဧရာဝတီပေါ်မှာမွေး၊ ဧရာဝတီပေါ်မှာကြီး၊ ဧရာဝတီပေါ်မှာပဲ ရှင်သန် ကြီးရင့်ခဲ့တယ် ...၊


Photobucket
ဧရာဝတီရယ် စီးဆင်းပါ ... ...၊


Photobucket
ပျော်ရွှင် ငြိမ်းချမ်းခြင်းတို့ ပေါင်းဆုံခွင့်ပေးပါ... ...၊


Photobucket
အို.. ချစ်သော ဧရာဝတီ....၊


ဧရာဝတီကို ညှိုးရော်၊ ခြောက်ခန်းစေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်၊ အားလုံးရဲ့ ဧရာဝတီ အသက်ဓာတ် ပြင်းပြစွာ ဆက်လက် ရှင်သန်စီးဆင်း ပါစေ...။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၁၁

38 comments:

  1. ကိုညီနဲ့ ထပ်တူ ဧရာဝတီကို ညှိုးရော်၊ ခြောက်ခန်းစေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်။

    ReplyDelete
  2. စီးဆင်းပါစေ ဧရာဝတီရေ... ကမ္ဘာတည်သရွေ့ ဧရာဝတီစီးဆင်းစေဖို့ ကူညီမဲ့လက်များ တတပ်တအားပါပဲလား..

    ReplyDelete
  3. ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုအကြွင်းမဲ့ကန့်ကွက်ပါတယ်

    ReplyDelete
  4. ပထမဆုံး ပုံလေး သဘောအကျဆုံးပဲ။ အခု ရန်ကုန်မှာ လုပ်နေတဲ့ ဧရာဝတီ ဓါတ်ပုံပြပွဲထဲ အကို့ပုံတွေပါ ဝင်ပြရင်ကောင်းမယ်။ ကျွန်တော်က စစ်တောင်းမြစ်ကမ်းပေါ်က မြို့သားပေမယ့် ပြည်မှာ ကျောင်းတက်တုန်း ဧရာဝတီနဲ့လည်း သံယောဇဉ်ဖြစ်ခဲ့ရတယ်။ ကျောင်းပိတ်ရက် မနက်ခင်းတိုင်း မြစ်ကမ်းနဲ့ နီးတဲ့ လက်ဖက်ရည်ဆိုင်မှာ မနက်စာစား၊ သောကြာ၊ စနေ ညနေခင်းတွေဆို မြစ်ဆိပ်က အကြော်ဆိုင်မှာထိုင် ပြောရင် လွမ်းစရာတွေချည်းပဲ။ ကန့်ကွက်တယ်ဗျာ။ ဒီညတော့ ကျွန်တော်လည်း ရေးဖြစ်အောင် ရေးလိုက်ရမယ်။ မနေနိုင်တော့ဘူး။

    ReplyDelete
  5. ပထမဆုံးပုံကိုအကြိုက်ဆုံးပါပဲ
    အရမ်းလှတဲ့ ဧရာဝတီရဲ့သဘာဝအလှစစ်စစ်တွေ
    နောင်ကိုမြင်ရပါ့မလား
    စိုးရိမ်မိတယ် မြစ်ဧရာရယ်....
    ခင်မင်တဲ့ jas

    ReplyDelete
  6. ဧရာဝတီကိုကြည့်ရတာ ကြည်ကြည်နူးနူးရှိလိုက်တာ....။ ငါတို့ရဲ့မိခင် ထာဝရဆက်လက်ရှင်သန်ပါစေ....။
    မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်...။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete
  7. ချော(အစိမ်းရောင်လွင်ပြင်)September 23, 2011 at 11:54 AM

    ဓာတ်ပုံတွေ လှလိုက်တာ
    ပုံထဲမှာ ဧရာဝတီရဲ့ အားမာန်တွေကို တကယ်မြင်နေရတယ်
    ကြက်သီးတောင် ထမိတယ်
    ဒီမြစ်ကြီးကို နှမြောမိတယ်။
    ဧရာဝတီကို ချစ်သူတွေကတော့ ဒီစီမံကိန်းကို ကန့်ကွက်ကြပေမဲ့ ကိုယ့်အကျိုးကြည့်သူတွေကတော့ ဆက်လုပ်ကြမှာဘဲထင်ပါတယ်။

    ReplyDelete
  8. ဘယ်တော့မှ ကြည့်လို့မ၀တဲ့ ပန်းချီကားတချပ်ပါ
    ဧရာဝတီ မဆုံးရှုံးစေရဘူးးးးးးးးးးးးး
    နာကျင်စွာခံစားရပါတယ် ဧရာဝတီရယ်

    ဧရာဝတီ ထာဝရရှင်သန်စေချင်သူ...

    ခင်မင်တဲ့
    seesein

    ReplyDelete
  9. လှလိုက်တဲ့ ပုံတွေ....။
    ဧရာဝတီမြစ်ပြင်ကို ဖြတ်တိုက်လာတဲ့
    လေနုအေးလေးတွေရဲ့ ရနံ့ကိုတောင် ရှူရှိုက်မိလိုက်ရသလိုပဲ...။
    သဘာဝရဲ့ စုတ်ချက်နဲ့ ရေးဆွဲခြယ်မှုန်းထားတဲ့
    အမိဧရာဝတီရဲ့ ပကတိအလှစစ်စစ်...။
    သူတို့မို့ ကြံစည်ရက်ပါပေ့နော်...။

    ReplyDelete
  10. ဓာတ်ပုံတွေ လှလိုက်တာ ဒကာတော် ညီလင်းသစ်ရေ။ တကယ်ပဲ။ ဘုန်းဘုန်းလည်း ဒကာတော် ကိုညီလင်းသစ်နည်းတူ လုံးဝ ကန့်ကွက်ပါကြောင်း...

    ReplyDelete
  11. ဓာတ်ပုံတွေပီပြင်လိုက်တာ ကြည့်လို့အရမ်းလှတယ်။
    'မြစ်ဧရာ' ထာဝရအေးချမ်းစွာစဉ်ဆက်မပြတ် စီးဆင်းနိုင်ခွင့်ရှိပါစေလို့ ဆုတောင်းမိပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. ဘုန်းဘုန်းတောက် ရဲ့ ကန့်ကွက်သံ က တိုးနေ သလိုဘဲ ကိုညီလင်းသစ်

    ကျေးဇူး ကိုညီ ရေ အားလုံး အားလုံး နဲ့ အတူ ကန့်ကွက် မယ် လုံးဝ လုံးဝ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  13. ကိုညီလင်းသစ်ရေ
    ရိုက်ချက်တွေက ပီပြင်တယ်။
    ဓါတ်ပုံတွေကော စကားလုံးတွေကော။

    အတူတူပဲပေါ့။
    ကျွန်မလည်း “ကန့်ကွက်ပါတယ်”
    အသံမတိုးပါဘူးနော်။

    ReplyDelete
  14. အစ်ကိုရာ....အရင်ကဆို ဒီလို ဓာတ်ပုံတွေမြင်ရရင် ဝမ်းသာ
    ကြည်နူးမိမှာ အမှန်ပါ။ခုတော့ ရင်ထဲလွမ်းမိတယ်....။
    ကျွန်တော်တို့နောင် ၈နှစ်ကြာရင် ဒီလိုဧရာဝတီကို မြင်ရပါ
    တော့မလားမသိပါဘူးဗျာ...။ဓာတ်ပုံတွေကတော့ တကယ်
    လှတယ်အကို.....။ကျွန်တော်သိမ်းထားချင်ပါတယ် ခွင့်ပြု
    ပါခင်ဗျ

    ReplyDelete
  15. ကိုအောင်(ပျူနိုင်ငံ)September 23, 2011 at 2:31 PM

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  16. ဧရာဝတီ ရှင်သန်နေရမည်

    ReplyDelete
  17. I grew up along Ayarwaddy though i was born at a little town on Chindwin river bank.We all have precious memory of Ayarwaddy.
    "WE PROTEST DAMN DAM PROJECT"
    "MEN MAY COME AND MEN MAY GO BUT YOU GO ON FOREVER MOTHER AYARWADDY"
    Gyidaw

    ReplyDelete
  18. အကိုကြီးရေ.....
    ကျွန်တော်တို့ရဲ့ ဧရာဝတီ ရှင်သန်နေရမည်
    လှပ နေရမည် ထာဝရ မြန်မာပြည် ရှိသ၍ သူရှိနေရမည်။

    မြဆုံရေကာတာ စီမံကိန်းကို အကြွင်းမရှိ ကန့်ကွက်ပါတယ်။

    ReplyDelete
  19. မောင်မျိုးSeptember 23, 2011 at 4:06 PM

    စီးဆင်းပါအုံး ဧရာဝတီရယ် ။

    မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်၊

    ReplyDelete
  20. ဟုတ်တယ်အစ်ကို မြစ်ဆုံစီမံကိန်းကို ပြင်းပြင်းထန်ထန်ကို ကန့် ကွက်ပါတယ်...

    ReplyDelete
  21.ှုဧရာဝတီ ဆက်လက်စီဆင်းရမှာပါ။
    ကျမလည်း ဧရာဝတီ ရပ်သွားမှာမကြိုက်ပါဘူး။
    ဒီစီမံကိန်းကိုကျမလည်းကန့် ကွက်ပါတယ်။

    ReplyDelete
  22. ဓာတ်ပုံတွေအရမ်းလှတယ်။ တကယ်ကို ပြန်ချင်လာတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  23. Stop Immediately Irrawaddy Dam Project Construction.

    ReplyDelete
  24. ဓါတ်ပုံလေးတွေကြည့်ပြီး ရင်နင့်ရတယ်။ ထပ်တူပါပဲ..။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်.။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  25. ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးကိုလုံးဝ လုံးဝကန့်ကွက်ပါတယ်

    ReplyDelete
  26. မြစ်ဆုံရောကာတာစီမံကိန်းအား လုံးဝဆန့်ကျင် ကန့်ကွက်ပါတယ်..
    ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  27. ဓာတ်ပုံတွေ အားလုံး သိပ်ကြိုက်တာပဲ ကိုညီလင်းရေ ...
    ဓာတ်ပုံတွေက စကားပြောနေသလိုပဲနော် ...
    ပုံတွေကြည့်ရင်း အသံတွေကြားနေရတယ် ...
    ဆည်းလည်းသံတွေရော ...
    ရေလှိုင်းသံတွေရော ... နားထဲမှာ ကြားယောင်လာတယ် ... ။
    ကျမကတော့ ယုံကြည်နေပါတယ်၊ အားလုံးချစ်သော ဧရာဝတီ အမြဲစီးဆင်းနိုင်မှာပါ ... ။

    ReplyDelete
  28. ကိုညီ ရိုက်ချက် လန်ထွက်တယ်...မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့် ကွက်သည်..ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ...

    ReplyDelete
  29. ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ဖြစ်မြောက်အောင်မြင်နိုင်ပါစေ လို့ ဆုတောင်းမိပါတယ်

    ReplyDelete
  30. ပုံတွေကြည့်ပြီး ပိုတောင်လွမ်းဖို့ကောင်းနေတယ်ဗျာ။

    စိတ်တူကိုယ်တူပါပဲ။ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

    ReplyDelete
  31. လွန်ခဲ့တဲ့(၂)နှစ်က ကိုညီလင်းသစ်တွေ့ခဲ့တဲ့ ဧရာဝတီ
    ကျွန်တော်တို့ ငယ်ငယ်ကနှစ်ခြိုက်ခဲ့တဲ့ အဆိုတော်
    ထူးအိမ်သင် သီဆိုခဲ့တဲ့ ရာဖ၀င်များရဲ့သတိုသမီး ..
    ဟုတ်ကဲ့ ဒီနေ့ ယဉ်ကျေးသိမ်မွေ့ပြီးခေါင်းဆောင်ကောင်း
    ပီသပါတယ်ဆိုတဲ့ လူတစ်ချို့ရဲ့လက်ထဲမှာ သူ့ရဲ့အသွေးအသားတွေကို အလိုမတူပဲ
    ခေါင်းဝပ်လည်စင်းခံနေရပါပြီဗျာ။ နောင်မျိုးဆက်သစ်
    တွေကို ဒါဟာ ဧရာဝတီမြစ်ကွ ..လို့ ပြောနိုင်ဖို့
    ဆိုတာ မသေချာနိုင်တော့ပါဘူး ကျွန်တော်တို့
    ကံအလွန်ကောင်းရင်တော့ ဒါဟာ ..ဧရာဝတီချောင်း
    သို့မဟုတ် မြောင်း ..လို့တော့ဖြင့် .....

    ReplyDelete
  32. ဘာလို့များ သူ့ရင်ဘတ်ကိုနွမ်းခြောက်အောင်လုပ်ချင်နေကြပါလိမ့်.။ဆည်းဆာရောင်တွေလင်းလက်မှုန်ရီစွာဖျာကျနေတဲ့ သူ့ရဲ့ရင်ဘတ်ပေါ်ကညနေတွေကိုဘိုးဘွားဘီဘင်တွေခေါင်းချခဲ့ရာ ကျွန်တော်ချစ်တဲ့ရွာလေးရဲ့ ကမ်းနဖူးကနေငေးကြည့်ခွင့်တွေရချင်ပါသေးတယ်..။

    ReplyDelete
  33. လှလိုက်တဲ့ ဓာတ်ပုံတွေပါ။
    ချစ်သော ဧရာဝတီ ထာဝရစီးဆင်းပါစေရှင်။

    ReplyDelete
  34. ဒုတိယပုံကို ပိုကြိုက်တယ်.. ငယ်ငယ်က ဧရာဝတီမြစ်ပေါ်ရှိနေတဲ့ အမေတို့ရွာကို တနှစ်တခါရောက်ခဲ့ဖူးတာ သတိရမိတယ် ဗမာပြည်အကြောင်း ကြားရတဲ့သတင်းတွေဟာ ဘယ်တော့များမှ ကောင်းမှာပါလိမ့် ကတောက် !

    mie nge

    ReplyDelete
  35. ကိုညီရေ ဒီနေ့ ရန်ကုန်မှာ ဧရာဝတီရဲ့ ရင်သွေးတွေ
    မိခင် ဧရာဝတီအတွက် ဆန္ဒထုတ်ဖော်ပြသကြတယ်လို့
    သိရပါတယ်။

    ReplyDelete
  36. ထပ်တူထပ်မျှပါပဲဗျာ။

    ReplyDelete
  37. သာယာရှု့မောဖွယ်ကောင်းတဲ့ မြင်ကွင်းတွေကိုကြည့်ရင်း နာကျင်စွာ ကန့်ကွက်ခဲ့တယ်အကိုရေ ..

    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  38. ဧရာဝတီပေါ်မှာမွေး၊ ဧရာဝတီပေါ်မှာကြီး၊ ဧရာဝတီပေါ်မှာပဲ ရှင်သန် ကြီးရင့်ခဲ့တယ် ...၊

    best of the best.

    ReplyDelete