14 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၂) - အချပ်ပို


အမှန်က မူလ စီစဉ်ထားတဲ့ ခရီးသွား စီးရီးစ်ထဲမှာ ဒီပို့စ် မပါ,ပါဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ပို့စ်မှာ ပေးသွားကြတဲ့ ကွန်မန့် တော်တော်များများမှာ တောင်းဆိုကြတာနဲ့ ကျနော်လည်း သားရဲ့ပုံကို တင်လိုက်ပါတယ်၊ ဒါ့ကြောင့် ဒီပို့စ်ဟာ အချပ်ပိုလို့ပဲ ဆိုကြပါစို့ရဲ့..၊း)


Photobucket


ဒီမှာသူက ထွန်ခြစ် ကိုင်ထားပေမယ့် ဘာမှ ဟုတ်တိပတ်တိ လုပ်နေတာတော့ မဟုတ်ပါဘူး၊ ကလေးတို့ သဘာဝ မြေကြီးတွေနဲ့ ဆော့တာက ခပ်များများရယ်..၊ ဘာပဲပြောပြော ကျနော် ၄ နှစ်သား အရွယ် တုန်းကတော့ အာလူးတွေ မတူးဖူးတာ၊ မုန်လာဥတွေ မနှုတ်ဖူးသေးတာ သေချာတယ်၊ ဖြစ်နိုင်ရင် ကလေးတိုင်းကို သဘာဝ တရားနဲ့ နီးစပ်စေချင် ပြီးတော့ သဘာဝ အလှတွေကို ခံစားတတ်သူ၊ သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထား တတ်သူလေးတွေ ဖြစ်စေချင်ပါတယ်...။ ။


ညီလင်းသစ်
၁၄ အောက်တိုဘာ၊ ၂၀၁၁

26 comments:

  1. သားသားပုံက ချစ်ဖို့ကောင်းလိုက်တာ။ ထွန်ခြစ်ကြီးနဲ့ တောင်သူဦးကြီး ဂိုက်ဖမ်းနေတာပေါ့လေ ... ။

    မအိပ်ခင် ပို့စ်အသစ်တက်လာတာမြင်လို့ လာဖတ်တာ။ အချပ်ပိုလေးက တိုလို့ ဖတ်ရတာ အားတောင်မရဘူး။

    ကျမ ၄ နှစ် သမီးတုန်းကလဲ အာလူးတို့ မုန်လာဥတို့ ဆိုတာ မီးဖိုချောင်ထဲ အမေ့ဈေးခြင်းထဲသာ မြင်ဖူးတာ။ သားသားက အများကြီး ကံကောင်းတယ်။ ခုကတည်းက သားကို သဘာဝနဲ့ နီးစပ်အောင် မိဘတွေက ပံ့ပိုးပေးနေတာမို့ သဘာဝပတ်ဝန်းကျင်ကိုလဲ တန်ဖိုးထားတတ်မှာပါ။

    ဒါနဲ့ ပုံက တပုံထဲလား ... ရှိသေးရင် တင်ပါအုံး။

    ReplyDelete
  2. မမေ..
    ဒါက အချပ်ပို ဆိုတော့ အရှည်ကြီးတွေ လျှောက်မရေး တော့ပါဘူးလို့ စဉ်းစားပြီး ရပ်လိုက်တာဗျ၊ ဒါတောင် လက်က ဆက်ရေးချင်နေလို့ မနည်း ရပ်လိုက်ရတယ်..၊ ဆက်ပြောရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ ကလေးသူငယ် အခွင့်အရေးတို့ ဆိုတာတွေ ပါလာမှာ သေချာသလောက်ပဲ၊း) စိုက်ခင်းထဲက ပုံတွေထဲမှာတော့ အဆင်ပြေတာ ဒီတစ်ပုံ လို့ပဲ ဆိုရမှာပါ၊ တခြားနေရာက ပုံတွေ အဆင်ပြေရင်လည်း ဆက်တင် ပါ့မယ်နော်...၊ အားပေးတာ ကျေးဇူးပါ မမေရေ...။

    ReplyDelete
  3. ဟိုဟာ ဒီဟာ မပါပဲ သားသားနဲ့
    ဖေကြီး မေကြီး ပုံပဲတင်ပေါ့နော့း)
    သူလည်း တွန့်တိုတတ်တာပဲနော့

    ReplyDelete
  4. ကလေးတစ်ယောက်ရဲ့ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်မှု့တွေကိုတွေ့ရတယ် အကိုရေ ..ချစ်ဖို့ကောင်းလိုက်တာ

    ReplyDelete
  5. ဓာတ်ပုံက တော်တော် ကောင်းတယ်နော် ကြည်ပြီးတောက်နေတာဘဲ...
    ကလေးလေး ချစ်စရာလေး...

    ReplyDelete
  6. ၀က်ဝံပေါက်လေးရေ အာဘွားး)))

    น่ารักจริง

    ReplyDelete
  7. သားလေး ပုံလေးတွေများများတင်ပါအုံး ချစ်လွန်းလို့ 

    ReplyDelete
  8. သားပုံကိုတွေ့လိုက်တာနဲ့ စိတ်ထဲက ပြောလိုက်တာ ...
    အမယ် ကိုယ်တော်ချော က...

    အမတို့ရွာမှာ မိသားစုတစု ရှိတယ်။ သားသုံးယောက်ကို နာမည်ပေးထားတာ
    လူချော၊ လူလှ၊ လူအေး တဲ့...
    တကယ်လည်း နာမည်နဲ့လိုက်အောင် ချောကြ လှကြတယ်။

    ReplyDelete
  9. This is the very loveable annex, I would say! He is so lovely, cute little boy! Thank you so much for sharing Ko Nyi Linn Thit.
    Mon Petit Avatar

    ReplyDelete
  10. သားသားကို အားကျပြီး စိုက်ခင်းထဲတောင် ဆင်းချင်လာပြီ။ ချစ်စရာကောင်းလိုက်တာ

    ReplyDelete
  11. ကိုညီလင်းသစ်ရေ...
    ကျေးဇူးတင်တာပြောပြလို့တောင်မတတ်ပါဘူး
    သားလေးကချစ်ဖို့ကောင်းသလို
    ပတ်ဝန်းကျင်အနေအထားကလဲ
    လွမ်းဖို့ကောင်းနေတယ် ပြောင်းဖူးပင်တွေ
    ကပိုကရို
    နေကြာပင်လေးတွေလဲရှိရဲ့...
    မင်းသားကလဲဆိုဒ်ပေးကြမ်းနေပြီနော်....
    ဂျက်လဲခပ်ငယ်ငယ်ကအဲလိုခြံတွေမှာဆော့
    ဖူးတယ်....ဒါကြောင့်တောင်ကြီးကိုလဲ
    လွမ်းမိပါတယ်...နောက်ရှိရင်ထပ်တင်ပါနော်..
    စောင့်မျှော်တဲ့.....ခင်မင်တဲ့ jasmine

    ReplyDelete
  12. သားလေးကိုနှုတ်ဆက်ပေးပါနော်။

    ReplyDelete
  13. သားသားလေးကချစ်စရာလေးရယ်..

    ReplyDelete
  14. ကိုညီလင်းသစ် သားလေးက ချစ်စရာလေးမို့ စရံသတ်တဲ့သူတွေ များမှာစိုးလို့နဲ့တူရဲ့
    ရှားရှားပါးပါး တစ်ပုံတည်းတင်တယ်။
    ကလေးက ချစ်ဖို့ကောင်းလိုက်တာ
    ငယ်ကတည်းက သဘာဝ ပတ်ဝန်းကျင်နဲ့ နီးစပ်နေအောင် အလေ့အကျင့်လုပ်ထားပေးတော့ ကလေးကြီးလာရင် သဘာဝဆန်ဆန် ပတ်ဝန်းကျင်ကို နှစ်သက်တတ်မှာ သေချာပါတယ်။

    ReplyDelete
  15. ဟား....အကိုရာ....သားသားလေးကချစ်ဖို့ကောင်းလိုက်
    တာ.....၊အကိုတို့မြန်မာပြညပြန်ရင် ရှင်ကြားပူလှည့်ဝင်ခဲ့ပါလား....၊သားလေးပါးကို လိမ်ဆွဲချင်
    လို့.....:D

    ReplyDelete
  16. သားလေးက ချစ်စရာ ကောင်းတယ်ဗျို့

    ReplyDelete
  17. ထွန်ခြစ် ကိုင်ထားတဲ့ ပုံက ဟုတ်နေတာဘဲ ချစ်စရာလေး ကလေးက
    AA.

    ReplyDelete
  18. အတော်ပျော်နေပုံပဲ။ ကြည့်ရတာ ၀မ်းသာစရာ..
    N/A

    ReplyDelete
  19. သားသားရဲ့ ဘဝလေးက ကလေးတစ်ယောက်ရဲ့ ငယ်ဘဝ ကျေနပ်စရာအပြည့်.....နဲ့..သူကြိးလာရင်..ပြန်တွေးစရာ ..အမှတ်တရလေးတွေ ပြည့်နေတော့မှာပဲ..အကို...:):)

    ReplyDelete
  20. ကဲ... ချစ်စရာကောင်းတဲ့ သားသားကိုတော့ တွေ့ရပြီ...
    သားသားရဲ့ ဖေဖေကို တွေ့ရဖို့ပဲ ကျန်တော့တယ်... (((ဟမ်)))
    ဘာမှလည်း မဆိုင်ဘူး... ဟီးဟီး...

    ReplyDelete
  21. ကျမသမီးလည်း မြေကြီးတွေ သဲတွေတွေ့ရင် တအားဆော့တတ်တာ တကယ်ပြောရရင် ခလေးတွေမပြောနဲ့ ကိုယ်တောင် အဲလို အပင်လေးဘာလေးစိုက်ပြီး ခြံနဲ့နေချင်တာ

    mie nge

    ReplyDelete
  22. မဘေဘီ ...
    'ဟိုဟာ၊ ဒီဟာ' ဆိုတာ ဘယ်လိုဟာတွေကိုများ ပြောချင်တာ ပါလိမ့်?း)

    မဒမ်ကိုး ...
    ကျေးဇူး တင်ပါတယ်ဗျာ..၊

    ညီရဲ ...
    ဒါတောင် ကောင်းကင်က တိမ်တွေဖုံးပြီး မှိုင်းနေသေး လို့ဗျ၊ တကယ်ဆို ဒီထက် ပိုကောင်းနိုင်တယ်..၊း)

    မောင်မျိုး ...
    သတိထားနော်၊ လက်သည်းတွေ ရှည်နေပြီဗျ..၊း)

    Vista ...
    အဆင်ပြေသလို တင်တာပေါ့ ညီမရေ...၊

    မသီတာ ...
    နာမည်နဲ့ လူနဲ့ လိုက်တယ်ဆိုတာ ဒါပဲဖြစ်ရမယ်..၊း)

    Mon Petit Avatar ...
    အခုလို အားပေးတာ ကျေးဇူးပါပဲဗျာ...၊

    တောင်ငူသား ...
    ဟာ.. သူ့ကိုတော့ အားမကျနဲ့ဗျ၊ တွေ့သမျှ အပင်တွေ ထွန်ခြစ်နဲ့ လိုက်ခြစ်နေလို့ မနည်း တားထားရတယ်..၊း)

    တောင်ကြီးက မစံပယ် ...
    အဲဒီက မြေကြီးကလဲ မြေနီတွေ ဆိုတော့ ရှမ်းပြည်က မြေနဲ့ ခပ်ဆင်ဆင်လို့ ပြောရမှာပဲဗျ၊ တောင်တန်းတွေ လိုနေတာလေး တခုပဲ..၊း)

    မ,ရှင်လေး ...
    ဟုတ်ကဲ့...၊

    blackroze ...
    ကျေးဇူးပါ...၊

    မချော ...
    မိဘတွေ အပိုင်းကတော့ တတ်နိုင်သလောက် ကြိုးစား ကြည့်တာပါပဲ၊ ကြီးလာတဲ့ အခါတော့လည်း သူ့ ရွေး ချယ်မှုနဲ့ သူပဲ ပေါ့ဗျာ..၊း)

    ကိုညိမ်းနိုင် ...
    ကျနော်လည်း ရှင်ကြားပူကို လာချင်နေတာ ကြာပါပြီ၊ သီးသန့်ကို အချိန်ယူပြီး လာခဲ့ဦးမယ်ဗျာ...၊း)

    မရွှေစင်ဦး ...
    ကျေးဇူး..၊

    AA ...
    ဒါက ဓါတ်ပုံအတွက် သက်သက် ပို့စ်ထုတ်နေတာလေ၊း)

    ကို N/A ...
    ကလေးတွေကတော့ ရေတို့၊ သဲတို့နဲ့ ဆော့နေရရင် ဒီလိုပဲ ပျော်နေတာပါပဲဗျာ..၊

    ညီမ အိန်ဂျယ်လ်လှိုင် ...
    အေးဗျာ၊ ကလေးတွေရဲ့ ပျော်ရွှင်မှုက ပိုက်ဆံ အများကြီး ကုန်စရာ မလိုဘဲလည်း ရနိုင်တာပဲ မဟုတ်လား..၊

    မသက်ဝေ ...
    အားလုံးလိုလိုက ကျနော်နဲ့ သားနဲ့ အတော်လေး တူတယ်လို့ ပြောကြတာပဲဗျ၊ ဆိုတော့.. ကျနော့် miniature လေး တွေ့ရပြီလို့ သဘောထားပါဗျာ..နော၊း)

    မ mie nge ...
    ခြံထဲမှာ အပင်လေးဘာလေး စိုက်ချင်တာတော့ ကျနော်လည်း စိတ်ကူး ရှိတယ်ဗျ၊ ဒါပေမယ့် သိတဲ့အတိုင်း ဒီမှာက မြေဈေးတွေ ခေါင်ခိုက်နေ တော့လည်း ... ဟင်း ...။း)

    ReplyDelete
  23. သားသားက ချစ်စရာကောင်းလိုက်တာ...၄နှစ်သားမှာ အာလူးတူးဖူး၊ မုန်လာဥနှစ်ခွင့် ရတာ ကစားစရာအသစ်တခု ရတာထက် ပိုပါတယ်..ပုံကလည်း တပုံတည်း..များများ တင်ပါဗျို့ 

    ReplyDelete
  24. သားသားက ချစ်စရာကောင်းလိုက်တာ...။ သွက်သွက်လက်လက်နဲ့ ထက်မြက်မယ့်ပုံလေး။
    အဖေနဲ့တူတယ်ဆို ကြော်ငြာဝင်သွားတာတော့ သဘောကျတယ်။ ဘာပဲဖြစ်ဖြစ် သားအဖနှစ်ယောက်လုံး မုန့်ဝယ်ကျွေးရမယ်....။
    သားသားနဲ့အတူ ဖေဖေ၊ မေမေကိုလည်း တွေ့ချင်ပါသေးတယ်ရှင်။

    ( ကွန်နက်ရှင်တွေ အောက်နေတာရော၊ ကွန်ပြူတာပျက်နေတာရောကြောင့် ဒီနေ့မှ အိမ်လည်နိုင်ပါတယ် ကိုညီလင်းသစ်ရေ)

    ReplyDelete
  25. ပုံစံကတော့ အမိုက်စားပဲ။
    လုပ်ချင်တာတွေလုပ်နေရတော့ ပျော်နေတာ မျက်နှာကအပြုံးအပြည့်နဲ့နော်။

    အဖေကိုညီလင်းသစ်ကတော့ “ တော်တော်များများတောင်းဆိုကြတာနဲ့”လို့ဆိုပြီး.....သားပုံကို တစ်ပုံဆိုတစ်ပုံပဲတင်ပေးလိုက်တယ်။
း(

    အချပ်ပိုဆိုတော့လည်း ဒီလိုပေါ့နော်။ ပုံတစ်ပုံလောက်ပဲတင်လို့ရတာပေါ့ ဟုတ်တယ်မို့လား........
း)

    ReplyDelete
  26. ဒီလို ချောပုံထောက်ရင် ဖအေတူသားလေးပဲ နေမှာပါ
း)

    ReplyDelete