17 February 2012

အတွင်း ၃၇၊ အပြင် ၃၇


အခုတလော ခရီးထွက်ဖို့ ပြင်ဆင်နေရတာနဲ့ အထွေအထူး ဘယ်မှမရောက်ဖြစ် ပါဘူး၊ လုပ်စရာ တော်တော်များများကို အစောကြီးကတည်းက ကြိုတင်လုပ်ထားပေမယ့် ကုန်ပဲ မကုန်နိုင်ဘူး ဖြစ်နေတယ်၊ ခင်မင်ရတဲ့ ညီအစ်ကို မောင်နှမအိမ်တွေကို အလည်လာပြီး မနှုတ်ဆက်နိုင်တာ တောင်းပန်ပါတယ်...၊ ခရီးသွားနေတဲ့ အတောအတွင်းမှာလည်း လိုလိုမယ်မယ် စီဘောက်စ်ကို သော့ပိတ်ထားပါတယ်၊

ဒီနေ့က ကျနော့်ရဲ့မွေးနေ့ပါ၊ ဒီနှစ်အတွက် မွေးနေ့လက်ဆောင်က ဝေးကွာနေတဲ့ ချစ်သူ၊ ခင်သူတွေနဲ့ အတူတကွ ရှိရတဲ့ အဖြစ်ပါပဲ၊ အလွယ်တကူ မရနိုင်တဲ့ လက်ဆောင်ဖြစ်လို့ ကျနော့်အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ အမှတ်တရ ပါပဲ၊ မနှစ်က အချိန်ရတုန်းကတော့ မွေးနေ့ အထိမ်းအမှတ် ဒီပို့စ် ကိုရေးခဲ့ပါတယ်၊ အဲဒီပို့စ်အတိုင်း ပြောရရင် စိတ်အခြေအနေဟာ ဒီနှစ်မှာလည်း ကော်ဖီမှာ ရှိနေတုန်းပါပဲ..၊း)

ကျနော်ကိုမွေးတော့ အဖိုးက ဥာဏ်ပညာ ကြီးရင့်ပါစေတော့ ဆိုပြီး ပညာအရာမှာ ပြည့်စုံတဲ့ ဆော်လမွန် ဘုရင်ကြီးရဲ့ ငယ်နာမည်ကို ပေးထားခဲ့တယ်၊ ဒါပေမယ့် ကြီးလာလေလေ၊ မိုက်မဲမှုတွေက မကုန်နိုင်လေလေ လို့ သုံးသပ်မိတယ်၊ စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်ကလေးက ရှိ နေတုန်းပဲ၊ ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး နတ်ကိုးကွယ်မှု အကြောင်းများလားလို့ ထင်ကြမလား မသိဘူး၊ ၃၇ ဆိုတဲ့ အသက်အပိုင်းအခြားကို ရောက်လာတဲ့အခါ ပြင်ပ ခန္ဓာကိုယ်က ကြီးရင့် လာသလို၊ အတွင်းစိတ်ကိုလည်း ပိုပြီး ရင့်ကျက်လာဖို့ ဆင်ခြင်မိပါတယ်...၊

ပြန်လာတဲ့အခါ ပြန်တွေ့ကြတာပေါ့...နော။း)


ညီလင်းသစ်
၁၇ ဖေဖော်ဝါရီ၊ ၂၀၁၂

39 comments:

  1. Happy Birthday ပါ ကိုညီလင်းရေ...
    ချစ်သူ ခင်သူတွေနဲ့ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ

    မိသားစုနံ့ အတူတူ သွားမယ့် ခရီးလမ်းလည်း ပျော်စရာ ကောင်းပါစေ... အားလုံး အစစ အဆင်ပြေပါစေလို့ ဆုတောင်းတယ်နော်...း)

    ReplyDelete
  2. ဟက်ပီးဘတ်ဒေးပါအကို
    မိသားစုနှင့်အတူ ပျော်ရွှင်ခြင်းတွေပိုင်ဆိုင်ပြီး
    ကျန်းမာချမ်းသာ အနာရောဂါကင်းပါစေ.

    ခင်မင်လျှက်
    ညီမငယ်
    မဒိုးကန်

    ReplyDelete
  3. Happy Birthday အစ်ကို.. ညီမမွေးနေ့က မနက်ဖြန်။ ၁၈ရက်နေ့။ :)

    ReplyDelete
  4. Happy birthday brother, May God be with you and bless you forever!

    ReplyDelete
  5. ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေ...ကိုညီလင်းသစ်..။ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့ရက်စွဲခြင်းလာတူနေတယ် ညီမက 17 မတ်လမွေးတာ နှစ်လဲတူတူပဲ ကိုညီလင်းသစ်က တစ်လတိတိအသက်ပိုကြီးတယ် ...။

    ReplyDelete
  6. မိသားစုနဲ့ တူတူခရီးသွားရတာလဲ
    ဘုရားသခင်ပေးတဲ့လက်ဆောင်တစ်ခုပါပဲ
    ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေရှင်
    ခရီးအပြန် ခရီးမှတ်တမ်းလေးကိုစောင့်မျော်နေပါတယ်နော်
    ခင်မင်တဲ့ jasmine

    ReplyDelete
  7. Happy Birthday par Ko Nyi

    ReplyDelete
  8.ံHappy Birthday Ko nyi !
    Have a nice and save trip bro!

    ReplyDelete
  9. ကိုညီလင်းသစ်ကို ၃၇ လောက်ရှိပြီလို့
    မထင်မိဘူး ..
    မွေးနေ့မှသည် နေ့ရက်တိုင်း
    ပျော်ရွှင်နိုင်ပါစေ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  10. Happy Birthday နော့် အစ်ကိုး))

    ReplyDelete
  11. HAPPY BIRTHDAY LITTLE BRO!!!!
    I just thought yesterday that you're going to celebrate your B'day with old friends and family overthere.I'm also counting days to be there:)
    Gyidaw

    ReplyDelete
  12. Happy Birthday Ko Nyi..
    Best wishes to you and your family...

    ReplyDelete
  13. Happy Birthday ကိုညီလင်းသစ်ရေ...
    ပျော်ရွှင်ဖွယ်ခရီးဖြစ်ပါစေ

    ReplyDelete
  14. Happy Birthday ....
    ၃၇ နှစ်မွေးနေ့မှသည်အသက်၁၂၀တိုင်အောင်
    ပျော်ရွင် ကျန်းမာ ချမ်းသာ နိုင်ပါစေ...

    ReplyDelete
  15. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ဖြစ်ပါစေ ကိုညီလင်းရေ ... ။
    ခရီးသွားပြီတောင် ထင်နေတာ။
    ခရီးလမ်းပမ်း အဆင်ပြေ ချောမွေ့ သာယာပါစေ ... ။
    မိသားစု ပျော်ရွှင်ဖွယ် နေ့ရက်များကို အတူလျှောက်လှမ်း နိုင်ကြပါစေ ... ။

    ReplyDelete
  16. Happy Birthday ကိုညီလင်း။ မွေးနေ့ရက်မြတ်မှာ ပျော်ရွှင်ပါစေ။ မိသားစုလေးနဲ့ ထာဝရ ငြိမ်းချမ်းပါစေရှင်။ ဒါနဲ့ မြန်မာပြည်ကို အလည်ပြန်ဖြစ်တာလားဟင်။

    ReplyDelete
  17. ဟက်ပီးဘာ့သ်ဒေးပါ ကိုညီလင်းသစ်ရေ....
    စိတ်ချလက်ချသာ သွားပါ။ အိမ်ဇောက်ထိုးလာလုပ်ထားလိုက်မယ်း)))

    ReplyDelete
  18. ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမွေးနေ့မှာ ချစ်တဲ့မိသားစုနဲ့အတူ ဆင်နွှဲခွင့်ရတာ မတောင်းဘဲနဲ့ ပြည့်နေတဲ့ ဆုတစ်ခုပါပဲ ကိုညီလင်းသစ်ရေ။ ဟက်ပီး ၃၇ ပါ။း))

    ဆုမွန်ကောင်းများစွာဖြင့်
    ဇွန်

    ပီ.အက်. မြန်မာပြည် ၁လခရီးလောက် အလည်ပြန်မလို့ထင်တယ်။း)

    ReplyDelete
  19. Happy Birthday ပါအကို
    37တောင်ရှိပြီနော်...
    ညီမအဲလောက်လို့မထင်ထားဘူး

    ညီမလည်း အသက်37လောက်ဆို
    ဘာတွေဖြစ်နေမလဲမသိဘူး..

    ခရီးသွားရာကပြန်လာရင်လည်း
    ခရီးသွားပိုစ့်တွေတင်ဦးနော်အကို

    ReplyDelete
  20. ပျော်ရွှင်သော မင်္ဂလာမွေးနေ့ပါ ကိုညီလင်းသစ်
    မိသားစုနှင့် မွေးနေ့ပေါင်းများစွာ ဆင်နွှဲနိုင်ပါစေလို့..

    ခင်မင်လျှက်..
    မလေး

    ReplyDelete
  21. မိသားစုနဲ့အတူ ပျော်ရွှင်သော မွေးနေ့ကို ဆင်နွဲနိုင်ပါစေ ကိုညီလင်းသစ်ရေ...
    ခရီးသွားတယ်ဆိုတော့ ပြန်လာရင် အတွေ့အကြုံတွေ ပါလာဦးမယ် ထင်ပါရဲ့။
    အစစအဆင်ပြေသော၊ ပျော်ရွှင်ငြိမ်းချမ်းသော ခရီးဖြစ်ပါစေရှင်..

    ReplyDelete
  22. ပျော်ရွင်ဖွယ် မွေးနေ့မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေ အကို.... မိသားစုနဲ့ မွေးနေ့ဆင်နွဲရင်း တစ်သက်လုံး အမှတ်တရ ဖြစ်စေမယ့် အမှတ်တရတွေ များများ ယူခဲ့နော် အကို...:):)
    ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ အကို...။

    ReplyDelete
  23. Happy Birthday ပါ ကိုညီလင်းသစ်ရေ...
    ဒီနှစ်မွေးနေ့ လက်ဆောင်ကအကောင်းဆုံးနော်။
    မွေးနေ့ ကိတ်မစားရတော့ပြန်လာမှမြန်မာပြည်ကမုန့် တွေကျွေးနော်။း)
    ခရီးလမ်းပန်းချောမွေ့ ပါစေ။ မိသားစုအားလုံးကျန်းမာရေးဂရုစိုက်ပါလို့ ..
    အိုင်အိုရာ

    ReplyDelete
  24. Happy Birthday ကိုညီ..မွေးနေ့ မှသည် မိသားစုနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ စွာ စာတွေအများကြီး ရေးနိုင်ပါစေ..Have a nice trip..ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့နော့..

    ReplyDelete
  25. Happy Birthday ပါအစ်ကို...

    ReplyDelete
  26. ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ.. ကိုညီလင်းသစ်.. အခုချိန်ဆို နောက်ကျသွားပြီလား.. ၁၇ ရက်ကို ကျော်သွားပြီလား... ဘာပဲဖြစ်ဖြစ် ပျော်ရွှင်မှုတွေ ထာဝရပိုင်ဆိုင်နိုင်ပါစေဗျာ..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  27. Happy Birthday Ko nyi.:)

    ReplyDelete
  28. ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ.......


    စူးနွယ်လေး

    ReplyDelete
  29. Bon Anniversaire en retard. J'espere vous avez passé une merveilleuse journee d'anniversaire!

    ကြိုးစားပြီးရေးထားတာ။ မှားရင်ပြင်ပေးပါရှင်။

    ReplyDelete
  30. ညီလင်းရေ ... မွေးနေ့ဆုတောင်းနောက်ကျတဲ့အတွက် ဆောရီးပါ...။

    ဖြစ်ချင်တဲ့ဆန္ဒတွေ အများဆုံးအကောင်အထည်ဖော်နိုင်မယ့် နှစ်သစ်တခု ညီလင်းအတွက် အကောင်းဆုံးဖြစ်ပါစေ ..... ။

    mie nge

    ReplyDelete
  31. ခေါင်းစဉ်ကြည့်ပြီး နတ်ပွဲအကြောင်းများလားလို့ လက်စသတ်တော့ မွေးနေ့ပွဲဖြစ်နေတာကိုး..။
    အို...ငယ်ပါသေးတယ်... အခုမှ ၃၇ ရှိသေးတာ... :P

    ပျော်ရွှင်စရာ မွေးနေ့ခရီး ဖြစ်ပါစေရှင်...။
    မွေးနေ့ရက်မြတ်မှသည် စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းဖြင့် ဆထက်တိုး စာတွေ အများကြီး အားကြီး ရေးနိုင်ပါစေလို့...။

    ( ပြန်လာရင် ခရီးသွားပို့စ် ဖတ်ချင်ပါသေးတယ် :)

    ReplyDelete
  32. အားနာလိုက်တာဗျာ။ ဒီနေ့မှ ရောက်ဖြစ်တယ်။ နောက်ကျဆုတောင်းလေးကိုပဲ လက်ခံပေးပါ။
    “ ချစ်သော မိသားစုနဲ့အတူ ဘဝတစ်လျှောက် ကျန်းမာပျော်ရွှင်သာယာပါစေဗျာ”

    ReplyDelete
  33. ပို့စ်အသစ် တင်ပါဦးဗျို့ .. စီဘောက်စ်မှာ ရေးမရလို့ ဒီမှာကော်မန့်လာပေးလိုက်ပါတယ်။

    ReplyDelete
  34. မင်္ဂလာပါကိုညီလင်းသစ်ရေ။ ပျောက်နေတာကြာလို့ လာကြည့်တာပါ။ နေကောင်းရဲ့လား။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  35. inside 37 out side 37 total 101 pot ;))
    happy birthday brother !
    best wishes..
    for you and your family.

    ReplyDelete
  36. Happy belated Birthday မောင်ညီလင်းရေ။
    တစ်လနီးပါနောက်ကျသွားပေမယ့် ရင်ထဲကနေ
    နှုတ်ဆက်ချင်တာကြောင့်နှုတ်ဆက်လိုက်တယ်နော်။
    မွေးနေ့ကျရောက်တဲ့ ၁၇ရက်ကနေ ၂၇ရက်နေ့အထိ
    တီတင့် ရိပ်သာ(၁၀)ရက် ဝင်ခဲ့တဲ့အတွက်မသိလိုက်ဘူး
    ဒီကနေ့ပို့စ်အသစ်ဖတ်မှသိလိုက်ရလို့ပါကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့-

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  37. ရော်..တိုက်တိုက်ဆိုင်ဆိုင်ကိုယ့်ကွန်မန့် ပြန်လာဖတ်တော့ 37 comments တဲ့။ ဒီတော့ဒီစာကိုသတင်းစာအချပ်ပိုလိုမျိုးကွန်မန့် အပိုလို့ သတ်မှတ်ပြီးထားလိုက်တော့နော။ နို့ မို့ ရင် 38comments ဖြစ်တော့မှာလေ။
    အိုင်အိုရာ

    ReplyDelete
  38. 39 comments ဖြစ်ဖို့ လာခဲ့ပါတယ်ရှင်

    မွေးနေ့မှရယ် မဟုတ်ပါဘူး.....
    ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြည်လင်အေးချမ်းနိုင်ပါစေနော်..။

    ချစ်ခင်လျှက်....

    ReplyDelete