14 March 2012

ပြန်ရောက်ပါပြီ...


အားလုံးပဲ မင်္ဂလာပါ၊ ကျနော်မြန်မာပြည် ခရီးစဉ်ကနေ မနေ့က ပြန်ရောက်ပါတယ်၊ စုစုပေါင်း ၂၄ ရက် နေခဲ့တယ်၊ အားလုံး ချောချောမောမောပါပဲ..၊ ကြုံတွေ့မှတ်သား လာတာတွေ နဲ့အတူ ဓါတ်ပုံတွေလည်း အများကြီး ရိုက်လာခဲ့တယ်..၊ ဒီလောက်ဆိုရင် ရှေ့လျှောက် ကျနော်တင်မယ့် ပို့စ်တွေဟာ ဘာအကြောင်းဖြစ်မလဲလို့ ခန့်မှန်းလို့ ရနေလောက်ပါပြီ...၊း)

ကျနော် မြန်မာပြည်မှာ ရှိနေတုန်း Schedule နဲ့တင်ခဲ့တဲ့ မွေးနေ့ပို့စ်လေးမှာ မွေးနေ့ဆုတောင်း၊ နှုတ်ခွန်းဆက်ကြတဲ့ ညီအစ်ကို၊ မောင်နှမတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ ကိုယ့်ဘလော့ဂ်လေးကို အချိန်ရခိုက်လေးမှာ ပြန်ဝင်ကြည့်တုန်း ခပ်နှေးနှေးကွန်နက်ရှင်ရဲ့ အဆုံးမှာ တစ်ခုပြီးတစ်ခု ပေါ်လာတဲ့ အဲဒီကွန်မန့်လေးတွေဟာ တကယ့်ကိုပဲ ကြည်နူးစရာပါ၊ ၃၇ ဒီဂရီဆိုတဲ့ အပူချိန်ကိုတောင် မေ့သွားစေလောက်အောင် အေးမြတယ်ဆိုရင် ပိုတယ်လို့ မယူဆ စေချင်ပါဘူး..၊

ဒီနေ့ပဲ အလုပ်ပြန်ဝင်တာမို့ လာမယ့်ရက်တွေမှာ ဓါတ်ပုံတွေကို စီစဉ်ပြီးတာနဲ့ တဖြည်းဖြည်းချင်း တင်သွားဖို့ စိတ်ကူးရှိပါတယ်၊ ဒီပို့စ်လေးနဲ့အတူ ခဏတာ ဝေးခဲ့တဲ့ ဘလော့ဂ်ရေးသူ၊ ဘလော့ဂ်ဖတ်သူ ညီအစ်ကို၊ မောင်နှမ အားလုံးကို ပြန်လည် နှုတ်ဆက်ပါတယ်...။


ညီလင်းသစ်
၁၄ မတ်၊ ၂၀၁၂

30 comments:

  1. ပြန်ရောက်ပြီလား။ အတွေ့ အကြုံတော့ ဖတ်ဖို့ စောင့် နေပါတယ်။

    ReplyDelete
  2. လပြည့်ရိပ်March 14, 2012 at 3:26 PM

    အော်.. မြန်မာပြည်ကို ပြန်သွားတာလား... ဘလောခ့်တွေကို သေချာမဝင်မိတော့ အကို့သတင်းတွေကို မသိလိုက်ဘူး. နောက်တင်မယ့် ပိုစ့်တွေကို ရင်ခုန်စွာနဲ့ စောင့်နေမယ်။

    နောက်ကျပေမယ့် လက်ခံမယ်ထင်ပါတဲ့ Happy Birthday ပါ Bro....

    ReplyDelete
  3.ဲမြန်မာပြည်မှာ အတော်လေး ပျော်ခဲ့မယ်ဆိုတာ သေချာသလောက်ဘဲ.
    ကိုညီလင်းသစ်လက်ရာ ဓာတ်ပုံကောင်းတွေ တွေ့ရဦးတော့မှာပေါ့နော်။
    အများကြီးဖတ်ဖို့ ကြည့်ဖို့ မျှော်လင့်နေပါတယ်ရှင်

    ReplyDelete
  4. အကိုညီလင်းသစ်ကမြန်မာပြည်ပြန်နေတာကို
    ပြန်ချင်လိုက်တာ ဓာတ်ပုံလေးတွေစောင့်မျှော်နေပါမယ်ရှင်

    ReplyDelete
  5. ကိုညီလင်းရေ
    ကြည့်ဖို့ဖတ်ဖို့စောင့်နေပါတယ် မြန်မြန်လေးနော်
    မိသားစုပုံလေးနဲ့သားလေးပုံပါတင်ပါဦး
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  6. တိတ်တိတ်လေး လာသွားတယ်လား
    မန်းလေးခရီးစဉ်ရောပါလားဗျို့


    ခင်မင်တဲ့
    seesein

    ReplyDelete
  7. မ,ရှင်လေး ...
    ဟုတ်ကဲ့၊ ပြန်ရောက်ပါပြီ...၊

    ညီမလပြည့်ရိပ် ...
    ကျေးဇူးပါ ညီမရေ၊ Better late than never လို့လည်း ဆိုကြတယ် မဟုတ်လား..၊း)

    မချော ...
    ဟုတ်..၊ ပျော်တယ်ဗျ၊ ကျနော်လည်း အမြန်ဆုံး တင်ပါ့မယ်၊း)

    ချစ်စံအိမ် ...
    တတ်နိုင်သလောက်တော့ ရိုက်ခဲ့တယ်ဗျ..၊ လာမယ်နော်၊

    တောင်ကြီးက မစံပယ် ...
    ကောင်းပါပြီဗျား၊ သူတို့လည်း ပါဖို့များပါတယ်..၊း)

    မ,စည်းစိမ် ...
    သိပ် တိတ်တိတ်ဆိတ်ဆိတ်တော့ မဟုတ်ရ ပါဘူးဗျာ၊ ကျနော်လည်း တတ်နိုင်သလောက် ကြေညာသွား ပါတယ်၊း) ဒီတစ်ခေါက်တော့ မန္တလေးက အလှမ်းဝေး နေခဲ့တယ်ဗျာ..၊း(

    ReplyDelete
  8. ပြန်ရောက်ပြီလား အစ်ကို... အစ်ကို ပြန်မျှဝေမယ့် အတွေ့ အကြုံလေးတွေကို စောင့်နေပါတယ်... ဓာတ်ပုံကောင်းလေးတွေကိုလဲ ကြည့်ဖို့  မျှော်နေမိတယ်...

    ReplyDelete
  9. Waiting to read your coming blogs and photos!
    best wishes
    HH

    ReplyDelete
  10. ကဲ..ဒါ့ပုံတွေသာ မြန်မြန် တင်ပါအကိုရေ

    ReplyDelete
  11. ဓာတ်ပုံတွေနဲ့တွဲတင်မဲ့ ပြည်တော်ပြန်ခရီးပို့စ်လေးကို မျှော်နေမယ်နော်...း))

    ReplyDelete
  12. Wellcome Back ကိုညီလင်း..

    ပိုစ့်အသစ်တွေ စောင့်နေတယ်...း)))

    ReplyDelete
  13. ဟဟဟ ငါ့အကိုကပြည်တော်ပြန်နေတာကိုးးး

    အိုးးးဟိုးးးဒါ့ကြောင့်ကိုးးးး

    ReplyDelete
  14. ပျော်စရာကြီး အများကြီးဖတ်ရတော့မယ်
    မြန်မြန်ရေးပါဗျို့

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  15. ကိုယ့်ရပ်ဌာနေကိုအလည်တစ်ခေါက်ရောက်ခဲ့ပြီဆိုတော့
    ကိုယ်စိတ်နှစ်ပါးပြန်လည်လို့အားသစ်တွေလောင်းခဲ့ပြီပေါ့
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. အားမနာတမ်းသာတင်ပေတော့ဗျို့ ။
    ဒီကလည်းအားမနာတမ်းကိုစောင့်ဖတ်တော့မှာ။
    ဓါတ်ပုံတွေကိုလည်းသိပ်ကြည့်ချင်နေပြီ။
    အားလုံးအဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်။
    အိုင်အိုရာ

    ReplyDelete
  17. မြန်မာပြည်ဒါ့ပုံ ကောင်းကောင်းလေးတွေ စောင့်နေမယ်

    ReplyDelete
  18. welcome back ပါ...။ မြန်မာပြည်ပြန်လာတာ မတွေ့လိုက်ရဘူး ကိုညီလင်းသစ်ကို...။ စာအသစ်တွေ ပုံတွေကိုမျှော်နေပါ့မယ်...။

    ReplyDelete
  19. အကိုနဲ့ ကျွန်တော်နဲ့ က မြန်မာပြည်ကိုမီးဝင်မီးထွက်ဖြစ်
    သွားတာကိုဗျ....၊အကိုမြန်မာပြည်ရောက်ပြီး တပတ်လောက်ကြာတော့ ကျွန်တော် စလုံးပြန်ရောက်နေ
    ပြီလေ...၊ဖုံးနံပတ်ရှိရင်လည်းကောင်းသားဗျနော်....၊
    စကားစမြီလေးပြောရတာပေါ့ဗျာ...၊ဓာတ်ပုံတွေအများ
    ကြီးရိုက်ခဲ့တယ်လား....၊ပျော်စရာကြီး....၊သားသားလေး
    ပုံတစ်ပုံလောက်တော့တင်ပေးနော်အကို...၊မြန်မာဝတ်စုံ
    လေးပေးဝတ်ဖြစ်ရင်၊အဲ့ဓာတ်ပုံလေးကြည့်ချင်လို့.....:)))

    ReplyDelete
  20. ပြန်ရောက်ပြီပေါ့ ကိုညီလင်းသစ်။ ဇွန်တော့ စာမေးပွဲတစ်ခုအတွက် စာကြည့်ရမှာမို့ တစ်လလောက်တော့ ပျောက်နေဦးမယ်။ စာမေးပွဲမှ ပုံတွေလာကြည့်မယ်နော်။

    ReplyDelete
  21. မောင်မျိုးMarch 15, 2012 at 1:49 PM

    အစ်ကို နေကောင်းတယ်မှတ်လားး

    ReplyDelete
  22. ဒါကြောင့် ပျောက်ချင်းလှလှနဲ့ ပျောက်နေတာကိုးးး
    စာတွေ ပုံတွေ စောင့်ဖတ်နေပါမယ်း))

    ReplyDelete
  23. ပြန်ရောက်လောက်ပြီထင်လို့လာချောင်းတာ အတော်ဘဲ ။ ပြန်သွားတယ်ဆိုလို့ မနာလိုလိုက်တာနော် ဒါပေမယ့် ပျော်ပါတယ် ညီလင်းလက်ရာ ဓါတ်ပုံကောင်းကောင်းတွေ ကြည့်ရတော့မှာမို့ ရန်ကုန်တော့ ပါပါစေနော် :)) အားလုံး နေကောင်းကြရဲ့ လား ... ။

    mie nge

    ReplyDelete
  24. Welcome back ! ( seem like i'm staying at europe, lol)

    ReplyDelete
  25. Welcome back......Ko Nyi
    Glad to know that your trip was smooth.I am busy with preparing for same trip.Ready to look at your photoes.
    GD

    ReplyDelete
  26. မတွေ့လိုက်ရတာ စိတ်မကောင်းဘူး ကိုညီလင်းရေ ...
    အခြေအနေအရမို့ ...

    ReplyDelete
  27. လင်းခန့် March 16, 2012 at 6:17 PM

    ကိုညီရေ
    ခုလိုခရီးစဉ်တစ်ခုလုံးအဆင်ပြေချောမောတယ်
    ကြားရတာအရမ်းပဲဝမ်းသာပါတယ်ဗျာ။
    စကားမစပ် ကိုညီတင်မဲ့ပိုစ့်တွေမျှော်နေပါတယ်။
    ပုံလေးတွေနဲ့ ဝေေ၀ဆာဆာတင်ပေးနော်အကို။

    ReplyDelete
  28. Welcome back bro.
    Will be looking forward to your posts.
    :)

    ReplyDelete
  29. လာထား..မြန်မာပြည်အလွမ်းပြေ ဓာတ်ပုံတွေကို စောင့်ဖတ်နေမယ်နော် ကိုညီရေ

    ReplyDelete
  30. ok, waiting for the interesting post.


    rgds/nang myint

    ReplyDelete