26 December 2012

Goodbye 2012...


မကြာခင် ရက်ပိုင်းအတွင်းမှာ ၂၀၁၂ ဟာ တကယ်ပဲ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်၊ မနှစ်တုန်းက ဒီလိုအချိန်မှာ စကားပြော ဗီဒီယိုလေးတစ်ခု တင်ခဲ့သလို အခုလည်း နှုတ်ဆက်တဲ့ အထိမ်းအမှတ်နဲ့ တင်လိုက်ပါတယ်၊ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ ဇော်ဂျီနဲ့ ယူနီကုဒ်တို့ရဲ့ အားစမ်းပွဲ ပဋိပက္ခကြောင့် မြန်မာဖောင့်ကို မသုံးဘဲ အသံသက်သက်နဲ့ပဲ စမ်းသပ်တဲ့ဗီဒီယိုလေး လုပ်ဖြစ်ခဲ့တယ်၊ အခု ဒီနှစ်မှာတော့ အဲဒီအစဉ်အလာလေးအတိုင်း ၂၀၁၂ တစ်နှစ်လုံးမှာ ကျနော်ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေထဲက အဆင်ပြေရာကို ရွေးထည့်ပြီး Slideshow ဓါတ်ပုံပြပွဲ သဘောမျိုးလေး လုပ်တဲ့သဘောပါပဲ၊ စကားမစပ် အခု ဒီဗီဒီယိုလေးကို Lightroom 4 ရဲ့ Slideshow function ကို စမ်းသုံးကြည့်ပြီး လုပ်ထားတာပါ၊ တကယ်တမ်းမှာ ဗီဒီယိုကို convert လုပ်လိုက်တော့ အထဲမှာ သုံးထားတဲ့ ဓါတ်ပုံတွေရဲ့ အရည်အသွေးက အတော်လေးကို ကျသွားတာ တွေ့ရတယ်၊ ဒီ function ကို ပထမဦးဆုံး စမ်းသုံးတာဖြစ်လို့ တစ်နေရာရာမှာ setting တစ်ခုခု မှားနေတာလည်း ဖြစ်နိုင်ပါတယ်၊ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီရက်ပိုင်းတွေမှာမှ မအားမလပ် ဖြစ်နေတာနဲ့ ဒီဗီဒီယိုလေးကို စိတ်တိုင်းကျ မလုပ်နိုင်ခဲ့သလို ပြန်ပြင်ဖို့လည်း အချိန်မရတော့လို့ ဒီအတိုင်းပဲ တင်လိုက်ရပါတယ်၊ အဲဒါကြောင့် အရည်အသွေး သိပ်မကောင်းတဲ့ ဓါတ်ပုံတစ်ချို့များ တွေ့မိရင် မသိချင် ယောင်ဆောင်ပြီးတော့သာ ကြည့်သွားပါတော့လို့...၊း) (နဂိုကတည်းက ရေးဖို့ ရည်ရွယ်ထားချိန်မှာ ညီမ Blackroze က တဂ်လိုက်တာကြောင့်လည်း ပိုပြီး လုပ်ဖြစ်သွားပါတယ်..)





ဗီဒီယိုဖိုင်တွေ တင်တိုင်း ကွန်နက်ရှင်ကြောင့် ကြည့်ဖို့အဆင်မပြေမယ့် သူတွေကို ကျနော် အားနာမိပါတယ်၊ အဲဒါကြောင့် တတ်နိုင်သလောက် အောက်မှာ အသံဖိုင်တစ်ခုကိုလည်း တင်လိုက်ပါတယ်...၊




ဒီနှစ် နှစ်သစ်ကူးမှာတော့ ကျနော်တို့ လန်ဒန်မှာ ရှိနေမှာဖြစ်လို့ ဒီပို့စ်လေးက ၂၀၁၂ အတွက် နောက်ဆုံးပို့စ်လေး ပါပဲ၊ ဗီဒီယိုနဲ့လည်း နှုတ်ဆက်ခွင့်မရ၊ အသံဖိုင်နဲ့လည်း ပြောခွင့် မကြုံတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုတော့ ဟောဒီ စာကြောင်းတွေနဲ့ပဲ နှုတ်ဆက်လိုက် ပါတယ်...၊ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် အားလပ်ရက်များနဲ့ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ခင်ဗျား...။



ညီလင်းသစ်
၂၅ ဒီဇင်ဘာ၊ ၂၀၁၂

30 comments:

  1. Joyeux Noël et Bonne année 2013

    ညီ

    ReplyDelete
  2. SUPER LIKE Brother !
    Happy New Year :)

    ReplyDelete
  3. မောင်မျိုးDecember 26, 2012 at 2:39 AM

    မင်္ဂလာနှစ်သစ်ပါ အစ်ကိုး)

    ReplyDelete
  4. ၂၀၁၂ ကမ္ဘာလေးကို ဝမ်းနည်းစွာ နှုတ်ဆက်ရင်း ၂၀၁၃ ကမ္ဘာလေးကို နွေးထွေးစွာကြိုဆိုပါတယ်။
    အိုင်ဒီယာကောင်းလေးမို့ ဗွီဒီယိုဖိုင်လေး အလွတ်ခံလို့ဖြစ်ဘူးလေနော်း)ရှုခင်းနဲ့ ရိုက်ချက်တွေ စနစ်တကျလေးနဲ့ကောင်းပါ့။
    အဖေတူသားမို့ ကင်မရာကိုစိတ်ဝင်စားတယ် :P
    နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြတဲ့ မိသားစုလေးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မိုက်တယ် မိုက်တယ် ကိုညီလင်းသစ် ဓာတ်ပုံလေးတွေကို အခုလိုတနှစ်စာ စုစည်းပြီး မှတ်တမ်းတင်ထားတာ တကယ်ကောင်းတဲ့ အိုင်ဒီယာပဲ။ ကျွန်မလည်း လုပ်တတ်အောင်သင်ပြီး နောက်ဆိုအဲလိုပဲ လုပ်ထားရမယ်။ နှုတ်ဆက်စကားလေး နွေးထွေးအသက်ဝင်ပါတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်ကျော်ပြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  6. video file ကြည့်ရင် ရုတ်တရက် မြွေအပြုံလိုက် တွေ့လိုက်ရလို့
    နဲနဲတောင် လန့်သွားတယ် ..း-))
    အကုန်ကြည့်လို့ကောင်းသလို အသံလည်း နားထောင်လို့ကောင်းတယ် ..

့2013 မှာ 2012 ထက်ပိုပြီး စာများများရေးနိုင်၍ပျော်ရွှင်နိုင်ပါစေ .း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. နှစ်ဟောင်းကို နှုတ်ဆက်ရင်း နှစ်သစ်မှာပျော်ရွှင်စွာ
    စာပေတွေအတူတကွရေးသားကြတာပေါ့ဗျာ ။

    ReplyDelete
  8. ဓါတ်ပုံတွေအများကြီးကိုနောက်ခံအသံကြည်ကြည်လေးနဲ့ 
    ကြည့်ရတာလည်းအရသာတစ်မျိုးဘဲ။ ကျေးဇူးပါ။
    ပျော်ရွှင်ပါစေနှစ်သစ်များစွာမှာ။
    အိုင်အိုရာ

    ReplyDelete
  9. Merry Xmas & Happy New Year ပါအစ်ကို...။ အစ်ကိုတို့မိသားစု အင်္ဂလန်မှာ နှစ်သစ်ကို ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းနိုင်ပါစေ..။ ပုံတွေနဲ့အသံဖိုင်တွေကိုကြိုးစားကြည့်လိုက်ပါဦးမယ်..။

    ReplyDelete
  10. Same to you and your family, Ko NLT! Looking forward to read about your trip to London as well.

    ReplyDelete
  11. မင်္ဂလာနှစ်သစ်ပါ အစ်ကို
    ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကူးရက်များဖြစ်ပါစေ :)
    ဗီဒီယိုဖိုင်လေးကို သဘောတကျ ကြည့်သွားပါတယ်ရှင်..။

    ReplyDelete
  12. မိသားတစုလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..အသံဖိုင်နဲ့ ဗွီဒီယိုကလစ်တော့နားဆင်ဖို့၊ ကြည့်ဖို့ ကျိုးစားနေဆဲပဲဗျာ...2012 မကုန်ခင်တော့ ရမယ်ထင်ပါရဲ့...ဗမာပြည်မှာတော့ အ၀ိုင်းပြေး အ၀ိုင်းလည် ခေတ်...တပတ်ပြီး တပတ် တကျော့ပြီး တကျော့ လည်လို့မဆုံးနိုင်သေးလို့..... အလည်တွေဝိုင်းဝိုင်းလည်နေတဲ့အလည်တွေကြားမှာ မျက်လုံးလေးပြူး ခေါင်းလေးစောင်းပြီး စောင့်ကြည့်နားသောတဆင်ပါ့မယ်ဗျာ....
    ဆရာညီတို့ တမိသားစုလုံး ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ.....။


    ခင်မင်တဲ့
    seesein

    ReplyDelete
  13. ဓာတ်ပုံတွေကြည့်ပြီး ပြောနေတာ နားထောင်နေတုံး အစ၄ ပုံလောက်မှာ ချဉ်ပေါင်ကြော်ပန်းကန်မြင်ပြီး သွားရည်တွေ စိမ့်ထွက်လာ....။

    စာရေးတာလည်း ရည်မွန်ပြီး စကားကိုလည်း ရည်ရည်မွန်မွန်ပြောတတ်တဲ့ ကိုညီလင်းသစ်ကို အားကျမိပါတယ်..။

    ပျော်ရွှင်သော ခရစ်စမတ်နဲ့ ချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်ပါစေ....။

    ရီဒါကနေ အသစ်တက်တိုင်းဖတ်ဖြစ်ပေမယ့် ဘလော့ကို တစ်ခါတလေမှရောက်လာတတ်သူ.. ကောမန့်ချန်ခဲသူ ပိတ်သတ်တစ်ဥ

    စင်စင်

    ReplyDelete
  14. မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ခင်ဗျာ

    ReplyDelete
  15. မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ကိုညီရေ..လန်ဒန်ဓာတ်ပုံတွေ မျှော်နေတယ်နော့..

    ReplyDelete
  16. မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ် မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ။

    ReplyDelete
  17. မင်္ဂလာ နှစ်သစ်မှာ ချစ်စရာကောင်းသော သားသားကလေးနဲ့ အတူ ပျော်ရွှင်ဖွယ်ရာသော မိသားစုဘ၀ကို ရှေ့ ဆက် ချီတက်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ကိုညီရေ..........။။ ဓါတ်ပုံတွေကိုရော အသံပို့ စ်ကိုရော နားဆင် ကြည့်ရှု ကျေနပ်ခဲ့ ပါတယ်........။။ ရှေ့ ဆက်ပြီးလည်း အများကြီး ဖန်တီးနိုင်မယ်လို့  ယုံကြည်ပါတယ်....။။
    ဓါးတစ်လက်ရဲ့ လေးနက် တည်ကြည် ထက်မြ မှု လို.. သန့် ရှင်း ကြည်စင်တဲ့  ၀တ်ရုံလွှာလို......စိတ်အင်အားမျိုးတွေနဲ့ ....2013 ကို ဖြတ်သန်းကြည့်ချင်ပါသေးတယ်.......။။။

    ReplyDelete
  18. နှစ်သစ်ကို ပျော်ရွှင်ခြင်းတွေနဲ့ လျှောက်လှမ်းကြရအောင် အကို ညီလင်းသစ် အသံဖိုင်လေး သေချာနားထောင်သွားပါတယ်..

    ReplyDelete
  19. ကျွန်မလည်း ဓာတ်ပုံတွေကို ProShow နဲ့ ခုလို ဆလိုက်ရှိုးလုပ်တော့ ပုံကွာလတီက တော်တော်လေး ကျပါတယ်။ အဲဒီလိုဘဲ ဖြစ်တတ်တယ် ထင်ပါတယ်..
    ကိုညီလင်းသစ်ပုံတွေက နဂိုကလည်း တော်တော်လေးကောင်းတော့ ခုတောင် ကြည့်ရတာ တော်တော်အဆင်ပြေပါတယ်။
    နှစ်သစ်မှာ ပျော်ရွှင်စိတ်ချမ်းသာခြင်းတွေနဲ့ အရာရာပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေရှင်..

    ReplyDelete
  20. ကြည်နူးနှစ်သက်ဖွယ် မင်္ဂလာနှစ်သစ်ပါအကို.....၊အကိုက
    သာ ပုံတွေ အရည်အသွေးကျသွားတယ်ပြောနေတာ...၊
    သိပ်ကြည့်လို့ကောင်းတဲ့ ဓာတ်ပုံတွေပါပဲအကိုရ...၊ကျွန်
    တော်တော့ ပုလင်းသုံးလုံးပုံကို သဘောအကျဆုံးပဲ....၊
    ဝိုင်ပုလင်းတွေထင်လို့..... :)))))

    ReplyDelete
  21. နှစ်သစ်မှာစိတ်ဧ။်ချမ်းသာချင်း ကိုယ်ဧ။်ကျမ်းမာချင်း တို.နှင်.အမြဲပြည်.စုံနိုင်ပါစေ။
    စာချစ်သူ(canada)

    ReplyDelete
  22. ကွန်နက်ရှင်တွေ မကောင်းလို့ ခုမှပဲ ဗီဒီယိုဖိုင်လေး ကြည့်လို့ရတယ် ကိုညီလင်းရေ ... ။
    ဒါတောင် နားနားပြီး ကြည့်ရတာ။
    မအိမ်သူနဲ့ သားသားပုံကျတော့ သေချာပြပြီး ထုံးစံအတိုင်း ကိုညီလင်းကတော့ ၀ိုးတ၀ါးပဲနော်။ :)
    ကင်မရာလေးနဲ့ သားသားပုံကလဲ ချစ်ဖို့ ကောင်းလိုက်တာ ... ။ ဓာတ်ပုံတွေ အားလုံးကလဲ ပြောစရာမရှိအောင် ကောင်းတယ်။
    ဘိလပ်မှာ မဆုံလိုက်ရတာကိုတော့ စိတ်မကောင်းပါဘူး။
    မည်သို့ပင် ဖြစ်စေ .... ၂၀၁၂ ကို ငြိမ်းချမ်းစွာ နှုတ်ဆက်ရင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ၂၀၁၃ ကို ကြိုဆိုနိုင်ပါစေရှင် ...

    ReplyDelete
  23. Goodbye 2012 and Hello 2013!

    Pls say 'Hi' to London on behalf of me.

    Enjoy your days in London! :)

    ReplyDelete
  24. အကိုရေ
    2012 ကိုတော့ နှုတ်ဆက်ပြီးပြီ
    2013ကိုကြိုဆိုကြတာပေါ့ရှင်..
    Video file လေးကတော့
    ပြောစရာမရှိလောက်ကို ပြည့်စုံလှပါတယ်အကို

    ReplyDelete
  25. ကျနော့်အတွက်တော့ ၂၀၁၂က ပြီးဆုံးကာနီးမှ အရမ်းကိုသဘောကောင်းပြနေလေရဲ့.....။ ကိုညီလင်းသစ်ပြောသလိုပဲ ကမ်ဘာမြေနဲ့အတူ ကျနော်တို့တွေအားလုံး မရပ်တန့် မပျက်ဆီးပဲ မနက်ဖြန်များစွာဖြတ်သန်းရဦးမယ်။ ဖန်တီးထားတဲ့ဗွီဒီယိုဖိုင်လေးနဲ့ အကို့အသံအေးအေးလေးကိုလည်း နှစ်သက်မိပါတယ်။ အထက်ကတစ်ယောက်မန့်သွားသလို အကြိုက်ဆုံးပုံကတော့ ချဉ်ပေါင်ကြော်ပုံပဲ ထင်တယ်။ :P
    Happy New Year ပါ အကို။
    (လီယို)

    ReplyDelete
  26. ဗီဒီယိုဖိုင်လေး ကြည့်ရင်း တစ်နှစ်တာလုံး ခြုံကြည့်လိုက်တာ မသိလိုက်သလိုပါပဲလားအကို....ဒီလိုနဲ့ပဲ 2012 ကို တစ်ကယ် နှုတ်ဆက်လိုက်ရတော့မယ် .... မင်္ဂလာ နှစ်သစ် အခါသမယ ပါအကိုရေ.... :)

    ReplyDelete
  27. အကိုရေ..သေချာစိတ်ရှည်ရှည်နဲ့ စောင့်ပြီးကြည့်မှရတယ်ဗျို့..မောထှာ..ဒါပေသိ..အမောပြေအိ..အကို့ရိုက်ချက်တွေ ကောင်းသဗျို့...အသံလေးကလဲ နားထောင်လို့ကောင်းထှာ....:)
    နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေရှင်....

    ReplyDelete
  28. လပြည့်ရိပ်December 30, 2012 at 11:39 PM

    ပျော်ရွှင်သော နှစ်သစ်ကို လျှောက်လှမ်းနိုင်ပါစေ အစ်ကို..

    ReplyDelete
  29. လပြည့်ရိပ်December 30, 2012 at 11:43 PM

    ဗီဒီယိုဖိုင်လေးကို ဒုတိယအကြိမ် ပြန်ကြည့်မိနေရင်း အကို့သားလေးက တော်တော်ချစ်စရာကောင်းတာ သတိထားမိတယ်။ ကိုက်ဆွဲချင်စရာလေး .. :) ကျွန်မက ကလေးတွေကို ချစ်ရင် ကိုက်ဆွဲတတ်တယ် .. :)

    ReplyDelete
  30. Happy New Year ပါဗျာ
    N/A

    ReplyDelete