17 February 2013

တွယ်ငင်တိုးရစ် သုံးဆယ့်ရှစ်...


ဘာလိုလိုနဲ့ တစ်နှစ်တော့ ရောက်လာခဲ့ပြန် ပါပြီ...၊ မနှစ်က ဒီလိုရက်ရဲ့ မနက်ခင်းမှာ ရန်ကုန်လေဆိပ်ကို ရောက်တာမှတ်မိတယ်..၊ အဲဒီလို မရောက်,ရောက်အောင် ချိန်ပြီးသွားခဲ့တာမို့ အမှတ်တရ ပါပဲ..၊ ဒီတစ်နှစ်မှာတော့ မနှစ်ကလို ချိန်သားကိုက် မဟုတ်ပေမယ့် အဲဒီလိုပဲ အမှတ်တရဖြစ်မယ့် (ဖြစ်မယ်လို့ မျှော်လင့်ထားမိတဲ့) ခရီးလေးတစ်ခုတော့လည်း သိပ်မကြာခင်မှာ ရှိပါတယ်၊ ကိုယ် လူ့လောကကို ရောက်လာတဲ့ ရက်တစ်ရက်ကို အမှတ်တရအဖြစ် ချစ်ခင်လေးစားရသူတွေနဲ့ ဆုံစည်းဖို့ စီစဉ်နိုင်တဲ့ အတွက် ကျနော် ကျေနပ်မိပါတယ်..၊း)

ပြက္ခဒိန် တစ်စောင်စာတိတိ ကွာသွားတဲ့ အတွင်းသဏ္ဍန်ကတော့ ကြီးရင့်လာသလားဆိုတာ ကိုယ့်ဟာကိုယ် မသေချာပါဘူး၊ လွန်ခဲ့တဲ့ ၂ နှစ်က ရိုက်ဖူးတဲ့ ဟောဒီကိတ်မုန့်လေး လိုမျိုးတော့ ဒီတစ်ခေါက် မရိုက်ဖြစ်ပါဘူး၊ စိတ်အခြေကလည်း ပြောရရင် အဲဒီတုန်းကလိုပဲ ကော်ဖီသောက်တဲ့ အခြေအနေမှာ ပါပဲ..၊း) ပုထုဇဉ်ပီပီ နှစ်တွေအလိုက် တိုးနှောင်ရစ်တွယ်တဲ့ သံယောဇဉ်တွေ အကြောင်းကိုပဲ ကျနော် တွေးနေမိပါတယ်...။ ။


ညီလင်းသစ်

31 comments:

  1. HAPPY BIRTHDAY.... KO NYI!

    ReplyDelete
  2. ကိုညီ ....
    ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေ။

    ReplyDelete
  3. လပြည့်ရိပ်February 17, 2013 at 1:33 AM

    Happy Birthday Brother...

    ReplyDelete
  4. Happy Birthday Brother! တိမ်ပြာ(မနောမြေ)

    ReplyDelete
  5. မိသားစုနဲ့ ထာဝရပျော်ရွှင်ပါစေ။
    အိုင်အိုရာ

    ReplyDelete
  6. ကိုညီလင်း

    ရှစ်ဂဏန်းသမားအတူတူချင်း ဟိုင်းဖိုင်းဗျာ

    ညီ

    ReplyDelete
  7. တွယ်ငင် တိုးရစ်
    သုံးဆယ့်ရှစ်မှာ
    အမုန်းထွက်လွင့်စေ
    အရှုံးပျက်ရစ်စေ
    အပြုံးဆက်သစ်ဝေ ... ပါစေသတည်း ... ။

    ReplyDelete
  8. Happy Birthday ကိုညီလင်း...
    တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးလာကြဘီနော်... ဟီးဟီး...

    ReplyDelete
  9. Happy Birthday!!
    May all happy returns!!
    -m

    ReplyDelete
  10. happy birthday ပါ ကိုညီလင်းသစ်...။
    အရင်တစ်နှစ်က Modern Cake နဲ့ သူ့ meaning တွေက လေးနက်တယ်.. :) ဒီတစ်နှစ် ကိတ် မလုပ်ဖြစ်ဖူးလား...

    ReplyDelete
  11. Happy Birthday Ko Nyi Linn Thit !!!
    Wishing you all the best today and throughout the coming many years !

    ReplyDelete
  12. HAPPY BIRTHDAYပါဗျာ....
    ခေါင်းစဉ်လေးက လှလိုက်တာ ။

    ReplyDelete
  13. ကြည့်ပါဦး.....လူ့ဘဝစဖို့ ၂နှစ်တောင်လိုသေးတာပဲ...:)
    မွေးနေ့မှာ ပျော်ရွင်ပါစေအကို........

    ReplyDelete
  14. ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာရက်မြတ်ပါ မောင်ညီလင်း။
    လူသားတိုင်းမှာ အမှတ်တရ ဖြစ်ရပ်လေးတွေ ကိုယ်စီရှိကြသလို အဲ့ဒီအမှတ်တရလေးတွေဟာ တစ်ဘ၀စာအတွက် မမေ့မပျောက်ခိုင်မာတတ်ကြတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. Wishing you a Very Happy Birthday..
    Ko Nyi Linn
    -Nyi Ma War So

    ReplyDelete
  16. Happy Birthday!!!

    ပျော်ရွှင်စရာ မွေးနေ့မင်္ဂလာပါ ကိုညီ…

    ဆု

    ReplyDelete
  17. ပျော်ရွှင်မင်္ဂလာရှိသော မွေးနေ့ဖြစ်မယ်လို့ ယုံကြည်ပါတယ် အစ်ကို။း)

    ဆုမွန်ကောင်းများစွာဖြင့်
    ညီမလေးဇွန်

    ReplyDelete
  18. Happy Birthday Ko Nyi!

    nyi ma lay

    ReplyDelete
  19. အကိုရေ....ဒီနေ့က အကို့မွေးနေ့လားဟင်...
    ညလေးသိရလို့ ၀မ်းသာမိပါတယ်....အရင်နှစ်ကပို့စ်
    လေးတွေလဲ တလက်စတည်းဖတ်သွားတယ်နော်....
    ညလေးအတွက်တော့ အသစ်ပေါ့......
    ၃၈ နှစ်လား ?
    တကယ့်ကို အရွယ်ကောင်းပါပဲ....:)))
    ဟုတ်တယ်ဟုတ် :P
    မြှောက်ပေးနေပြန်ပြီ......:D
    ယခု ၃၈နှစ်မြောက်မွေးနေ့မှသည် နောင်လာမဲ့
    မွေးနေ့ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ
ိကိုယ်ကျန်းမာလို့ လိုရာဆန္ဒတွေပြည့်ဝပါစေ
    အကိုတော်ရေ....
    ခင်မင်လေးစားလျက်...မိုးနတ်

    ReplyDelete
  20. မယုယမွန်၊ မဘေဘီ၊ ညီမလပြည့်၊ မနောမြေကတိမ်ပြာ၊ မအိုင်အိုရာ၊ ညီ၊ မမေ၊ အစ်မသက်ဝေ၊ -m, johnmoeeain, ညီမလရိပ်၊ ကိုလွင်ပြင်၊ ကိုညိမ်း၊ တီတင့်၊ ညီမဝါဆို၊ ဆု၊ ညီမလေးဇွန်၊ nyi ma lay, ညီမမိုးနတ်....

    ကျနော့်ရဲ့ မွေးနေ့အမှတ်တရ ထားခဲ့တဲ့ နှုတ်ဆက်စကားတွေ၊ ခြွေခဲ့တဲ့ ဆုမွန်တွေ၊ စပ်ခဲ့တဲ့ ကဗျာလေးတွေ.. အားလုံး၊ အားလုံးအတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ..၊ အဲဒီ ချစ်ခြင်း မေတ္တာတွေ၊ အသိအမှတ်ပြုမှုတွေသာ မပါခဲ့ဘူးဆိုရင် ဖေဖော်ဝါရီ ၁၇ ဟာ ကျနော့်အတွက် ဘယ်လိုမှ အရောင်တောက်နိုင်ခဲ့မှာ မဟုတ်ပါဘူး၊ အခုတော့ ပျော်ရွှင်ခြင်း ကောင်းကင်ထက်မှာ အဆုပ်လိုက် ပွင့်သွားခဲ့တဲ့ မေတ္တာပန်းတွေကို ကြည့်ရင်း ချမ်းမြေ့ ရပါတယ်၊ ကျေးဇူးပါလို့ ထပ်ပြောပါရစေ...။

    ReplyDelete
  21. ပျော်ရွှင်သောမွေးနေ့ ကို ကျန်းမာစွာ ဖြတ်သန်းနိုင်ပါ အကိုရေ

    ReplyDelete
  22. မနေ့ကတည်းက သတိရနေတယ် အစ်ကို့မွေးနေ့ကညီမနဲ့တစ်လတိတိပဲခြားတာကိုးး..။ အွန်လိုင်းဒီနေ့မှတက်ဖြစ်လို့ wish လုပ်ဖို့နောက်ကျသွားတာ...။ ကိုညိမ်းပြောသလိုပဲ ဘ၀စဖို့နှစ်နှစ်တောင်လိုပါသေးတယ်လေ...း)
    ဘာပဲဖြစ်ဖြစ် ၃၈ ဆိုတာ တကယ့်အရွယ်ကောင်း နုပျိုခြင်းနဲ့ရင့်ကျက်ခြင်း အလည်ဗဟိုတည့်တည့်နေရာ...။ မိသားစုနဲ့အတူ ဘ၀ခရီးရှည်ကို အေးချမ်းစွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့...။

    ReplyDelete
  23. မေညင်မျိုးFebruary 18, 2013 at 6:09 AM

    အစ်ကို့ကြည့်၇တာ ကျွန်းခရီးစဉ်လေးနဲ့ ပက်သက်ပြီး တော်တော်စိတ်လှုပ်ရှားနေတဲ့ပုံပဲး) ဟွန်း မနာလိုလိုက်တာ

    ပဲများသော အထာကိုင်သော ဆရာကြီးဆန်သော လှုပ်လိလှုပ်လဲ့ နဲ့ စကားတတ်သော သူများနှင့် ဝေးကွာပါစေး)

    ကိုယ်တွေ့တာကို အစ်ကို့ကိုမတွေ့စေချင်လို့ပါ ဘာပဲဖြစ်ဖြစ် စလုံးမှာ သိပ်ချစ်စရာကောင်းတဲ့သူတွေ အချို့ရှိတယ် ။

    ReplyDelete
  24. မွေးနေ့မှာရော အမြဲတမ်းရော ချစ်သောမိသားစုတဲ့အတူ ပျော်ရွှင်ပါစေ..။ ကိတ်မုန့်က ၂၀၁၁ ကနော်.... စိတ်ထဲမှာ မနှစ်ကလို့ဘဲထင်နေတာ... အချိန်ကုန်မြန်လိုက်တာ...။

    ReplyDelete
  25. ပျော်ရွှင်ဖွယ်မွေးနေ့ပါ......

    ReplyDelete
  26. Happy Birthday Ko Nyi Linn..
    May your wish come true!!!

    ReplyDelete
  27. ဒုတိယအကြိမ်မြောက် Happy Birthday ပါအကို...:)
    ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျပါစေလို့... ဆန္ဒပြုရင်း ..
    ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေအကို ...

    ReplyDelete
  28. ထပ်မံ၍ Happy Belated Birthday လုပ်သွားပါတယ် ကိုညီရေ..

    ReplyDelete
  29. မင်္ဂလာမွေးနေ့ပါ ကိုညီလင်းသစ် .....

    ကျွန်တော်နဲ့ တစ်နှစ်လောက် ကွာတာပေါ့။

    ကျန်းမာပျော်ရွှင်နေမယ်လို့၊

    ကျွန်တော် ယုံကြည်ပါတယ်။

    ReplyDelete
  30. ဟတ်ပီးဘတ်ဒေး ကိုညီ..ကျန်းမားပျော်ရွှင်ပြီး စာတွေ အများကြီး ရေးနိုင်ပါစေ..

    ReplyDelete