သူတို့တွေနဲ့ သိတာ ကြာပါပြီ၊ တချို့ကိုဆိုရင် အတော့်ကိုကြာပြီ..၊ စာကြောင်းလေး တစ်ကြောင်းနှစ်ကြောင်း၊ Smiley လေး တစ်ခုနှစ်ခုနဲ့ အစပြုခဲ့တယ်၊ တချို့က ကျနော်ရေးသမျှ ကောင်ကောင်းဆိုးဆိုး စကားလေးတစ်ခွန်း၊ ထင်မြင်ချက်လေးတစ်ခုတော့ လာပေးတတ်ကြတယ်၊ တချို့က တခါတလေ ပျောက်လိုက်၊ တခါတလေ ပေါ်လိုက်နဲ့ လာလာလည်တယ်၊ တချို့တွေကတော့ တိုးတိုးတိတ်တိတ်နဲ့ လာအားပေးလေ့ ရှိပါတယ်...၊
သူတို့တွေကို ကျနော်သိခဲ့တာ ဒီနေ့ဒီအချိန်အထိတော့ ဇော်ဂျီရဲ့ ကျေးဇူးနဲ့လို့ပဲ ဆိုရမှာပါ၊ ဇော်ဂျီဖောင့်ကို အသုံးပြုပြီးတော့ ရေးထားတဲ့ စာကြောင်းလေးတွေက တဆင့် ရင်းနှီးခင်မင်ခွင့် ရခဲ့တယ်၊ မြားနတ်မောင်ဆိုတဲ့ ချာတိတ်ကလေးဟာ သူ့လက်ထဲက မြားကလေးနဲ့ ပစ်လိုက်တိုင်း နှလုံးသားနှစ်ခု ပေါင်းစည်းသွားတယ်လို့ ဆိုရင် အွန်လိုင်းပေါ်က ဇော်ဂျီဟာလည်း သူ့ရဲ့ ဆေးကြိမ်လုံးနဲ့ တို့ပြီး တူညီတဲ့ ရင်ဘတ်တွေကို နီးစပ်စေတယ်လို့ ကျနော် ဆိုချင်ပါတယ်၊ ဟုတ်ပါတယ်၊ များသောအားဖြင့် ဖြူသလား မည်းသလားတောင် မသိရတဲ့ ရင်ဘတ်တွေပါ...၊
အခုတော့ အဲဒီရင်ဘတ်တွေ ရှိရာဆီ ကျနော် သွားတော့မယ်၊ တခါက ရေးခဲ့သလိုပဲ ဒီခရီးစဉ်လေးကို 'ဇော်ဂျီဖြင့်သာ ဆုံခဲ့ဖူးသည့် ဖိုမဝင် မိတ်ဆွေများဆီသို့' လို့ ကျနော့်ဘာသာ နာမည်ပေးထားပါတယ်၊ ဒီနေ့အထိ ဘယ်ဘလော့ဂါကိုမှ ကိုယ်တိုင်ကိုယ်ကျ မဆုံဖူးသေးတဲ့ ကျနော့်အတွက်တော့ ဒီခရီးလေးက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်၊ ဆိုရရင် ဘလော့ဂ်ရေးသူမှ မဟုတ်ပါဘူး၊ စာဖတ်သူတွေနဲ့ ဆုံဖြစ်ရင်လည်း ဝမ်းသာစရာကောင်းမှာ အသေအချာပါ၊ ခြင်္သေ့ကျွန်းကလေးရဲ့ ခပ်စွေစွေ ရွာတတ်တဲ့ မိုးစက်တွေကို ရှောင်ရှားရင်း ဖြစ်ဖြစ်၊ တချက်တချက် သာတတ်တဲ့ နေရောင်ခြည်တန်းတွေ အောက်မှာဖြစ်ဖြစ် ရင်းရင်းနှီးနှီး၊ ခင်ခင်မင်မင်ပေါ့...၊ စင်ကာပူမှာ ကျနော်ရှိတုန်း ဆက်သွယ်ရ လွယ်ကူအောင် prepaid SIM ကဒ်တစ်ခုကိုလည်း ဝယ်ထားခဲ့တယ်၊ နံပါတ်က 8623 1409 ပါ၊ ဖေဖော်ဝါရီ ၂၂ ကနေ ၂၇ အတွင်း ဒီနံပါတ်မှာ ကျနော်ရှိနေမှာပါ၊ ဇော်ဂျီအားကိုးနဲ့ပဲ တချိန်လုံး ဆုံခဲ့ရပေမယ့် ကျွန်းကလေးပေါ်က မိတ်ဆွေတွေဟာ သူယောင်မယ်တွေ မဟုတ်ကြောင်း၊ အပြင်လောကမှာ တကယ်သက်ရှိထင်ရှား ရှိနေကြတဲ့ လူသားတွေဖြစ်ကြောင်း ဘလော့ဂ်ရေးတဲ့ ညီလင်းသစ်က တကယ်အရောက်သွားမယ့် ညီလင်းသစ်ကို ဒီခရီးလေးမှာ သက်သေပြပါ လိမ့်မယ်၊ တနည်းအားဖြင့်တော့ ကျနော့်အတွက် ဒီခရီးစဉ်လေးဟာ A Trip from Virtuality to Reality လို့ပဲ ဆိုချင်ပါတော့တယ်။ ။
ညီလင်းသစ်
၂၀ ဖေဖော်ဝါရီ၊ ၂၀၁၃
အဲဒီ ဖုန်းနံပါတ်ကို ခေါ်လိုက်မယ်.. ဂျာမနီကနေလေ.. :)
ReplyDeleteThe train is running in your heart!
ReplyDelete:)
Nyi
လာမယ်ဆို စောင့်မယ်... :D :D :D
ReplyDeleteစင်္ကာပူမှာ ရှိနေတုန်းကဆိုရင် အပြေးလေး လာတွေ့ မှာ..ခုတော့ တွေ့ ဆုံကြတယ့် သတင်းကို စောင့်ဖတ်တော့မယ်..း)
ReplyDeleteအဲ့ဒီလိုအရေးအသားလေးတွေဟာ ဖတ်သူတွေအတွက် ရင်ကိုစွဲစေတာပေါ့ မောင်ညီလင်းရေ... တီတင့်ပြောခဲ့သလို မြန်မာပြည်မှာ ထရန်စစ်ဆိုရင် လက်တို့လိုက်အုံးနော် ဖုန်းနံပါတ်ပေးထားတယ် :)
ReplyDeleteခရီးစဉ်တစ်လျှောက်ဖြောင့်ဖြူးချောမွေ့ပြီး စာဖတ်သူများ၊ ဘလော့ဂါများနဲ့ ကြည်နူးစွာ ဆုံဆည်းနိုင်သလို မိသားစု စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မနာလိုဘူးဗျို့ )))))
ReplyDeleteသမီး မနာလိုဘူးလို့လည်း ပြောချင်တယ်။
ReplyDeleteဟယ်...အစ်ကို ပျော်နေတာပဲ..ငါ့အစ်ကို၊ အစ်မတွေလည်း ပျော်နေမှာပဲဆိုပြီးလည်း ပြုံးပြုံးကြီးလည်းလုပ်ချင်တယ်။
အစ်ကို ရေးတဲ့စာသားလေးတွေဖတ်ပြီး နည်းနည်းအူပုပ်လို့လည်း လာမိတယ်။
နည်းနည်းအူပုပ်တဲ့ စိတ်နဲ့ အဲ့ဖုန်းနံပါတ်ကို ဘီးဇီးနေအောင် 22 ကနေ တောက်လျှောက်ခေါ်နေရင် ကောင်းမလား စဉ်းစားနေတယ်....ဟီးဟီးးး။
သမီး ကွန်မွန့်က တခြားသူတွေထဲ ပုတ်တိပုပ်စပ်ကြီးများဖြစ်နေမလား..။
နေပစေ..ဖျက်ဘူးးးးးးးးးစ်
:P :P
fb ပေါ်တင်ပါ တွေ့ဆုံပုံလေးတွေကို မြင်ဖူးချင်ပါတယ် အစ်ကို့ကို...း)
ReplyDeletegotta see you very soon! ^_^
ReplyDeleteI could be there at that time also, just Visiting trip. Will see if there a chance.
ReplyDeleteN/A
Welcome to Sg, Ko Nyi Linn :)
ReplyDeleteအဲရက်တွေ ကျွန်တော်မအားဘူးဗျ......အလုပ်ရှုပ်ချင်
ReplyDeleteယောင်ဆောင်ပြီး ပုန်းနေမလို့..... :)))))
တိုးတိုးတိတ်တိတ်လာအားပေးတယ်ဆိုပေမယ့် အမာခံပရိတ်သတ်ပါ။ စကားတွေပြောရတာ ထက် စာဖတ်ရတာ၊ နားထောင်ရတာကို သဘောကျလို့ပါ။ စင်္ကာပူပုံပြင်တွေကို စောင့် မျှော်နေပါမယ်။ မိသားစုရောပါမှာလား၊ ဓါတ်ပုံတွေလဲ အကဲဖြတ်ပါမယ်။
ReplyDeleteငြိမ်း
တိုးတိုးတိတ်တိတ်လာအားပေးတယ်ဆိုပေမယ့် အမာခံပရိတ်သတ်ပါ။ စကားတွေပြောရတာ ထက် စာဖတ်ရတာ၊ နားထောင်ရတာကို သဘောကျလို့ပါ။ စင်္ကာပူပုံပြင်တွေကို စောင့် မျှော်နေပါမယ်။ မိသားစုရောပါမှာလား၊ ဓါတ်ပုံတွေလဲ အကဲဖြတ်ပါမယ်။
ReplyDeleteငြိမ်း
ဟင် တလဘဲကွာတယ်။ မဟုတ်ရင် ကိုညီလင်းသစ်ကို လက်မှတ်ထိုးခိုင်းလို့ရမှာ။
ReplyDeleteအိုးးးးးးးးးးး
ReplyDeleteအကိုတော်တစ်ယောက် ဘယ်လောက်ရင်ခုန်ပြီး
ပျော်ရွှင်နေမှာပါလိမ့်....ညလေးလဲ ခုတောင်
စိတ်ထဲမှန်းဆပြီး ပျော်နေမိတယ် အကိုရေ...
အကို့ ဖဘ အကောင့်ပေးပါ...ညလေးအပ်ချင်တယ်
အဲ့မှာပုံတွေတင်လိုက်ပေါ့...ဆက်ဆက်တင်ပေးနော်
အကို....တစ်မိသားစုလုံးပုံတွေပါနော်...ပြီးရင်
စင်္ကာပူအမှတ်တရတွေ အကြောင်း အများကြီးပါတဲ့
ပို့စ်ရှည်ရှည်ကြီး ရေးရမယ်နော်....ပြီးရင် အင်းးးးး
ပြီးရင် မသိတော့ဘူး အကိုရေ...ညလေးဆက်
မပြောတတ်တော့ဘူးးးးးးးး အကို့ကိုယ်စား
ဝမ်းသာနေမိတာပဲ သိတော့တယ်...ပျော်ရွှင်ဘွယ်
ရာကောင်းသော နေ့လေးများဖြစ်ပါစေရှင် :)))
Dear Ko Nyi & family, welcome fr SG...I will call and try to meet u.
ReplyDeleteMa Theint
သူငယ်ချင်းတွေကိုသတိရနေမယ်။
ReplyDeleteအကို ပိုစ့်လေးဖတ်ပြီ ပျော်နေမိတယ်... လမင်းလည်းဘယ်သူနဲ့ မှမတွေ့ ဖူးဘူ ဘလော့ဂါရယ်လို့ မဟုတ်ပါဘူး .အင်တာနက်မှာသိတဲ့သူတိုင်းကို တွေ့ ချင်မိတယ်....:)
ReplyDeleteကဲ.. ...
ReplyDeleteဒီအစ်ကိုကြီးကိုတွေ့မယ် စလုံးမှ ကိုကို မမ လှလှ များခင်ဗျား ဓာတ်ပုံကလေးများ များများရိုက်ပြီး ကျနော်မျိုး တို့အား မစကြပါလို့ မေတ္တာအကျိုးမျှော်လို့ နှိုးဆော်လိုက်ပါကြောင်းးးးးး
ပျော်ရွှင်ပါစေ ဘလော့ဂါတွေက ခင်တတ်ကြတယ် ပျော်မှာပါး)
အားကျတယ်အကိုရေ...... :) ဘယ်လောက်ပျော်ဖို့ ကောင်းမလဲ တွေးကြည့်တာနဲ့ ရင်ထဲနွေးနေမိအောင်ပဲ... ပုံလေးတွေနဲ့ ပြန်လည်မျှဝေပေးပါဦးနော် ...
ReplyDeleteပျော်ရွင်ဖွယ် ခရီးစဉ်လေး ဖြစ်ပါစေအကို....
ခြင်္သေ့ကျွန်းပေါ်မှာ သူယောင်မယ်လေးတွေ အဲလေ ဘလော်ဂါတွေ ဘလော်ဂ့်ချစ်သူတွေ အများကြီးနဲ့ ဆုံဆည်းခွင့်ရပါစေရှင်...
ReplyDeleteပျော်ရွှင်စိတ်ချမ်းသာသော ခရီးဖြစ်ခဲ့ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
welcome to small island, Ko Nyi Linn Thit. I am one of your fans.
ReplyDeleteခုမှလာဖတ်မိတယ်...
ReplyDeleteသူကတော့ ပြန်တောင် ပြန်သွားပြီလားမသိ။
(အောင်မယ်... လာတော့ရော ကိုယ်နဲ့တွေ့ရမှာကျလို့။ သူက စင်္ကာပူကိုသွားတာများ...ဟားဟား..)
ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ခဲ့မယ်လို့ ထင်ပါတယ်...ကိုညီရေ့...
ခင်မင်ခြင်းအားဖြင့်..
ဏီလင်းညို
ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေလို့ ဆုမွန်တောင်းပါတယ် ကိုညီလင်းသစ်ရေ
ReplyDeleteခင်မင်တဲ့
ရွှေစင်ဦး
ဝမ်းသာစရာ..
ReplyDeleteခရီးသွားဆောင်းပါးတင်မက တွေ့ဆုံပွဲဆောင်းပါးလေးကို ပုံလှလှလေးတွေနဲ့ ဖတ်ရတော့မယ်..
အောင်မြင်သော.. ပျော်ရွှင်သော ခရီးစဉ်ဖြစ်ပါစေ ကိုညီရေ..
ညီမလပြည့်၊ Nyi, အစ်မသက်ဝေ၊ ညီမစန်းထွန်း၊ တီတင့်၊ မမေ၊ ညီမရွှေအိမ်စည်၊ ညီမမိုး၊ ညီမလေးဇွန်၊ ကို N/A, Anonymous, ကိုညိမ်း၊ ငြိမ်း၊ ညီမလရိပ်အိမ်၊ ညီမမိုးနတ်၊ Ma Theint, အစ်မရှင်လေး၊ ညီမချစ်စံအိမ်၊ ညီငယ်မောင်မျိုး၊ ညီမအိန်ဂျယ်လှိုင်၊ Khaing, ကိုဏီ၊ အစ်မရွှေစင်၊ အစ်မမြသွေး... ...
ReplyDeleteကျနော့်ရဲ့ စင်္ကာပူ ခရီးစဉ်လေး ချောမွေ့ဖို့ လာရောက် ဆုတောင်းပေးသူများ၊ ရပ်ဝေးမြေခြားကနေ တယ်လီဖုန်းဆက်ဖို့ ကြံစည်နေသူများ၊ ဓါတ်ပုံတွေ များများရိုက်ပြီး ဖြန့်ဖြူးဖို့ တိုက်တွန်း နှိုးဆော်သူများ၊ ခင်မင်စွာနဲ့ မုဒိတာ ပွားကြသူများ၊ ပျော်ရွှင်စွာ စ,နောက်ခဲ့ကြသူများ... အားလုံးကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ..၊း) ဒီပို့စ်လေးကို ကသုတ်ကရက် တင်ခဲ့ရသလိုပဲ အခု ကွန်မန့်ကိုလည်း ဖုတ်ပူမီးတိုက် ပြန်လိုက် ရလို့ တပေါင်းတစည်းထဲပဲ နှုတ်ဆက်ခွင့်ပြုပါ၊ ကျနော် စင်္ကာပူကို ချောမောစွာ ရောက်ရှိပါတယ်၊ အခုတော့ ပူနွေးတဲ့ အီကွေတာလေ တဖြူးဖြူးအောက်မှာ ကာလရှည်ကြာစွာ မက်ခဲ့တဲ့ အိပ်မက်တွေ လမ်းလျှောက်ထွက်နေတာကိုပဲ ထိုင်ကြည့်နေမိတယ်ဗျာ..။းD
This comment has been removed by the author.
ReplyDeleteHave a nice trip ပါ အစ်ကိုရေ ... ရင်ခုန်ကြည်နူးစရာ စင်္ကာပူခရီးစဉ်ပိုစ့်လေးကို စောင့်မျှော်နေပါမည်... ရန်ကုန်ရောက်ရင်တော့ တီတင့်တို့ကနေ လက်တို့နော် လာတွေ့မှာဗျ ... :P
ReplyDeleteHi bro., Have a nice stay in lion city !!
ReplyDeleteHave a great time!
ReplyDeleteစင်္ကာပူမှာဆိုတော့ ဆုံဖို့မလွယ်ဘူး...အင်္ဂပူရောက်မှပဲ လာတွေ့တော့မယ်း)
ReplyDeleteအခုချိန်ဆို စလုံးမှာပျော်နေလောက်ပြီပေါ့ဗျာ.......အားကျပါတယ်
ReplyDeleteခင်မင်တဲ့
seesein
စင်ကာပူ ခရီးစဉ်လေးဖတ်ချင်တယ်
ReplyDeleteအကိုရေ
လက်တို့ပြီးပြောသွားပြီနော်...