19 March 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၂)


ကျနော့်ရဲ့ အလည်အပတ် ခရီးစဉ်က အပျော်အပါးတွေနဲ့ မစဘဲ ဘုရားရိပ်၊ တရားရိပ်နဲ့ စ,တယ်လို့ပဲ ဆိုရမလားတော့ မသိဘူး၊ နောက်တစ်နေ့မှာ ပထမဦးဆုံး ရောက်သွားတဲ့နေရာက ဖားအောက်တောရ ကျောင်းကလေး ဆီကိုပါ၊ ဒါကလည်း တိုက်ဆိုင်ချင်တော့ အဲဒီနေ့မှာ ညီမလေးဇွန်မိုးစက်နဲ့ ညီမလေးညိုလေးနေ တို့က ကျောင်းမှာ ဆွမ်းကပ်ဖို့ စီစဉ်ထားတယ်လို့ သိရတယ်၊ ဖားအောက်တောရ တရားစခန်းအကြောင်းကို အထိုက်အလျောက် ကြားဖူးထားလို့ အခုလို ကြုံကြိုက်တဲ့အခါ ကျနော်ကလည်း သွားချင်မိတယ်၊ ဒီလိုနဲ့ပဲ ရောက်သွားခဲ့တယ် ဆိုပါစို့...၊


ခေတ်မီမီ ဆောက်ထားတဲ့ တိုက်အိမ်ကလေးဟာ ဖားအောက်တောရ တရားစခန်းပါလို့ သိလိုက်ရချိန်မှာ ကျနော် နည်းနည်းအံ့သြသွားမိတယ်၊ ကျနော့်ရဲ့ မသိစိတ်ထဲမှာ ရေနံဝနေအောင် သုတ်ထားတဲ့ ခြေတံရှည် ဘုန်းကြီးကျောင်းရယ်၊ ပိန္နဲပင်၊ သရက်ပင် စတဲ့ အပင်ကြီးတွေနဲ့အတူ ဝါးရုံပင်စိပ်စိပ်လေးတွေ ဟိုတစ်စု၊ ဒီတစ်စုရယ်၊ တရားထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်ထားတဲ့ သီးသန့် အိမ်ကလေးတွေရယ်ကို မြင်ယောင်နေခဲ့တာကိုး...၊ ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ရှိအောင် ကြိုတင်၊ တွေးဆ မထားမိတဲ့ ကျနော့်ရဲ့ စိတ်ကူးယဉ်မှုက ရယ်စရာပါပဲ၊ ဘယ်လောက်များ လက်တွေ့မဆန်လိုက်သလဲ ဆိုတာ...၊ ဒါပေမယ့် ဘုရားတရားရိပ်ဆိုတာ မြို့ကြီးပြကြီးက တိုက်အိမ်ပဲဖြစ်ဖြစ်၊ ဟိုး.. ကျေးလက်က တောရကျောင်းလေးပဲ ဖြစ်ဖြစ် အေးမြတာခြင်းက အတူတူပဲလို့ အထဲဝင်လိုက်တာနဲ့ ကျနော် သိလိုက်ရတယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းက ပြင်ပ ရုပ်ဝတ္ထုတွေပေါ်မှာ တည်မှီပြီး ဖြစ်လာတာမှ မဟုတ်တာပဲလေ၊ ဆိတ်ငြိမ်တဲ့ ဝန်းကျင်ထဲမှာ ကျနော့်အသံတွေ ပျောက်သွားကြတယ်၊ တရားစာတွေကို ပါဠိအသံထွက် အတိုင်း မြန်မာလိုနဲ့ အင်္ဂလိပ်လို ရေးပေးထားတဲ့ စာအုပ်လေးတွေကို သဘောတကျနဲ့ ဖတ်ကြည့်မိတယ်၊ ဘာသာစကား ကွဲပေမယ့် တူညီတဲ့ ပေါင်းစည်းမှုတစ်ခုတော့ ရှိရမှာပေါ့၊ ကျောင်းထိုင်ဆရာတော်ကြီးကတော့ ရန်ကုန်ကို ပြန်ကြွသွားခိုက်ဖြစ်လို့ မဖူးခဲ့ရဘူး...၊



ဖားအောက်တောရရဲ့ ဆွမ်းအလှူရှင် ညီမလေးတွေက ကျနော့်ကို ကုသိုလ်တွေ အများကြီး ရစေချင်တယ် ထင်ပါရဲ့..၊ တိုပါးရိုး မြန်မာကျောင်းကို ဆက်ပြီးပို့ပေးပြန်တယ်၊ ညီမလေးဇွန်မိုးစက်နဲ့ ညီမလေးညိုလေးနေတို့ ပို့ပေးတဲ့ နေရာတွေကို လည်ပတ်ရတာဟာ ဘလော့ဂ်မှာ သူတို့ရေးလေ့ရှိတဲ့ ပို့စ်တွေကို ဖတ်ရသလိုပါပဲ၊ တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ ပြေပြစ် ချောမွေ့တယ်၊ တရားကို သိတယ်၊ သတိပြုစရာ အချက်လေးတွေ အမြဲပါတယ်၊ ကျနော့် ခရီးစဉ်ရဲ့ ရည်ရွယ်ချက် တစ်ပိုင်းကလည်း စာရေးသူ၊ စာဖတ်သူတွေနဲ့ ဆုံဖို့ဆိုတော့ အခုလို သွားရင်း၊ လာရင်း ညီမငယ်တွေနဲ့ စကားစမြည် ပြောခွင့်ရတာ ဝမ်းသာစရာပါပဲ၊ အသက်အရွယ် ငယ်ပေမယ့် ဘဝဖြတ်သန်းမှုက ရင့်ကျက်အေးချမ်းတဲ့ ညီမလေးတွေရဲ့ ကျေးဇူးနဲ့ ခမ်းနားလှတဲ့ တိုပါးရိုး ကျောင်းကြီးကို ကျနော် မျက်မြင်ကိုယ်တွေ့ ရောက်သွားခဲ့ရတယ်...၊



တတိယထပ်ကို ရောက်,ရောက်ချင်းပဲ ကျနော် သဘောကျသွားတယ်၊ ကျယ်ဝန်းပြီး လင်းချင်းတဲ့ ခန်းမကျယ်ကြီးက နေကုန်နေခန်း ထိုင်နေချင်စရာ ကောင်းသလို ခန်းမအဆုံးက မတ်ရပ်ဆင်းတုတော်ကြီးကလည်း သပ္ပါယ်လှပါတယ်၊ ပြူတင်းပေါက်တွေ အများကြီးနဲ့ ဆိုတော့ လေဝင်လေထွက် ကောင်းပြီး စိတ်ကိုကြည်လင်စေတယ်၊



ကျောင်းကြီးရဲ့ ခေါင်မိုးပေါ်မှာတော့ ဥာဏ်တော် သိပ်မမြင့်လှတဲ့ စေတီလေးတစ်ဆူ တည်ထားတယ်၊ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မိုးမျှော်တိုက်တွေ၊ ဆောက်လုပ်ဆဲ တိုက်တွေ အများကြီး...၊ တလောဆီက ဖတ်လိုက်ရတဲ့ ရွှေတိဂုံဘုရားရဲ့ အနီးပတ်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အဦးတွေ ဆောက်ခွင့်မပြုဘူး ဆိုတဲ့ သတင်းလေးကို ဘာရယ်မဟုတ် ကျနော် သတိရလိုက်မိတယ်၊ ဗုဒ္ဓသာသနာ ထွန်းကားရာ တိုင်းပြည်မှာက အကြောင်းမဟုတ်ပေမယ့် ဒီမှာတော့ အခုလို မိုးမျှော်တိုက်ကြီးတွေ အလယ်က ဥာဏ်တော်နိမ့် စေတီလေး တစ်ဆူတည်ခွင့်ရဖို့တောင် လွယ်ကူပါ့ မလားပဲ၊ အခက်အခဲတွေ ကြားကနေ တည်တံ့ခိုင်မြဲအောင် အားထုတ်ကြတဲ့ သံဃာတော်တွေက ကြည်ညိုစရာ ကောင်းလှတယ်...၊



တီဗီအင်တာနာတွေ စီးမိုးထားတဲ့ တိုက်တွေကို တွေ့တော့ တစ်ခါတုန်းက ဖတ်ခဲ့ရဖူးတဲ့ ̔ငါးရိုးနင်တဲ့ လ̕ ကဗျာလေးကို သတိရချင်စရာ...၊ ဒီမှာတော့ ငါးရိုးနင်တဲ့ ခြင်္သေ့လို့များ ဆိုရမလားပဲ၊ လူနေတိုက်တွေနဲ့ ပတ်သက်ပြီး မိတ်ဆွေတွေနဲ့ စကားပြောဖြစ်တော့ အိပ်ခ်ျဒီဘီနဲ့ ကွန်ဒို ဆိုတဲ့ ဝေါဟာရလေး နှစ်ခုက အမြဲလိုလို ကြားနေရတယ်၊ အစမှာ အိပ်ခ်ျဒီဘီနဲ့ ကွန်ဒိုကို ဘယ်လိုများ ခွဲသလဲလို့ ကျနော့်မှာ ဇဝေဇဝါနဲ့ရယ်..၊ နောက်တော့မှ မိတ်ဆွေတွေရဲ့ ရှင်းပြမှုနဲ့ နည်းနည်းပါးပါး သိလာတော့ ရထားစီး၊ ကားစီးရင်ကိုပဲ တိုက်တွေမြင်တိုင်း ဒါ အိပ်ခ်ျဒီဘီလား၊ ကွန်ဒိုလား ခွဲကြည့်ဖို့ လည်ပြန်လိုက်ကြည့်နေရတာ အလုပ်တစ်ခု....၊း)



အထင်ကရ နေရာတော်တော်များများမှာ တွေ့ရတဲ့ လိမ္မော်ပင်တွေကို တိုပါးရိုးကျောင်းရဲ့ လှေကားအတက်မှာလည်း တွေ့ရပါတယ်၊ တရုတ်နှစ်သစ်ကူးမှာ လာဘ်လာဘ ကောင်းစေဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ထားကြတဲ့အကြောင်း ညီမငယ်တစ်ယောက်က ရှင်းပြတယ်၊ လိမ္မော်သီးမြင်ရင် စားဖို့လောက်ပဲ တွေးနေတဲ့ ကျနော်က ̔သွားခူးစားလို့ မရဘူးလား̕ ဆိုတော့ ̔ဟာ... အစ်ကိုကလဲ၊ တာရှည်ခံအောင် ဆေးတွေ ဖြန်းထားတဲ့ ဟာကို̕ တဲ့၊ တိန်...၊ သူ့စိတ်ထဲ “စားစရာ ဒီလောက်ရှားလားဟယ်...” လို့များ တွေးနေမလား မသိ...၊



ကျနော် မြန်မာပြည်မှာ ရှိတုန်းက မုံရွာမြို့၊ မိုးညှင်းသံဗုဒ္ဓေ ဘုရားကိုရောက်တိုင်း ကျားဘမ်းသူဌေး ညီနောင်အကြောင်းကို အခွင့်ကြုံတဲ့အခါ လေ့လာဖို့ စိတ်ကူးမိပါတယ်၊ သံဗုဒ္ဓေဘုရားမှာ သူတို့ရဲ့ အလှူတွေ အများကြီး တွေ့နိုင်သလို အလှူလက်ရာကလည်း မြန်မာပြည် တခြားအရပ်က ဘုရားတွေမှာ တွေ့ရလေ့ရှိတဲ့ လက်ရာမျိုးတွေ မဟုတ်လို့ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မုံရွာမြို့မှာ သန္ဓေတည်လာခဲ့တဲ့ စိတ်ကူးလေးက အခု ဒီခရီးမှာတော့ မွေးဖွားလာခဲ့တယ်...၊



တရုတ်ပညာရှိ၊ အမျိုးသားသူရဲကောင်း Lin Ze Xu ရဲ့ ရုပ်တုပါ၊ သူဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွားအတွက် အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့တယ်၊ အထူးသဖြင့် ဗြိတိသျှတို့နဲ့ ဖြစ်တဲ့ စစ်ပွဲတွေမှာ သူ့ရဲ့ အကြံဥာဏ်တွေကို အများကြီး ယူခဲ့ရတယ်၊ ၁၈၃၉ ခုနှစ်မှာ Lin က ဗစ်တိုးရီးယား ဘုရင်မကြီးဆီကို ဘိန်းကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ရပ်တန့်ဖို့ အကြံပေးတိုက်တွန်းတဲ့ စာအရှည်ကြီး တစ်စောင်ကို ရေးခဲ့ပေမယ့် ဘုရင်မကြီးဆီတော့ မရောက်ခဲ့ဘူးလို့ ဆိုတယ်၊ မြိန့်မြိန့်ကြီး ထိုင်နေတဲ့ တရုတ်သူရဲကောင်း ကြီးရယ်၊ သူ့အနောက်မှာ ဟန်ရေးပြနေတဲ့ ဂျပန်ဆူမို နပန်းသမား နှစ်ယောက်ရယ်ကို အခုလိုမြင်ရတော့ မနှစ်က အကြီးအကျယ်ဖြစ်သွားတဲ့ တရုတ်-ဂျပန် Diaoyu ကျွန်းစုတွေရဲ့ အကျပ်အတည်းကို သတိချင်စရာပါ...၊



ဟော်ပါးဗီလာထဲမှာ မြင်ရသမျှ အရုပ်တွေကတော့ တကယ့်ကို အရွယ်စုံ၊ အရောင်စုံပါပဲ၊ လူမှုရေး၊ ဘာသာရေး ရှုထောင့်တွေကနေ မကောင်းတာ မလုပ်ဖို့၊ လူကြီးမိဘ ဆရာသမားကို ရိုသေဖို့၊ ဘုရားတရားလုပ်ဖို့၊ စတဲ့ morality ပိုင်းဆိုင်ရာတွေ အပြင် အလှအနေနဲ့ လုပ်ထားခဲ့တယ်လို့ ယူဆရတဲ့ ကျေးငှက်၊ တိရိစ္ဆာန် အကောင်ပလောင်တွေကိုလည်း တွေ့ရတယ်၊ ဒီကိုမလာခင်မှာ ဟော်ပါးဗီလာနဲ့ ပတ်သက်တာတွေ ကျနော် နည်းနည်းပါးပါး လိုက်ဖတ်ကြည့်တော့ ကြိုက်တဲ့သူတွေရဲ့ အမြင်ရော၊ မကြိုက်တဲ့ သူတွေရဲ့ အမြင်ရော.. ဖတ်ရပါတယ်၊ လူတိရိစ္ဆာန်တွေရဲ့ ခန္ဓာဗေဒကို ကျွမ်းကျွမ်းကျင်ကျင် ထုဆစ်ထားတဲ့ ဂရိကျောက်ရုပ်တွေ၊ ရောမကျောက်ရုပ်တွေနဲ့ ယှဉ်ကြည့်သူတွေ အဖို့တော့ ကြိုက်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် အရုပ်တွေက လက်ရာမသေသပ်ဘူး ဆိုသည့်တိုင် လူမှုပတ်ဝန်းကျင်ကို ထိန်းကျောင်းပြုပြင်ဖို့ သူ့ခေတ်၊ သူ့အခါက သူ့နည်း၊ သူ့ဟန်နဲ့ အားထုတ်ထားခဲ့တဲ့ စေတနာကိုတော့ အထင်းသား မြင်နိုင်ပါတယ်...၊



ကြည့်စရာတွေ များလွန်းလို့ ရတဲ့အချိန်လေးမှာ မြန်မြန်ဆန်ဆန် ကြည့်နေတုန်း မြန်မာဝန်ကြီး တစ်ပါးရဲ့ ရုပ်တုတစ်ခုကိုလည်း ဖြတ်သွားဖြတ်လာ တွေ့လိုက်ရတယ်၊ ဘယ်သူလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ထားတာလဲ ဆိုတာတော့ အချိန်မရလို့ သွားမကြည့် ဖြစ်ခဲ့ပါဘူး၊ အကယ်၍သာ အနီးကပ် သွားကြည့်ဖြစ်ခဲ့ရင် တရုတ်ရုပ်တုတွေ၊ တရုတ်အငွေ့အသက်တွေရဲ့ အလယ်မှာ တစ်ဦးတည်းရှိနေတဲ့ မြန်မာဝန်ကြီး ရုပ်တုက “ငါတို့က တရုတ်ကို ကြောက်ရတယ်ကွ၊ တချိန်တုန်းက တတိုင်းပြည်လုံး အကျပ်အတည်း ဖြစ်နေချိန်မှာ တရုတ်ကပဲ ငါတို့ကို အသက်ဆက်ပေးခဲ့တာ...” လို့များ ခပ်တိုးတိုးလေး ဆိုဦးမှာလား မသိ...၊



ခပ်လှမ်းလှမ်းမှာတော့ ကျားဘမ်းပရုတ်ဆီ ဗူးလေးတွေ ကမ်းပေးနေတဲ့ ကျားမောင်နှမတွေကို တွေ့ရတယ်၊ အပြန်လက်ဆောင် ဟောဒီ ပရုတ်ဆီဗူးလေးတွေ ဆောင်သွားပြီး တချို့ကိစ္စတွေမှာ နှာစေးချင် ယောင်ဆောင်နေလိုက်နော် လို့များ ပြောချင်လေသလားပဲ...၊း)


ညနေပိုင်းမှာတော့ ပင်နီဆူလာက စားသောက်ဆိုင်တွေဖက်ကို ရောက်ဖြစ်ခဲ့တယ်၊ အကြိမ်ပေါင်းများစွာ ပြောသံ ကြားဖူးနေတဲ့ စားသောက်ဆိုင်တွေကို ကိုယ်တိုင်ကိုယ်ကျ ရောက်သွားချိန်မှာ အံ့သြစိတ်နဲ့အတူ ကျနော် ဝမ်းသာမိပါတယ်၊ အံ့သြတာက ဆိုင်တွေအများကြီးကို တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ်၊ နွေးနွေးထွေးထွေး တွေ့လိုက်ရလို့ ဖြစ်ပြီးတော့ ဝမ်းသာတာကတော့ လေထဲမှာ သင်းပျံ့နေတဲ့ မြန်မာ အစားအသောက်တွေရဲ့ ရနံ့ကို ရလိုက်လို့ပါ၊ အဲဒီမှာ ကျနော့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ထွန်းထွန်း၊ ကျနော် ဆုံတွေ့ချင်တဲ့ ကိုညိမ်းနိုင်၊ ပြီးတော့.. ကျနော့်စာတွေ ရံဖန်ရံခါ လာဖတ်တတ်တဲ့ ကိုဖုန်းလွင်တို့နဲ့ ဆုံဖြစ်တယ်၊ “အင်းလေး” စားသောက်ဆိုင်လေးထဲက အတွင်းဖက် စားပွဲလေးတစ်ခုမှာ ကျနော်တို့ အေးအေးလူလူ စားသောက်ရင်း စကားတွေ ပြောဖြစ်ကြတယ်၊ ကြည့်ပါဦး...၊ ကျနော့် ပတ်ဝန်းကျင်မှာ ကြားနေရသမျှ စကားသံတွေဟာ မြန်မာစကားသံတွေချည်းပဲ၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကအထိ လမ်းတွေပေါ်မှာ လျှောက်သွားရင်း ကြားရတဲ့ မြန်မာသံဆိုတာ ကျနော်ကိုယ်တိုင်ရဲ့ မြန်မာသီချင်း ညည်းသံလေး တစ်ခုပဲ ရှိခဲ့တာ မဟုတ်လား၊ အခုတော့ မြန်မာစာနဲ့ မြန်မာစကားနဲ့... ညနေခင်းက နွေးထွေးနေလိုက်တာ...၊

ထွန်းထွန်းက ကျနော့်ရဲ့ စင်္ကာပူ SIM card ကို ဝယ်ပြီးပို့ပေးလိုက်သူပါ၊ ကျနော်နဲ့ ခြင်္သေ့ကျွန်းကလေးက မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကြားမှာ ဆက်သွယ်မှုဧရိယာ ပြင်ပ မရောက်ခဲ့တာ သူ့ရဲ့ ကျေးဇူးလို့ပဲ ဆိုရမှာပါ၊ ထွန်းထွန်းရဲ့ဘေးမှာတော့ ကိုညိမ်းနိုင်...၊ သူ့ရဲ့ ဘလော့ဂ်မှာ တိမ်ဆုပ်၊ တိမ်ခဲတွေ တမေ့တမော မျောလွင့်နေကြတာ ကျနော် မကြာခဏ သွားပြီး ငေးကြည့်နေခဲ့ဖူးတယ်၊ အနုပညာ စီးဆင်းမှုကောင်းသူမို့ ကိုညိမ်းရဲ့ စာတွေကို ကျနော်ဖတ်ဖြစ်ပါတယ်၊ မျောလွင့်တိမ်တို့ရဲ့ နားခိုရာက လောလောဆယ်မှာတော့ အင်းလေးစားသောက်ဆိုင်ထဲက စားပွဲကလေးမှာ...၊ စကားကို လိုသလောက်ပဲ ပြောတဲ့ ကိုညိမ်းကို ကြည့်ရတာ လေငြိမ်တဲ့ နေ့လယ်ခင်းတစ်ခုမှာ တိမ်စိုင်မျှင်မျှင်လေး တစ်စကို ကြည့်နေရသလိုပါပဲ၊ ပေါ့ပေါ့ပါးပါး အားထုတ်မှုနဲ့ ရွေ့မှန်းမသိ ရွေ့နေတာမျိုး...၊ အဲဒီညနေမှ တွေ့ရပေမယ့် စကားပြောကောင်းတဲ့ ကိုဖုန်းလွင်ကလည်း ခင်မင်စရာ ကောင်းလှတယ်၊ ကိုဖုန်းလွင်က စင်္ကာပူမှာ နေတာကြာပေမယ့် မြန်မာပြည်မှာ အတူစားသောက်ကြရင် လုပ်လေ့ရှိတဲ့ ဓလေ့ကလေးကိုတော့ မမေ့မလျော့နဲ့...၊ ဝိုင်းထဲက လူတွေ ဘယ်သူမှ မသိရအောင် တိတ်တိတ်ကလေး ကောင်တာမှာ ငွေရှင်းသွားခဲ့တယ်၊

အဲဒီ ညနေခင်းမှာပဲ အံ့သြစရာ ဆုံတွေ့မှုလေး နှစ်ခုလည်း ကြုံခဲ့ရတယ်၊ ဂျာရစ်၊ ဂျာရစ်နဲ့ သူ့ကိုယ်သူ ရေးတတ်တဲ့ ညီမငယ်မဒမ်ကိုးနဲ့ တွေ့ဖြစ်တယ်၊ ကျနော် သတိထားပြီး ကြည့်မိသလောက် ဂျာရစ်လည်း မတွေ့သလို ရောင်ပေစူးလည်း မတွေ့မိပါဘူး၊ ဇဝနဥာဏ် အပြည့်နဲ့ စာရေးတတ်တဲ့ ညီမငယ်မဒမ်ကိုးက သူ့စာတွေအတိုင်းကို ဖော်ရွေနွေးထွေး လှတယ်၊ နောက်ထပ် ဆုံတွေ့ရမှုက ကျနော့်ကို ပိုလို့တောင် အံ့သြရစေပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကျွန်းကလေးမှာ တွေ့ဖို့ ဖြစ်နိုင်ခြေ အနည်းဆုံးလို့ ကျနော် ယူဆထားမိတဲ့ အစ်မခင်ဦးမေနဲ့ ဆုံဖြစ်လို့ပါ၊ စာတွေအရေးနိုင်ဆုံး၊ လူသိအများဆုံး၊ ဓါတ်ပုံတွေ အရိုက်နိုင်ဆုံး ဘလော့ဂါအစ်မ တစ်ယောက်က ခင်ခင်မင်မင် ဝင်နှုတ်ဆက်တာ ကြုံရတော့ စားလက်စ ငါးရှဥ့်ခြောက်စပ်ကြော်တောင် ငရုတ်သီး အရသာပျောက်ပြီး ပေါ့ရွှတ်ရွှတ် ဖြစ်သွားသလို ပါပဲ၊ အအေးတစ်ခွက်ကို ပေါ့ပေါ့ပါးပါး သောက်ရင်း အစ်မခင်ဦးမေက ဘလော့ဂ်အကြောင်း၊ ဓါတ်ပုံတွေအကြောင်း ပြောပြခဲ့တယ်၊ ကျနော့်ရဲ့ အင်းလေးစားသောက်ဆိုင် ညနေခင်းဟာ နေဝင်ချိန် ပန်းချီကား တစ်ချပ်လို့ဆိုရင် ဘလောဂ့်ရေးဖော် ညီမငယ်နဲ့ အစ်မကို ဆုံတွေ့လိုက်ရတာက မတော်တဆ ဖိတ်ကျသွားတဲ့ ဆေးစက်လေး ၂ စက်ကနေ ပြန်ပြင်ဆွဲလိုက်တဲ့ အိပ်တန်းပြန် ငှက်ကလေး ၂ ကောင်ပါပဲ၊ မရည်ရွယ်ခဲ့ပေမယ့် ပန်းချီကားက ပိုပြီးပြည့်စုံဖို့ ဖြစ်သွားခဲ့တယ်...၊



နောက်တော့ နာမည်ကြီး အောချတ်ကို ကျနော်ရောက်သွားတယ်၊ ဒါပေမယ့် ကျနော်ရောက်သွားချိန်က နောက်ကျလွန်းနေလို့ ဆိုင်တွေသိမ်းပြီး လူသွားလူလာလည်း သိပ်မရှိတော့ဘူး၊ အဖြစ်က ဘာနဲ့တူသလဲ ဆိုတော့... ရွာတစ်ရွာက အချောအလှ ဂုဏ်သတင်း ကြီးလှတဲ့ ကွမ်းတောင်ကိုင် လုံမပျိုလေးကို ကြည့်ဖို့ဆိုပြီး ဧည့်သည်က ရောက်တော့လာပါရဲ့၊ ဒါပေမယ့် သူရောက်ချိန်က ပျိုမေတစ်သင်း ရေခပ်ဆင်းချိန်လည်း မဟုတ်၊ နွားရိုင်းသွင်းချိန်လည်း မဟုတ်၊ ညီအစ်ကိုမသိတသိ အချိန်လည်း မဟုတ်၊ သူငယ်အိပ်ချိန်လည်း မဟုတ်သလို သက်ကြီးခေါင်းချချိန် ကိုတောင်မှ အတော်လေးကျော်ပြီး ဖြစ်နေလို့ ရွာလယ်လမ်းမှာ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မရှိတော့ဘဲ ကာလသား တစ်သိုက်နဲ့ပဲ တိုးရသလိုမျိုး...၊း)ဘာပဲဖြစ်ဖြစ် အော့ချတ်ရဲ့ မိတ်ကပ်ပြယ်သွားတဲ့ အလှကိုပဲ အမှတ်တရ ဓါတ်ပုံလေးတစ်ပုံ ကျနော် ရိုက်ဖြစ်ခဲ့ပါတယ်၊ ကိုယ် ထပ်လာခဲ့ဦးမယ် အောချတ်...။ ။

(ခင်မင်ဖော်ရွေလှတဲ့ အာဂန္တု ကျွန်းသူ၊ ကျွန်းသားတချို့ကို ကျနော်နဲ့အတူ အပိုင်း ၃ မှာ လိုက်တွေ့ပါဦး...နော)


ညီလင်းသစ်
၁၉ မတ်၊ ၂၀၁၃

32 comments:

  1. Good morning..

    really nice to see your photos and read your words..
    thanks for your share.

    ReplyDelete
  2. ဖားအောက်ကျောင်းတိုက်ကို အဲဒီ့ထောင့်က ရိုက်တော့ ပိုအေးချမ်းဆိတ်ငြိမ် သွားသလိုပဲ။ ညီမတော့ အဲလိုရိုက်ဖို့ တစ်ခါမှ စိတ်မကူးဖူးဘူး :)

    ReplyDelete
  3. ခုထိ ဖားအောက်တောရ ကျောင်းကလေး ဆီကို မရောက်ဖူးသေးဖူး :)

    Woo.... I can type in mm font at http://www.mysteryzillion.org/project/webtext/ coz at office, can't use mmfont :D

    ReplyDelete
  4.ူမတော်တဆ ဖိတ်ကျသွားတဲ့ ဆေးစက်လေး ၂ စက်ကနေ ပြန်ပြင်ဆွဲလိုက်တဲ့ အိပ်တန်းပြန် ငှက်ကလေး ၂ ကောင်ပါပဲ၊ မရည်ရွယ်ခဲ့ပေမယ့် ပန်းချီကားက ပိုပြီးပြည့်စုံဖို့ ဖြစ်သွားခဲ့တယ်...
    အဲဒီစာသားလေးရယ် ၊ နောက်ဆုံးပိုဒ်အရေးအသားလေးကို ကြိုက်တယ်..နောက်အပိုင်းတွေ ထပ်မျှော်နေတယ် ကိုညီလင်းသစ်...

    ReplyDelete
  5. အိုးးးး
    ကြားဖူးနားဝ စင်ကာပူက စင်ကာပူမဟုတ်တော့သလိုပဲ..။
    အကို့ အရေးအသားက တော်တော်ဆွဲဆောင်နိုင်သလို..
    ဖတ်နေရင်း အသက်ရှုဖို့လဲ မေ့တယ်..။
    အဲသလို ဖားအောက်တောရ တရားစခန်းရှိနေတာ
    ညီမ တကယ်မသိဘူး။
    မြန်မာကျောင်းကို အတွင်းကော၊ အပြင်ပါ မြင်တွေ့ခွင့် ရတာလဲ စိတ်ကျေနပ်စရာ..။
    “အိပ်ခ်ျဒီဘီနဲ့ ကွန်ဒို” တဲံ့..။ ညီမ လဲ မသိဘူး..။
    လိမ္မော်ပင်ကို ခုမှ သေချာမြင်ဖူးတာ ဆိုရင် ရယ်ကြလေမလား မသိဘူး..။
    လှလိုက့်ဖြစ်ခြင်း..အဲ့အပိုဒ်ကို ဖတ်ပြီး ပြုံးမိသေးတယ်..။
    နောက်..အကို ရိုက်ပြ၊ ပြောပြတဲ့နေရာတွေ....ကျွန်းသေးသေးလေးမှာ အဲသလောက်စုံစိနေမယ်လို့ မထင်ခဲ့မိတာ အမှန်ပါ....။
    ဓာတ်ပုံတွေကို သဘောတကျကြည့်ရင်း ဘေလာ့ဂ်ဂါတွေနဲ့ ဆုံတွေ့မှုတွေကို ရေးထားတာကို သဘာတကျဖြစ်မိတယ်..။
    အကို တကယ် စာရေးကောင်းပါတယ်..။
    အပိုင်း (၃) သို့ ချီင်္တက်ရန် အသင့်............... ။

    ReplyDelete
  6. ဂျာရစ်နဲ့ ကွန့် ကိုဒီကသတိရနေတယ်လို့ ..စကားလေးမှမပါးလိုက်ရ..
    အိုင်အိုရာ

    ReplyDelete
  7. ကိုညီလင်းသစ် ရေးလိုက်တော.လဲ စင်ကာပူက ပျော်စရာလေးဘဲ။ နေနေကျလူတွေရဲ. အမြင်မျိုးမဟုတ်ဘဲ၊ တခြားဝေးဝေးတနေရာက လာတဲ.လူရဲ. အမြင်ကလဲ တမျိုးစိတ်ဝင်စားဖို.ကောင်းပါတယ်။
    အဲ.လို နေရာဒေသ တနေရာရာကိုသွားပြီး အဲ.နေရာဒေသရဲ.အကြောင်း ကိုယ်.အမြင်နဲ.ကိုယ် ရေးထားတာမျိုးကို စိတ်ဝင်စားတယ်။

    အရောင်တွေက မတူတာတော.အမှန်ဘဲနော်။
    အရောင်တွေကပိုတောက်တယ်။ အနောက်တိုင်းပြည်တို.၊ ဂျပန်တို.လိုနေရာမျိုးတွေမှာကျတော. အဆောက်အဦးအရောင်တွေက မှိုင်းမှိုင်းတွေများတယ်၊ဒါကလဲ သူတို.ဆီက ရာသီဥတုနဲ.အလိုက်အထိုက်ထင်ပါတယ်။
    အခုစင်ကာပူပုံတွေမှာကြည်.ရတာ အဆောက်အဦးအရောင်တောက်တောက်တွေဆိုတာ အနောက်ဖက်တိုင်းပြည်တွေမှာသိပ်မတွေ.ရတဲ.အရောင်တွေဘဲ။
    ဘာဘဲဖြစ်ဖြစ် ခရီးသွားပို.စ်ဖတ်နေရတာ ပျော်ဖို.ကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်မသွားနိုင်သေးပေမယ်. အခုလို အသေးစိတ်ရေးပြ၊ ပြောပြနဲ.ဓာတ်ပုံတွေပါ ကြည်.ရတာ တကယ်စိတ်ဝင်စားပါတယ်။ ကျေးဇူးပါဘဲ။

    ReplyDelete
  8. တရုတ်ပညာရှိ ရုပ်ထု ပုံရယ်၊ ဟောပါးဗီလာက ပုံရယ်၊
    မြန်မာဝန်ကြီးတပါးပုံရယ်၊ ကျားဘမ်းပရုပ်ဆီတွေလက်ဆောင်ပေးနေတဲ. ကျားလေးတွေရဲ.ပုံတွေကိုကြည်.ရတာ မယ်လမုဘုရားက အရုပ်တွေလိုဘဲနော်

    ReplyDelete
  9. ပင်ကိုယ်ဓာတ်ခံကကောင်းပြီးသားဆိုတော့ လက်တွေ့လှုပ်ရှားမှုပေါ်မှာ ရိုက်ချက်လေးတွေနဲ့အတူ သီကုံးသွားတဲ့ အကြောင်းအရာလေးတွေက ဖတ်ရတာ စိတ်ဝင်စားစရာပေါ့ မောင်ညီလင်းရေ။ မရိုးမအီအောင်ကို ခြယ်မှုံးတတ်ပါပေတယ် အပိုင်း-၃ကို မျှော်တလင့်လင့်ပါး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ဆုံတွေ့ခဲ့ရတဲ့ ဘလော့ဂ်တွေ သူငယ်ချင်းတွေကို ဖွဲ့ညွှန်းထားပုံလေး သိပ်သဘောကျတာပဲ...အစ်ကို..။ အစ်ကိုဆက်ရေးမယ့် အပိုင်းဆက်ကလေးကို လိုက်လာခဲ့ဦးမယ်...း)

    ReplyDelete
  11. ဖတ်လို့ အရှိန်ကောင်းနေတုန်း အပိုင်း၃ တဲ့ ကိုရီးယားဇာတ်လမ်းတွဲကျနေတာဘဲ
    မြန်မြန်လေးပါနော်း)
    AA

    ReplyDelete
  12. ကိုညီ စာလေးတွေ ဖတ်ရတာ ခင်မင်မှု ၊ နွေးထွေးမှုနဲ့ အတူ စာဖတ်သူကို အဆုံးအထိ ဆွဲဆောင်ခေါ်ယူ သွားနိုင်တဲ့ သေသပ်တဲ့ အရေးအဖွဲ့၊ ရှုထောင့်ကောင်းကောင်းကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေရဲ့ ဖမ်းစားမှုကြောင့် ဖတ်လို့ဆုံးသွားမှန်းတောင် သတိမထားမိဘူးရယ်။ ဆက်ရန်မျှော်နေပါ့မည်...

    ReplyDelete
  13. အမှန်ကတော့ ပေါ့ပေါ့ပါးပါးအားထုတ်မှုနဲ့ သောက်မှန်း
    မသိသောက်နေတာမျိုးပါအကိုရ...... :))))
    Eunos မှာ၂နှစ်လောက်နေခဲ့ပေမယ့် ဖားအောက်တောရ
    ကျောင်းကို နာမည်ပဲသိပြီး ခုထိမရောက်ဖူးသေးဘူးရယ်၊
    ဘုရားတရားနဲ့ အဲ့လိုနီးတာကလား....၊ခုမှအကို့ပိုစ်ထဲ
    ကနေတစ်ဆင့် ရောက်သွားရတော့တယ်....ဖြစ်ပုံက... :)

    ReplyDelete
  14. ဖြစ်ရလေတယ် အကိုညိမ်းနိုင်
    :D :D

    thuthu

    ReplyDelete
  15. နော်နော်March 19, 2013 at 11:46 AM

    ဖတ်လို့ အရမ်းကောင်းပါတယ်။ဘလော့ဂါညီအစ်ကို အောင် နှမတွေနဲ့ နွေးနွေးထွေးထွေး ပျော်စရာပါ။ အမလည်း ဖားအောက်တောရကျောင်းကို မကြာခဏ ဆွမ်းကပ်ဖို့ ရောက်ပါတယ်။အလွန်အေးချမ်းတဲ့နေရာလေးပါ။တိုပါးရိုး ဘုန်းတော်ကြီးကျောင်းဓာတ်ပုံတွေက ကိုညီလင်းသစ်ရိုက်ထားတာ ပိုပီး ခမ်းနားသွားသလိုပဲ။ အရသာရှိတဲ့ အစားတွေ ကြိုက်သလို အရသာရှိတဲ့ စာလေးတွေဖတ်ရတာ နှစ်သက်တယ်။ အရသာရှိတဲ့ စာကောင်းလေးတွေ ရေးတတ်သူတွေကိုလဲ သိပ်အားကျတယ်။ အပိုင်း (၃) မျှောနေပါ၏

    ReplyDelete
  16. မရောက်ဖူးပေမယ့် နာမည်ကြိးနေတဲ့ ဖားအောက်အကြောင်းလေး သိရတော့ ပိုတောင်မှ ရောက်ဖူးချင်သွားတယ်အကို ...:) အစစအရာရာ မြန်မာအစားသောက်နဲ့ မြန်မာ့အလွမ်းပြေ၊ အစားထိုးဖြေသိမ့် စရာတွေ ရှိနေလို့ အဲ့မြို့လေး နာမည်ကြီးနေတာ များလားအကို ..:)))

    ReplyDelete
  17. စာရေးကောင်းလိုက်တာ...
    ကိုညီ့ စာတိုင်းမှာ (အမ မြသွေးပြောသလို) ခင်မင်မှု ၊ နွေးထွေးမှုနဲ့ စေတနာ တွေအမြဲ တွေ့ ရတတ်တယ်…
    တော်ရာမှာနေ နေရတဲ့ သူတယောက်ကို ပျော်အောင်နေတတ်လာဖို့ … ပြောပြနေသလိုဘဲ…ကျေးဇူးပါ ကိုညီ…
    စိတ်ဝင်စားစွာ နဲ့ အပိုင်း၃ ကိုမျှော်နေပါ၏…

    ReplyDelete
  18. ကိုညီနဲ့ အတူသူငယ်ချင်းတွေကိုတကယ် အပြင်မှာတွေ့ 
    ရသလိုပါပဲ။ သူငယ်ချင်းတွေနဲ့ 
    တနေ့ နေ့ ကြုံခဲ့ရင် နေရာရာမှာတွေ့ ဖြစ်မလားပဲ။

    ReplyDelete
  19. ဖားအောက်တောရဆိုလို့  မြန်မာပြည်ကထင်တာ ဆက်ဖြစ်တော့မဟုတ်ပါလား.. ကိုယ်မသိတာတွေမရောက်ဖူးတာတွေများနေပါလားနော်..ကျေးဇူးပါ အကို

    ReplyDelete
  20. ပစ်ပစ်March 19, 2013 at 8:05 PM

    ပျော်ရွှင်စရာ
    အမှတ်တရ ခရီးစဉ်လေးပေါ အကိုရ
    ပုံတွေကြည့်ရတာနဲ့တင်
    စင်ကာပူကို ကိုယ်တိုင်ေ၇ာက်သွားသလိုပါဘဲ

    ReplyDelete
  21. Really nicely, vividly and vibrantly written. Now I appreciate more of being in Singapore and being Asian.
    Nicely done Ko Nyi Linn Thit. Too bad I didn't have a chance to meet you here in Swiss. May be next time.
    Phone Lwin

    ReplyDelete
  22. Nyi...
    Thanks...!

    Anonymous...
    Thank you for your visit and kind comment.

    ညီမလေးဇွန်...
    ^_^ 2.

    မညိုလေး...
    ပုံထဲမှာ သစ်ပင်ကလေးတွေ၊ မြက်ပင်လေးတွေ ပါစေချင်လို့ ကျနော်က အဲဒီထောင့်ကို ရွေးလိုက်တာပါ၊ အင်း..ဘယ်ဖက်က ကြိုးတန်းရယ်၊ ဟိုးအနောက်က တိုက်ရယ်၊ ညာဖက် ကားပါကင်က ကားတွေရယ် မပါရင် ဒီပုံလေးက ပိုလို့တောင် အဆင်ပြေဦးမယ်..၊း)

    johnmoeeain...
    ဒါဆိုရင်တော့ သွားဖြစ်အောင် သွားကြည့်ဖို့ ကျနော်ကပဲ တိုက်တွန်းပါရစေဗျာ..၊း)

    ညီမစန်းထွန်း...
    အားပေးတာ ကျေးဇူးပါ ညီမရေ...၊း)

    ညီမရွှေအိမ်စည်...
    ပို့စ်ထဲမှာ ပါတဲ့ အကြောင်းအရာ တစ်ချက်ချင်းကို ဆစ်ပိုင်းပြီး နှစ်သက်ကြောင်း ပြောပြသွားလို့ ကျေးဇူးပါ ညီမရေ..၊ မပျက်ကွက်သော အားပေးမှုနဲ့ အမြဲ လာလည်တဲ့ အတွက်ရော၊ ချစ်စရာ ကွန်မန့်လေးတွေ အတွက်ရော ကျေးဇူးပါနော်...၊း)

    မအိုင်အိုရာ...
    ဟုတ်တယ်ဗျာ၊ ဖြစ်ပုံကိုက ပြေးပြေးလွှားလွှား သွားသွားလာလာ...၊း)

    အမည်ဝှက်စာဖတ်သူ (၁)...
    ဟုတ်ပါတယ်၊ အရှေ့တိုင်းနဲ့ အနောက်တိုင်း.. အရောင်သုံးစွဲပုံ၊ အကြိုက်တွေ မတူတဲ့ အကြောင်း ကျနော်လည်း သတိထားမိတယ်ဗျ၊ ရှင်သန်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်လို့ အရောင်တွေအပေါ် နှစ်သက်ပုံကလည်း ကွဲလွဲလိမ့်မယ် ထင်ပါတယ်၊ ပြေပြစ်ပြီး ခင်မင်နှစ်လိုဖွယ်ရာ ကွန်မန့်လေးအတွက်လည်း ကျေးဇူးပါလို့ ဆိုပါရစေ...၊

    အမည်ဝှက်စာဖတ်သူ (၂)...
    အစစ်ပဲဗျား...၊ ကျနော်လည်း ဒီလိုမျိုး ခပ်ဆင်ဆင် အရုပ်တွေ တစ်နေရာမှာ မြင်ဖူးပါတယ် အောက်မေ့နေတာ...၊ အခုမှပဲ သိတော့တယ်..၊း)

    တီတင့်...
    တီတင့်ဆီကနေ အမြဲတမ်း အဲဒီလို အားပေးတဲ့ ကွန်မန့်လေးတွေ ဖတ်ရတာ ရေးရသူအတွက် တကယ်ပဲ အားရှိစေတယ်၊ ကျေးဇူး အများကြီး တင်ပါတယ် တီတင့်ရေ၊

    ညီမမိုး...
    ဟုတ်ကဲ့..၊ နှစ်သက်တာ သိရလို့လည်း ကျေးဇူးတင်ပါတယ် ညီမရေ...၊

    AA...
    အမှန်တော့ ကျနော်က အခုလို အပိုင်းလိုက်ကို ခွဲမရေးချင်တာပါ၊ ဖတ်ရသူတွေ အတွက် အရမ်းကြီး ရှည်နေမှာစိုးလို့ ဖြတ်ချလိုက်ရတာ..၊ အပိုင်း ၃ ကို မြန်မြန်လေး တင်ပါ့မယ်၊း)

    အစ်မမြသွေး...
    အစ်မဆီက အခုလိုမျိုး ခင်မင်နှစ်လိုဖွယ်ရာ ကွန်မန့်လေး ဖတ်ရတာ တကယ်ပဲ အားရှိ စရာပါ..၊ မလွယ်ကူ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံရသည့်တိုင် အမြဲလိုလို လာလည်နေတဲ့ အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ် အစ်မရေ..၊

    ကိုညိမ်း...
    ဒါကတော့ဗျာ.. အကြောင်းအခွင့် မသင့်သေးတော့လည်း ရွာနားဘုရား၊ ရွာသား မကြည်ညို ဆိုသလို ဖြစ်မိတာ နေမှာပါလေ..၊း) တရားစခန်းလေးက တကယ်ပဲ အေးချမ်းတာတော့ အမှန်ပဲဗျ...၊

    မနော်နော်...
    ဖားအောက်တောရမှာ မကြာခဏ ဆွမ်းကပ်ခွင့်ကြုံတာ ကံကောင်းတယ်လို့ ဆိုရမှာ ပေါ့နော်..၊ ပရော်ဖက်ရှင်နယ် မဟုတ်ဘဲ ဒီလိုပဲ ဝါသနာအလျောက် ရေးနေတဲ့ ကျနော်တို့လို စာရေးသူတွေကို မနော်နော်ရဲ့ ကွန်မန့်လို အားပေးမှုမျိုးတွေက ရှေ့ဆက်ဖို့ တွန်းအားဖြစ်စေပါတယ်..၊ ကျေးဇူးပါလို့...၊

    ညီမအိန်ဂျယ်လှိုင်...
    သေချာတယ် ညီမရေ..၊ အဲဒီကျွန်းကလေး နာမည်ကြီးရတဲ့ အချက်တွေထဲမှာ အဲဒါတွေ ကြောင့်လည်း ပါလိမ့်မယ်...၊း)

    အမည်ဝှက်စာဖတ်သူ (၃)...
    ကျနော် ကြုံတွေ့၊ ခံစားရသလို ရေးလိုက်တဲ့ စာလေးတွေက ဖတ်ရသူအတွက် စိတ်ကျေနပ်စရာ ဖြစ်စေတာ သိရလို့ ဝမ်းသာမိပါတယ်၊ ရင်းနှီး၊ နွေးထွေးတဲ့ ကွန်မန့်လေး အတွက်လည်း ကျေးဇူး တင်ပါတယ်နော်...၊

    အစ်မရှင်လေး...
    ကျနော်လည်း အစ်မရှင်လေး အပါအဝင် အားလုံးနဲ့ ထပ်ဆုံချင် ပါသေးတယ်၊ တစ်နေ့နေ့တော့ ဖြစ်ကောင်းပါရဲ့လို့ မျှော်လင့်နေမိတာ ပါပဲဗျာ..၊

    ညီမချစ်စံအိမ်...
    ကွန်မန့်လေးအတွက် ကျေးဇူးတင်ပါတယ် ညီမရေ...၊း)

    ညီမပစ်ပစ်...
    ပျော်ရွှင်စရာလည်း ဟုတ်သလို အမှတ်တရလည်း ဖြစ်ခဲ့တာ အမှန်ပါပဲ ညီမရေ..၊ လာလည်တာ ကျေးဇူးပါနော်..၊

    Ko Phone Lwin,
    Indeed, you can be proud of being Asian and can be happy to live in Singapore where there are many interesting things in every corner of the streets. :) Yeah, it's a shame that I couldn't manage to meet you here. Hope we'll have more chances next time. Take care!

    ReplyDelete
  23. မျောသွားလိုက်တာများ ကိုယ်ကိုတိုင်စလုံးမှာနေတာဟုတ်ရောဟုတ်ရဲ့လားတောင်သံသယဖြစ်မိတယ် လှလိုက်တဲ့ပုံတွေပါလားအကိုရေ
    ( ဒါမှန်းသိရင်ယောင်ပေစူးနဲ့လာပါတယ် ဟီးးဟီးး )

    ReplyDelete
  24. ကိုယ်တိုင်တောင် စ လုံးမှာ နေတာလား သံသယဖြစ်မိတယ် ဆိုတဲ့ မဒိုး စကားကို ဖတ်ပြီး ပြုံးမိတယ်..။
    အဟုတ်ကို ကိုညီလင်းသစ် စာရေးကောင်းပုံတော့... :)) ။

    thuthu

    ReplyDelete
  25. ကြိုးတန်းရယ်၊ ကားတွေရယ်၊ အနောက်က ထိုးထိုးထောင်ထောင်တိုက်ကြီးရယ်မပါတောင်မှ ဘုန်းကြီးကျောင်းလို့ ငြိမ်းခံစားလို့မရပါဘူး။ ဒီအတိုင်း ကျယ်ဝန်းတိတ်ဆိတ်ပြီး မြက်ခင်းပြင် သစ်ပင်ပန်းပင်တွေနဲ့ နေချင်စဖွယ် တိုက်အိမ် တစ်လုံးမျှသာပါပဲ။ ငြိမ်းတစ်ယောက်ထဲရဲ့အမြင် နော်။ အညာကဘုန်းကြီးကျောင်းတွေနဲ့ တော်တော်ကြီးကိုမတူတာကိုး။
    “ မြန်မာပြည်မှာ အတူစားသောက်ကြရင် လုပ်လေ့ရှိတဲ့ ဓလေ့ကလေးကိုတော့ မမေ့မလျော့နဲ့...၊ ဝိုင်းထဲက လူတွေ ဘယ်သူမှ မသိရအောင် တိတ်တိတ်ကလေး ကောင်တာမှာ ငွေရှင်းသွားခဲ့တယ်၊“ အဲဒါအဟုတ်ပဲ၊ ငြိမ်းတို့မြန်မာဓလေ့။
    “ နေဝင်ချိန် ပန်းချီကား တစ်ချပ်လို့ဆိုရင် ဘလောဂ့်ရေးဖော် ညီမငယ်နဲ့ အစ်မကို ဆုံတွေ့လိုက်ရတာက မတော်တဆ ဖိတ်ကျသွားတဲ့ ဆေးစက်လေး ၂ စက်ကနေ ပြန်ပြင်ဆွဲလိုက်တဲ့ အိပ်တန်းပြန် ငှက်ကလေး ၂ ကောင်ပါပဲ၊ မရည်ရွယ်ခဲ့ပေမယ့် ပန်းချီကားက ပိုပြီးပြည့်စုံဖို့ ဖြစ်သွားခဲ့တယ်...၊“ ကောင်းလိုက်တဲ့အတွေးနဲ့အရေးပါပဲ။ ညီလင်းဘလော့ဂ်ထဲကနေ သူတို့ဆီကိုသွားလည်ဖူးတာမို့ သူတို့နဲ့တွေ့တဲ့အကြောင်းတွေဖတ်ရတာ ကိုယ့်အသိတွေကျနေတာပဲ၊ ပျော်စရာကြီး။ ကျွန်းကလေးပေါ်ကပုံပြင်နောက်တစ်ပိုင်းကို ဆက်နားထောင်ပါအုံးမယ်။
    ငြိမ်း

    ReplyDelete
  26. ချစ်တာကိုး.။(ဟဟင်)

    ReplyDelete
  27. Ofcourse!because of your writing and friendship of some bloggers in SG,the tiny red dot is brighter.We may cross somewhere like KOM,i hope.
    Gyidaw

    ReplyDelete
  28. Ofcourse!because of your writing and friendship of some bloggers in SG,the tiny red dot is brighter.We may cross somewhere like KOM,i hope.
    Gyidaw

    ReplyDelete
  29. ပထမဆုံး စသဘောကျတာတော့ လိမ္မော်ပင်ကြီးပဲ ... ညီမလေးဆိုလည်း လိမ္မော်သီးခူးစားလို့ရလားပဲ တွေးမိမှာ ... နောက်ပြီး မမဒိုးကန်တို့နဲ့တွေ့တာတွေ Blogger မောင်နှမတွေနဲ့ ဆုံတာလေးတွေ ပြန်ပြောပြတော့ ရင်ထဲမှာငြိမ့်ငြိမ့်လေးနွေးထွေးသွားတယ် ... အခါအခွင့်များသင့်ခဲ့မယ်ဆိုရင် ပြည်တွင်း/ပြည်ပ Blogger မောင်နှမတွေအာလုံးနဲ့ ဆုံချင်မိတယ် အစ်ကိုရေ ... :)

    ReplyDelete
  30. ဖုန်းဆက်လို့မရတဲ့ နေရာရောက်နေလို့ မဆက်ဖြစ်ဘူး ကိုညီလင်းသစ်ရေ။ ပျော်ရွှင်ခဲ့ရတယ်ဆိုလို့ ၀မ်းသာမိပါတယ်။ ကိုညီလင်းသစ်အရေးအသားနဲ့ပဲ စင်ကာပူကို အလည်သွားလိုက်ဦးမယ်
    (လီယို)

    ReplyDelete
  31. ကိုယ် ထပ်လာခဲ့ဦးမယ် အောချတ်...။ ။

    ReplyDelete