29 July 2013

A frame at a time: သနပ်ခါး


ဒီရက်ပိုင်းတွေမှာ ရာသီဥတုက မယုံနိုင်စရာ ကောင်းလောက်အောင် ပူတယ်၊ မနက် ၁၁ နာရီလောက်ဆိုရင်ပဲ အပူချိန်က သိသာနေပြီ၊ နေ့လယ်ပိုင်းတွေမှာတော့ ဘာမှမလုပ်ဘဲ ထိုင်နေရင်းနဲ့ကို အပူရှိန်ကို ခံစားနေရတယ်၊ ရုံးခန်းထဲမှာ ထိုင်နေလည်းပူ၊ ဓါတ်ခွဲခန်းထဲမှာလည်းပူ၊ ဘယ်သွားသွား မလွတ်သလောက်ပါပဲ၊ မိုးလေဝသ သတင်းမှာ အပူလှိုင်းဖြတ်နေတယ်လို့ ကြေညာထားတယ်၊ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းကတော့ အေးလိုက်တာ ဆိုတာ တကယ့်ကို မပြီးနိုင်မစီးနိုင်...၊ ပုံမှန်ဆို ဧပြီလလယ်လောက်မှာ နေရောင်ခြည် နွေးနွေးလေးနဲ့ နွေဦးရာသီ ရောက်လာနေကျပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီမှာတော့ နှင်းတွေအဖွေးသားနဲ့ ဆောင်းတွင်းပဲရှိသေးတယ်၊ တခါ မေလမှာလည်း အေးတုန်း...၊ ပြီးတော့ ဇွန်လမှာပါ မိုးတွေအုံ့၊ မိုးတွေရွာပြီး ဆက်တိုက်ကို အေးနေခဲ့တာ..၊ ဟော.. အခုကျပြန်တော့ နေတွေ ခြစ်ခြစ်တောက်ပူပြီး အိုက်စပ်နေတာ နှစ်ပတ်လောက်တောင် ရှိနေပြီ၊ ဆိုတော့ လူတွေက ဆောင်းတွင်းမှာ အေးတော့လည်း အေးလို့၊ အခု နွေရာသီမှာ ပူတော့လည်း ပူလို့နဲ့ ညည်းတွားကြပြန်ရော...၊း)

ညအချိန်ထိ ခပ်နွေးနွေးရှိနေသေးတဲ့ အပူရှိန်ကို တွန်းလှန်ဖို့ အကောင်းဆုံးအဖော်ကတော့ သနပ်ခါးပါပဲ၊ ခြေဆုံးခေါင်းဆုံး လိမ်းထားတဲ့ သနပ်ခါးရနံ့ သင်းသင်းလေးနဲ့ အိပ်ရာဝင်မှပဲ အေးအေးချမ်းချမ်း အိပ်ပျော်တော့တယ်၊ သားကို သနပ်ခါး လိမ်းပေးရင် ပါးကွက်ပါ ကွက်ပေးမှ သူကကြိုက်တယ်၊ သူ့ပါးပေါ်က သနပ်ခါးကို သွားပွတ်တံနဲ့ ခြစ်ပြီး ပါးကွက်,ကွက်ပေးနေရင်း ကျနော်တို့ငယ်ငယ်က အဖွား သနပ်ခါး လိမ်းပေးခဲ့တဲ့ အချိန်တွေကို သတိရတယ်၊ အဖွားက ကျနော်တို့ကို သနပ်ခါး လိမ်းပေးပြီးရင် မြေးတစ်ယောက်စီရဲ့ ပါးစပ်ထဲကို သနပ်ခါး တစ်တို့တော့ အမြဲခွံ့ တတ်တယ်၊ ̔စားကြဟဲ့...၊ ဝမ်အေးတယ်၊ ကျန်းမာရေး အတွက်ကောင်းတယ်̕ လို့လည်း ပြောသေးတယ်၊ သနပ်ခါးက စားလို့ရတဲ့ အကြောင်း သားကိုပြောပြတော့ သူက မယုံသလိုနဲ့ ကျနော့်ကို ကြည့်တယ်၊ ဒါနဲ့ ကျောက်ပျဉ်ပေါ်က သနပ်ခါးတစ်ကော် ယူစားပြလိုက်တော့ ̔သားသားလည်း စားကြည့်မယ်̕ တဲ့၊ သူ့ပါးစပ်ထဲ သနပ်ခါး နည်းနည်းလောက် ကျနော်ထည့်ပေးလိုက်ပြီး ̔ကောင်းလား̕ ဆိုတော့ ̔အရသာ မရှိဘူး̕ တဲ့၊ ခေါင်းခါတယ်...၊ ဘာပဲဖြစ်ဖြစ် ပူအိုက်လှတဲ့ နွေညတွေထဲမှာ သနပ်ခါးက ကျနော်တို့မိသားစုအတွက် အေးမြခြင်းတွေ ယူဆောင်လာပေးတာတော့ အမှန်ပါပဲ...။





ညီလင်းသစ်
၂၉ ဇူလိုင်၊ ၂၀၁၃

23 comments:

  1. He was cute with thanakar.
    Ltns thar thar..

    Nyi

    ReplyDelete
  2. အစ်ကို
    သားကလေး ဓါတ်ပုံမှာ လေဘယ်တစ်ခု ထပ်တိုးလေ
    မိတ်ကပ် ... အဲ ... မှားလို့
    သနပ်ခါး ... ညီလင်းသစ် ဆိုပြီး :)

    ReplyDelete
  3. အရမ်းပူလွန်းပြီး မိတ်တွေထွက်တဲ့ ရာသီမျိုးဆိုရင် တီတင့်တို့ရဲ့ ဖွားဖွားသင်ပေးတဲ့နည်းအတိုင်း ခရေပန်းခြောက်လေးတွေထည့်သွေးပြီးလိမ်းတာကို သတိရတယ် မောင်ညီလင်းရေ...
    သဘောကောင်းမဲ့ သားတော်မောင်ရဲ့ ကြည်လင်တဲ့ မျက်နှာလေးကိုမြင်တော့ အဖေရဲ့ ရူပါကို ခန့်မှန်းလိုက်တယ် :D
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. သနပ်ခါးနဲ့  သားသားလေးက ချစ်စရာ...း)

    ReplyDelete
  5. သားလေးကသနခါးနဲ့ ချစ်စရာ။
    အိုင်အိုရာ

    ReplyDelete
  6. ဘုန်းတောက်July 29, 2013 at 5:26 AM

    အန်တီတင့်ပြောတာ သဘောကျတယ်...

    ReplyDelete
  7. Pls convey my remembrance to thar thar. :)

    Zun

    ReplyDelete
  8. ဒီမှာလည်း မိုးသာရွာနေတာ ပူတာပါပဲ... အစ်ကိုတို့ဆီမှာတော့ အရမ်းအေးရာကနေချက်ချင်းကြီး ကျစ်ကျစ်တောက်ပူတော့ ပိုခံရတာပေါ့နော်..။ သားသားလေးက သနပ်ခါးလေးနဲ့ချစ်စရာကောင်းတယ်..။

    ReplyDelete
  9. ကိုညီရေ ကျမလည်း နေပူတဲ့နေ့ တွေမှာ သနပ်ခါး
    လိမ်းလိုက်မှ နေလို့ ကောင်းသွားတယ်။

    ReplyDelete
  10. မောင်မျိုးJuly 30, 2013 at 12:11 PM

    စာရေးဖို့ အရှိန်ယူနေတား) နောက်တစ်ပူုဒ် သားသား နဲ့ ဆားချက်လိုက်ပြန်သည်ပေါ့လေ ။

    ကျနော်လည်း သနပ်းခါးကြိုက်တယ် ခုလည်း အခန်းမှာဝယ်ထားတယ် ညအိပ်ယာဝင်သနပ်ခါးလူးပြီးအိပ်တယ်ဗျ ။

    ReplyDelete
  11. သနပ်ခါးအပြင် နှုတ်ခမ်းနီတောင်ပါလိုက်သေးတယ်..
    ကလေးကြီးလေး ဖြစ်လာပြီ..
    N/A

    ReplyDelete
  12. ဒီဘလော့ဂ်ကို မရောက်ဖြစ်တာ ကြာတေ့ သူလေးတောင် လူပျိုပေါက်လေးလို ရုပ်ထွက်လာပြီနော်.... ငယ်ငယ် ကလေးလေးလို ရုပ်မျိုးလေး မဟုတ်တော့ဘူး... ကြီးလာ ထွာလာလိုက်တာ... အရပ်ကြီးလည်း ရှည်လောက်ရောပေါ့.... သနပ်ခါး ပါးကွက်ကြား ဘယ်ညာလူးထားပြီး ချစ်စရာကောင်းလိုက်တာ... သားသားလေးလို့ ခေါ်လို့ မရတော့ဘူး... မောင်လေး ဖြစ်နေပြီ...

    C'était agréable de voir un garçon mignon avec sweet smile. Je peux sentir l'esprit birman de cette photo. Merci.

    ReplyDelete
  13. ချစ်ရာလေး..ပြုံးပြုံးလေး .. သဘောကောင်းတဲ့ ရုပ်ကလေးနဲ့
    မြန်မာပြည်ပြန်တုံးက သားသား ဆိုက်ကားစီးနေတဲ့ပုံ တော့ သေချာမှတ်မိတယ်..
    သနပ်ခါး လူးထားတဲ့ပုံပါသလိုပဲ ... အဲဒါတော့ မေ့တေ့တေ့

    ReplyDelete
  14. သားရဲ.မိခင် မအိမ်သူရော သနပ်ခါးလိမ်းသလားဟင်။
    သားရဲ.အဖေ သနပ်ခါးလိမ်းထားပုံရော တင်ဖို.စိတ်ကူးမရှိဘူးလားဟင်။
    သနပ်ခါးကျောက်ပြင်သယ်လာတယ်ပေါ.နော်။ ကောင်းလေစွ ကောင်းလေစွ။

    ReplyDelete
  15. သားသားလေးကချစ်စရာဗျာ.....

    ReplyDelete
  16. သားသားကချစ်စရာလေး

    ReplyDelete
  17. Nyi...
    Thank you...!

    ညီမလေးညို...
    သနပ်ခါး ညီလင်းသစ်... ဟားဟားဟား၊ မလုပ်ပါနဲ့ဗျာ၊ တော်ကြာ.. မိတ်ကပ် အကြိုင်တို့၊ ခင်စန်းဝင်း တို့က မနာလို ဖြစ်နေပါဦးမယ်...၊း))

    တီတင့်...
    တီတင့်ပြောမှ သနပ်ခါးထဲ ခရေပန်းခြောက် ထည့်သွေးတာကို သတိရတော့တယ်၊ ဟုတ်တယ်နော်၊ နောက်တစ်ခါ ခရေပန်းရရင် အဲဒီလို စမ်းကြည့်ဦးမယ်၊ သားကိုကြည့်ပြီး အဖေကို ခန့်မှန်းမယ် ဆိုရင်တော့ တီတင့် ကွက်တိကို မှန်မှာ သေချာတယ်..၊းD

    ညီမစန်းထွန်း..
    ကျေးဇူးပါ ညီမရေ...၊

    မအိုင်အိုရာ...
    ကျေးဇူးပါနော်...၊

    ဘုန်းတောက်...
    တင်ပါ့...၊ တီတင့်က အင်မတန် စကားပြောတတ်တယ် ဘုရား...၊း)

    Zun...
    Sure...!! I'll tell him without fail. :)

    ညီမမိုး...
    ဟုတ်တယ်..၊ အမေတို့လည်း ပြောတယ်၊ မိုးသာ ရွာနေပေမယ့် ပူတယ်ဆိုတဲ့ အကြောင်း...၊ ရာသီဥတုတွေလည်း မမှန်တော့ပါဘူး ညီမရာ...၊

    အစ်မရှင်လေး...
    ဟုတ်တယ်နော် အစ်မ၊ အာရှမှာဖြစ်ဖြစ် ဥရောပမှာဖြစ်ဖြစ်.. သနပ်ခါးကတော့ သနပ်ခါး ပါပဲလေ၊း)

    မောင်မျိုး...
    ဆားချက်တာ မဟုတ်ရပါဘူး ညီရ..၊ ဓါတ်ပုံဟာလည်း အနုပညာပဲ မဟုတ်လား..၊း) ညအိပ်ရာဝင်မှာ သနပ်ခါးနံ့ သင်းသင်းလေးနဲ့ အိပ်ပျော်သွားရတာ မိုက်တယ်နော်...၊း))

    ကို N/A...
    အဲ.. နှုတ်ခမ်းနီတော့ မဟုတ်ဘူးဗျ၊ သူ့ နှုတ်ခမ်းက အဲဒီလို နဂိုနီပါပဲ..၊

    နန္ဒာ...
    ဟော.. ပျောက်နေတာ ကြာပါရော့လား၊ ဘယ်လိုကနေ မျက်စိလည်ပြီး ဝင်လာတာလဲ?းP ဘာပဲဖြစ်ဖြစ် သတိတရ ရှိသေးတာ ကျေးဇူးပါ ညီမရေ...၊ Merci aussi pour ton compliment! C'est une surprise et un vrai plaisir de lire ton commentaire. :)

    :P ...
    အဲ.. ဟုတ်တယ်ဗျ၊ သနပ်ခါး လိမ်းနေတဲ့ တစ်ပုံတော့ ပါတယ်ထင်တယ်၊ နေကောင်းတယ် မဟုတ်လား? လာလည်တာ ကျေးဇူးနော်...၊

    အမည်ဝှက်စာဖတ်သူ...
    ဟုတ်ပါတယ်၊ မြန်မာပြည်ကနေ ကျောက်ပျဉ်အသေးလေးတစ်ခု သယ်လာခဲ့တယ်၊ သားရဲ့မိခင် မအိမ်သူလည်း သနပ်ခါး လိမ်းပါတယ်ခင်ဗျ၊ မလိမ်းရင် သူတစ်ယောက်တည်း အိုက်စပ်စပ်ကြီးနဲ့ အိပ်နေရမှာပေါ့၊းD သားရဲ့ အဖေကတော့ သနပ်ခါးဘဲကျားနဲ့ အင်မတန် လှနေလို့ စာဖတ်သူတွေ လိပ်ပြာမလွင့်စေခြင်း အလို့ငှါ ဆင်ဆာ ဖြတ်လိုက်ရပါကြောင်း...၊းD

    ကိုညိမ်း...
    ဟော.. ကိုညိမ်း၊ နေကောင်းလားဗျ...? လာလည်တာ ကျေးဇူးဗျာ..၊

    ညီမ blackroze...
    ကျေးဇူးတင်ပါတယ် ညီမရေ...။

    ReplyDelete
  18. သားတို့ရုပ်ရည် သီတာမည်သား
    ရေကြည်ချမ်းမြ တစ်ပေါက်ကျတည့် မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း။ ညီလင်းတို့မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ငြိမ်း

    ReplyDelete
  19. သားလေးက သနပ်ခါးလေးက ချစ်စရာလေး ကိုညီလင်းသစ်ရေ။ အလုပ်တွေနဲ့ မအားလပ်လို့ ကွန်မန့်မပေးဖြစ်တာကြာပြီ အစ်ကိုရေ။
    (လီယို)

    ReplyDelete
  20. နော်နော်August 2, 2013 at 7:56 AM

    မမေ၇ွှစင်ရဲ့ ဘလော့မှာ ကိုညီလင်းသစ် စာတွေမတွေ့လို့ ခုမှဖတ်ရတာ။မမရွှေစင်ရဲ့ .com က ဖွင့်လို့မရတော့လို့ blog spot မှာ ချိတ်ပေးပါအုံးလို့ မမရွှေစင်ကိုယ်စားပြောပေးလိုက်တယ်နော်၊သနပ်ခါးနဲ့ သားသားကိုကြည့်ရင်း ရင်ထဲ အေးသွားတာပဲ။

    ReplyDelete
  21. နော်နော်August 2, 2013 at 7:59 AM

    http://www.shwezinu.blogspot.sg/2013/06/blog-post_26.html

    ReplyDelete
  22. ကိုညီလင်းသစ် သားလေးက သနပ်ခါးလေးနဲ့ ချစ်စရာလေးနော် ။
    မလေးလည်း မလေးသားလေးကို သနပ်ခါးလေးတွေ လိမ်းပေးရင်း ခွံချွေးဖြစ်တယ်။

    ReplyDelete
  23. အို..သနပ်ခါးလေးနဲ့ ချစ်စရာ :))

    ReplyDelete