30 October 2013

Back to blog...


အားလုံးပဲ မင်္ဂလာပါဗျာ...၊

နှစ်ပတ်တာ ဘလော့ဂ်ကေးရှင်း သွားနေရာကနေ ကျနော်ပြန်ရောက် ပါပြီ၊ ပြောစရာ တစ်ခုနှစ်ခုလောက်က လွဲရင် ခရီးစဉ်တစ်ခုလုံးက ချောချောမောမော ပါပဲ၊ အရှေ့တောင်အာရှမှာ အဖူးအညွန့်လေးတွေနဲ့အတူ ရွက်နုတဝေဝေနဲ့ ပြန်လည်စိမ်းစို ရှင်သန်လာတဲ့ ချစ်စရာနိုင်ငံကလေးဆီ ပြန်ရတဲ့ခရီးက ပျော်စရာ၊ မောစရာ၊ ကြည်နူးစရာ၊ လွမ်းဆွတ်စရာတွေ အတိနဲ့ပါ၊ အဝေးကြီးကနေ လာခဲ့ရသူဆိုတော့ အချိန်တိုင်း၊ ရက်တိုင်းကို သတိလေးကပ်ပြီး ပြည့်ပြည့်ဝဝ နေထိုင်နိုင်အောင် ကြိုးစားကြည့်ခဲ့တယ်၊ တစ်ခေါက်ဆို ဆိုသလောက် သွားဖို့အတွက် ပြင်ဆင်ခဲ့ရတာတွေက မနည်းဘူး မဟုတ်လား...၊

ဒီခရီးဟာ ဓါတ်ပုံရိုက်ဖို့ သီးသန့်သွားခဲ့တဲ့ ခရီးမဟုတ်ပေမယ့်လည်း တတ်နိုင်သလောက်၊ အချိန်ရရင် ရသလောက်တော့ ကျနော်ကြိုးစားပြီး ရိုက်ခဲ့ပါတယ်၊ အားလုံးသိကြတဲ့အတိုင်း ဓါတ်ပုံကောင်းတွေ ရဖို့ဆိုတာက အချိန်ပေးနိုင်မှဆိုတော့ မိသားစုနဲ့အတူ တက်သုတ်ရိုက် သွားရတဲ့ ကင်မရာသမား တစ်ယောက်အဖို့တော့ ရိုက်ခဲ့တဲ့ ပုံတွေအပေါ် စိတ်တိုင်း မကျခဲ့တာ များပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရတော့ ဖြစ်တာပေါ့လေ-လို့ စိတ်ထားပြီး ကင်မရာခလုတ်ကို နှိပ်ခဲ့ရတဲ့ အကြိမ်တွေက အများကြီးပါ၊ အခုလောက်ဆိုရင်ပဲ ရှေ့လာမယ့် ရက်တွေမှာ ကျနော်တင်မယ့် ပို့စ်တွေက မြန်မာပြည်သွား ဓါတ်ပုံအက်ဆေး၊ ခရီးသွားပို့စ်တွေ ဖြစ်မယ်ဆိုတာ အားလုံးရိပ်မိကြမှာပါ...၊

ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ကို သံယောဇဉ်ရှိနေသေးတဲ့အတွက်၊ ပြန်ရေးခွင့်ရတဲ့အတွက်၊ မြင်ဖူးသူ၊ မမြင်ဖူးသူ၊ ရေးသူ၊ ဖတ်သူ ညီအစ်ကို မောင်နှမတွေနဲ့ ဒီရပ်ဝန်းမှာ ပြန်ဆုံခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်၊ အိုကေ..ချစ်စရာကောင်းတဲ့ အဲဒီနိုင်ငံကလေးဆီ ကျနော်တို့ အတူတကွ သွားလိုက်ကြရအောင်...။ Cabin crew, take your seats for take off ! :)


ညီလင်းသစ်
၃၀ အောက်တိုဘာ၊ ၂၀၁၃

14 comments:

  1. လပြည့်ရိပ်October 30, 2013 at 6:56 PM

    exciting .. ;)

    ReplyDelete
  2. Ready, let's go :))

    ReplyDelete
  3. ဓာတ်ပုံလေးတွေ ကြည့်ချင်နေပါပြီ...welcome back to blog ! :)

    ReplyDelete
  4. အစ်ကိုညီလင်းသစ် ..ရေ ရန်ကုန်ပြန်ပို့(စ်) လေးဖတ်ဖို့စောင့်နေပါတယ်ရှင်...

    ReplyDelete
  5. ပုံလေးတွေမျှော်နေပါသည်....း)

    ReplyDelete
  6. အစ်ကို့ရဲ့ မြန်မာပြည်ပြန်တဲ့ပို့စ်တွေမှာ ကျနော်တို့မြင်နေကျ အမြင်မျိုး မဟုတ်တာလေးတွေ ဖတ်ရလွန်းလို့ ဒီလိုပိုစ်မျိုးကိုပဲ တကူးတက စောင့်ဖတ်ဖြစ်ပါတယ်။ မြန်မြန်လေးတင်ပါဗျာ မျှော်နေတယ်။

    ခင်မင်စွာဖြင့်

    ReplyDelete
  7. အင်း ချဉ်ပေါင်ကြော်ပုံတို.၊ မုန်.ဟင်းခါးပုံတို. နဲ.အတူ တခြားစားစရာပုံတွေ မျှော်နေပါ.မယ်လေ။

    “တစ်ခေါက်ဆို ဆိုသလောက် သွားဖို့အတွက် ပြင်ဆင်ခဲ့ရတာတွေက မနည်းဘူး မဟုတ်လား...၊” ဆိုတာ သိပ်မှန်တာပါဘဲ။

    ကိုညီလင်းတော.မသိဘူး၊ ကျမတို.မိသားစုကတော. ရန်ကုန်ကပြန်လာရင် နောင်တလိုမျိုး တခုမဟုတ်တခု အမြဲခံစားရတယ်။ဟိုနားလေးတော.မသွားလိုက်ရဘူး၊ဟိုဟာလေးတော. မစားခဲ.လိုက်ရဘူး၊ ဟိုလူဒီလူနဲ.တော.မတွေ.ခဲ.ရဘူး စသဖြင်.ပေါ.။
    ဓာတ်ပုံတွေ၊ စာတွေ အမြန်တင်ပါတော.ဗျို.။ စောင်.မျှော်လျှက်ပါ ။ ခရီးစဉ်တလျှောက်လုံး ကိုညီလင်းရဲ. မအိမ်သူနဲ.သားကလေး ကျန်းကျန်းမာမာဘဲလားဆိုတာလဲသိချင်ပါတယ်။ ဘာလို.ဆိုတော. အစားမှားတာတို.ဘာတို.ဖြစ်တတ်လို.လေ။

    ReplyDelete
  8. လပြည့်ရိပ်...
    Thanks sis...! :)

    မစူးနွယ်...
    လာမယ်နော်..၊း)

    Anonymous...
    Alright, here we go...! :)

    ညီမစန်းထွန်း...
    အိုကေ... တင်မယ်ညီမရေ..၊

    မဆွေလေးမွန်...
    ဟုတ်.. အမြန်ဆုံး ရေးပါ့မယ်နော်၊

    ညီမမိုး...
    ပုံကော၊ စာကော တင်မယ်နော် ညီမ..၊း)

    ကိုနေမျိုး...
    အခုလို စိတ်ဝင်စားတာ သိရလို့ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော် အမြန်ဆုံး တင်ပါ့မယ်..၊

    အမည်ဝှက်စာဖတ်သူ...
    ဟား... အဲဒါတော့ တူတယ်ဗျို့၊ ကျနော်တို့လည်း အဲဒီလို ခံစားရ စမြဲပဲ၊ ဘယ်လောက်ပဲ ပြင်ဆင်သွားသွား၊ ပြန်လာရင် မတွေ့လိုက်ရတာ၊ မစားလိုက်ရတာ တစ်ခုမဟုတ် တစ်ခုကတော့ အမြဲ ပေါ်ပေါ်လာတယ်..။းD

    ReplyDelete
  9. ထာဝစဉ်အားပေးမှာပါ။
    စိတ်လည်းဝင်စားတယ်။
    ပုံလေးတွေလည်းကြည့်ချင်တယ်။
    အိုင်အိုရာ

    ReplyDelete
  10. စောင့်နေပါတယ်။ အတွေ့ အကြုံတွေနဲ့ ပုံကောင်းတွေ သေချာရလာမှာပါ။

    ReplyDelete
  11. ဟန်ကြည်November 1, 2013 at 10:01 AM

    ဘလော့ကေးရှင်းကနေပြန်ရောက်လို့ ဘလော့ဂင်းပြန်လုပ်တော့မှာဆိုတော့ကာ...

    ရွှေပြည်ကြီးမှာ မြင်ခဲ့ရသမျှ ကြုံခဲ့ရသမျှကို အမြင်စူးစူး အရေးညက်ညက်နဲ့ တင်ဆက်လာမယ့် ပို့စ်ကောင်းတွေကို မြိန်ရှည်ရှက်ရည် ဖတ်ရတော့မှာပေါ့ ကိုညီလင်းရေ...

    မင်္ဂလာပါဗျာ...

    ReplyDelete
  12. ထိုင်ခုံမှာခါးပတ်ပတ်လျှက် အဆင်သင့်ဖြစ်နေကြောင်းပါ..ကိုညီရေ... :D

    ReplyDelete