13 March 2014

ခြင်္သေ့လည်ပြန်...


မင်္ဂလာပါခင်ဗျာ…၊ ပြီးခဲ့တဲ့ ပို့စ်မှာ ကျနော်ရေးခဲ့သလိုပဲ ခြင်္သေ့ကျွန်းကလေးဆီကို ဒုတိယအကြိမ် သွားဖို့အကြောင်းက မရည်ရွယ်ပါဘဲနဲ့ ဖြစ်လာခဲ့ပါတယ်၊ ပထမတစ်ခေါက် သွားခဲ့တဲ့အချိန်ကနေ တွက်ရင် တစ်နှစ်ကျော်ကျော် အကြာမှာ အခု ဒုတိယ ခရီးစဉ်က ဖြစ်လာတာပါ၊ တိုတိုတုတ်တုတ် ပြောရရင်တော့ ပထမတစ်ခေါက်ခရီးစဉ်အတွက် ကျနော်ရေးခဲ့သလိုပဲ... ခြင်္သေ့ကျွန်းကလေးမှာ နေကြတဲ့ စာရေးသူ၊ စာဖတ်သူ၊ စာ ရေးလည်းမရေး ဖတ်လည်းမဖတ်သူ၊ ကျနော့်ကို သိသူ၊ ကျနော်က သိသူ၊ ကျနော့်ကိုလည်း မသိ၊ ကျနော်ကလည်း မသိသူ... ဘယ်သူနဲ့မဆို ဆုံဖို့ အသင့်ပါပဲ...၊

ဆိုတော့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁ ရက်နေ့အတွင်း ပင်နီဆူလာ ပလာဇာတဝိုက်မှာ Lowepro Vertex 200 AW ကင်မရာအိတ်ကြီိးကို ကျောပိုးပြီး ဟိုငေးဒီငေးနဲ့ လျှောက်နေတဲ့ ဂျင်းဘောင်းဘီဝတ် လူတစ်ယောက်ကို မတော်တဆများ တွေ့မိခဲ့ရင် လှမ်းသာခေါ်လိုက်ပါ၊ ကော်ဖီလေးတစ်ခွက်လောက် သောက်ရင်းဖြစ်ဖြစ်၊ ချဉ်ပေါင်ကြော်တစ်ပွဲလောက် မှာစားရင်းဖြစ်ဖြစ်... ခင်ခင်မင်မင် စကားစမြည် ပြောကြရအောင်လေ...။ ။


ညီလင်းသစ်
၁၃ မတ်၊ ၂၀၁၄

13 comments:

  1. ကော်ဖီတိုက်ပါဗျိုးးးးးးးးးးးးးး

    ညီ

    ReplyDelete
  2. နော်ခိုင်March 13, 2014 at 6:11 PM

    ဒီတခါတော့ စာရေးသူ ဓာတ်ပုံ ၀ါသနာရှင လူငယ်တစ်ဦးနှင့် တွေ့ဆုံ ခင်မင်ခွင့် ရတန်ကောင်းပါရဲ့။ :)

    ReplyDelete
  3. အဲ့ဒီနေ့ရက်ဆိုရင်တော့ တီတင့်နဲ့မဆုံဖြစ်တော့ဘူး မောင်ညီလင်းရေ...
    တစ်ချိန်ချိန်တော့ ဆုံခွင့်ကြုံကြအုံးမှာပေါ့နော်...
    မဆုံဖြစ်လဲ ပို့စ်ကောင်းလေးတွေ ဖတ်ခွင့်ရမှာမို့ ကြည်နူးမိပါရဲ့ ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  4. အိမ်အပြန်လက်ဆောင်အဖြစ်ပုဇွန်ဆိတ်နဲ့ ချဉ်ပေါင်တွေအများကြီးရှယ်ကြော်ထားပြီးစောင့်နေပါမယ်ဗျိုး

    တင်သိန်းအေး

    ReplyDelete
  5. Hope you cannot face with Haze during the stay in SG. :)

    ReplyDelete
  6. ဝေး...ပျော်စရာကြီး အားကျထှာ..

    ReplyDelete
  7. Have a nice trip!
    Iora

    ReplyDelete
  8. ကညီလင်း
    ဘယ်.နှယ်. သွားတောင်မသွားရသေးဘူး၊ ချဉ်ပေါင်ကြော်လို. ထည်.ရေးထားတာတော. တော်တော်လွန်တယ်နော်

    ReplyDelete
  9. welcome, this time i will contact u very sure, :) julynine

    ReplyDelete
  10. ဟန်ကြည်March 14, 2014 at 7:32 PM

    ခြင်္သေ့ဇာတ်လမ်းလေး တစ်ပုဒ်လောက်တော့ အပြန်လက်ဆောင်အဖြစ် ဘလော့ရွာအတွက် ပါခဲ့ရင်ကောင်းမယ်လို့ပဲ မျှော်လင့်နေမိပါသဗျာ...

    ReplyDelete
  11. ပျော်စရာကြီး-----အရင်လိုမလေးရှားမှာဆိုရင် တွေ့လို့ရသေးတယ်နော်...

    ReplyDelete
  12. ညီ…
    သိပ်ရတာပေါ့ဗျာ..၊ ဝမ်းတီး တူးကော် ကြိုက်ရာသာရွေး…၊း)

    မနော်ခိုင်…
    ဒီတစ်ခါတော့ စာတွေလာလာဖတ်ပြီး ကွန်မန့်တွေ ချန်တတ်တဲ့ စာဖတ်သူ အစ်မတစ်ယောက်နဲ့ တွေ့ဆုံ ခင်မင်ခွင့် ရတန်ကောင်းပါရဲ့…၊းP

    တီတင့်…
    “ဒီတစ်နှစ်တော့ လွဲသွားပြန်ပြီ ထင်ပါတယ်…” ဆိုတဲ့ ဘိုဖြူ သီချင်းကိုပဲ ဆိုတော့မယ်ဗျာ..၊ ရှေ့နှစ် ကျနော် မြန်မာပြည် လာတဲ့အခါ တွေ့ကြမယ်လေ…၊း)

    အလှပဂေး ညီမငယ်တင်သိန်းအေး…
    မရောက်မီက ကျနှင့်သည် ဖြစ်ကုန်ပြီဗျို့… သွားရည် ပြောပါတယ်…၊းD

    Anonymous…
    Oh..no.. please! I simply hope not, too. :)

    မဆွေလေးမွန်…
    လိုက်ခဲ့မလား…၊ လေယာဉ်မှာ နေရာလွတ်တွေ ကျန်နေသေးတယ်…၊း)

    Sis Iora,
    Thanks so much sis…!

    အမည်ဝှက်စာဖတ်သူ…
    ဟုတ်တယ်ဗျာ.. မထူးတော့ပါဘူး၊ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်.. ဆိုတော့လည်း…၊း))

    julynine…
    Sure, please do so! hope to meet you, too. :)

    ဆရာဟန်…
    တကန်တက သွားရတဲ့ ခရီးမို့ အနည်းဆုံး တစ်ပုဒ်လောက်တော့ ထွက်တန်ကောင်းပါရဲ့-လို့ ကျနော်လည်း မျှော်လင့်မိတာ ပါပဲဗျာ…၊း)

    မစံပယ်…
    ဟင်… မလေးရှားမှာ မဟုတ်တော့ဘူးလား? ကျနော်ကတောင် တွေ့နိုင်ကောင်းရဲ့လို့ ထင်နေတာ…။

    ReplyDelete
  13. wish to meet with you this time :) but I don't have blogger friends. ATZH

    ReplyDelete