ပဉ္စလက်မြား
“ အပိုမပြောစမ်းပါနဲ့ ” တဲ့၊
အဲဒါ
ငါ့နှလုံးသားရဲ့ဗဟိုချက်ကို
ထုတ်ချင်းခတ်သွားတဲ့
ကောင်မလေးရဲ့ မြားတစ်စင်းပေါ့ ။
စောင့်ခဲ့ဖူးတယ်...
အဲဒီနှုတ်ခမ်း အဖူးအငုံလေးဆီက
ပွင့်ကျလာတဲ့စကားတွေ
ရနံ့တွေ စိုလက်လို့
တစ်ပွင့်မကျန်
ငါ, ကောက်သိမ်းခဲ့တယ်၊
ဟောဒီ ရင်ဘတ်ကြီးတခုလုံး
လေးလံ, ပိကျလာတဲ့အထိလေ ။
ကောင်မလေးရေ...
တကယ်တော့ ငါဟာ
အပိုမပြောမိအောင်
ကိုယ့်ကိုယ်ကို
မီးပေါင်လျှော့ထားရတဲ့
စက်ခေါင်းတစ်ခုပါ၊
ဘူတာစဉ် ဆုံးတဲ့အထိတော့
ငါ့ကို စီးသွားလှည့်ပါကွယ် ။ ။
ညီလင်းသစ်
၃၀ မေ ၂၀၀၇
02/04/2026
-
ညက အိပ်ခါနီး မနက်ကျရင် တောင်တက်မယ်စိတ်ကူးတယ်။
မနက်ကျ ကော်ဖီနှပ်မယ်၊ ကြက်ဥပြုပ်မယ်၊ အသီးခွဲထည့်မယ်ပေါ့။
မနက်က စောစောနိုးပေမဲ့ မသွားဖြစ်တော့။
မနက်စာပြင်တ...
17 hours ago