24 October 2007

အဦး အစ...


ပထမဆုံး ကွန်ပျူတာနဲ့ ကျွန်တော် စမ်းရေးကြည့်တဲ့ မြန်မာစာကြောင်းလေး ဖြစ်ပါတယ်။
ရေးလေ့ရေးထ မရှိတော့ တော်တော့်ကို ခဲရာခဲဆစ် ရေးခဲ့ရပါတယ်...။ ဒီကြားထဲ မြန်မာကီးဘုတ်
ကို အလွတ်မရသေးတော့ တချက်ကြည့်လိုက်, တလုံးရိုက်လိုက်, မှားရင်ပြန်ဖျက်လိုက်, အတူတွဲနှိပ်ရမယ့် ခလုတ်တွေရှာကြည့်လိုက်နဲ့  တကယ့်ကို ထော့ကျိုး ထော့ကျိုး ပါပဲ၊ ခရီးကတော့ စထွက် ခဲ့ပါပြီ။

ရှေ့လျှောက်...ရေးချင်တာလေးတွေလည်းရှိတော့ အတော့်ကို အချိန်ပေး, အားထုတ်ပြီး ခရီးဆက် ရဦးမှာပါ။ စ,စချင်းတော့ဒီလိုပေါ့... နောက်တော့လည်း မုဆိုး စိုင်သင် ဆိုသလို အဆင်ပြေသွား မှာပါ လို့  ကိုယ့်ကိုယ်ကို အားပေးရင်း ဆက်လျှေက်လာခဲ့ ပါ့ မယ်.......။


ညီလင်းသစ်

11 comments:

  1. မဖတ်ရသေးတဲ့ ပို့စ်အဟောင်းတွေ ပြန်လိုက်ဖတ်ရင်း အစကိုရောက်လာတယ်။
    အဟောင်းဆိုပေမဲ့ မဖတ်ရသေးရင် သစ်နေတာပါပဲ။
    လောလောဆယ်တော့ ကိုညီလင်းသစ်ရဲ့ အက်ဆေးတွေထဲမှာ မျောပါနေတယ်။

    ReplyDelete
  2. မမေဓာဝီရေ...ဒီ ပထမဦးဆုံးပို့စ်လေးမှာ ကွန်မန့်လေး ရေးသွားလို့ ကျေးဇူးတင်လိုက်တာ...၊ တကယ်ပါ၊ မမေ က နောက်ကျပြီးမှ လာပေမယ့် ဘယ်သူမှ မရေးခဲ့တဲ့ ဒီပို့စ်လေးမှာ ကွန်မန့်ရေးခဲ့တာ တွေ့ရလို့ ပျော်တယ်...။ :)

    ReplyDelete
  3. ကျနော်လည်း မမေလိုပဲ စာဟောင်းတွေ မွှေနှောက်နေတယ်း)

    ReplyDelete
  4. Me too.I'm very interested in how you started a wonderful blog.If your blog represents a garden,it has colourful flowers and beautiful butterflies.GO on.......Ko Nyi...:)

    Gyidaw

    ReplyDelete
  5. မောင်မျိုး ...
    မပျင်းမရိဘဲ ပုံမှန်လာဖတ်နေတာ ကျေးဇူးတင်ပါတယ် ညီရေ...။

    Gyidaw ...
    Thanks for being interested in what I wanna share. Your comment is kind of an encouragement for me. :)

    ReplyDelete
  6. မွှေနှောက်ပြီးလာဖတ်သွားပါတယ်။
    တထိုင်တည်း အများကြီးဖတ်သွားတယ်။ ဖတ်ပြီးတာတွေရော မဖတ်ရသေးတာတွေရော။
    ဦးဆုံး ပို့ စ်လေးကတော့ ဖတ်ပြီးသားပါ။ ခုတော့မှတ်မှတ်ရရရေးခဲ့ပါတယ်။

    ReplyDelete
  7. စာလာဖတ် နေတာ တော့ကြာခဲ့ပါပြီ..ဒီနေ့ တော့မိုးအေးနေ တာနဲ့  တနေကုန် အစကနေ ထိုင်ဖတ်လိုက် တယ်.. တခါမှကော်မန့်  မရေးဖူးပါဘူး..စာအရေး အသားကောင်းလွန်းတဲ့ အတွက်မနေ နိုင်တော့ပါ ဘူး...ခြေရာ ချန်ခဲ့ပါပြီ....

    htoi

    ReplyDelete
  8. ပြန်သန်းရာနိုင်ငံကလေး (၄)ကို မျက်စိလည် လမ်းမှားပီး ဖတ်လိုက်မိပါတယ် (ကျမရှာတဲ့ဘလော့က ကိုညီလင်းဆက်ပါ)..စိတ်ဝင်စားဖို့ ကောင်းတဲ့ အရေးသားတွေက အဦးအစ ထိကိုဆွဲခေါ်လာပါတယ်..နောက်တင်မဲ့ ပိုစ်တွေကိုစောင့်ဖတ်မိနေအုန်းမှာပါ.. mk

    ReplyDelete
  9. ဒီစာလေးကနေ စခဲ့တဲ့ ဘလော့လေးပေါ့လေ
    beginning ဆိုတာ ဘာလေးလဲလို့ သိချင်စိတ်နဲ့ ကလစ်လိုက်တာ
    ဒါလေးတွေ့တော့ ပြုံးမိသွားတယ်...
    2007...
    ကျွန်မ အွန်လိုင်းမသုံးဖြစ်သေးတဲ့အချိန်...
    2007
    ကျွန်မ 24 နှစ်ပြည့်ဖို့ သုံးရက်အလို.....စာတွေ အပတ်တကုတ်ကျက်ပြီး အလုပ်ကို ပြေးလွှားလုပ်နေရတဲ့ အချိန်..
    အဲ့ အချိန် ကျွန်မ အခု ချစ်ခင်လေးစားရတဲ့ စာရေးဆရာက..ဘလော့လေးတစ်ခုကို အစပျိုးနေခဲ့ပြီ..
    နောက်ငါးနှစ်အကြာ..သူ့ အက်ဆေးတွေ ဖတ်ခွင့်ရတဲ့အတွက် အချိန်တွေ မနှောင်းသေးဘူးထင်ပါတယ်လေ

    ချစ်ခင်ခြင်းများစွာဖြင့်......

    ReplyDelete
  10. မအိုင်အိုရာ...
    ဖတ်ပြီးသားပေမယ့် အမှတ်တရလေး ရေးခဲ့လို့ ကျေးဇူး တင်ပါတယ်ဗျား...၊း)

    htoi...
    မိုးအေးအေးမှာ စိတ်ပြေနပြေ ဖတ်သွားခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ၊း) အထူးသဖြင့် မရေးစဖူး ထားသွားခဲ့တယ် ဆိုတဲ့ ကွန်မန့်လေး အတွက်လည်း တခုတ်တရ ကျေးဇူးပါလို့...၊

    mk...
    အင်း... ယုန်ထောင်ကြောင်မိ လို့ပဲဆိုဆို၊ ခုတ်ရာတခြား ရှရာတခြား လို့ပဲပြောပြော မျက်စိလည်လာတာကို ချက်ချင်း ပြန်ထွက်မသွားဘဲ အခုလို ပထမဦးဆုံး ပို့စ်အထိ လာအားပေး သွားတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော်...၊း)

    ညီမရွှေအိမ်စည်...
    ညီမက ဒီအထိကို ရောက်လာခဲ့သကိုး...၊း) Beginning ဆိုတာလေးကို စိတ်ဝင်တစားနဲ့ ကလစ်လိုက်တာဆိုလို့ သဘောကျပြီး ပြုံးမိတယ်ဗျ၊ ဟုတ်တယ်ဗျာ..၊ သူများတွေ စာကျက်ကောင်းနေချိန် ကျနော်ကတော့ အိပ်ရေးပျက်မယ့် အလုပ်တွေကို စဖို့ ကြိုးစားနေခဲ့မိတယ်..၊းD ဒါပေမယ့် အခုလို အားပေးတာတွေ တွေ့ရတော့လည်း အိပ်ချင်စိတ်တွေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ပါပြီလေ...။းD

    ReplyDelete
  11. Beginning တဲ့။ အခုမှရောက်တယ်။း)

    ReplyDelete