24 October 2007

စတုတ္ထမြောက် မိုးတိမ်


အဲဒီညမှာ လရောင်ဟာ
ဟောဒီကန်ထဲ ရှက်သွေးဖြာနေလိုက်ပုံများ
ငယ်ချစ်ဦးနဲ့  ခိုးရာလိုက်တော့မယ့် 
သမီးပျိုလေးအတိုင်း ၊

ယစ်မူးပါစေကွယ်....
ခမျာမှာ ဆုံနိုင်ခွင့်တွေက
တိုရေရှားရေ နိုင်လွန်းလို့ ပါ ၊

ဒီလိုညမျိုးမှာ
အဝေးတောင်တန်းတွေ ဆီက
သီချင်းသစ်ကို ကြားရရဲ့ ၊
ငါ့ကိုလည်း သင်ပေးပါ..
ရင်ထဲက အဆုပ်လိုက်, အခဲလိုက် အလွမ်းတွေအတွက်
ငါ သီဆိုပါရစေကွယ် ၊

မပွင့်ရရင်လည်း နေပါစေ
အဖူး, အငုံ အဖြစ်နဲ့ 
ငါဆက်ပြီး ရိုးသားနေပါ့မယ်..
ယဉ်ပါးနေကျ
ဟောဒီ သိင်္ဂရ မြစ်တစင်းရဲ့
နံဘေးမှာပေါ့  ။ ။


ညီလင်းသစ်

3 comments:

  1. မောင်မျိုးMarch 9, 2011 at 6:39 AM

    အချစ်ကဗျာ နုနုလေးတစ်ပုဒ် =

    ReplyDelete
  2. ဒီကဗျာလေးက ချစ်စရာလေး ကိုညီလင်းသစ်ရေ.. အဟောင်းပြန်လှန်ပြီး အခုမှတွေ့လို့ သုံးခါပြန်လောက် ဖတ်သွားတယ်။ :))

    ReplyDelete
  3. အစ်ကို ငယ်ငယ်ကရေးခဲ့တဲ့ ကဗျာလေးတွေ
    :) :) :)

    ReplyDelete