သင်္ဘောများက သူ့ရဲ့နေ့စဉ်ဘဝထဲမှာ ပုံမှန်မပါဝင်တော့ပေမယ့် သူစိမ်းပြင်ပြင်တော့ ဖြစ်မသွားပါ၊ သူနေထိုင်ရာ နေရာမှာ သင်္ဘောတစ်စီးမဟုတ် တစ်စီးတော့ အမြဲလိုလို တွေ့နေရစမြဲ...၊ ထိုသင်္ဘောတွေက ဆွစ်ဇာလန်နိုင်ငံ နှင့် တဖက်ကမ်းပြင်သစ်နိုင်ငံကို ပြေးဆွဲသည့် ကူးတို့သင်္ဘောတွေ ဖြစ်သည်၊ မနက်ဆိုလျှင် ဆွစ်ဇာလန်မှာ လာပြီးအလုပ်လုပ်မည့် ပြင်သစ်တွေက ထိုသင်္ဘောတွေကိုစီးကာ ရောက်လာကြသည်၊ ညနေတိုင်လျှင်တော့ ထိုသင်္ဘောတွေဖြင့်ပင် တဖက်ကမ်း ပြင်သစ်နိုင်ငံရှိအိမ်သို့ အလျှိုလျှို ပြန်ကြစမြဲ...၊ သူတို့ကို ကြည့်ကာ သူ ငယ်စဉ်ဘဝ ရန်ကုန် သန်လျင်ကို အသွားအပြန် အလုပ်,လုပ်ရသည့် မြင်ကွင်းတွေကိုပင် သတိရလာခဲ့သည်၊
ဆွစ်နှင့် ပြင်သစ်ပြေးဆွဲသည့် ဤသင်္ဘောတွေကတော့ မြစ်ထဲမှာ မောင်းကြသည်မဟုတ်၊ အင်းလေးကန်ထက် သုံးဆခန့်ကျယ်မည့် ရေကန်ကြီးထဲမှာ ခုတ်မောင်းကြခြင်း ဖြစ်သည်၊ တဖက်ကမ်းကိုဖြတ်ကူးရန် မိနစ် ၅၀ ခန့် ကြာမြင့်ပါသည်၊ နွေရာသီ ပွင့်လင်းရာသီသို့ ရောက်သောအခါ ထိုပုံမှန်ကူးတို့ သင်္ဘောတွေအပြင် တိုးရစ်တွေ အတွက်ပါ အပျော်စီး သင်္ဘောခရီးစဉ်တွေ ရှိပါသည်၊ ထိုအပျော်စီး သင်္ဘောတွေဖြင့် တမြို့မှတမြို့သို့ သွားရင်း မြို့တွေ၏ အဝေးမြင်ကွင်းများ၊ စပျစ်စိုက်ခင်းများ၊ အဲ့လ်ပ်စ်နှင့် ဂျူရာတောင်တန်းများကို ငေးမောခံစား နိုင်ပါ သည်၊
သူ သဘောအကျဆုံးကတော့ သင်္ဘောများကို ထိန်းသိမ်းထားသည့် စနစ်ဖြစ်သည်၊ ၂၀ ရာစုနှစ်ဦးမှာ ထုတ်လုပ် ခဲ့သောထိုသင်္ဘောများသည် ယခုအချိန်အထိ လတ်ဆတ်သစ်လွင်စွာပင် ရှိနေကြသေးသည်၊ အချို့ဘေး ရေယက်ပါသည့်သင်္ဘောတွေဆိုလျှင် ထိုရေယက်များကိုပင်သုံးကာ မောင်းနှင်နေကြဆဲဖြစ်သည်၊ သူ နေထိုင်ရာ နေရာမှ အနီးအနားတွင် ဆိပ်ကမ်းငယ်ကလေးတစ်ခု ရှိသည်၊ ထို ဆိပ်ကမ်းလေးကို ဆိုက်ရောက်လာသော သင်္ဘောတစ်စီးတလေကိုတော့ သူ ရံဖန်ရံခါ စီးနေဖြစ်ဦးမည် ဖြစ်ပါသည်။
ညီလင်းသစ်
၁၉ စက်တင်ဘာ၊ ၂၀၀၉
ဂျပန်သွား တောလား - ၁၁
-
Day 12 - 3 hours Shinkansen bullet train from Fukuoka to Kyoto
- Temples, shopping in Kyoto
- the best & most expensive eels I had ever had
April 1, 2...
20 hours ago
6 comments:
ီDejavu ဇာတ်ကားကိုကြည့်တုန်းက သီတာ သင်္ဘောကိုလွမ်းနေမိသေးတယ်။ ငယ်တုန်းက အညာကို ချင်းတွင်းမြစ်ရိုးတလျှောက် သင်္ဘောနဲ့သွားတာ ရေးထားမိသေးသလားပဲ။ ပြန်ရှာကြည့်လိုက်ဦးမယ်။ ကိုညီ့ဆီက စာတွေဖတ်ပြီး အဲ့ခရီးတွေကိုလွမ်းနေမိပြန်ရော....
အဘိုးတွေက ကံရွာဇာတိလေ (မင်းကင်းနားကပေါ့) တစ်ရွာလုံးအမျိုးတွေချည်းပါ။ အခုကြီးမှ မရောက်ဖြစ်တာကြာပြီ။
ဖြစ်နိုင်ရင်တော့ အဲဒီကသင်္ဘောတွေပေါ်မှာစီးရင်း
တောင်တန်းတွေ မြို့တွေကိုကြည့်ချင်တယ်.. တကယ်လှမှာပဲ..။
သင်္ဘောစီးပြီး ခရီးရှည်လေးတစ်ခုလောက်ထွက် သွားချင်စိတ်တောင်ပေါက်မိပါရဲ့ ကိုညီလင်းသစ်ရေ...။
ကျနော်လည်း သီတာတွေ တော်တော်စီးဖြစ်ခဲ့တယ်ဗျ ကိုဝိုင်တီယူရ... :) ချင်းတွင်းမြစ်မှာတော့ တစ်ခါပဲ သင်္ဘောစီးခဲ့ဖူးတော့ ထပ်စီးချင်နေတုန်းပါပဲဗျာ...၊
ကိုဖြိုးရေ.. ရှုခင်းတွေကတော့ တကယ်လှပါရဲ့ဗျာ၊ ဒီဖက်လာဖြစ်ရင် ပြောလေ..၊ ကျနော်လိုက်ပြပါ့မယ်၊
အဆင်ပြေမယ့် သင်္ဘောခရီးဆို သွားသာသွားဗျို့ မယုဝရီရေ...၊ စိတ်အေးသက်သာနဲ့ လေ့လာစရာတွေ ကအပြည့်ပါပဲဗျာ...။
ဆွစ်လည်း အရမ်းလှတဲ့ နိုင်ငံတစ်ခုပဲနော် အစ်ကို ။
မောင်မျိုး ...
ဟုတ်ပါတယ်ညီရေ၊ လှတာတွေအထဲ သူလည်း ပါ,ပါ တယ်၊ အဆင်ပြေရင် ညီ့ကိုလည်း လိုက်ပြချင်တယ်..။
Post a Comment