04 January 2011

ဒါကို ဒီလိုရှင်းတယ် ...


ဒီခေါင်းစဉ်က မနေ့ကပို့စ် ခေါင်းစဉ်ရဲ့ အဆက်ပါ၊ ဆိုတော့ ဒီပို့စ်ကလည်း မနေ့ကပို့စ်ရဲ့အဆက် (သို့မဟုတ်) update ပေါ့...၊

ကွန်ပြူတာကို ဘယ်လိုမှ ပြန်ဖွင့်မရတဲ့အဆုံး စိတ်လေသွားတယ်၊ ဒီတစ်ခါတော့ ဒင်းနဲ့လမ်းအခွဲပဲလို့ စိတ်ပိုင်း ဖြတ်လိုက်ပြီး ဒီနေ့မနက်ပဲ အသစ်တစ်လုံး သွားဝယ်လိုက်တယ်၊ စိတ်ကြီးပုံကအဲဒီလို....၊ :D

ညီငယ်မောင်မျိုးပြောသလိုပဲ ဒီတစ်ကြိမ် ကွန်ပြူတာပျက်တာဟာ အသစ်ဝယ်ဖို့ဖြစ်လာတာပဲလို့ မှတ်ယူပါတယ်၊ ဒီနေ့ညနေအိမ်ရောက်တာနဲ့ OS install လုပ်မယ်၊ Drivers တွေအားလုံး install လုပ်မယ်၊ Editing software တွေအားလုံး install လုပ်မယ်၊ ဇော်ဂျီကို ပြန်ပြီးဖိုဝင်ခိုင်းမယ်၊ Backup disk ထဲက ဖိုင်တွေအားလုံးကို စက်ထဲ ပြန်ကူးထည့်မယ်၊ အင်တာနက်ချိတ်မယ်၊ အချိန်ကျန်သေးရင် တောင်ပေါ်မှာရိုက်လာတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ကင်မရာထဲကနေ စက်ထဲ ပြောင်းထည့်မယ်၊

Windows 7 ကိုမသုံးဖူးသေးဘူး၊ Intel i7 ကိုမသုံးဖူးသေးဘူး၊ RAM ကို ၁ ဂစ်ထက်ကျော်ပြီး မသုံးဖူးသေးဘူး၊ ဒီနေ့ညနေ စမ်းသပ်ကြည့်ရမယ့်ဟာတွေအတွက် အခုထဲကကြိုပြီး ကျနော် စိတ်လှုပ်ရှားနေတယ်၊ ပြင်သစ် စကားပုံ တစ်ခုရှိပါတယ်၊ " Après la pluie, le beau temps " တဲ့၊ တိုက်ရိုက်ပြန်ရင်တော့ " After the rain, the pleasant weather " လို့ အဓိပ္ပါယ်ရပါတယ်၊ သာယာတဲ့ ရာသီဥတုနဲ့အတူ ကျနော်အမြန်ဆုံး ပြန်လာနိုင် မယ်လို့ မျှော်လင့်ပါတယ်....။ ။ :)


ညီလင်းသစ်
၎ ဇန်နဝါရီ၊ ၂၀၁၁

6 comments:

  1. အစ်ကို စက်အသစ်လေးနဲ့ စာတွေ ဒီနှစ်အများကြီးရေးနိုင်ပါစေး)

    ဓာတ်ပုံတွေ ကြည့်ချင်တာဗျ ။ ကျနော် နမိတ်ဖတ်သွားတာ မှန်သွားတယ်ပေါ့ ဟဲဟဲ

    ReplyDelete
  2. အကြောင်းပြချက်တွေမပေးပါနဲ့တော့...ဓာတ်ပုံတွေနဲ့သာ
    သက်သေပြလိုက်ပါ... =D။

    ကျွန်တော့်မှာလည်း ဟိုတလောကပျက်သွားတာ နောက်ရက်ကျတော့ အသစ်တစ်လုံးကောက်ဝယ်လိုက်တယ်..။ အခုထိတော့ guilty ဖြစ်ချင်နေသေးတယ်..။ =D

    ReplyDelete
  3. အမယ်တော်.. ဗမာစကားပုံလည်း ရှိပါတယ်.. မုန်တိုင်းနောက်က လေပြေညှင်းတဲ့... :)

    ReplyDelete
  4. သဘောပေါက်တယ်။

    ReplyDelete
  5. ကျေးဇူးကြီးမားပါပေတယ် စာတွေဖတ်ရဖို့ ဓါတ်ပုံတွေ
    ကြည့်ရဖို့ ကွန်ပျုတာအသစ်ကြီးတလုံး ရင်းနှီးလိုက်ရလို့ ... ပြီးခဲ့တဲ့လက အိမ်က humidifer
    ကြီးတလုံး တနွေလုံးမသုံးဘဲ ထားခဲ့တော့ ဖုန်တွေ ရှင်းရင်းရေ၀င်သွားတယ်ထင်ရဲ့  တအိမ်လုံး မီးမလောင်တာ ကံကောင်း ရှော့ဖြစ်ပြီး တလုံးအသစ်ဝယ်လိုက်ရတယ် ...

    mie nge

    ReplyDelete
  6. မောင်မျိုး ...
    စာများများ ရေးနိုင်အောင် ကြိုးစားပါ့မယ် ညီရေ... :)
    တင်စရာ ပုံတွေလည်း အများကြီး ရှိနေတယ်၊

    ဖြိုး ...
    အင်း..ပြောစရာတွေတော့ ဖြစ်ကုန်ပြီ ထင်တယ်၊ :Dအခုခေတ်ကလည်း အသစ်ဝယ်တာက အဟောင်းပြင်တာထက် ပိုသက်သာနေပြန်တော့.....။

    အမမေငြိမ်း ...
    ဟုတ်တယ် အမရ၊ ကျနော်လည်း အဲဒီကို ပထမပြောမလို့၊ စကားလုံးအတိအကျ မမှတ်မိတာနဲ့ သေချာတာပဲ ရေးလိုက်ရတာ၊ အင်း..ကျနော့်နှယ် အမနဲ့မှ သွားတိုးရတယ် လို့နော်.....၊ :D

    မခင်ဦးမေ ...
    အားပေးတာ ကျေးဇူးအမ...၊ :)

    မ mie nge ...
    " ကျေးဇူးကြီးမား ပါပေတယ်"တဲ့၊ ကျနော့်မှာ ဒီစကားလုံးကို သဘောကျပြီး ရီလိုက်ရတာ..... :D၊ အင်း..တကယ်လို့ ရှော့ခ်ဖြစ်သွားလည်း Humidifier အသစ်တလုံးအစား အိမ်အသစ်တလုံး ရတာပေါ့၊ ဟုတ်ဖူးလား....?

    ReplyDelete