11 April 2011

ချစ်တတ်သူတို့ပြောတဲ့ အချစ်အကြောင်း ...


လွန်ခဲ့တဲ့ ရက်တွေတုန်းက ဘလော့ဂ်တော်တော်များများမှာ အချစ်အကြောင်းပြောသံတွေ ဆူညံသွားခဲ့တယ်၊ မသက်ဝေက တဂ်လိုက်လို့ အမျိုးမျိုးသော အချစ်အကြောင်းကို ဘလော့ဂါတွေက ရှုထောင့်များစွာကနေ ပြောပြခဲ့ကြ ပါတယ်၊ ချစ်တတ်သူတို့ ပြောတဲ့ အချစ်အကြောင်းကို ကျနော် လက်လှမ်းမှီသလောက် လိုက်ဖတ်ဖြစ်ပါတယ်၊ တယောက်တမျိုး မရိုးရအောင် အားလုံးက ပြောသွားခဲ့ကြလို့ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းသလို ဖတ်ပြီးတိုင်းမှာ လည်း အတွေးတွေနဲ့ ကျန်ရစ်ခဲ့တယ်၊ အချစ်အကြောင်းဟာ တသက်စာ ပြောမကုန်ပါဘူး၊ အချစ်အကြောင်းတွေ ဖတ်လို့ ပြီးတော့ ရင်ထဲမှာ သီချင်းလေး တစ်ပုဒ်ရောက်လာခဲ့တယ်၊ ဒါနဲ့ ဂစ်တာနဲ့ ဟာမိုနီကာကို ယူပြီး အဲဒီသီချင်းလေးကို ဆိုညည်းဖြစ်ပါတယ်၊ တော်တော်များများလည်း သိပါလိမ့်မယ်၊ စောခူဆဲ ရေးခဲ့ပြီး ကိုငှက်ကြီး ဆိုခဲ့တဲ့ 'အချစ်ဆိုသည်မှာ' ဆိုတဲ့ သီချင်းလေးပါပဲ၊ အချစ်အကြောင်းကို သီချင်းလေးက ပြောတယ်၊ အဲဒီသီချင်းလေး အကြောင်းကိုတော့ အခု ဒီဗီဒီယိုလေးက ပြောပြပါလိမ့်မယ်၊ အချိန်ရရင် နားထောင်သွားပါဦး....လို့။ ။




ညီလင်းသစ်
၁၁ ဧပြီ၊ ၂၀၁၁

42 comments:

  1. tusker စွယ်စုံ ကိုညီလင်းသစ်ရေ..
ွှ့နားတောင်ခွင့်ပေးလို့ ကျေးဇူးပါ။
    ဂစ်တာနဲ့ သီချင်းအေးလေးတွေဆိုတာသိပ်ကြိုက်ပါတယ်။

    ReplyDelete
  2. အရမ်းမိုက်တယ် ... ကိုညီလင်းသစ် ...
    ရီဒါထဲကနေ နားထောင်ပြီးတော့ သဘောကျလွန်းလို့ ကွန်မန့်လာရေးတာ။ အိုင်ဒီယာလေး သိပ်ကောင်းတာပဲ။ အရုပ်ကလေးတွေနဲ့ ပုံဖော်ထားတာတွေ ... စာရွက်ကလေးကို မီးရှို့လိုက်လို့ မီးကျွမ်းနေတဲ့ အပိုင်းလေး ဖြတ်ခနဲ ကွဲသွားတာ ... သဘောအကျဆုံးပဲ။

    တခုပဲ ... ဖန်တီးရှင်က သူ့မျက်နှာကို ပရိသတ်မြင်မှာစိုးလို့ ရှုထောင့်မျိုးစုံက ဖုံးကွယ်ထားတာကိုတော့ဖြင့် သိပ်မကျေနပ်ချင်ဘူးနော် ... (တကယ်တော့ ဒါလဲ ပညာပါပဲ) :)

    ReplyDelete
  3. ဝေါင်း Speech Less

    Baby taster

    ReplyDelete
  4. About love is not enough by playing guiter and singing a song.It's not enough with a creative video clip.It may fill a blank by writing a post"Chitkotawe":D
    Gyidaw

    ReplyDelete
  5. အဆိုပိုင်တဲ့ ကိုညီလင်းအသံကို သဘောကျ...
    ဖန်တီးမှုလေးကို တကယ်ပဲ နှစ်သက် သဘောကျ...
    အချစ်အကြောင်းကို သီချင်းလေးတပုဒ် သီဆိုတီးမှုတ်ရင်းနဲ့ လှလှပပလေး ပြောပြသွားတာကို သဘောကျ...

    ကျေးဇူး ကိုညီလင်း...း))

    ReplyDelete
  6. မသက်ဝေတို့ပြောသလိုပါပဲ..။
    အကုန်ပိုင်တယ်နော်..။
    လက်ရေးကအစ သပ်ရပ်လှပါတယ်..။

    ReplyDelete
  7. မောင်မျိုးApril 11, 2011 at 3:36 AM

    အချစ်အကြောင်းဖန်တီးမှုလေးက ချစ်စရား) ပုံကလေးတွေနဲ့ လှတယ် ။ ပြီးတော့ အရင်က ခေါင်းပြတ်ကြီးနဲ့ မြင်ရတဲ့ အစ်ကို့ကိုလည်း ခုတော့ ၀ါးတားတားလေး မြင်လိုက်ရတယ် ဟဟား ဆံပင်ရှည်နဲ့ မိုက်တယ် ။

    ReplyDelete
  8. မောင်မျိုးပြောတာ ရယ်ရတယ်... ခေါင်းပြတ်ကြီးတဲ့...

    ပေါက် ကော်မန့်ကိုတွေ့မှ လက်ရေးအကြောင်း ပြောဖို့ သတိရလို့ တခေါက်ပြန်လာတာပါ။ ကိုညီလင်း လက်ရေး အလွန်လှပ သေသပ်တာလည်း သဘောကျ နှစ်သက်မိပါကြောင်း...း))

    ဒါနဲ့ စကားမစပ် စပါယ့်အကြောင်းလေးလည်း ရေးပါအုံး... (အချွန်နဲ့ မသွား...)

    ReplyDelete
  9. ချစ်ကြည်အေးApril 11, 2011 at 6:37 AM

    ကိုညီလင်းသစ်...ဖန်တီးထားတာ သဘောကျလိုက်တာ၊ ဝါသနာပါလို့ စာရေးနေကြတဲ့ ဘလော့ဂါတွေမှာ အနုပညာနဲ့ပတ်သက်တဲ့ ဘာကိုမဆို ခံစားတတ်ကြတာချင်း တူတယ်နော်၊ အမလည်း သီချင်းဆို ဝါသနာပါတယ်။ ခုလို အသေအချာ အသံသွင်းထားတာတော့ မဟုတ်ဘူး။ ကာရာအိုကေဆိုနေတာကို ဟန်းဖုန်းနဲ့ပဲ အပျော် ကူးကြည့်ထားတာ....။ အမက ဘာမှ မလုပ်တတ်ဘူးလေ အဲဒါမျိုးတွေ သား ခရေတွန်ကို ကူလုပ်ပေးခိုင်းထားတယ်...။ ဟားဟား ကြော်ငြာလာဝင်သလိုတော့ ဖြစ်နေပြီ...
    သီချင်းတွေကို သဘောကျ ရူးသွပ်သူမို့ နောက်လည်း ဖန်တီးသီဆိုထားတာလေးတွေ ရှိရင် ခုလိုပဲ မျှဝေပေးဖို့ တောင်းဆိုလိုက်တယ်နော်....

    ReplyDelete
  10. သီချင်းနဲ့ကိုညီလင်းအသံနဲ့လိုက်တယ်
    ဒီသီချင်းကို ထွန်းအိန္ဓြာဗိုလ်ဆိုတာပဲသိတာ
    ထူးအိမ်သင်ဆိုမှန်းမသိဘူး
    ဒါကြောင့်တချို့နေရာအတက်အကျတွေမတူလို့နားထဲစိမ်း နေသလိုဖြစ်ပြီး ကီးအောက်သွားမယ်ထင်ထင်နေတာ ကိုညီလင်းက ပိုင်ပိုင်ဆိုသွားတယ်
    Nice Version, nice Interpretation !!!

    စူးနွယ်လေး

    ReplyDelete
  11.ွ စိတ်ကူးကောင်းလေးတွေ နဲ့ စေတနာကောင်းကောင်း ရိုက်ပြထားတဲ့ အမ်တီဗီ ကို အန်တီစု ဓါတ်ပုံနဲ့ပါ တွဲပြီး ခံစားသွားတယ် ညီလင်း ရေ ... ( လက်ရေးလည်း ရှင်းရှင်းလင်းလင်းနဲ့ သိပ်လှတယ် ) အရုပ်လေးတွေ ကျောခိုင်းတဲ့ပုံကို ပိုသဘောကျမိတယ် ...

    ဓါတ်ပုံကို မြင်ရသလောက်တော့ အဆိုတော် ဘိုဘို့လို မျက်နှာပေါက်မျိုး ဖြစ်လောက်မယ်လို့ ထင်မြင်မိတယ် ...း)

    mie nge

    ReplyDelete
  12. ဖန်တီးမှုမှုရော တင်ဆက်ပေးမှုပါ တမေ့တစ်မော ခံစားအားပေး သွားပါတယ်အကို...
    အရမ်းကောင်းပါတယ်အကိုရေ..
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  13. မအိုင်အိုရာ ...
    ဟုတ်ကဲ့၊ လာနားထောင်တာကိုပဲ ကျနော်က ကျေးဇူး တင်လှပါပြီဗျာ...၊

    မမေဓာဝီရေ ...
    ကျောင်းစာတွေနဲ့ မအားတဲ့ကြားက လာပြီးအားပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ၊ အင်း..ဖန်တီးရှင်ရဲ့ မျက်နှာ မြင်လိုက်ရင် လန့်ပြီး ခံစားနေတဲ့ ဖီလင်လေး တွေ ပျောက်ကုန်မှာ စိုးတဲ့ စေတနာနဲ့ပါ...၊းD

    မဘေဘီ ...
    Silence speaks thousand words. :)

    ဂျီးဒေါ် ...
    ဂျီးဒေါ် နာမည်ကြိုပေးထားတဲ့ အဲဒီ “ချစ်ကိုယ်တွေ့” က ဘယ်ကနေ စ,ရေးရမလဲ ခက်နေတုန်းဗျ..၊း)

    မသက်ဝေ ...
    ဘလော့ဂါ သူငယ်ချင်းတွေကို တဂ်လေ့ရှိတဲ့ စိတ်ထား လေးကို သဘောကျ၊ တဂ်တာက အချစ်အကြောင်း ဖြစ်နေလို့ သဘောကျ၊ ဒီတဂ်ကြောင့် ဒီသီချင်းလေး ဆိုဖြစ်သွားတာ သဘောကျ...၊ ကျေးဇူး မသက်ဝေး))

    ပေါက် ...
    အကုန်မပိုင်ပါဘူးဗျာ၊ ဥပမာ- ပြီးခဲ့တဲ့ အပတ်က ပေါက်သွားတဲ့ ဒေါ်လာသန်းချီတန် ထီလက်မှတ်ကို ကျနော် မပိုင်ဘူး၊ အိမ်မပိုင်ဘူး၊ Canon 1Ds mark III ကို မပိုင်ဘူး၊း)

    မောင်မျိုး ...
    “ခေါင်းပြတ်ကြီး” တဲ့..၊ ကိုယ့်ဟာကိုယ်တောင် ပြန်လန့် သွားတယ်၊ အင်း..ခေါင်းပြတ်သရဲက ရုပ်မြင်ရတဲ့ သရဲ လောက် ကြောက်စရာကောင်းမယ် မထင်ဘူးဗျ၊း)

    မသက်ဝေ ...
    စပယ်ဆိုတာ ဘယ်သူမှ မဟုတ်ပါဘူးဗျာ၊ ကောင်မလေး တစ်ယောက်ဆီ စာရေးတဲ့ပုံစံ လုပ်မယ်ဆိုပြီး စဉ်းစား တော့ ခေါင်းထဲရောက်လာတဲ့ နာမည် ကောက်တပ် လိုက်တာပါပဲ..၊ တကယ်ပါ...၊း)

    အမချစ်ကြည်အေး ...
    ဟုတ်ကဲ့၊ ကျေးဇူးပါဗျာ၊ ခေါင်းထဲမှာတော့ ဆက်လုပ် ချင်တဲ့ ဗီဒီယို ပရိုဂရမ်တွေလည်း နဲနဲရှိနေပါတယ်...၊

    မစူးနွယ် ...
    ဟုတ်တယ်ဗျ၊ ထွန်းအိန္ဒြာဗိုလ်လည်း ဆိုထား သေးတယ်၊ သူက ဗားရှင်း နဲနဲပြောင်းပြီး ဆိုထားတာ ကျနော် တစွန်းတစတော့ ကြားဖူးလိုက်တယ်၊ လာနားထောင်တာ ကျေးဇူးပါနော်...၊

    မ mie nge ...
    ကျနော်လည်း ကောင်းမယ်ထင်တာတွေ အကုန် လျှောက်လုပ်ကြည့်တာ ပါပဲဗျာ၊ ဘိုဘိုနဲ့ တူလားလို့ မှန်ထဲမှာ ပြန်ကြည့်လိုက်ဦးမယ်....ဟားဟား၊

    Yuya Mon ...
    ကျေးဇူးတင်ပါတယ်ဗျာ..၊

    Angelhlaing ...
    အမြဲပုံမှန် လာ,လာဖတ်နေလို့လည်း ကျနော်က ကျေးဇူး တင်ပါတယ်ဗျာ...။

    ReplyDelete
  14. အချစ်ရဲ့ ဖွင့်ဆိုချက်တစ်ခုကို နားထောင်၊ခံစား၊ကြည့်ရှု
    သွားပါသည်။

    ReplyDelete
  15. အချစ်ဆိုသည်မှာ သီချင်းလေး လာနားထောင်သွားတယ်နော် ..သီချင်းလေးနဲ့ အတူ ဖန်တီးထားတာ လေးတွေ အရမ်းကောင်းတယ် ။

    ReplyDelete
  16. ၆ မိနစ်စာသီချင်းလေးတစ်ပုဒ်ရဲ့ နောက်ကွယ်မှာ လာနားထောင်သူ နားရော၊မျက်စိပါ ပသာဒဖြစ်အောင် အချိန်ယူဖန်တီးပေးထားတဲ့ စေတနာကိုပါ ခံစားမိသွားပါတယ်။
    သားအကြောင်းလဲ ရေးပါဦးဗျို့  :)

    ReplyDelete
  17. အသံလည်းကောင်း၊ဖန်တီးမှုလည်းကောင်း၊အကိုက
    တကယ့်ကို စွယ်စုံရပဲဗျ...၊မိုက်တယ်...။ရုပ်ကိုဝိုးတဝါး
့ကြည့်ရသလောက် ဘယ်သူနဲ့တူပါလမ့် စဉ်းစားနေတာ...၊
    မမီးငယ် ရေးမှာပဲ ဘိုဘို့ကို သတိရမိတော့တယ်...။
    ဟုတ်တယ်...ဘို့ဘို့မျက်နှာပေါက်မျိုးပဲ..၊အင်း...မျိုးကြီးလို
    လို ဘာလိုလို...:)))

    ReplyDelete
  18. That's right.Ko Nyi Linn lile Bo Bo.

    ReplyDelete
  19. အစကနေ အဆုံးထိ သေချာ နားထောင်သွားတယ်။ ဂစ်တာလည်း အတီးကောင်းတယ်။ ပိာ... ကိုညီလင်း မျက်နှာ ဖွက်ထားတော့ သိချင်စိတ်နဲ့ နည်းနည်လေးများ မျက်နှာပြမလား ဆိုပြီး သေချာ ကြည့်ဖြစ်တယ်း))

    ReplyDelete
  20. Nice Idea!
    Nice Presentation!

    သဘောကျမိလို့ အစအဆုံး နားဆင် ကြည့်ရူပါတယ်

    ReplyDelete
  21. အဆိုအတီး တည်းဖြတ်မှုတွေထဲက ဘဲငန်းလေးတွေ.. ပုံကလေးတွေ အားလုံးပဲ.. နှစ်သက်စရာကောင်းလှပါသည်။။ ေ

    ReplyDelete
  22. သဘောကျလို့ ခဏခဏနားထောင်ဖြစ်တယ်အစ်ကို..။
    အသေးစိတ်ကအစ သေချာလုပ်ထားတာဘဲ..။

    ReplyDelete
  23. ရုတ်တရက် ကြောင်သွားတာ ဘာလို့ရုပ်မပါတာလဲလို့ နောက်တော့မှသဘောပေါက်တယ်။

    ဒီတချက်လဲအိမ်ရှင်ကသာတယ် ကိုယ်တိုင်ကတော့ ဘာမှမတီးတတ် မဆိုတတ်။ Bravo!!!!

    ReplyDelete
  24. မ,ရှင်လေး ...
    နားထောင်၊ ခံစား၊ ကြည့်ရှူသွားလို့ ကျေးဇူးပါဗျာ..၊

    ညယံရေ ...
    ကျေးဇူးတင်ပါတယ်နော်...၊

    မျိုး ...
    အဟဲ..အချိန်ယူတာတော့ အမှန်ပဲဗျို့၊ သူများတွေက လာလာအော်ရတယ်၊ အသစ်ရေးပါတော့-လို့၊း)

    ကိုညိမ်းနိုင် ...
    ဘိုဘိုတော့ မသိဘူးဗျ၊ မျိုးကြီးတော့ ငယ်တုန်းက ဖြစ်ခဲ့ဖူးတယ်၊ 'အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ...' ဆိုတာလေ....ဟားဟား၊

    မချောစု ...
    ဟုတ်မှ ဟုတ်ရဲ့လားဗျာ...၊း) အင်း...နာမည်ပြောင်းမှပဲ၊ ညီလင်းဘို-လို့...၊းD

    ရိုစ့် ...
    မျက်နှာကတော့ သမဝါယမ ဥက္ကဌနဲ့ တူတယ်လို့ပဲ သဘောထားပါတော့ဗျာ၊ ဝါးနေလို့လေ....၊း)

    မ,အပြုံးပန်း ...
    Nice words!
    Nice comment!
    သဘောကျလို့ ကျေးဇူးပါ-လို့ ပြောပါတယ်...၊း)

    မလေး ...
    နှစ်သက်သည်ဆို၍ ဝမ်းမြောက်မိပါသည် ခင်ဗျား...၊

    ဖြိုး ...
    ကောင်းမယ်ထင်တာတွေ လျှောက်စမ်းကြည့်တဲ့ သဘောပါဗျာ၊ တကြိမ်ထက်ပိုပြီး နားထောင်သူ ရှိတော့ လည်း အိပ်ရေးပျက်ဖို့ မျက်လုံးတွေ ဆက်ကျယ်လာ တာပေါ့လေ...၊း)

    Avatar ...
    ခံစားတတ်တဲ့ နှလုံးသားတစုံ ရှိနေရင်ကိုပဲ နူးညံ့စွာနဲ့ လူသားဆန်နေပါပြီဗျာ..၊ ကျေးဇူးပါနော်...။

    ReplyDelete
  25. လပြည့်ရိပ်April 12, 2011 at 12:41 AM

    လေးခါတိတိ သီချင်းကိုနားထောင်သွားတယ်။ နေ့လည်က PC မှာ ဆောင်းဘောက်စ် မရှိလို့ ear phone တပ်ပြီး ၃ ခါနားထောင်တယ်။ အခု အိမ်ပြန်လာတော့ နောက်၁ ခေါက်ထပ်နားထောင်တယ်။ အကို့ အသံ အရမ်းကောင်းတယ်။ ဆံပင်အရှည်နဲ့ ဆိုတော့ ဇော်ဝင်းထွဋ် ငယ်ငယ်ကလိုလို ဇော်ဝင်းရှိန်လိုလိုနဲ့ :D ဒါနဲ့ စံပယ်လေးလို့ရေးထားတဲ့ စာရွက်ကလေးကို အသည်းပုံဖော်ထားတဲ့ Merci ဆိုတဲ့ မီးခြစ်ဆံဘူးထဲက မီးဆံ ၁ဆံနဲ့ မီးရှို့လိုက်တာ ဘာအဓိပ္ပာယ်လဲဟင်... :)

    ReplyDelete
  26. လက်စသပ်တော့ စွယ်စုံ အနုပညာဆင်.. အဲလေ.. ရှင်ကြီး..ကိုးးးး

    ReplyDelete
  27. အသေအချာကို လုပ်ထားတာပါလား ကိုညီလင်းသစ်ရေ။

    ပီပြင်တယ်။ (ဗွီဒီယိုထဲက မျက်နှာပုံကလွဲ ၍)

    တစ်ပို့စ် တစ်မျိုး မရိုးရအောင်
    တင်ပြမှုတွေကို အချိန်သေချာယူလုပ်တာ လေးစားစရာပဲ။

    ReplyDelete
  28. စောင့်မျှော်ဖတ်ရကျိုးနပ်ပါတယ် ကိုညီလင်းကြီးရေ..။
    ကျေးဂျူးကမ္ဘာဆိုင်ရော(x100)

    SWEZIN

    ReplyDelete
  29. I listen and watch the post so often.I didn't know how many time.I can't stop my appreciation to your creation,presentation,giving ur time,respecting ur blog,blog readers n urself.BTW i need to registered the name"swaeson"to u :D
    Gyidaw

    ReplyDelete
  30. လပြည့်ရိပ် ...
    သြော်.. ဒါလား၊ အသည်းထဲကလာတဲ့ လောဘမီးတစ်စ က စံပယ်တရုံလုံးကို ပြာချပစ်လိုက်တော့ သူ့မြေကွက်လေး ရလိုက်လို့ merci လို့ ကျေးဇူးစကား ဆိုတာလေ...၊း)

    အမမေငြိမ်း ...
    ဆင်ကြီးဆိုရင်တော့ အမည်းပဲ ဖြစ်ပါရစေဗျာ၊ အဖြူဖြစ်မှာ ကြောက်လွန်းလို့...၊ ရှင်ကြီးဆိုလည်း ရေချိုပိုင်ပဲ ဖြစ်ပါရစေ၊ ဒုတိယနာဂစ်ကို ကြောက်လို့၊း)

    မကောင်းမွန်ဝင်း ...
    မျက်နှာဝါးနေတာက မျက်မှန်တပ်တဲ့ လူတစ်ယောက်ဟာ မျက်မှန်မပါတဲ့အခါ သူ့အမြင်တွေ ဘယ်လိုရှိသလဲဆိုတာ ခံစားစေချင်တဲ့ စေတနာပါ၊း)

    ဆွေဇင် ...
    ကျေးဇူးပါဗျာ၊ ဒါနဲ့ ဘယ်နှယ့် “ကြီး”က ပါလာရတာ တုန်း..၊း)

    ဂျီးဒေါ် ...
    ကျနော်တော့ မျက်နှာကြက်နဲ့ ခေါင်းနဲ့ ဆောင့်တော့မယ် ထင်ပါရဲ့ဗျာ..ဟားဟား၊

    ReplyDelete
  31. ဟားဟား ကြီး တပ်ခေါ်တာက ရင်းနှီးတဲ့ သဘောနဲ့ လေးလေးပင်ပင်ရှိချင်လို့ပါဗျာ။ ကျောင်းတုန်းက အခေါ်အဝေါ်မျိုး..ဥပမာ.. ကျော်ကြီး၊ စွာကြီး၊ ဘုန်းကြီး. အဲ့လိုခေါ်ကြည့်တာ။ စကားမစပ် ညက်နာကို အဲ့လောက် ကွယ်ထားပုံကြည့်ရတာ တော်တော်ရုပ်ဆိုးပုံပဲနော်.. :P:P

    ReplyDelete
  32. မင်္ဂလာပါ။ သင်္ကြန်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

    နှစ်သစ်ဆုတောင်းဖို့လာတာ သီချင်းဆိုနောတာတွေ့လို့အားပေးသွားပါတယ်။ အသံလည်းရော အဆိုရော အတီးပါ ကောင်းတယ်။ ဗွီဒယိုလေးကို Creative လုပ်ထားတာလည်း သဘောကျတယ်။ နှစ်ခြိုက်စွာ နားထောင်သွားပါတယ်။

    ReplyDelete
  33. အဆိုလည်းတော် ဘက်စုံတော်တဲ့ ကိုညီလင်းသစ်ပါလား... video presentation လေးကိုလည်း နှစ်သက်သဘောကျမိပါတယ်.. စံပယ်လေးအကြောင်း ရေးပါအုံးဗျိုး... ပရိတ်သတ်တွေက တောင်းဆိုနေပြီ :D

    ReplyDelete
  34. အမည်ဝှက်စာဖတ်သူ ...
    ဟုတ်တယ်ဗျာ၊ ကိုရုပ်ဆိုးပဲ ဆိုကြပါစို့...၊း)

    မငယ်နိုင် ...
    သတိတရ လာလည်တာ ကျေးဇူးပါနော်၊ ပျော်ရွှင်စရာ နှစ်ကူးသင်္ကြန်လေး ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်..၊

    Anonymous ...
    Thank you!

    puff ...
    ကျေးဇူးတင်ပါတယ်ဗျာ၊ စံပယ်က တကယ့်ကိုပဲ ဘယ်သူမှ မဟုတ်ရပါဘူး၊ မိန်းကလေးနာမည်တစ်ခု စဉ်းစားရင်း ခေါင်းထဲရောက်လာလို့ စာထဲမှာ ကောက်ရေးလိုက်တာပါ၊း)

    ReplyDelete
  35. ရိုးရိုးသားသားပြောရရင် ဒိဘလော့ကို သိပ်မရောက်ဖြစ်ဘူး ။ တခြားဘလော့ဂါတယောက်နဲ့လည်းနာမည်တူနေတော့ တယောက်ထဲပဲထင်တာလည်းဖြစ်နိုင်တယ်။
    အခုလိုမျိုးဖန်တီးမူလေးတွေထပ်လုပ်ပါဦး။အရမ်းကောင်းပါတယ်။

    ReplyDelete
  36. အမည်ဝှက်စာဖတ်သူ ...
    အခုလို ရောက်တုန်းရောက်ခိုက်မှာ ကော်မန့်လေး ချန်ခဲ့ပြီး အားပေးသွားတာ ကျေးဇူးတင်ပါတယ်ဗျာ..။

    ReplyDelete
  37. I don't know how many time I listen and watch your post.I like your all of the post,photos,songs and so on(about your lovely son and lovely wife Ma Ein Thu).carry on:D

    ReplyDelete
  38. Ma Chaw Su ...
    Thanks a lot for your kind words which encourage me and make me feel happy. Do come whenever it's ok for you. Cheers!

    ReplyDelete
  39. သီချင်းလေး လာနားထောင်သွားပါတယ်။
    သရုပ်ဖော်တွေက လန်းတယ်။ ကောင်မလေး ပြေးနေချိန်မှာ ကောင်လေးက အဖော်လိုက် စက်ဘီးစီးပေးတာလေးကို အကြိုက်ဆုံးး။ ကိုယ်တယောက်တည်း ကျားကုတ်ကျားခဲ ပြေးနေရတဲ့ဘ၀ကိုပါ စိတ်နာသွားဒယ်.. :D

    စာလေးကို နှမြောထှာဗျာ..

    ReplyDelete
  40. ငြိမ့်ငြိမ့်လေးနဲ့ နူးညံ့သွားအောင် ဖန်တီးပေးနိုင်စွမ်းရှိတဲ့ MTV လေးပဲ
    ဒီသီချင်း ယောကျာ်းလေးဆိုတော့လည်း ခပ်ငြိမ့်ငြိမ့်လေးနဲ့ နားထောင်လို့ ကောင်းတာပဲ
    ရိုက်ချက်လေးတွေ၊ ပြကွက်လေးတွေ သဘောကျတယ်
    အရုပ်ကလေး နှစ်ရုပ် တဖြေးဖြေးနီးကပ်လာတာ သဘောကျတယ်
    စာရွက်လေး မီးရှို့ပြီး ကွဲထွက်သွားပုံလေးလည်း သဘောကျတယ်..
    နေရာစုံမှာ မောင်နှံလေးတွေ တူယှဉ်နွှဲနေတာ ပြ ပြ သွားတာလဲ သဘောကျတယ်

    စကားမစပ်...လက်ရေးက လှလိုက်တာ
    နောက်ထပ် စကားမစပ်
    အကို့ ပုံရိပ်ကို ဖမ်းယူလို့ ရသွားပါကြောင်း
    :D :D :D


    ReplyDelete