01 May 2011

ဝမ်းနည်းမှတ်တမ်း


ဘလော့ဂ်တွေမှာ ကိုကြီးကျောက် ဆုံးသွားတဲ့ သတင်း စ,ဖတ်ရတော့ ကျနော်မယုံနိုင်ခဲ့ဘူး၊ အခြား လူများစွာ ထင်နေခဲ့ သလိုပဲ ဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ အရင်ဆုံးတွေးမိတယ်၊ ဒါပေမယ့် သူ့အကြောင်း ဝမ်းနည်းမှတ်တမ်းပို့စ်တွေ များသထက် များလာတဲ့အခါမှာတော့ စိတ်ထိခိုက်စွာနဲ့ပဲ လက်ခံလိုက်ရတော့တယ်၊ ခရီးတွေဘာတွေထွက်လို့ နေကောင်းလာပြီလို့ ထင်နေခဲ့ကြပြီးကာမှ အခုတော့ ... ...၊

သူ့ရဲ့ အရည်အချင်းတွေ၊ စိတ်သဘောထားတွေကို ကျနော့်အနေနဲ့ ထွေထွေထူးထူး ရေးပြနေဖို့ မလိုပါဘူး၊ ကိုကြီးကျောက်ဟာ လူသိများတဲ့ ဘလော့ဂါတစ်ဦးဖြစ်သလို လူချစ်လူခင်များလွန်းသူ တစ်ယောက်ပါပဲ၊ အခုအချိန်ထိ ကုသဖို့ခက်တဲ့ ရောဂါက လူတွေချစ်ကြတဲ့ အကိုတစ်ဦးကိုလည်း ခေါ်သွားခဲ့ပြန်ပါပြီ၊ ချစ်သောသူတို့ အသက်တိုကြ၏ လို့ပဲ ဝမ်းနည်းကြေကွဲစွာ ဆိုချင်ပါတယ်...၊

၅၀ စွန်းစ ဆိုတာ တကယ်တော့ ငယ်လွန်းပါသေးတယ်၊ နေရသမျှ ဆယ်စုနှစ်လေး ၅ ခုစာ ကျော်ကျော်မှာ လူတွေကို အများကြီး ပြုံးရယ်အောင် နောက်ပြောင်ပျော်ရွှင်ရင်း ရဲရဲရင့်ရင့် ပြင်ဆင်ထွက်ခွာသွားတဲ့ ကိုကြီးကျောက်ကို ကျနော်တို့ အားလုံး အမြဲသတိရနေမှာပါ၊ သိုးဆောင်း စကားပုံလေး ရှိပါတယ်၊ "It is not how long you lived but how well you lived that counts" တဲ့....၊

ကိုကြီးကျောက် တမလွန်မှာ ငြိမ်းချမ်းပါစေ...။


ညီလင်းသစ်
၁ မေ၊ ၂၀၁၁

18 comments:

  1. ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ။

    ReplyDelete
  2. ကိုကြီးကျောက် တမလွန်မှာ ငြိမ်းချမ်းပါစေ..

    ReplyDelete
  3. ဟုတ်တယ်အစ်ကိုရာ....ကြားစကမယုံနိုင်ဘူး...၊ဟူးးးးး
    ခုတော့လည်း လက်ခံလိုက်ရပြီလေ....။ကိုကြီး ကောင်သောဘုံဘဝရောက်ပါစေဗျာ...။

    ReplyDelete
  4. ကိုကြီးကျောက် ကောင်းရာဘုံဘ၀မှာ ငြိမ်းချမ်းပါစေ
    အားလုံးနဲ့ထပ်တူ ၀မ်းနည်းမိပါတယ် သူ့ဟာသတွေ
    စွတ်တဲ့ စာကိုသာ ကျမတို့ဖတ်ပြီး ပြုံးရယ်နေတာလေ
    သူကိုင်တိုင် ဘယ်လောက်ခံစားနေရတယ်ဆိုတာ
    ကျမတို့မမြင်တွေ့ မသိခဲ့ကြဘူး။ တနေ့တော့ အားလုံး
    သွားရမယ့် လမ်းဖြစ်ပေမဲ့ အရမ်းစောလွန်းတော့
    နှမြောမိတာ အမှန်ပဲ။

    ReplyDelete
  5. စိတ်မကောင်းလိုက်တာ။
    ကိုကြီးကျောက်ကောင်းရာဘုံဘ၀ကိုရောက်ရှိပါစေလို့ ဆုတောင်းရုံမှတပါး..
    အိုင်အိုရာ

    ReplyDelete
  6. :(
    RIP KO GYI
    He greeted me"little sis by the big lake".....:(
    Gyidaw

    ReplyDelete
  7. He spent his last few months very well. I am sure he is in happier place without pain.I couldn't believe it either.

    ReplyDelete
  8. ကိုကြီးကျောက်ခေါ် အန်ကယ်နိုင် ကောင်းရာသုဂတိလားပါစေ။ ရောက်ရာ ဘုံဘ၀မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို ရရှိပါစေ။

    ReplyDelete
  9. I could not believe he really is gone. The thought of he is not gonna be around us struck me pink the whole night, may he RIP!!!
    Mon Petit Avatar

    ReplyDelete
  10. ဟယ်
    ဒီနေ့မှ ဘလော့တွေကြည့်ဖြစ်ပြီး ဒီကိုပထမဆုံးလာတာ။

    အံ့သြလိုက်တာ။
    စိတ်မကောင်းဘူး။

    ကိုကြီးကျောက်ကောင်းရာသုဂတိလားပါစေ။

    ReplyDelete
  11. ကောင်းရာ သုဂတိလားပါစေဗျာ.....

    ReplyDelete
  12. အားလုံးကို ပျော်စေတဲ့ ဘကျောက် ကောင်းရာသုဂတိ အမှာ အပျော်အတိလွှမ်းပါစေ

    ReplyDelete
  13. ကိုကြိးကျောက် ကောင်းရာသုဂတိ လားပါလို့ ဆုတောင်းလျှက်...

    ReplyDelete
  14. အဖြူရောင်နတ်သမီးMay 2, 2011 at 9:20 PM

    ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်...

    ReplyDelete
  15. ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ။

    ReplyDelete
  16. ပြီးခဲ့တဲ့ မတ်လတုန်းကဘဲ ရန်ကုန်က လူကြုံကောင်းတာနဲ့ အကိုကြီးကို ဘာစားချင်လဲ မှာပေးပါ့မယ် ဆိုတော့ ပထမသူ အားနာလို့ မပြောဘူး ကျမက နောက်ထပ်ပြောတော့မှ ဒီမှာက လက်ဖက်တွေက အကြာ်တွေနဲ့ နောက်ပြီး ဟိုရောဒီရော ဆီနယ်ပြီးသားတွေနဲ့ညီမရယ် အဲဒါ လက်ဖက်အသားကြီးဘဲကို ဆီလေးထည့်ပြီး စားချင်လို့ လိုချင်တယ်ပြောလို့ ကျမလည်း လက်ဖက်သားတထုပ်နဲ့ ငါးရံ့ခြောက်နဲ့ တခြားသင့်မယ်ထင်တာလေး နည်းနည်းပို့ပေးလိုက်သေးတယ် .. အကိုကြီး ရွှေကြက်ပဲကြီးလှော်လေး ယူဦးမလားမေးတော့ ကိုယ့်အနံ့တောင် ကိုယ်မခံနိုင်ဘူးလို့ ပြန်ပြောလို့ ကျမမှာ ပြုံးရယ် နေရသေးတယ် ... နောက်ခဏကြာတော့ ကောင်းနေပြီးဆိုပြီး ( ကိုယ့်မှာ ၀မ်းတွေသာလို့ ) ခုလိုကြားရတော့တာဘဲ ညီလင်းရေ ... ။ နောက်ပိုင်း သူများဆီကွန်မန့်တွေ ရေးတဲ့အခါ နာမည်အမျိုးမျိုးတပ်ပြီး ရေးခဲ့တာလေးတွေလည်း ဖတ်ရတဲ့သူတွေကို မပြုံးဘဲမနေနိုင်အောင် ဘယ်သူနဲ့မှမတူအောင် စိတ်ကူးကောင်း အရေးကောင်း ခဲ့သူပါ .. ဘာဘဲဖြစ်ဖြစ် ကျမတို့ ရင်ထဲမှာ ကိုကြီးကျောက် အမြဲရှိနေမယ်ဆိုတာတော့ အကြွင်းမဲ့ဘဲ ကိုကြီးကျောက်တယောက် ကောင်းရာသုဂတိလားပါစေ ...။

    mie nge

    ReplyDelete
  17. တကယ်ကို ၀မ်းနည်းထိခိုက်မိပါတယ်။
    ကိုကြီးကျောက်စာတွေ ဖတ်ခွင့်မရနိုင်တော့တာဟာလည်း ဆုံးရှုံးမှု တစ်ခုပါဘဲ
    ရောက်ရာဘုံဘ၀မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေလို့ ကိုကြီးကျောက်အတွက် ဆုတောင်းမိပါတယ်ကိုညီလင်းသစ်ရေ

    ReplyDelete
  18. မင်းဧရာMay 3, 2011 at 5:52 PM

    ရော် ရွက်ကိုခြွေ နွေတဲ့ လား
    ကောင်းရာ သုဂတိ လားပါစေ

    ReplyDelete