25 November 2012

ချန်ဂီ၏ တံခါးများသို့ ...


ချန်ဂီ...
မင်းကို ‘ချန်ဂီ’ လို့ပဲ
ကိုယ် ရင်းရင်းနှီးနှီး ခေါ်ပါရစေ...၊

မင်းက ကိုယ့်ကို သိမှာ မဟုတ်ပေမယ့်
ကိုယ်ကတော့ မင်းကို ရင်းနှီးနေခဲ့တယ်..၊
မင်းဆီကို အကြိမ်များစွာ ကိုယ်ရောက်ဖူးသလို
လူတွေ ရင်သပ်ရှုမော ပြောကြရတဲ့
မင်းအလှကိုလည်း ကိုယ်ခံစားဖူးခဲ့တယ်..၊
ကိုယ့်ချစ်တဲ့ နိုင်ငံကလေးဆီ
ပြန်သွားဖြစ်တိုင်း
ကိုယ်တစ်ထောက်နားခိုရာက မင်းရဲ့ ရင်ခွင်ပေါ့၊

ခရီးဆုံးဟာ မင်း မဟုတ်ခဲ့ပေမယ့်
တစ်နေ့မှာတော့ မင်းဆီကို ရောက်အောင် လာမယ်လို့
ကိုယ် အမြဲတွေးခဲ့တယ်၊
ဟုတ်တယ် ချန်ဂီ...၊
မင်းဆီက တံခါးတွေရဲ့ တစ်ဖက်ခြမ်းမှာ
ကိုယ် ချစ်ခင်ရတဲ့ သူတွေရှိတယ်..၊
မင်းက တံခါးမှူး လုပ်နေတဲ့ အဲဒီကျွန်းကလေးပေါ်မှာ
ကိုယ် ဆုံဖူးချင်တဲ့သူတွေ နေထိုင်ကြတယ်၊
ကော်ဖီလေး တစ်ခွက်နဲ့ ဖြစ်ဖြစ်
ဗျစ်ရည်လေး တစ်ကျိုက်နဲ့ ဖြစ်ဖြစ်
အဲဒီလူတွေနဲ့ လက်ရည်တပြင်တည်း
အချိန်တွေကို တမေ့တမော
ကိုယ် သိမ်းပိုက်ချင်မိတယ်...၊

မင်းရဲ့ တံခါးတွေ အရှေ့က ဖြတ်သွားတိုင်း
မမြင်ရတဲ့ ဟိုမှာဖက်ကို လှမ်းမျှော်ရင်း
အချိန်တွေကို ကိုယ်စောင့်ခဲ့တယ်...၊
ကတွတ်ပေါက်မှာ ငါးစောင့်တဲ့ ဗျိုင်းတစ်ကောင်လို
ကိုယ် စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့တယ် ချန်ဂီ...၊
အခုတော့ အဲဒီအချိန်ဟာ
ရောက်လာ ခဲ့ပြီပေါ့...၊
မင်းရဲ့ တံခါးတွေကို ခေါက်ဖို့
ကိုယ် လာခဲ့မယ်၊
မင်းရဲ့ တံခါးတွေကို တွန်းဖွင့်ဝင်သွားဖို့
ကိုယ် လာခဲ့တော့မယ်၊

ညဦးရဲ့ တေးသွားတစ်ပိုဒ်နဲ့
မင်း စောင့်နေပါ ချန်ဂီ...၊
ကိုယ် ဆိုက်ဆိုက်မြိုက်မြိုက်ကို အရောက်လာခဲ့မယ်...။


မင်္ဂလာပါ ခင်ဗျာ...၊ ကျနော့်ကို ခရီးစဉ်လေးတစ်ခုအကြောင်း ပြောခွင့်ပြုပါ၊ လက်တစ်ကမ်းအကွာ အထိရောက်ခဲ့ပြီးမှ ပျက်ပြယ် သွားခဲ့ဖူးတဲ့ ခရီးစဉ်လေး အကြောင်းပေါ့၊း) အခုတော့ အချိန်ကာလတစ်ခု ကြာပြီးတဲ့အခါ၊ တွက်ချက် သုံးသပ်စရာတွေ လွန်မြောက်သွားတဲ့အခါ အဲဒီခရီးစဉ်လေးဟာ ဖြစ်မြောက်လာခဲ့ ပါပြီ...၊း)

ဟုတ်ပါတယ်၊ လာမယ့်ရှေ့နှစ်ဆန်းမှာ စင်္ကာပူကို ကျနော်အလည်လာဖို့ ရှိပါတယ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ သောကြာနေ့ ညနေမှာ ရောက်ပြီးတော့ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ညမှာ ပြန်ဖို့ စီစဉ်ထားပါတယ်၊ ငါးရက်ခွဲလောက် ကြာမယ့် အဲဒီအချိန်လေးအတွင်း အိပ်မက်ထဲမှာ ထည့်မက်ခဲ့ဖူးတဲ့ ခြင်္သေ့ကျွန်းကလေးမှာ ကျနော်ရှိနေမှာပါ၊ ကျွန်းကလေးနဲ့ အတူပဲ အဲဒီကျွန်းပေါ်က အာဂန္တု ကျွန်းသူ၊ ကျွန်းသားတွေကိုလည်း ဖြစ်နိုင်မယ်ဆိုရင် ဆုံတွေ့ချင်ပါတယ်၊ ကျနော့်ကို သိတဲ့၊ ကျနော်က သိတဲ့ ဘလော့ဂ်ရေးဖော် ညီအစ်ကို၊ မောင်နှမတွေရော၊ ခင်မင်ရတဲ့ စာဖတ်သူ မိတ်ဆွေတွေရော... ဘယ်သူနဲ့မဆိုပါ...၊ မျှော်လင့်ကောင်းတယ် ဆိုရင်တော့ အကြမ်းတစ်အိုး၊ လက်ဖက်တစ်ရိုးနဲ့ ဖေဖော်ဝါရီကို ကျနော်တို့ အတူတကွ သိမ်းပိုက်ရအောင်လေ...၊း)

စင်္ကာပူမှာ ရှိတုန်း ဆက်သွယ်ရ လွယ်ကူအောင် Prepaid SIM card တစ်ခုကိုလည်း ကျနော်မှာထား ပါတယ်၊ ဖုန်းနံပါတ်က 862 314 09 ပါ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ သောကြာနေ့ ညနေ ၆ နာရီကနေ ဖေဖော်ဝါရီ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီအထိ ဒီဖုန်းနံပါတ်မှာ ကျနော်ရှိနေမှာပါ၊ ဆန္ဒရှိသလို၊ အဆင်ပြေသလိုသာ ဆက်သွယ်လိုက်ပါ၊ SIM card ပို့ပေးတဲ့ သူငယ်ချင်း ထွန်းထွန်းကိုလည်း ကျေးဇူးတင်ပါတယ်၊ ဖုန်းမဆက်ဘဲ အသံချွေတာချင်တယ် ဆိုရင်တော့ nyilinnthit@gmail.com ကို မေးလ်ပို့လို့လည်း ရပါတယ်၊ လောလောဆယ်မှာတော့ ကျနော့်ရဲ့ ပြက္ခဒိန်လေးမှာ ရေးခြစ်ထားတာ၊ မှတ်သားထားတာ တစ်ခုမှ မရှိသေးပါဘူး...၊း)

အမှန်တော့ ခရီးစဉ်လေးက သုံးလလောက် လိုပါသေးတယ်၊ ဒါပေမယ့် ကိုယ်စီကိုယ်ငှ အငန်းအတာတွေ များလှတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ လူတိုင်းလိုလိုက ကြိုတင်ပြင်ဆင်မှုတွေ၊ အစီအစဉ်တွေနဲ့ တင်းကျမ်းမဟုတ်လား၊ အာဂျင်ဒါမှာ နေရာလေးတစ်ခု ရဖို့ဆိုတာ ထီပေါက်ဖို့ထက်တောင် ပိုပြီး ခက်ချင်ခက်နေ သေးတော့တာ..၊း) အဲဒါကြောင့် အခုကတည်းက လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ကြားသိစေခြင်း အလို့ငှာ ကြေညာမောင်းခတ် လိုက်ရပါတယ်ခင်ဗျား...။ ။း)


ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၁၂

33 comments:

  1. have a nice trip to Singapore and happy meeting with beloved friends...

    Jasmine

    ReplyDelete
  2. သာယာလှပပြီး အေးချမ်းတဲ့ စင်္ကာပူခရီး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ဒကာတော် ညီလင်းသစ်ရေ။

    ချန်ဂီဆိုတာနဲ့ ပြန်သတိရသွားပီ။ အဲမှာ မျက်စိလည်ချင်စရာကြီး။ အကျယ်ကြီးဆိုတော့လေ။

    ဒါနဲ့ အိန္ဒိယကို ဘုရားမလာတော့ဘူးလား။ ဒကာတော်နဲ့ ဆိုချင်ပါသေးတယ်။ အိန္ဒိယလာမယ်ဆို ကြိုပြောနော်။

    ဒါနဲ့ ကလေးလေးက သွားပြန်ပေါက်နေပြီလား။
    တစ်မိသားစုလုံး ရွှင်လန်းချမ်းမြေ့ကြပါစေနော်...

    ခင်မင်တဲ့

    ReplyDelete
  3. လပြည့်ရိပ်November 25, 2012 at 10:30 PM

    တွေ့ဆုံသူတွေ ရေးတဲ့ ဘလောခ့်ပိုစ့်တွေမှာ အကို့ကို တွေ့အောင်ရှာရမယ် :P မပုန်းကြေးနှော် . . :)

    ReplyDelete
  4. Jasmine...
    Thank you so much...sis!

    ဘုန်းဘုန်းတောက်...
    တင်ပါ့...၊ အိန္ဒိယကိုလည်း လာချင်ပါတယ်ဘုရား..၊ အခါအခွင့် သင့်တဲ့ တစ်နေ့တော့ဖြင့် ဖြစ်လာကောင်းပါရဲ့လို့ ...၊း) ကလေးလည်း သွားပြန်ပေါက်နေပါပြီ ဘုရား...၊း)

    ညီမလပြည့်ရိပ်...
    မပုန်းပါဘူးဗျာ..၊ မသကာ အဲဒီလူတွေကို နှုတ်ပိတ်ရုံလောက် ပါပဲ...။း))

    ReplyDelete
  5. အမေရီးကား နယူးယောက်ရောက်မယ်ဆို
    ပြောနော်ကိုညီ =)

    ReplyDelete
  6. ကိုညီလင်း

    မေးလ်ပို့ထားပြီး

    ညီ

    ReplyDelete
  7. အားကျလိုက်တာ အကိုရာ ဘလော့ဂါတွေနဲ့ တွေ့ ဖြစ်ပြီပျော်ရွှင်သောခရီးစဉ်ဖြစ်ပါစေ..

    ReplyDelete
  8. Welcome from Singapore... ကိုညီလင်း... တွေ့ကြမယ်နော်...း)))

    ReplyDelete
  9. ပျော်စရာကြီးဟယ်.... လာပူးပေါင်းချင်သား... ဒါပေမဲ့ ဖေဖော်ဝါရီအတွက် စီစဉ်ပြီးသားဖြစ်နေပြီ... နောက်တခါ အခွင့်ကြုံရင် ဆုံချင်ပါတယ်ညီလင်းသစ်ရေ...

    ReplyDelete
  10. ပျော်စရာကြီး ဘလော့ဂါတွေတွေ့ရင် စကားတွေြေ့ပာမဆုံးဖြစ်အုံးတော့မှာပဲ ။

    ကျနော့် သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ် အော်.. ဘလော့ဂါ ဆိုတာ တော်တော်စကားများတဲ့ အမျိုးပါလားတဲ့ :)

    ReplyDelete
  11. ဘလော့ဂါနံပါတ် နောက်တစ်ခုတိုးပြီး ချိတ်လို့ရအောင် စင်္ကာပူသွားမဲ့ ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၂ရက်ကို ပြောင်းလိုက်မှထင်တယ် :P
    မောင်ညီလင်းရဲ့ လှုပ်ရှားမှုလေးတွေ စနစ်ကျပုံများ ချီးကျူးပါတယ် အခုလို Plan ကိုသေသေသပ်သပ် ဆွဲထားတာ သဘောကျပါ့။ ချန်ဂီကို သူများတကာ ချစ်အောင်လည်း ရေးတတ်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12.ဲခြင်္သေ့ကျွန်းမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ရှင်။ ^_^

    ReplyDelete
  13. တွေ့ ရဖို့ မျှော်လင့်ပါတယ် ဗျို့  ... အနားနီးတော့ မက်စိပို့ လိုက်မယ် ...

    ReplyDelete
  14. လှိုက်လှဲစွာ ကြိုဆိုပါ၏ ကိုညီ။ လာခါနီး အီးမေလ်ပို့ပြီး အဆက်အသွယ် ပြုစေချင်။ ကိုယ်လဲ စင်ကာပူမှာ အာဂန္တု ဆိုပေမယ့် ဂျုနီယာ အာဂန္တုအား လှိုက်လှဲစွာ ကြိုဆိုရင်း စင်ကာပူရဲ့ ကာလာစုံလူမျိုးတွေကြား လှည့်ပတ်ကာ တူတူသွားချင်။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)
    khwetkhwin@gmail.com

    ReplyDelete
  15. အဲ..ပျော်စရာကြီး..စလုံးကဘလော့ဂါတွေနဲ့အစုံတွေ့ရမပေါ့...။ နင့်အသက်ငါ့ပေးဆရာကြီးကိုညိမ်းနိုင်နဲ့တော့ တွေ့ဖြစ်အောင်တွေ့ခဲ့ပါလို့ မှာချင်ပါတယ်...။ တခြားဘလော့ဂါ အမတွေ အကိုတွေလည်းအများကြီးပါ ဒါပေမယ့် အဲဒါလမှာ မြန်မာပြည်ပြန်လာမယ့်သူလဲ ခပ်များများရယ်...။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ပါစေကိုညီလင်း... ခရီးသွားပို့စ်လေးဖတ်ရဦးမပေါ့...း)

    ReplyDelete
  16. warmly welcome from singapore..

    ReplyDelete
  17. လာဖြစ်မယ်ဆိုတော့ ဝမ်းသာတယ်..တွေ့ကြမယ် အစ်ကို...။

    ReplyDelete
  18. ကြိုဆိုပါတယ် ကိုညီလင်းရေ..
    စာဖတ်ပရိတ်သတ် - ညီမ၀ါဆို

    ReplyDelete
  19. ချန်ဂီကို လှလှပပလေး ရေးထားလို့ သဘောတကျစိတ်နဲ့ ဖတ်နေမိတာ...
    အောက်လည်း ရောက်ရော စင်ကာပူကလူတွေကို နည်းနည်း မနာလိုဖြစ်သွားသလိုပဲ :D
    ပျော်စရာကြီးရှင်........
    မြန်မာပြည်ကို လာဖြစ်ရင်လည်း လက်တို့ပါဦးရှင့်
    ပျော်ရွှင်ကြည်နူးစရာ ခရီးလေးဖြစ်ပါစေရှင့်
    ပြန်လာရင် ဓာတ်ပုံလေးတွေ ပါတဲ့ ပို့စ်လေး ဖတ်ချင်ပါတယ်ရှင့်

    ခင်မင်လျှက်
    ညီမ သူသူ

    ReplyDelete
  20. စင်ကာပူတောင်လာချင်လာပြီ။ လက်မှတ်ထိုးခိုင်းချင်လို့။

    ReplyDelete
  21. ချန်ဂီမှ လှိုက်လှဲစွာကြိုဆိုပါတယ်ဗျား....၊ဗျစ်ရည်လေးတစ်
    ကျိုက်နှစ်ကျိုက်နဲ့ အချိန်တွေသိမ်းပိုက်ကြတာပေါ့ဗျာ....
    နော့...... :P

    ReplyDelete
  22. လက်တစ်ကမ်းအကွာကနေ ချန်ဂီရဲ့ အပြင်ဖက်တစ်ခြမ်းကို လာမယ့် ဖေဖော်ဝါရီမှာ ထွက်ကြည့်နိုင်ပြီပေါ့.. :)
    Welcomeပါ ကိုညီလင်းသစ်..။

    ReplyDelete
  23. စင်္ကာပူကို ဘန်ကောက်ကနေ ဖုန်းဆက်လိုက်မယ် ကိုညီလင်းသစ်ရေ။
    (လီယို)

    ReplyDelete
  24. မဘေဘီ...
    ကျေးဇူးပါ မဘေဘီ..၊ ကျနော် ပြောပါ့မယ်၊ ဒါနဲ့ စကားမစပ်...
    ခုတစ်လော နည်းနည်းပျောက်နေတယ်နော်...၊း)

    ညီ...
    မေးလ်အတွက် ကျေးဇူးပါဗျာ...၊

    ညီမချစ်စံအိမ်...
    ကျေးဇူးပါပဲ ညီမရေ...၊

    မသက်ဝေ...
    ဖိတ်ခေါ်တာ ကျေးဇူးပါ အစ်မသက်ဝေ..၊ ဒီတစ်ခါတော့ ဆပ်ပြာပူဖောင်းလေးက
    တလူးလူး တလွန့်လွန့် တက်လာခဲ့ပြီဗျ...၊း)

    မရိုစ့်...
    လာပူးပေါင်းနိုင်ရင် အရမ်းကောင်းမှာပဲဗျာ..၊ တစုတဝေးထဲ... ပျော်စရာကောင်းမှာ၊ နောက်တစ်ခါပေါ့လေ...နော၊း)

    မောင်မျိုး...
    ညီ့သူငယ်ချင်းရဲ့ မှတ်ချက်ကိုတော့ သဘောကျသွားပြီ၊ ကျနော်လည်း အဲဒီ အမျိုးအစားထဲ ပါနေမလား မသိဘူး...၊း)

    တီတင့်...
    အဲဒီလို ပြောင်းနိုင်ရင် အရမ်းကောင်းတာပေါ့ တီတင့်ရာ၊ တစုတစည်းထဲ ဆုံရတာပေါ့၊း)
    လူတွေက တစ်ယောက်တစ်နေရာစီ ဝေးနေကြတာ မဟုတ်လား...၊

    ဇွန်...
    ကျေးဇူးပါ ဇွန်ရေ...၊း)

    ညီမVista...
    အိုကေ ညီမရေ...၊ နီးလာတော့ ဆက်သွယ်ကြတာပေါ့...၊း)

    ကိုမျိုး...
    လှိုက်လှဲတဲ့ ဖိတ်ခေါ်မှုအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်တို့ ဆုံဖြစ်ကြဖို့ မျှော်လင့်ပါတယ်..၊း)

    မမိုး...
    အဲဒီ ဆရာကြီးကတော့ မပျက်မကွက် သွားတွေ့ရမှာ ပေါ့ဗျာ..၊ မဟုတ်ရင် ကျနော့်အသက် နှုတ်လိုက်မှ ဒုက္ခ...၊း)

    Anonymous...
    Thank you...!

    ကိုဖြိုး...
    အသေအချာကို ဆုံကြတာပေါ့ဗျာ...နော၊း)

    မဝါဆို...
    စဉ်ဆက်မပြတ် အားပေးနေတာရော.. အခုတစ်ခါ ကြိုဆိုတဲ့ အတွက်ရော ကျေးဇူး အများကြီး တင်ပါတယ် ညီမရေ...၊

    မသူသူ...
    ကျနော်တို့ ထင်းခွေမကြုံ ရေခပ်တော့ ကြုံဖြစ် ကြမှာပါလေ...နော၊း) စိတ်ချပါဗျာ..၊ မြန်မာပြည် ခရီးစဉ်ကျရင် လက်တို့လိုက်ပါ့မယ် ညီမရေ...၊း)

    လရိပ်အိမ်...
    လက်မှတ်အတွက် ဆိုရင်တော့ ကျနော် တနည်းနည်းနဲ့ ကူညီနိုင်တာရှိမယ်ဆိုရင် ပြောပါနော်...၊

    ကိုညိမ်း...
    သိပ် သေချာတာပေါ့ဗျာ..၊ ဒီ အချိန်တွေကို ကိုညိမ်းနဲ့ ကျနော်မှ မသိမ်းပိုက်ရင် ဘယ်သူကများ လာပြီး သိမ်းပိုက်အုံးမှာလဲ...ကဲ၊း))

    johnmoeeain...
    ဟုတ်တယ်ဗျ..၊ နောက်ဆုံးတော့ တံခါးဆိုတာ ပွင့်သွားရစမြဲပါပဲလို့ အားရပါးရ ရေရွတ် ပစ်လိုက်တယ်...၊း))

    လီယို...
    သိပ်ကောင်းတဲ့ အကြံပေါ့ဗျာ၊ ဒီဖက်ခေတ်မှာ လူနှစ်ယောက် စကားပြောဖို့ဆိုတာ တစ်မြေထဲပေါ်မှာ မျက်နှာချင်းဆိုင် ရပ်နေမှ မဟုတ်ပါဘူး၊း) အဆင်ပြေသလိုသာ ဆက်လိုက်ပါဗျာ...။း)

    ReplyDelete
  25. ချန်ဂီတံခါးရဲ့ တဘက်ခြမ်းမှာလည်း လည်ပင်းရှည်ရှည် ဗျိုင်းအုပ်တွေ တစ်ပြုံတစ်မကြီးပါအစ်ကို :)

    ReplyDelete
  26. Yeah.. :) Welcome from small island !

    ReplyDelete
  27. ပျော်စ၇ာကြီး နေမှာနော် အကို...အားကျထှာ..:) ပျော်ရွင်ဖွယ် ခရီးစဉ်လေးကို ဘလော့ပေါ်ကနေ မျှဝေ ခံစားပရစေ အကို... ခရိးစဉ်လေး အစမှအဆုံး ချောမွှေ့ပါစေလို့ ဆန္ဒပြုရင်း ....

    ReplyDelete
  28. ပျော်စရာခရီးတစ်ခုဖြစ်မှာပါကိုညီ။ ကျမလည်း အတွေးထဲ၊စိတ်ကူးထဲကနေ လိုက်လည်မယ်လေ။
    သူငယ်ချင်းတွေနဲ့ တွေ့ ရမှာ တွေးပြီးပျော်နေပြီလား။

    ReplyDelete
  29. မညိုလေး...
    ဟုတ်ကဲ့...၊ မကြာခင်မှာတော့ ကတွတ်ပေါက်က ငါးတွေကို အတူတကွ သုံးဆောင်ရမယ့်အချိန် ရောက်လာတော့မှာပါဗျာ..၊း))

    ATZH...
    Thank you for your kind welcoming message!! :)

    ညီမအိန်ဂျယ်လှိုင်...
    ကျေးဇူးတင်ပါတယ် ညီမရေ...၊ အဆင်ပြေသလို ပြန်ရေးပါ့မယ်..၊

    မ,ရှင်လေး...
    ဟုတ်...၊ တွေးကြည့်ရတာကိုပဲ ပျော်စရာ ကောင်းလှပါပြီ၊း) (စိတ်ကူးနဲ့ပဲ ဖြစ်ဖြစ်) လိုက်ခဲ့နော် အစ်မရှင်လေး...။း))

    ReplyDelete
  30. Welcome pa shint.... :)

    ReplyDelete
  31. အဖွင့်လေးက ကျွန်တော့်ရင်ထဲကို ရင်းရင်းနှီးနှီး ၀င်လာတယ်။

    ReplyDelete
  32. ပျော်ရွှင်စရာချန်ဂီခရီးစဉ်လေး
    ဖြစ်ပါစေအကိုရေ

    ReplyDelete
  33. ကိုညီ့ဆန္ဒတွေ ပြည့်ပြီပေါ့..ဘလော့ဂါတွေ၊ အချိန်ပေး စာလာဖတ်သူတွေ ဆုံတွေ့ ကြမှာကို မျှော်လင့်စောင့်စားနေပါတယ်နော်..

    ReplyDelete