28 January 2013

ဝန်...







"ဝန်..."


အိုခြင်း၊ နာခြင်း၊ သေခြင်း
မရပ်မနား လည်ပတ်နေတဲ့ ခွေးသွားစိပ်တို့အောက်

လေးလံလွန်းတဲ့ ဒီခန္ဓာ
ဓာတုဆေးဝါး ကျားကန်ထမ်းရင်း

ယိုယွင်းခြင်းကို
ငါ တည့်တည့်ကြည့်မိခဲ့...။ ။


ညီလင်းသစ်
၂၈ ဇန်နဝါရီ၊ ၂၀၁၃

24 comments:

  1. အစ်ကိုညီလင်းသစ်တစ်ယောက် အမြန်ဆုံးသက်သာ ကျန်းမာပါစေ။

    ReplyDelete
  2. Get well soon..Ko Nyi Linn..
    Nyi ma-War So

    ReplyDelete
  3. လပြည့်ရိပ်January 28, 2013 at 3:15 PM

    အမြန်သက်သာပါစေ.. အစ်ကို

    ReplyDelete
  4. ကျန်းမာရေး အထူးဂရုစိုက်ပါအကိုတော်....
    အမတော်နဲ့ သားသားလေးရော နေကောင်းပါရဲ့လားရှင်
    သတိတရရှိနေပါတယ် :)))
    အကိုတော့် ကဗျာလေးက တိုပေမဲ့
    တွေးစရာတွေက အများသားရယ်...
    သတိ သံဝေဂရစရာတွေလဲ တပုံကြီးပဲ ....
    ကောင်းသောညပါ အကိုရေ....
    လန်ဒန်မှာ အရမ်းအေးနေတုန်းပဲဆို :)

    ReplyDelete
  5. အလို....ကဗျာတိုလေးထဲမှာ သံဝေဂတရားတွေက တင်း
    ပြည့်ကျပ်ပြည့်ပါလားအကိုရ....။နေမကောင်းဖြစ်နေတယ်
    ထင်ပါ့....၊ဂုစိုက်ဗျိုး.....၊

    ReplyDelete
  6. ခန္ဓာမမုန်းမချင်း မဆုံးနိုင်တဲ့သံသရာမှာ
    လည်ပတ်နေရပေအုံးမပေါ့ မောင်ညီလင်းရေ။
    ကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. နေမကောင်းဘူးလား... အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်...

    ReplyDelete
  8. သံဝေဂ ရမိပါတယ် အကိုရေ..ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  9. အလေးလံဆုံးက ခန္ဓာ့ဝန်ဆိုတာ မမာမကျန်းဖြစ်မှ ပိုသိတယ် ကိုညီလင်းရေ ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
    နေကောင်း ကျန်းမာ ပျော်ရွှင်ပါစေ ...

    ReplyDelete
  10. စာက တိုတိုလေးဆိုပေမယ့် အဓိပ္ပါယ်အလွန် လေးနက်တယ်..... တစိမ့်စိမ့်တွေးရင် ပိုပိုပြီး လေးနက်တယ်...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  11. ကျမကအရင်ဖျားပြီးသွားလို့ နောက်တကျော့တောင်ဖျားချင်နေလို့ မနဲအားတင်းနေရတယ်။
    ဆက်လက်ယိုယွင်းဘို့ ဘဲရှိတော့တာဆက်လက်ကျားကန်
    ကြအုန်းစို့ ကိုညီလင်းသစ်ရေ။
    အိုင်အိုရာ

    ReplyDelete
  12. ကဗျာလေးက တရားသဘောပါနေတယ်..အမြန်ဆုံး သက်သာပျောက်ကင်းပြီး ကျန်းမာပါစေ ကိုညီလင်း..

    ReplyDelete
  13. ကြက်မကြီးကိုဂုစိုက်ပါအစ်ကိုး) (ဆရာညိမ်းစကာနဲ့ပြောတာ)..။ ဘလော့ဂါတွေချစ်ဖို့ကောင်းကြတာ အဲဒီချက်ကလေးပဲ..။ ကိုယ်တစ်ခုခုဖြစ်ရင် အဲလိုစာတိုကဗျာတိုလေးတွေနဲ့ ဖွင့်အံတတ်ကြာတာကိုလေ..။ ညီမလဲ နေမကောင်းဖြစ်တုန်းက ဆန်ပြုတ်ပြုတ်ရင်း ကဗျာတိုတစ်ပုဒ်ရေးဖူးသေးတယ်...။ ရန်ကုန်မှာလဲ ဒီနေ့မိုးရွာတယ်ပြောတယ် မြို့ပြင်ဖက်မှာလေ...။ ဆောင်းပေမယ့်လဲ ရာသီဥတုတွေကို အေးချင်အေး ပူချင်ပူနေတာ...။ အစ်ကိုတို့ဆီမှာတော့ အရမ်းအေးနေမယ်ထင်တယ်..။ နွေးနွေးထွေးထွေးနေပါ...။ ကော်ဖီသို့မဟုတ်နို့ပူပူတစ်ခွက်သောက်ပါ..း)

    ReplyDelete
  14. :((
    ကဗျာတိုလေးဖတ်ပြီး အပေါ်က ဆေးမျိုးစုံပုံလေးကြည့်ပြီး ရင်ထဲကောင်းးးဝူးး
    ဒါပေမယ့် ပုံလေးတွေ ရိုက်.. ကဗျာလေးဘာလေးတင်ဆိုတော့ အစ်ကိုများ သက်သာနေပြီရယ်လားလို့ အတွေးနဲ့ စိတ်သက်သာရာရတယ်...။
    အစ်ကို အမြန်ဆုံးနေကောင်းပါစေရှင်..။
    ကျန်းမာပျော်ရွှင်စွာမြင်တွေ့ရပါစေ..။
    ရာသီဥတုတွေလည်း ကောင်းပါစေ..။
    တုပ်ကွေးတွေလည်း ထပ်မပေါ်ပါစေနဲ့..။
    May you be strong healthy & happy.

    ReplyDelete
  15. ဖေဖော်ဝါရီခရီးစဉ်အတွက် ပျော်ပျော်ရွှင်ရွှင်ရှိပါစေ
    ၂၂ ရက်မတိုင်ခင် အများကြီးနေကောင်းပါစေ
    :))))

    ReplyDelete
  16. ဖေဖော်ဝါရီအတွက် အထုပ်ပြင်ရတော့မှာမို့
    ရှုပ်မနေနဲ့တော့ တုပ်ကွေးရေ
    ဇန်နဝါရီမှာ ဖြုတ်ချန် နေခဲ့တော့။

    Wish you get well soon brother!

    ReplyDelete
  17. jasmine အတွက်ရေးပေးတာလားထင်မိတယ်

    ReplyDelete
  18. ဟန်ကြည်January 30, 2013 at 12:21 PM

    ခန္ဓာကိုယ် လေးလံမှာပေါ့ ၀ိတ်မှ မလျှော့ဘဲး)

    ယိုယွင်းခြင်းကိုလည်း ကသိုဏ်းဝန်းမရှုပါနဲ့ဦးလေ ဖွဲတစ်ဆုပ် နိုင်သေးတယ် မဟုတ်လား...

    ကဗျာလေး ကောင်းတယ် ကိုညီ...တစ်ခါတစ်ခါကျတော့ ကိုယ့်အသက်ကို မေ့ထားချင်လို့ အပေါ်ကလို ပေါက်ကရတွေ လျှောက်တွေးပစ်လိုက်တာ ဟဲ ဟဲ

    ReplyDelete
  19. အစ်မရှင်လေး၊ ဇွန်၊ ညီမဝါဆို၊ ညီမလပြည့်၊ ညီမမိုးနတ်၊ ကိုညိမ်း၊ တီတင့်၊ မရိုစ့်၊ ညီမချစ်စံအိမ်၊ မမေ၊ ကိုနေဝသန်၊ ATZH၊ မအိုင်အိုရာ၊ ညီမစန်းထွန်း၊ ညီမမိုး၊ ညီမသူသူ၊ မညိုလေး၊ ညီမစံပယ်၊ ကိုဟန်ကြည်...

    ကျနော် နေထိုင်မကောင်းစဉ်မှာ လာရောက်အားပေးတဲ့အတွက် တကယ့်ကိုပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ ညီအစ်ကို မောင်နှမတွေဆီက မမြင်ရတဲ့ ဆေးတွေက အစွမ်းထက်လှပါတယ်၊ အခု ကျနော် ပြန်ပြီးတော့ သက်သာလာပါပြီ၊ မေတ္တာဟာ နိုင်ငံ့ နယ်နိမိတ်တွေ၊ တောင်တန်းတွေ၊ သမုဒ္ဒရာတွေကို ကျော်ဖြတ်ပြီး ပို့လွှတ်တဲ့ တားဂက်ကို တည့်တည့်ထိစေတဲ့ အစွမ်းအထက်ဆုံး လက်နက်ပါပဲ...၊ အခု အဲဒီ မေတ္တာကို လွှမ်းခြုံလို့ ကျနော် ပြန်ထခဲ့ ပါပြီ...၊ ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျား...။း)

    ReplyDelete
  20. :O ကျန်းမာရေးအထူးဂရုစိုက်ပါ အစ်ကိုရေ ... မအားတာနဲ့ Blog တွေသိပ်မလည်ဖြစ်တော့ အစ်ကိုနေမကောင်းတာကို မသိလိုက်ဘူးရယ် ... :(

    ReplyDelete
  21. အမြန်ဆုံး နေကောင်းသက်သာ ပျောက်ကင်းနိုင်ပါစေလို့

    ကျွန်တော် ဆန္ဒပြုပါတယ် ကိုညီလင်း။



    ReplyDelete
  22. မလွဲသာမရှောင်သာ
    ထမ်းပိုးထားရမဲ့ ဝန်ပါဘဲ အကိုရေ

    ReplyDelete