B&W Photo Challenge Day-5: "Living with the songs"
၅ ရက်မြောက်နေ့အတွက် နောက်ဆုံးဓာတ်ပုံကို တင်လိုက်ပါတယ်၊ သီချင်းတွေနဲ့ နေထိုင်တဲ့အခါ တခြား ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး ဆိုရင်တောင်မှ… အနည်းဆုံးတော့ စိတ်မညစ်ရမှာ သေချာပါတယ်၊ (အဲ… ဘေးနားက လူတွေအတွက်တော့ မပြောတတ်ဘူးပေါ့)းD ဟောဒီ အဖြူအမည်း ဓာတ်ပုံပြပွဲမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာရသလို ကျနော့်ကို ဖိတ်ခေါ်ခဲ့တဲ့ တီတင့်၊ မမေ၊ ညီမမိုးနဲ့ ညီမဇွန် တို့ကိုလည်း ကျေးဇူးတင်ပါတယ်…။
ဖေ့စ်ဘွတ်ခ်က B&W Challenge ရဲ့ကောင်းမှုနဲ့ ကျနော်လည်း ပို့စ်တွေ ၅ ပုဒ်ကို ဆက်တိုက်ဆိုသလို တင်ဖြစ်သွားတယ်၊ ပြောရရင် ဘလော့ဂ်ကို စရေးကတည်းက ၅ ရက်ဆက်တိုက် ပို့စ်တွေတင်ဖြစ်တာ အခုအကြိမ်ဟာ ပထမဦးဆုံးပါပဲ၊ ဒီဓာတ်ပုံတွေ၊ စာကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ မြင်ပြီး၊ ဖတ်ပြီးပေမယ့်လည်း ဘလော့ဂ်မှာဆက်ပြီး အားပေးတဲ့ ညီအစ်ကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဂစ်တာတီး၊ သီချင်းဆိုတဲ့ အချိန်တွေမှာ ခေါင်းထဲကို တခါတလေ ရောက်လာတဲ့ စကားလေးတခွန်း ရှိပါတယ်၊ ထူးအိမ်သင် ရေးခဲ့တဲ့ စာကြောင်းလေးတခုပါ၊ ကျနော် အမှတ်မမှားရင် သူ့သီချင်းစာအုပ် ပေါင်းချုပ်မှာ ရေးခဲ့တာ ထင်ပါတယ်၊ အခု အဲဒီစာသားလေးနဲ့ပဲ ဘလော့ဂ်ရဲ့ အဖြူအမည်း စိန်ခေါ်ပွဲကိုလည်း အဆုံးသတ်ပါရစေ၊ “တီးရင်း၊ ဆိုရင်း၊ နားဆင်ရင်း ချစ်ခြင်းမေတ္တာအကြောင်း ငြိမ်းချမ်းစွာ သင်ကြားနိုင်ပါစေ” လို့…။ ။
ညီလင်းသစ်
၃၀ နိုင်ဝင်ဘာ၊ ၂၀၁၄

Have read all B&W posts.
ReplyDeleteI like all. My favourite is no: 4.
အံမယ်... ဒီတစ်ခါ ဘီးကုပ်ကို ဖျောက်ထားပါလား။ :P
ReplyDeleteဇွန့်အကြိုက်ဆုံးကိုပြောရရင်တော့ ဒုတိယပုံပဲ။ :)
ဘာပဲဖြစ်ဖြစ်... ဖြူမည်းစိန်ခေါ်ပွဲကို မျက်နှာစာအုပ်မှာ ၅ရက်တိတိ ၀င်ရောက်ဆင်နွှဲပေးတဲ့အပြင် ဘလော့ဂ်မှာပါ ထပ်ပြီး တင်ပေးလို့ ကျေးဇူးပါ။
By the way... Wish you have a Sweet December and Happy Anniversary as well! :))
မထင်မှတ်ပဲ တီတင့်တို့ရဲ့ အဖြူ အမဲ စိန်ခေါ်ပွဲလေးဟာ မောင်ညီလင်းအတွက် ထူးထူးခြားခြား ပို့စ် ၅ပုဒ်ကို စဉ်ဆက်မပြတ်တင်ဖြစ်ခဲ့တဲ့ သမိုင်းမှတ်တမ်းလေးအဖြစ် ခြေရာကျန်ခဲ့သလို တီတင့်တို့အတွက်လဲ တစ်ကြိမ်တစ်ခါမှ ကိုယ်ထင်မပြခဲ့သူ ကိုယ်ထင်ပြခဲ့တာမို့ ထူးခြားမှုတစ်ရပ်ပေါ့ကွယ်။ တီတင့်နဲ့ဆုံဘူးတဲ့အတွက် မှတ်ချက်ပြုရရင်ဖြင့် အပြင်မှာပိုနုပိုငယ်ရွယ်ပြီး ဓာတ်ပုံထဲမှာတော့ ရင့်ကျက်တယ်လို့ ပြောပါရစေ။
ReplyDeleteIs that you, Ko Nyi Linn Thit? :D
ReplyDeleteMa Thazin Phoo…
ReplyDeleteThank you for your kind visits to all these B&W posts! :)
ဇွန်…
မရည်ရွယ်ဘဲနဲ့ ပျောက်သွားတာ…၊း) ဇွန်က မျက်မှန် ၅ ပွင့်ဆိုင် တွေ့ဆုံပွဲကို ကြိုက်တာကိုး…၊ Sweet December to you, too sis! :)
တီတင့်…
ဟုတ်ပါတယ်၊ ပထမဦးဆုံးအကြိမ် ၅ ရက်ဆက်တိုက်ပါပဲ၊း) အင်း… ရှေ့နှစ် ပြန်လာတဲ့အခါ တီတင့်ကို မုန့်အဝ လိုက်ကျွေးမှ ဖြစ်တော့မယ်…။း)
Sis Myat Kyi,
Who do you think it is? :D :D
အဟမ်း... အဟမ်း.... :D :D :D
ReplyDeleteပို့စ်တွေကို ငါးရက်ဆက်တိုက်တင်ဖြစ်သွားစေတာဟာလည်း ထူးခြားဖြစ်စဉ်ပါပဲအစ်ကို အမှတ်တရဖြစ်သွားတယ်မဟုတ်လား ဓါတ်ပုံ စာသား ဖဘ ဘလော့...အားလုံးစုံသွားတယ်...။ ဘာပဲဖြစ်ဖြစ် ညီမတို့ရဲ့ B&W စိန်ခေါ်ပွဲကို ပါဝင်ဆင်နွှဲပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...း)
ReplyDeleteခန့်လိုက်တဲ့ အစ်ကိုကြီးး
ReplyDeleteး)
မျက်မှန်နဲ့တယောက် မိုက်တလယ်
ReplyDeleteညီ
အလဲ့…One Direction အဖွဲ့ဝင်တွေရဲ့ ကေ နဲ့ ပါလား…=)
ReplyDelete-m
အကြိုက်ဆုံးက နံပါတ်၃ ပုံပါ
ReplyDelete