26 October 2012

ချစ်ခြင်းတစ်ကိုက်၊ ကော်ဖီတစ်ကျိုက်နှင့် ရိုက်ခတ်မိသော ဂစ်တာကြိုးများ


နေ့လယ်ခင်းဟာ တိတ်ဆိတ်နေခဲ့တယ်၊ ပျင်းရိငြီးငွေ့ဖွယ် တိတ်ဆိတ်တာမျိုး မဟုတ်ဘဲ ချစ်သူရဲ့ ပုခုံးစွန်းကနေ ပိုးပုဝါတစ်စ လျှောကျလာသလိုမျိုး နူးညံ့တဲ့ တိတ်ဆိတ်ခြင်းမျိုးနဲ့ တိတ်ဆိတ်နေတာ..၊ ခပ်ပြင်းပြင်း၊ ခပ်ကျကျ အက်စ်ပရက်ဆို တစ်ခွက်ကို ကျနော် ဖျော်သောက်မိတာ အဲဒီ နေ့လယ်ခင်းမှာပေါ့၊ လျှာဖျားပေါ်ကို အက်စ်ပရက်ဆို ရောက်တဲ့အခိုက်မှာပဲ နားစည်ကိုလည်း စန္ဒရားသံတစ်ခုက လာရောက် ရိုက်ခတ်တယ်၊ အာရုံနှစ်ခုဟာ နှစ်ပေါင်းများစွာ ကြိုတင်လေ့ကျင့်ထားတဲ့ ချိန်သားကိုက်မှု မျိုးနဲ့ တကယ့်ကို ကွက်တိ လွန့်လူး၊ နိုးထလာခဲ့တယ်...၊

ဆုံနိုင်ဖို့ ကြိုးစားနေတဲ့ ကြားက ဝေးမြဲဝေးနေဆဲ ဖြစ်တဲ့ ချစ်သူတွေ အကြောင်းကို သတိရမိတာလည်း အဲဒီ နေ့လယ်ခင်းမှာ ပါပဲ၊ ဂစ်တာတစ်လက်က ကျနော့်ရင်ခွင်ထဲကို ရောက်လာခဲ့တယ်၊ ဒီလိုနဲ့ ဝိုင်ဝိုင်းရဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုညည်း မိပါတယ်၊ ဗီဒီယိုလေးက ၃ မိနစ်ခွဲပဲ ကြာပါတယ်၊ အချိန်လေးရရင် play ဆိုတဲ့ တြိဂံလေးကို တစ်ချက်လောက် နှိပ်သွားပါအုံးဗျာ..၊




အင်တာနက် ကွန်နက်ရှင် နှေးတဲ့နေရာက သူတွေအဖို့တော့ ဗီဒီယိုကို ကြည့်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်၊ အဲဒါကြောင့် mp3 အသံဖိုင်လေး တစ်ခုလည်း ထပ်တင်လိုက်ပါတယ်၊ ဒီအသံဖိုင်က ဗီဒီယိုထဲမှာ သုံးထားတဲ့ အသံဖိုင်ပါပဲ၊ ဖွင့်လို့မရဘဲ ဒီအတိုင်း ပြန်သွားရတာထက် စာရင်တော့ အရုပ်တွေ မမြင်ရပေမယ့် အနည်းဆုံး အသံကြားရလည်း မဆိုးဘူး မဟုတ်လား၊ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်ဗျာ...။




ညီလင်းသစ်
၂၆ အောက်တိုဘာ၊ ၂၀၁၂

50 comments:

  1. ထူးထူးခြားခြားပို့စ်လေး တစ်ပုဒ်ကို စေတနာနဲ့တင်ပေးခဲ့တဲ့အတွက် ကွန်နက်ရှင်ကို အံတုရင်း ကြိုးကြိုးစားစား ကြည့်ရတာ တန်သွားပြီ မောင်ညီလင်းရေ။ ကိုယ်ပိုင်သံစဉ်လေး ကောင်းတယ်။ သရုပ်ဖော်တာလေးတွေကြည့်ရတာ ဇာတ်ဝင်ခန်းတစ်ခုလိုပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အားပါးပါးကိုညီလင်း

    ရိုက်ထားတဲ့ စိတ်ကူးလေးက ဗီဒီယိုဒါရိုက်တာလုပ်လို့ရပြီဗျ။ မြန်မာပြည်က အမ်တီဗီတွေကို အခုလို စိတ်ကူးလေးတွေနဲ့ ချပြလို့ရတယ်ဆိုတာ သိစေချင်လိုက်တာ.

    ဘရာဗိုကိုညီလင်း

    ညီ

    ReplyDelete
  3. မင်းသားပုံကိုမမြင်ရလို. မကျေနပ်ပါဘူးဗျို.။
    မင်းသားကိုပြပါဗျို.။

    ကျမသမီးပိစိကတော. ဒီ ဗီဒိုကိုကြည်.ပြီးတော. “အဲ. ကော်ဖီမျိုးသောက်ချင်တယ်၊အဲကော်ဖီမျိုးသောက်ချင်
    တယ်” နဲ. အော်နေတယ်။ဒွတ်ခ ..

    ReplyDelete
  4. ကိုလင်းသစ်က စာရေးကောင်းသလိုအသံလည်းကောင်းတာကိုးးးးးးးးး

    ReplyDelete
  5. Bravo Bro!...very nice creation, good idea may be much better without the song...haha..noute tar naw!!

    ReplyDelete
  6. မောင်မျိုးOctober 27, 2012 at 4:24 AM

    သူဖန်တီးသော အနုပညာ ...

    နုနုညံ့ညံ့လေး စီးဆင်းသွားတယ် ။

    (ဒါနဲ့ မေးလ်တစ်ချက်လောက်စစ်ပေးပါအုံး အစ်ကို )း)

    ReplyDelete
  7. A smashing video!

    ကိုညီလင်းအသံကောင်းတာ ဟိုးတစ်ခေါက် အချစ်ဆိုသောအရာ သီချင်းဆိုကတည်း သတိပြုမိတယ်။း)

    ReplyDelete
  8. လပြည့်ရိပ်October 27, 2012 at 6:42 AM

    အရမ်းကောင်းတယ်။ ကျမရဲ့ သူငယ်ချင်း ရုပ်ရှင်ပညာ သင်နေတဲ့ သူရဲ့ အတွေးအခေါ်နဲံ ရိုက်ချက်တွေထက်တောင် ကောင်းတယ်ပြောလို့ရတယ်။ :) ဒါနဲ့ မချမ်းဘူးလား တီရှပ်ကလေးနဲ့။ အခု ဒီမှာ ဒီအပတ်မှာ သုည ဒီဂရီရှိတယ်။ အိမ်မှာနေလည်း လက်ရှည်အနွေးထည် ဝတ်နေရပြီ။

    ReplyDelete
  9. ဗွီဒီယိုလေးကို အရမ်းသဘောကျတာနဲ့ နောက်တစ်ခေါက် တြိဂံလေးကိုလာပြီး ကလစ်လုပ်တာ။း)

    ReplyDelete
  10. Nice creation အစ်ကို။ နောက်ထပ်ကြည့်ခွင့်ရဖို့ မျှော်နေမယ်နော်။

    ReplyDelete
  11. အရမ်းကြိုက်တဲ့ ကော်ဖီတစ်ခွက်ရယ်၊ လှပပြီး ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ဗွီဒီယိုလေးရယ်။ ပြီးတော့ ကျနော်နှစ်သက်ရတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ နွေးထွေးတဲ့အသံနဲ့ လှုပ်ရှားမှုတွေရယ်........... Oh! you made my day, bro. Thanks.
    (လီယို)

    ReplyDelete
  12. ချစ်သူပခုံးစွန်းက ပိုးပုဝါတစ်စ လျှောကျလာသလိုမျိုး အဲဒီနေ့လည်ခင်းဟာ တိတ်ဆိတ်နေခဲ့တယ်။ တင်စားပုံလေး အရမ်းသဘောကျတယ်။ ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

    ReplyDelete
  13. အသံအရမ်းကောင်းပါတယ်
    ခင်မင်တဲ့ jasmine

    ReplyDelete
  14. Nice!! Wish you could make more MTV like this.

    (Ms. regular reader)

    ReplyDelete
  15. ချစ်သူရဲ့ ပုခုံးစွန်းကနေ ပိုးပုဝါတစ်စ လျှောကျလာသလိုမျိုး နူးညံ့တဲ့ တိတ်ဆိတ်ခြင်းကို မြင်ဖူးချင်လိုက်တာ :P:P
    ကိုညီလင်းသစ်တို့များ ကော်ဖီဖျော်တာတောင် သံစဉ်လေးနဲ့ ကဗျာဆန်လိုက်တာမှ...
    တိတ်ဆိတ်နူးညံ့နေတဲ့ နေ့လည်ခင်းမှာ ကိုညီလင်းသစ်ရဲ့ ဂစ်တာသံနဲ့ သီချင်းသံလေးကိုလည်း ခံစားနားဆင်သွားပါတယ်။ ကော်ဖီလေးတစ်ခွက်သောက်ရင်းပေါ့ရှင် :)

    ReplyDelete
  16. ဝိုးးးးးးးး ရိုက်ထားတဲ့ ဗီဒိုလေးကိုရော တီးသွားတဲ့သီချင်း
    လေးနဲ့ အသံကိုရော အတော်သဘောကျတယ်အကိုရေ...
    တကယ်တကယ် ကောင်းတယ်....၊မင်းသားပုံကို ဝိုးတဝါး
    ပဲမြင်ရတာကလွဲရင်ပေါ့လေ......:)၊ဒါနဲ့စကားမစပ်....
    အဲဒီဝက်ဝံရုပ်လေးကို အကိုအတော်သဘောကျတယ်
    ထင်တယ်.....ဖဘမှာလည်း ဒီပုံလေးပဲတင်ထားတာတွေ့
    လို့....၊ကြည့်ရတာ ဒီဝက်ဝံရုပ်လေးနောက်ကွယ်မှာ
    သိပ်လှ...ဒါမှမဟုတ် သိပ်လွမ်းမောဖွယ်ကောင်းတဲ့ ဇာတ်
    လမ်းလေးတွေရှိနေတယ်ထင်ရဲ့...... :P

    ReplyDelete
  17. အိုင်ဒီယာ အရမ်းကောင်းတယ်၊
    ကော်နက်ရှင်ကောင်းလို့ ကြည့်လို့ရသွားတာ
    အချိန်ပေးပြီး လုပ်ရမှာကိုလည်း တွေးနေမိတယ်၊
    အားနေတဲ့အချိန်လေးမှာ ဂီတလေးတခု ဖန်တီးရတာမျိုးကို ဖြစ်ချင်နေခိုက် ဒီပိုစ့်လေးကို တွေ့လိုက်တာပါပဲ။

    ReplyDelete
  18. Now I wanna drink coffee.
    Iora

    ReplyDelete
  19. Pro ပဲ ကိုညီလင်း.။ ကောင်းတယ် :)
    -၀ါဆို

    ReplyDelete
  20. သီချင်းသံလေးနဲ့အတူ
    ကော်ဖီစက်လေးတွေ တစက်ချင်းကျနေတာ..
    ပလက်ကင် သံလေး
    ....
    စိတ်ကူးစိတ်သန်းကောင်းစွာနဲ့ တင်ဆက်ထားတာ
    လေးကို သေချာကြည့်သွားအကို ...

    ReplyDelete
  21. ခေါင်းစဉ်လေးတွေ့တော့ ကိုညီလင်းလက်ရာ အက်ဆေးကောင်းတစ်ပုဒ်လို့ထင်နေတာ..။ သီချင်းကိုကြိုးစားဖွင့်တုန်းပဲ နားမထောင်ရသေးပါ..:)

    ReplyDelete
  22. ၀ိုးးးး...ကောင်းလိုက်တာ...ရိုက်ချက်လေးက ရိုမန့်ဖြစ်တယ် ...။ ကိုညီလင်းက ဂီတာတီးကောင်းသလို အသံလည်းကောင်းတယ်...။ အဲလိုထူးထူးခြားခြားပို့မျိုးလေး သိပ်ကြိုက်တယ်..။ ကော်နက်ရှက်ပြတ်တောင်းကြားက ကြိုးစားနားထောင်သွားရကျိုးနပ်ပါတယ်...။ ကိုယ်လဲ အဲလိုလေး ကိုယ်တိုင်တီးဆိုရိုက်ကူးချင်သားပဲ...း)

    ReplyDelete
  23. Awesome!
    Like it very much!

    ReplyDelete
  24. ဒုတိယအကြိမ် ထပ်လာမန့်တာ။ ဂစ်တာတီးသင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ :P
    (လီယို)

    ReplyDelete
  25. အနုပညာ ဖန်တီးသူတို့ရဲ့ အနုပညာမို့... နူးညံ့နေလိုက်တာအကို ...:)

    ReplyDelete
  26. တီတင့်...
    ကွန်နက်ရှင်ကို အံတုပြီး ကြိုးကြိုးစားစား ကြည့်သွားခဲ့ရတယ် ဆိုလို့ တကယ့်ကို ကျေးဇူးပါပဲ တီတင့်ရေ...၊

    ညီ ...
    တော်ကြာ မြန်မာပြည်က အမ်တီဗီ ဆရာတွေက ကျနော့်ကို မေတ္တာပို့နေပါအုံး မယ်ဗျာ၊း) နှစ်သက်တာ သိရလို့ ဝမ်းသာရပါတယ်..၊

    အမည်ဝှက်စာဖတ်သူ ...
    သမီးကို ယောင်လို့တောင် မတိုက်လိုက်နဲ့နော်၊ တော်ကြာ ၃ ရက်လောက် မအိပ်တော့ဘဲ လန်းဆန်းတက်ကြွနေမှ မိဘတွေ ဒုက္ခ...၊း)

    မချစ်စံအိမ် ...
    ဝါသနာရှင်လေးပါဗျာ...၊း)

    Khin ...
    Alright..! Next time, I'm gonna make a silent clip like at the dawn of movie era. :) Thanks for your appreciation!

    မောင်မျိုး ...
    ကျေးဇူး ညီရေ...၊
    (မေးလ်ပို့ထားတာ သိတယ်ညီရ၊ စကန်ဖတ်ပြီး ပို့လိုက်မှ တခါထဲ စာပြန်မလို့ စဉ်းစားထားလို့...)

    ဇွန် ...
    Thanks a lot Zun! ဇွန်ရဲ့ အမှတ်သညာ ကောင်းပုံကတော့ တကယ့်ကို ချီးကျူးစရာ ပါပဲဗျာ...၊း) ဒုတိယအကြိမ် လာပြီး အားပေးလို့လည်း ကျေးဇူးပါပဲ ညီမရေ...၊

    မသက်ဝေ ...
    Thanks sis..! It's pleasant to have such a comment. :)

    ညီမလပြည့်ရိပ် ...
    ဝိုးးး... ညီမစကား ကြားရတာ အိမ်က မျက်နှာကြက်တောင် ပေါက်ထွက်လုနီးပါး ဖြစ်သွားတယ်၊း) ဒီမှာလည်း အေးနေပြီဗျ၊ ဒါပေမယ့် အိမ်ထဲမှာတော့ တီရှပ်နဲ့ နေလို့ရလောက်အောင် နွေးပါတယ်..၊း)

    Success ...
    ကျေးဇူးတင်ပါတယ်ဗျာ...၊

    လီယို ...
    ဝိုးးးး.. what a comment, huh! ချစ်စရာ ကွန်မန့်လေးအတွက် ကျေးဇူးပါဗျာ၊ Happy to make your day, bro! ဒုတိယအကြိမ် လာပေးသွားတဲ့ ကွန်မန့် အတွက်လည်း ကျေးဇူးဗျို့ ၊ ဂစ်တာသင်မယ်ဆို အားပေးတယ်ဗျာ..၊း)

    ဘုန်းဘုန်းတောက် ...
    တင်ပါ့..၊ အားပေးတာ ကျေးဇူးပါဘုရား..၊း)

    မစံပယ် ...
    ဒီလောက်လည်း မဟုတ်ပါဘူးဗျာ၊ ရနိုင်သလောက် လုပ်ကြည့်ချင်တဲ့ သဘောပါ၊ ကျေးဇူးပါပဲနော်...၊

    Ms.regular reader ...
    Thanks! Hope I'll be able to make more clips, too. :)

    မချော ...
    နေ့လယ်ခင်းက တိတ်ဆိတ်လွန်းလို့ ကော်ဖီမျိုချသံတွေတောင် ကြားနေရတယ်၊ ဂလု ဂလု နဲ့လေ...၊း) သီချင်းလေး နားထောင်သွားလို့လည်း ကျေးဇူးမချော..၊

    ကိုညိမ်း ...
    မင်းသားပုံကို ဝိုးတဝါးပဲ မြင်ရတာက ကျနော်ပေးချင်တဲ့ dramatic, poetic ရသကို မရဘဲ ကြည့်သူတွေက သရဲကားနဲ့ မှားမှာစိုးလို့ဗျ၊း) အင်း.. ကိုညိမ်းပြောမှ အရုပ်ကလေးကို သတိထားပြီး ပြန်ကြည့်မိတယ်၊ ဟုတ်တယ်ဗျ၊ ခြင်္သေ့က ဝက်ဝံနဲ့ အတော့်ကို တူနေတာကိုး..၊ အဲဒီခြင်္သေ့ရုပ်ကလေးရဲ့ နောက်ကွယ်က အကြောင်းတွေကို ရီဝေတဲ့ မျက်ဝန်းတွေနဲ့ ပို့စ်တစ်ပုဒ်တော့ ရေးမှ ဖြစ်တော့မယ်နဲ့ တူပါရဲ့ ဗျာ...၊း)

    မ,အပြုံးပန်း ...
    အချိန်ကတော့ နည်းနည်းပေးရတာ အမှန်ပါပဲဗျာ၊ လာလည်တဲ့အတွက်ရော ကွန်မန့် အတွက်ပါ ကျေးဇူးပါနော်..၊

    Ma Iora ...
    Got an idea, huh? :) Then, just go for it, sis..!!!

    မ,ဝါဆို ...
    ကျေးဇူးပါ..၊

    Ma Shinlay,
    Thanks sis..!

    ညီမ Blackroze ...
    လာအားပေးတာ ကျေးဇူးတင်ပါတယ် ညီမရေ...၊

    မမိုးငွေ့ ...
    ဒီလောက် ခက်ခဲတဲ့ ကွန်နက်ရှင်ကြားကနေ ရအောင်ကြည့်သွားလို့ အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီလိုမျိုး ကိုယ်တိုင် တီး၊ ဆိုတာ စိတ်ဝင်စားရင် ကျနော်တို့ တစ်ပုဒ်လောက် အတူုတူ လုပ်လိုက်ရအောင်လေ၊း) ကျနော်ကလည်း မော်ဒယ်လ် ရှာနေတာ မမိုးငွေ့ရ...၊း)

    Anonymous ...
    Thank you so much for your appreciation!

    ညီမအိန်ဂျယ်လှိုင် ...
    အားပေးတာ ကျေးဇူးပါ ညီမရေ...။

    ReplyDelete
  27. This comment has been removed by the author.

    ReplyDelete
  28. ဗွီဒီယိုက ဆွဲဆောင်မှုရှိတယ်။ ဒီကကော်ဖီကြော်ငြာတွေထက် အပုံကြီးသာတယ်။ ကျွန်တော့်လျှာအရဆိုရင် ကော်ဖီထက် အစ်ကိုရဲ့စာအရေးအသားက ပိုအရသာရှိမယ်။ သီချင်းဆိုတာလဲ ကောင်းတယ်။ ကျေးဇူးပြုပြီး အသံကို ဘယ်ဆော့ဝဲလ်သုံးပြီးသွင်းတယ်ဆို ပြောပြပေးပါ။

    စာဖတ်ပရိတ်သတ်
    စိုးကြီး

    ReplyDelete
  29. ဗွီဒီယိုက ဆွဲဆောင်မှုရှိတယ်။ ဒီကကော်ဖီကြော်ငြာတွေထက် အပုံကြီးသာတယ်။ ကျွန်တော့်လျှာအရဆိုရင် ကော်ဖီထက် အစ်ကိုရဲ့စာအရေးအသားက ပိုအရသာရှိမယ်။ သီချင်းဆိုတာလဲ ကောင်းတယ်။ ကျေးဇူးပြုပြီး အသံကို ဘယ်ဆော့ဝဲလ်သုံးပြီးသွင်းတယ်ဆို ပြောပြပေးပါ။

    စာဖတ်ပရိတ်သတ်
    စိုးကြီး

    ReplyDelete
  30. ကိုဖြိုး ...
    ဟုတ်လား..၊ ကျနော့် အသံနဲ့ မလိုက်မှန်း သတိမထားမိပါဘူးဗျာ..၊ ခုတလော အဲဒီသီချင်းလေးကို သဘောကျနေတာနဲ့ပဲ ဆိုလိုက်တာ၊ အခုလို ပြောပြပေးတာ ကျေးဇူးညီရေ..၊ ကီးအမြင့်တွေကို ငယ်ငယ်တုန်းက ကုန်းရုန်း အော်ခဲ့ပေမယ့် အခုအသက်အရွယ် မှာတော့ မလွယ်လောက်တော့ဘူးဗျ..၊း)

    ကိုစိုးကြီး ...
    အခုလို လာလည်တဲ့အတွက်ရော၊ ကွန်မန့်အတွက်ပါ ကျေးဇူး တင်ပါတယ်ဗျာ..၊ အသံသွင်းတဲ့ ဆော့ဖ်ဝဲက ကျနော် GarageBand ကိုပဲ သုံးပါတယ်၊ အဲဒါကိုမှ external mic နဲ့ အသံသွင်းတာပါ..။

    ReplyDelete
  31. Very nice creation !

    ReplyDelete
  32. Hi, nyi lin. Really nice.......julynine

    ReplyDelete
  33. ဗီဒီယိုရိုက်ချက် စိတ်ကူးစိတ်သန်းလေးတွေ တကယ်မိုက်တယ်..အသံရော၊ အတီးပါ ကောင်းတယ်..Bravo..

    ReplyDelete
  34. တို့ အစ်ကိုက စာရေးကောင်းသလို သီချင်းဆိုလဲ ကောင်းတယ်... ဗီဒီယို ရိုက်ထားတာလဲ တကယ် အနုပညာမြောက်တယ်... ပိုစ့်လေးက တိုပေမယ့် တော်တော်လေး အချိန်ယူပြီး ဖန်တီးထားတာဘဲလို့ စိတ်ထဲ ခံစားမိတယ်... အစ်ကို့ ရဲ့ အနုပညာပါရမီက နဲနဲနောနော မဟုတ်ဘူးဘဲ... တကယ်လို့ အနုပညာဘက်ကို ဇောက်ချလုပ်မယ်ဆိုရင် အစ်ကိုဟာ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်လာမှာဘဲ။ တကယ်လေးစားမိပါတယ် အစ်ကို...

    ReplyDelete
  35. Awesome creation.... I like your idea of presentation....good job..

    ReplyDelete
  36. စာတွေပိလို့ မလာဖြစ်တာကြာခဲ့ပြီ အကိုရေ၊၊ လာကြည့်မိပြန်တော့လည်း ဟတ်ထိတယ် :) အကိုက အနုပညာ ပါရမီနဲ့ မွေးလာတဲ့သူပါ၊၊ အကို့ရဲ့ ဖန်တီးမှုတွေကို မြင်တွေ့ခွင့်ရတာ ကျေးဇူးကမ္ဘာ.....

    ReplyDelete
  37. ကွန်နက်ရှင် နှေးနှေးကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီးတော့ ၂ ခေါက်တိတိ ကြည့်လိုက်တယ် ကိုညီလင်းရေ ... ။ ကြည့်ရင်းနဲ့ ကော်ဖီသောက်ချင်လာလို့ ကျမအကြိုက် ဘလက်ကော်ဖီ ခါးခါးလေး ပြေးဖျော်ရသေးတယ်။ ကော်ဖီသောက်ရင်း ဆက်ကြည့်တော့ မင်းသားက မျက်နှာကို သေချာ မပြပြန်ဘူး။ နောက်ဆုံးတော့ သေချာပြတဲ့ အရုပ်မျက်နှာကိုပဲ ကိုညီလင်းအမှတ်နဲ့ ကြည့်ရတော့တယ်။ :)

    ReplyDelete
  38. ကိုညီလင်းရေ

    Video ရိုက်ထားတဲ့ idea လေး ကြိုက်လိုက်တာဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  39. အနုပညာတစ်ခုကို ဖန်တီးတဲ့ သူက သူပေးချင်တဲ့  မက်စေ့ကိုပေးမယ် သူခံစားရသလို တင်ပြမယ်....ဒါပေမယ့် အနုပညာကို ခံစားတဲ့ သူက လတ်တလောမှာ သူ့ ကို လွမ်းမိုးထားတဲ့  အရာတွေပေါ်လိုက်ပြီး ခံစားမယ် ရချင်တဲ့  မက်စေ့ကို ရသွားမယ်....ဒါဟာ အနုပညာကိုခံစားဖန်တီးမှုတွေရဲ လွတ်လပ်သော လွင့်မျောခြင်းလို့ ...ထင်တယ်လေ...။။ ဒီကလစ်လေးကို ကြည့်တိုင်း သတိတရနဲ့  စိတ်ထဲမှာ အမှတ်ရနေတာက....No (3) Use but not waste ဆိုတဲ့  ကိုညီ့ဓါတ်ပုံတစ်ပုံကိုပဲ....အာ့ဒီပုံက မြင်မြင်ချင်းကတည်းက ရိုက်ပြထားတာလေးကို သဘောကျနေတာ.....(သူ့ အကြိုက် ကိုယ့်အကြိုက် ပို့ စ်ထဲကလေ)....။။။.ရိုက်ပြထားတာလေးရော အဆိုကိုရော.. သဘောတကျ ခံစားသွားပါတယ်...။.(.ကော်ဖီခွက်ကို camera ဘက်ဆွဲယူပြလာတဲ့ ရိုက်ချက်....။။ အာ့ဒီရိုက်ချက်က တစ်ခုခု မလှနေဘူးလို့ ခံစားရတယ်..။ ပညာရှင်ဆန်ဆန်ဝေဖန်မှုတော့မလုပ်တတ်ဘူး....။ တခြားတွေမှာ အာ့လိုရိုက်ပြထားတာလေးတွေ မြင်ဖူးပေမယ့် ဘာကွာနေတယ်ဆိုတာ လိုက်ရှာပြီး လေ့လာဦးမှလို့  မှတ်ထားလိုက်တယ်..။ ) နောက်ထပ်ပေါင်းများစွာသော... ပုံရိပ်လှလှလေးတွေ ဖန်တီးမှုကို စောင့်မျှော်လျက်ပါ..........။။။

    ReplyDelete
  40. Bravo...
    really nice..

    ReplyDelete
  41. အားလုံးက ငြိမ်သက်နေတာပဲ..
    ခံစားလို့ကောင်းပါ့။

    ReplyDelete
  42. ၀ိုးးးးးးးးးးးးးးးးးးးးးးးမနက်စောစောမှာအလည်ရောက်လာတဲ့ဧည့်သည်ကလေးဟာ သီချင်းသံကိုစီးမျောခံစားရင်းးးး

    ညီမငယ် ဂျာရစ်

    ReplyDelete
  43. ဒီပို့စ်တင်တဲ့နေ့က ကော်နက်ရှင်မကောင်းလို့ ဗွီဒီဖိုရော အသံဖိုင်ရော ကောင်းကောင်းမကြည့်ခဲ့ရဘူး....ဒီနေ့မှကြည့်လို့ရတယ်... ကော်ဖီစက်လေးရယ် ကော်ဖီခွက်လေးရယ်...သကြားထည့်ထားတဲ့ ယွန်းဗူးလေးရယ်... ချစ်စရာအတွဲကိုညီလို့.... အသံကလည်းအဆိုတော်လုပ်လို့ရတဲ့အသံဘဲ... ဂရုဏာသံပါတော့ အဆိုတော်ဖြစ်ရင် အကျိုးပြုသီချင်းတွေဆိုရင်အရမ်းကိုသင့်တော်မဲ့အသံ...

    ReplyDelete
  44. I only have positive feedback for this lovely post. I ,personally, love the shooting angle in this video, playing the musical instrument and having a cup of coffee in the living room, all of which make very pleasant to watch. I can't help but noticing the beautiful carpet and the colorful tea cup as well.
    Mon Petit Avatar

    ReplyDelete
  45. ညီလင်းရေ ဟိုနေ့တည်းကနားထောင်ဖြစ်တာ ဒီနေ့ထပ်လာနားထောင်သွားတယ် နောက်ဆုံးမှာ အရုပ်ကလေးက ဂစ်တာနားမှာ ထိုင်နေတာလေးက ချစ်စရာအကောင်းဆုံးဘဲ အသံကတော့ ပြောစရာမလိုတော့ဘူးနော် လုပ်ပါဦးသီချင်းလေးတွေ နောက် အားရင် အားသလိုပေါ့ အမြဲတမ်းအားပေးနေဦးမယ် ...

    mie nge

    ReplyDelete
  46. ကြည့်လို့မရဘူး...
    :(((
    မြန်မာပြည်ကွန်နက်ရှင်နဲ့ အဆင်ကို မပြေဘူး
    ကြည့်ချင်တယ်..ကြည့်ချင်တယ်...
    :waa :waa :waa
    အဟင့် အဟင့်..အဟင့်
    :(((

    ReplyDelete
  47. wowwwww
    အခု ရသွားပြီ..ကြည့်လို့ ရသွားပြီ
    သိပ်အနုပညာမြောက်တဲ့ MTV လေးပဲ
    သီချင်းလေးလဲ ဒေါင်းသွားတယ်ဗျို့...
    ကွန်နက်ရှင်ကို ပေကတ်ကတ် လုပ်ရကျိုး နပ်သွားပြီ
    One more...my bro !!
    :) :)

    ReplyDelete