09 November 2009

ချစ်သော အရိမဒ္ဒနပူရ


ဒီနေရာကို ကျနော်ရောက်ခဲ့ရပြန်ပါပြီ၊ နှစ်အတော်ကြာကြာ ဝေးနေခဲ့ပေမယ့် အရာအားလုံးဟာ မနေ့တနေ့ကလိုပါပဲ၊ ဒီခရီးစဉ်ကို စီစဉ် လိုက်ကတည်းက ဒီနေရာကိုတော့ မရောက်မဖြစ် ရောက်ရမယ်လို့ ပိုင်းဖြတ်ထားခဲ့ပြီးသား...၊

ရောက်ပြီး နည်းနည်းအသားကျလို့ သေသေချာချာ ကြည့်မှ “ လောလောပူသောအရပ် ” လို့ သိပ်ခေါ်လို့ ရတော့မယ် မထင်ဘူး၊ ပုဂံဟာ သစ်ပင်ကြီးငယ်တွေနဲ့ အတော့်ကို စိမ်းစိမ်းစိုစို ဖြစ်နေပြီ၊ ဆယ်စုနှစ်တစ်ခု အတွင်းမှာကို အရိပ်ရပင်တွေ အတော်များလာခဲ့တယ်၊ အကျိုး ဆက်တခုကတော့ ဘုရားနဲ့ ဂူကျောင်းခပ်ငယ်ငယ်တွေကို Panoramic မြင်ကွင်းထဲမှာ မမြင်ရတော့တာပါပဲ၊ တချို့ကျတော့လည်း သစ်ပင်စိမ်းတွေ ကြားက အုတ်နီခဲရောင် ဘုရားတွေက ပိုပြီးကြည့်လို့ကောင်းတယ်၊ ပို သပ္ပါယ်တယ်လို့ ဆိုကြတယ်၊

ကျနော် ၄ ရက်နေခဲ့ပေမယ့် မဝသေးဘူး၊ တကယ်တော့လည်း ဘယ်နှစ်ရက်လောက်နေမှ နည်းနည်း ' အီ ' သွားမလဲ မသိဘူး၊ လေ့လာရေး ထွက်ခဲ့တုန်းက တလလောက်နေခဲ့သေးတယ်၊ ဒါလည်း တိုတောင်းလွန်းတယ်လို့ ထင်တာပါပဲ၊

ကျနော် အကြိမ်ပေါင်းများ စွာရောက်ခဲ့ဖူးတဲ့နေရာ၊ ဘယ်နှစ်ကြိမ်ရောက်ရောက် ဘယ်တော့မှ မရိုးတဲ့နေရာ၊ အုတ်နီခဲရောင်တွေ မြင်လိုက်ရရင်ကိုပဲ ရင်ခုန်လာတတ် တဲ့နေရာ...၊ ချစ်သော ပုဂံက ပုံတစ်ချို့ကို တင်လိုက်ပါတယ်၊ ကျနော် ခရီးသွားနေစဉ်ကာလမှာ အေးခဲ၊ ငြိမ်သက်နေခဲ့တဲ့ ဘလော့ဂ်လေးကို လာကြည့်ပြီး ပြန်,ပြန်သွားရတဲ့ မိတ်ဆွေတို့အတွက် အမှတ်တရပါ။ ။


ပုဂံ (၁)
IMG_5199n


ပုဂံ (၂)
IMG_5280n


ပုဂံ (၃)
IMG_5249n


ပုဂံ (၄)
IMG_5130n


ပုဂံ (၅)
IMG_5323n


ပုဂံ (၆)
IMG_5375n


ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၉

11 comments:

မေငြိမ်း said...

အစ်မစိတ်ထဲတော့ သစ်နေတဲ့ ပုဂံက အရသာ မရှိပါဘူး ညီလင်းရယ်..

MieMie said...

ဲမြန်မာစာ ဒုတိယနှစ်ပြီးတော့ ဆရာ ဆရာမတွေနဲ့ ကားသုံးစီး စုပြီး ပုဂံကို သွားခဲ့တဲ့ခရီး ကတော့ ဘ၀မှာ တကယ့်ကို အမှတ်တရ ပါဘဲ... ဘယ်လိုမှ ပြန်မရ နိုင်တော့ဘူး... ပြန်သတိရလွမ်းဆွတ်မိစေတဲ့ ညီလင်းရဲ့  ဓါတ်ပုံ တွေအတွက် ကျေးဇူးပါ... ဟို အရင်တုန်းကတော့ စဉ့်အိုးတွေ အဲလို စီထားတာမျိုး
မရှိခဲ့ဘူးထင်တယ်နော်....

NangNyi said...

ပုဂံက ဘယ်နှခါသွားသွား မရိုးသွားလောက်ဖူးတင်တယ်.. ညီညီတို့လည်း ပန်းချီလေ့လာရေး ၄၅ ရက်တိတိ နေဖူးတယ်.. ပုဂံနံရံပန်းချီတွေ ပြန်ကူးဆွဲကြတာ.. ဒါလည်း မပျင်းဘူးဗျာ..

မမိုး said...

ပုဂံ၎ ပုံလေးကို သဘောကျလိုက်တာ။ ပုဂံပြန်လည်ဖြစ်တဲ့ ကိုညီလင်းသစ်ကိုလဲ အားကျလိုက်တာ။
ပိုပြီး စုံစုံလင်လင်လေးေ၇းပါဦးနော်..

ညီလင်းသစ် said...

ဟုတ်တယ်အမမေငြိမ်း..ကျနော်လည်း သဘောတူ တယ်၊ ကျနော့်သူငယ်ချင်း ပုဂံသားတွေ ပြော,ပြောနေ တာရှိတယ်၊ “ ၇၅ ခုနှစ်ပုဂံငလျင်ရဲ့ တဝက်လောက်ပဲ ပြင်းအားရှိတဲ့ ငလျင်တစ်ခုပဲ လှုပ်လိုက်စမ်းပါကွာ၊ အားလုံးဟာ အရင်အတိုင်းပြန် လှသွားလိမ့်မယ် ”တဲ့၊

မ MieMie ရေ..ပုဂံကတော့ အဲဒီလို အမှတ်ရစရာတွေ ချည်းပါပဲလေ၊ အဲဒီစဥ့်အိုးတွေက Sunset Garden စားသောက်ဆိုင်က အလှစီထားတဲ့ အိုးတွေပါ၊

ဟုတ်တယ်နန်းညီရေ့..ဘယ်နှစ်ခါသွားသွား မရိုးနိုင်ပါ ဘူးဗျာ၊

မမိုး..ကျနော်လည်း စိတ်ကူးရသလို ရေးဖို့တော့ စဉ်းစားထားတာပါပဲခင်ဗျ၊

Phyo Evergreen said...

I like the 1st and the last pics. Feeling blur in my heart after seeing those pics. Lovely bagan. Too bad I don't have MM font here.

ညီလင်းသစ် said...

ံHello Ko Phyo...thanks for your appreciation. Yeah, we all feel, in a way or another, something undepictable after seeing its pics.

Anonymous said...

ကိုညီလင်းရေ

ကျနော်ပြန်တုန်းက ပုဂံကိုမ၀င်ဖြစ်ခဲ့ဘူး။ အိမ်နဲ့လည်း နီးနေသားနဲ့ကို တမြန်နှစ်က နှစ်ဆန်းတစ်ရက် ရောက်ဖြစ်တာနဲ့ ခရီးစဉ်က ပယ်ထားခဲ့တာ။
အခုတော့ မသွားဖြစ်တာနှမြောသား...

လင်းလက်ကြယ်စင် said...

ပုဂံဟာ ရာဇ၀င်ထဲမှာလည်း လှပသောနေရာ .. ။ လူတွေနှလုံးသား ၊ လက်တွေ့အမြင်မှာလည်း လှပသောနေရာ .. ။ ဓာတ်ပုံတွေထဲမှာလည်း လူကိုဖမ်းစားနိုင်သော နေရာ .. ။ ဒါပေမယ့် အခုအချိန်ထိ မရောက်ဖူးသေးဘူးကွယ် :(

Raymond.Kyaw Minn Naing said...

တစ်ပုံချင်းကြည့်လာတယ်.. ပုဂံ(၅)လဲရောက်ရော Gtalk Status ပြောင်းလိုက်ပြီ။ "ပုဂံသွားချင်လိုက်တာ.........."
anyway, Thanks!

ဇွန်မိုးစက် said...

It's a shame that I have not been there yet. :(