30 December 2009

Goodbye 2009, Welcome 2010!


၂၀၀၉ ရဲ့နောက်ဆုံး ပို့စ်အနေနဲ့ ဒီနှစ် ခရစ်စမတ်မှာ ရိုက်ထားတဲ့အထဲက ပုံတချို့ကို တင်လိုက်ပါတယ်၊ ကျနော် ရိုက်ထားတဲ့ ပုံတွေ အများကြီးရှိပေမယ့် အများစိတ်ဝင်စားမယ်ထင်တဲ့ ပုံလေးတွေကိုပဲ ရွေးဖြစ်ပါတယ်၊ ဒါတွေကတော့ ခရစ်စမတ်သစ်ပင်မှာ ချိတ်ဆွဲလေ့ ရှိတဲ့ အလှဆင်ပစ္စည်းလေးတွေပါပဲ၊ ခရစ်စမတ် သစ်ပင်မှာ ချိတ်ထားတဲ့ ဒီဟာလေးတွေကို ရိုက်ရတာ နဲနဲလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ သိတဲ့အတိုင်း ဒီသစ်ပင်မှာ ချိတ်ထားတဲ့ မီးဆိုင်း၊ မီးကြိုးတွေကြောင့် အလင်းရောင်က စူးတဲ့နေရာစူးပြီး၊ မှုန်တဲ့နေရာ မှုန်လေ့ရှိတော့ တခါတခါ Exposure ကသိပ်မမှန်ချင်ဘူး၊ တချို့အရုပ်လေးတွေဆို သုံးလေးခါ ပြန်ရိုက်ရတယ်၊

ဖြတ်သန်းခဲ့တဲ့ ဟောဒီ ၂၀၀၉ အတွက်တော့ တစ်နှစ်တာ ပြန်လည် ဆန်းစစ်ချက်တွေဘာတွေ လုပ်မနေတော့ပါဘူး၊ ဒီအလုပ်ကို Time မဂ္ဂဇင်းလိုမျိုး နာမည်ကြီးစာစောင်တွေ အတွက်ပဲ ထားလိုက်တော့မယ် :) ၊ ကျနော့်ရဲ့ ဘလော့ဂ်လေးအတွက်ပဲ သီးသန့်ကွက်ကြည့်ရင် တော့ အားရစရာ သိပ်မရှိလှပါဘူး၊ တကယ်တမ်း ရေးမယ်ဆိုရင် ရေးစရာတွေ အများကြီးပဲ၊ ခေါင်းထဲမှာ ပေါ်လာတာတွေလည်း အများ ကြီးရှိခဲ့တာပါပဲ၊ ကျနော်က နေ့ရွှေ့ညရွှေ့လုပ်နေတာနဲ့ အများစုက ပျောက်သွားကြတယ်၊ အင်မတန်ကို တဝဲလည်လည် ဖြစ်လွန်းမက ဖြစ်နေတဲ့ အကြောင်းအရာတချို့ပဲ မရေးရင် မနေနိုင်တာနဲ့ ဘလော့ဂ်ပေါ် ရောက်လာခဲ့တယ်၊ ဓါတ်ပုံတွေဆိုလည်း ရိုက်ထားခဲ့ပြီး မတင်ဖြစ်ခဲ့၊ မတင်ဖြစ်သေးတဲ့ဟာတွေ တော်တော်များပါတယ်၊ အလုပ်များတာနဲ့ ပျင်းနေတာနဲ့ ကွန်ပျူတာရှေ့မထိုင်ချင်တာနဲ့ ဟုတ်တိ ပတ်တိမတင်ဖြစ်ပြန်ဘူး၊ ၂၀၀၉ နှစ်ကုန်အထိ ရောက်လာတာကိုပဲ ကျေနပ်ရမလိုလို... ;)

ဒီလိုအခြေအနေတွေ ရှိလင့်ကစား ကျနော့်ဘလော့ဂ်လေးကို အမြဲတမ်းပုံမှန် လာဖတ်ကြတဲ့ ညီအစ်ကိုမောင်နှမတွေလည်း ရှိပါတယ်၊ တချို့က မှတ်ချက်လေးတွေ ချန်ထားလေ့ရှိပြီး တချို့ကျတော့လည်း တိတ်တိတ်လည်းလာ၊ တိတ်တိတ်လေး ပြန်ပေါ့လေ...၊ အခုလို အခါအခွင့်သင့်တဲ့ သမယမှာ အမည်နာမအားဖြင့် မဖော်ပြပေမယ့် အဲဒီညီအစ်ကိုမောင်နှမအယောက်တိုင်းကို ကျေးဇူးတင်တဲ့အကြောင်း တခုတ်တရ စကားဆိုပါရစေ၊ တခါတလေ ဘာမှမရေးချင်၊ မတင်ချင်တော့တဲ့ အချိန်တွေမှာ သူတို့ထားခဲ့တဲ့ ကွန်မန့်လေးတွေနဲ့ စီဘောက်စ်က နှုတ်ဆက်စကားလေးတွေက တဖန်ပြန်လည် အားဖြစ်စေခဲ့လို့ပါပဲ...၊

အားလုံးကို ကောင်းသော ၂၀၁၀ ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်ခင်ဗျား...။ ။


Christmas'09 (1)
IMG_6066n
Canon 450d, EF 24-105mm L, 97mm, f/4, 1/6, iso800

Christmas'09 (2)
IMG_6067n
Canon 450d, 24-105mm L, 60mm, f/4, 1/30, iso800

Christmas'09 (3)
IMG_6007n
Canon 450d, 24-105mm L, 32mm, f/4, 1/20, iso1600

Christmas'09 (4)
IMG_6068n
Canon 450d, 24-105mm L, 85mm, f/4, 1/15, iso800

Christmas'09 (5)
IMG_6010n
Canon 450d, 24-105mm L, 105mm, f/4, 1/40, iso1600

Christmas'09 (6)
IMG_6071n
Canon 450d, 24-105mm L, 90mm, f/4, 1/8, iso1600

ညီလင်းသစ်
၃၁ ဒီဇင်ဘာ၊ ၂၀၀၉

2 comments:

Nge Naing said...

Happy New Year! 2009 ကို နှုတ်ဆက်ခဲ့ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ ပို့စ်နာမည်လေး သိပ်မိုက်တယ်။ ကျွန်မက ၂၀၁၀ ကို ကြိုဆိုတဲ့ ပို့စ်က မနက်ဖြန်မှ တင်မှာမို့ ၂၀၀၉ ကို နှုတ်ဆက်တဲ့ ပို့စ်ပဲ တင်လိုက်တာ ဖြစ်တေယ်။ နှစ်စ်မှာ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြီးပြည့်စုံပါစေ။

လင်းလက်ကြယ်စင် said...

နှစ်သစ်တွေအားလုံးရဲ့ နေ့ရက်တွေမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ အကိုညီလင်းသစ်ရေ :)