30 June 2011

စာမျက်နှာသစ် ဖွင့်မယ်ဆိုရင်...


ဒီပို့စ်နဲ့ ပတ်သက်ပြီး ပထမဦးဆုံး စကားပလ္လင် ခံထားချင်တာက ကျနော်ဟာ Web developer မဟုတ်သလို HTML, CSS စတဲ့ ကုဒ်တွေနဲ့လည်း မရင်းနှီးပါဘူး၊ ကွန်ပြူတာကို အများသူငါ သိသလောက်ပဲ သိတဲ့ End user တစ်ယောက်ပါ၊ ဒါပေမယ့် ဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိထားမိတာလေး တစ်ခုရှိတာနဲ့ သုံးချင်သူတွေ သုံးရအောင်ဆိုပြီး ကျနော်သိထားတဲ့ နည်းပညာ အပိုင်းအစ သေးသေးလေး တစ်ခုကို ဝေမျှဖို့ အကြံဖြစ်လာပါတယ်၊ အခု ဒီပို့စ်မှာ ဝေမျှမယ့် နည်းပညာပိုင်းဟာ နားလည်တတ်ကျွမ်း သူတွေအတွက် မဟုတ်ဘဲ ကျနော့်လို သာမန်ကွန်ပြူတာ သုံးစွဲသူတွေ အတွက်သာ ရည်ရွယ်ပါတယ်၊ ကျနော့်ဟာ ပို့ချသူ၊ ရှင်းလင်းပြောပြသူ အဆင့်မှာ မရှိပေမယ့်လို့ ဘဝတူ ဘလော့ဂါတွေ အတွက် ပိုပြီးအဆင်ပြေစေဖို့ ဆိုတဲ့ စိတ်အခြေခံ တခုတည်းနဲ့သာ ရေးရခြင်း ဖြစ်ပါတယ်၊ ကဲ..စ,လိုက်ကြရအောင်လား..။

ကျနော်တို့ ပို့စ်တွေ ရေးကြတဲ့အခါ မကြာခဏ ဆိုသလို အခြားဝက်ဘ်ဆိုဒ်တစ်ခု၊ ဒါမှမဟုတ် ကိုယ်ရေးခဲ့ဖူးတဲ့ ပို့စ်ရဲ့ အခြားစာမျက်နှာ တစ်ခုကို ညွှန်းတဲ့ လင့်ခ်တွေ ထည့်ကြလေ့ ရှိပါတယ်၊ ဒါမှသာ စာဖတ်သူက စိတ်ဝင်စားရင် Reference ပေးထားတဲ့ ဆိုဒ်တွေကို ဆက်ဖတ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အခြားပို့စ်အဟောင်း တစ်ခုကို သွားဖတ်တာဖြစ်ဖြစ် လုပ်လို့ရမှာပါ၊ အဲဒီတော့ စိတ်ဝင်စားတဲ့ စာဖတ်သူ တစ်ယောက်က ဆက်ပြီး ဖတ်ချင်လို့ ပေးထားတဲ့ လင့်ခ်တစ်ခုကို နှိပ်ပြီဆိုပါစို့၊ အဲဒီအခါ မူလဖတ်နေတဲ့ စာမျက်နှာကနေ လင့်ခ်ပေးထားတဲ့ စာမျက်နှာသစ်ကို ရောက်သွားမယ်၊ အဲဒီ စာမျက်နှာ အသစ်မှာ ဖတ်နေရင်းနဲ့လည်း တခြား စိတ်ဝင်စားစရာ လင့်ခ်တွေ တွေ့ရင် စာဖတ်သူက ဆက်ပြီး နှိပ်ရင်း၊ နှိပ်ရင်းနဲ့ မူလဖတ်နေခဲ့တဲ့ ပထမဦးဆုံး ကိုယ့်ရဲ့ စာမျက်နှာနဲ့ အဝေးကြီးကို ရောက်သွားပြီ၊ ကိုယ့်ကို မေ့သွားပြီ၊ မမေ့လို့ ပြန်လာချင်တယ် ဆိုသည့်တိုင် အင်တာနက် ကွန်နက်ရှင် မကောင်းတဲ့နေရာကနေ ဖတ်ရတဲ့သူဆို ခန္တီပါရမီ စာမေးပွဲ ဖြေရမှာတော့ သေချာပြီ၊ ဒါကတစ်ချက်...၊

နောက်တစ်ချက်က အကိုးအကား Reference အနေနဲ့ ပေးထားတဲ့ လင့်ခ်တွေဆို ပိုဆိုးပါတယ်၊ ဖတ်တဲ့သူက ကိုယ်ရေးထားတာ ဖတ်လို့မဆုံးသေးခင်မှာပဲ မရှင်းတာရှိလို့ ကျမ်းညွှန်းလင့်ခ်ကို တချက်ဖတ်ကြည့်မယ်၊ စာမျက်နှာပြောင်းသွားမယ်၊ သိချင်တာတွေ့လို့ ကိုယ့်ပို့စ်ကို ပြန်ဖတ်မယ်၊ Back arrow ပြန်နှိပ်မယ်၊ ကွန်နက်ရှင် မကောင်းရင် စောင့်ရမယ်၊ ကိုယ့်စာမျက်နှာ ပြန်ရောက်ပြီး ဆက်ဖတ်မယ်၊ နောက်တခါ Ref. ထပ်ပြီး ကြည့်ဖို့ ထပ်နှိပ်မယ်၊ စာမျက်နှာထပ်ပြောင်းမယ်၊ ပြန်လာမယ်၊ ထပ်စောင့်ရမယ်၊ ထပ်နှိပ်မယ်..၊ ဒီလိုအခြေအနေမှာ ကျနော်တို့ စာကို အေးအေးဆေးဆေး မဖတ်နိုင်တော့ပါဘူး၊ ဆိုတော့ အဲဒီလို မဖြစ်ရအောင် ပေးထားတဲ့ လင့်ခ်တွေကို ဘယ်နှခုပဲ နှိပ်နှိပ်..၊ ကိုယ့်ရဲ့မူလ စာမျက်နှာက မပျောက်ဘဲ ဒီအတိုင်း ရှိနေပြီး အဲဒီအပေါ်မှာ လင့်ခ်ပေးထားတဲ့ စာမျက်နှာတွေက အသစ်၊ အသစ် ထပ်ပွင့်လာရင် ပိုပြီး မကောင်းဘူးလား၊ စာဖတ်သူက ကိုယ့်ရဲ့ မူလစာကို အဆုံးထိ အေးအေးဆေးဆေး ဆက်ဖတ်လို့ ရတယ်၊ ဘာ အသွားအပြန်မှ မရှိဘူး၊ အခြား စာမျက်နှာတွေနဲ့ တိုက်ပြီး ဖတ်ချင်ရင်လည်း ဟိုတဖက်၊ ဒီတဖက် ယှဉ်ပြီးဖတ်လို့ ရတယ်၊ နောက်ဆုံး ကွန်နက်ရှင် မကောင်းတဲ့ နေရာကနေ ဖတ်ပါစေဦး..၊ ပေးထားတဲ့ လင့်ခ်က ပွင့်မလာသေးခင် မူလစာကို ဆက်ဖတ်ရင်း စောင့်နေလို့ရသေးတယ်၊ ကဲ..ပန်းလည်း လှစေ၊ ပျားလည်း ဝစေ မဟုတ်ဘူးလား၊ အဲဒီလို ဖြစ်အောင်လုပ်ဖို့က တကယ့်ကို လွယ်လွယ်လေးပါ၊ ပို့စ်တင်တဲ့ စာမျက်နှာမှာ HTML ကုဒ်လေးတစ်ခု ထည့်ပေးရုံ ပါပဲ...၊ အောက်မှာပြထားတဲ့ နည်းအတိုင်း လုပ်လို့ ရပါတယ်၊

နမူနာ အနေနဲ့ ကျနော် တလောက တင်ခဲ့တဲ့ ကျူးလစ်ဥယျာဉ်ဆိုတဲ့ ပို့စ်လေးကို ယူပြီး စမ်းကြည့်ရအောင်၊ ဒီပို့စ်မှာ တခါတုန်းက ကျူးလစ်ပန်းတွေကို ရိုက်ခဲ့တဲ့ ပို့စ်တစ်ခုကို ညွှန်းတဲ့လင့်ခ်ကို တခါက ဆိုတဲ့ အပြာရောင် စာလုံးအောက်မှာ ထည့်ထားပါတယ်၊

Photobucket

ပို့စ်ရေးဖို့ တခါတည်းပဲ ရိုက်ရိုက်၊ Word မှာရိုက်ပြီး ကော်ပီလုပ်တင်တင် ရေးစရာရှိတာ ရေးပါတယ်၊ ပြီးသွားတော့ ညွှန်းချင်တဲ့ပို့စ်ရဲ့ စာမျက်နှာကို web browser အသစ်မှာဖွင့်တယ်၊ URL လိပ်စာကို ကော်ပီကူးတယ်၊ ဒီအထိက ကျနော်တို့အားလုံး လုပ်နေကျပါပဲ၊ ဘာမှ အသစ်အဆန်း မပါသေးပါဘူး၊ အောက်မှာ ပြထားသလို blogger editing page မှာ လုပ်ပါတယ်၊ နံပါတ် ၁ အနီနဲ့ ဝိုင်းထားတဲ့ Compose tab အောက်မှာ တခါက ဆိုတဲ့ စာသားကို highlight လုပ်တယ်၊ နံပါတ် ၂ Link ကိုနှိပ်ပြီးတော့ ခုနက ကော်ပီကူးထားတဲ့ web address ကိုထည့်ပါတယ်၊

Photobucket

ပြီးတဲ့အခါ ခုန Compose tab ဘေးမှာရှိတဲ့ Edit HTML tab ကိုနှိပ်ပါ၊ အဲဒီအခါ ကိုယ် highlight လုပ်ပြီး ရွေးထားခဲ့တဲ့ စာလုံးရဲ့ရှေ့မှာ ကူးထည့်လိုက်တဲ့ web address ရဲ့ HTML ကို တွေ့ပါလိမ့်မယ်၊ ကျနော့်ဆီမှာတော့ (a href="http://nyilinnthit.blogspot.com/2009/06/special-tulips.html") လို့ပေါ်ပါတယ်၊ ဒါက မူလစာမျက်နှာကို အစားထိုးပြီး ပွင့်တဲ့ HTML ကုဒ်ပါ၊ ဆိုတော့ ဒီကုဒ်ရဲ့နောက်ဆုံး မျက်တောင်အပိတ် (closed inverted corma ") နဲ့ ဒီ ) လက်သည်းကွင်း အပိတ်လေးရဲ့ ကြားမှာ target="new" ဆိုတာလေး ရိုက်ထည့်ပေးလိုက်ပါ၊ အဲဒီအခါ မူလ HTML လိပ်စာဟာ အခုလို ဖြစ်သွားပါလိမ့်မယ်၊ (a href="http://nyilinnthit.blogspot.com/2009/06/special-tulips.html"target="new")၊ အောက်က ပုံမှာလည်း ကြည့်လို့ရပါတယ်၊ ဒီနမူနာ စာကြောင်းကို အောက်ပုံထဲကလို ထောင့်ချွန်ကွင်း အဖွင့်အပိတ်တွေနဲ့ ရေးရင် Text editor က HTML ကုဒ်အနေနဲ့ ယူတာကြောင့် လက်သည်းကွင်း ( ) နဲ့ အစားထိုးရေးထားပါတယ်၊

Photobucket

ဒါဆိုရင် ပြီးပါပြီ၊ ပို့စ်ကို publish လုပ်ပြီး လင့်ခ်မြှုပ်ထားတဲ့ စာလုံးကို နှိပ်ကြည့်ပါ၊ အောက်ဖက်ကပုံလို မူလစာမျက်နှာ အပေါ်မှာ နောက်ထပ် စာမျက်နှာအသစ်လေး ပွင့်လာပါလိမ့်မယ်၊

Photobucket

ကိုယ့်ဖက်က စာလုံးလေး ၂ လုံးပဲ ရိုက်ထည့်လိုက်ရပေမယ့် စာဖတ်သူအတွက်တော့ အများကြီး ပိုအဆင်ပြေ သွားတယ်၊ လွယ်တယ် မဟုတ်လား၊ ဟမ်.. ဘာတွေ ရေးထားမှန်းလည်း မသိဘူး ဆိုရင်တော့ ကျနော့်ရဲ့ တင်ပြပုံ ညံ့ဖျင်းလို့ပါပဲ၊ ဒီအကြောင်းကို နည်းပညာပို့စ်တွေ ရေးတဲ့ ဘလော့ဂါတစ်ယောက်ယောက်က ရှင်းပြပြီးသား ဖြစ်ချင်လည်း ဖြစ်မှာပါ၊ အခု ကျနော်ပြောတာထက် ပိုကောင်းတဲ့ နည်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ပါ၊ ဒီစာကို ဖတ်မိတဲ့ တစ်ယောက်လောက်က 'အင်း..မဆိုးပါဘူး၊ အဆင်ပြေတဲ့အခါ သုံးကြည့်တာပေါ့' လို့ စိတ်ကူးလေး ဖျပ်ကနဲ ပေါ်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ...။ ။


ညီလင်းသစ်
၂၉ ဇွန်၊ ၂၀၁၁

31 comments:

မေဓာဝီ said...

သိတဲ့လူက ပြတော့လဲ လွယ်လွယ်လေးပါလား။
ကျမလဲ အဲဒီလို စာမျက်နှာအသစ် မလုပ်တတ်လို့ ဒီတိုင်းတွေချည်း လင့်ခ်နေရတာ ကိုညီလင်းရေ။ ခုတော့ ကျမသိပြီ :)

နည်းပညာဘလော့တွေဆို ပျင်းလို့ မဖတ်ဘူး၊ ခုလို ကိုယ်ဖတ်နေကျဘလော့ဂါက ရေးမှ ဖတ်ဖြစ်တာ .. ဟီးး ။ ဒါကြောင့် ကိုညီလင်း ရေးတာ မဆိုးပါဘူး အဆင့်ထက် ပိုပါတယ်။ အဆင်ပြေတဲ့အခါမဟုတ်ဘူး လင့်ခ်မယ်ကြံတိုင်း ဒီနည်းကို သုံးရမယ်လို့ စိတ်ကူးလေး ဖျပ်ခနဲ ပေါ်သွားပါတယ်။
ကျေနပ်တယ်ဟုတ် :))

ညီလင်းသစ် said...

မမေရေ ...
ကျေးဇူးအများကြီး တင်ပါတယ်ဗျာ၊ အခုလေးတင် ပြန်ဖတ်ကြည့်နေတာ..၊ Screen shot ပုံတွေရော၊ အင်္ဂလိပ် စာလုံးတွေရော၊ ကွင်းစကွင်းပိတ်တွေ၊ အရောင်တွေရော..၊ အားလုံးစုပြုံနေတော့ အများစုက အဆုံးထိတောင် ဖတ်ကြမှာ မဟုတ်ဘူးလို့ စဉ်းစားလိုက် မိသေးတယ်၊ အခုတော့ ဒီကွန်မန့် တစ်ခုနဲ့တင် ကျေနပ်သွားပြီ၊ သွားအိပ်တော့မယ်..၊ ဂွတ်နိုက်...။း)

Baby taster said...

သြော် မမေ ပြောသလိုပဲ သူများလုပ်ပြတော့လည်း
လွယ်လိုက်တာ။ မှတ်သားသွားတယ် ကိုညီရေ
ကျေးဇူးပါ မျှဝေပေးတား)

သက်ဝေ said...

ပိုစ့်အဟောင်းတခုမှာ ကိုညီလင်းပြောသလို ပြင်ကြည့်လိုက်တယ်... ရသွားဘီ... စာမျက်နှာအသစ်တခု ပေါ်လာတယ်... ကျေးဇူး...း))

ဆရာသင်ရင် တတ်လွယ်တဲ့ ကျောင်းသူကို ဆုချမလား.. ပြော...း)))))

Anonymous said...

စမ်းကြည့်မယ် ကိုညီလင်းသစ် ရေ
ကျေးဇူးပါ

ဒီကျောင်းသားက ခပ်ထိုင်းထိုင်း ရယ်

ရွှေစင်ဦး

Thinzar said...

အများအားဖြင့် သဉ္ဇာက target="_blank" ဆိုတာသုံးတော့ ကိုညီလင်းသစ်ရေးမှ target="new" ကို သတိထားမိတယ်။ ပြီးတော့ target="new" vs target="_blank" အကြောင်း ဆက်ရှာဖတ်ဖြစ်တယ်။

ဥပမာ - လင့်ခ် သုံးခုရှိတယ်ဆိုရင်
"new" ကိုသုံးမယ်ဆိုရင် ပထမ လင့်ခ်ကို click လိုက်ရင် window/tab အသစ်ပေါ်လာမယ်။ ဒုတိယလင့်ခ်ကို click လိုက်ရင် ပထမ လင့်ခ်နှိပ်တုန်းက ပေါ်ထားတဲ့ window/tab မှာဘဲ ထပ်ဖွင့်ပေးမယ်။ တတိယလင့်ခ်ကိုလည်း ထိုနည်း၎င်းဘဲ။ window တစ်ခုထဲမှာဘဲ ဖွင့်သွားပေးတာပေါ့။
"_blank" သုံးရင်ကြတော့ လင့်ခ်တစ်ခုအတွက် ဝင်းဒိုး သပ်သပ်စီ ဆိုတော့ လင့်ခ်သုံးခုအတွက် ဝင်းဒိုး သုံးခု ဖွင့်ပေးတယ်။

ဟီး.. ကိုညီလင်းသစ်ရှင်းပြလို့နားလည်နေတဲ့သူတွေ ဒီကောမန့်ဖတ်မိရင် ရှုပ်သွားဦးမယ်။ သဉ္ဇာလည်း ခုမှ ဖတ်မိလို့ နားလည်သလို ရေးလိုက်တာ။ :D အဲဒါကြောင့်နေမယ် နည်းပညာသမားတွေ ရှင်းရင် ပိုရှုပ်တယ်ဆိုတာ။

Sonata Cantata said...

ကျေးဇူးပါ ကိုညီလင်းသစ်ရေ target="new" တွေ ထည့်လိုက်ပါတယ်။

Sonata Cantata said...

Thinzar ရေးသွားတာလည်းရှင်းပါတယ်။ target="_blank" ကိုလည်း သုံးကြည့်လိုက်ပါတယ်။ ကျေးဇူးပါ Thinzar။

မအိမ်သူ said...

ဘလော့ဂါအများစုက နည်းပညာသမား မဟုတ်တဲ့အတွက် အရမ်းအသုံးတည့်ပါတယ် ကိုညီလင်းသစ်ရေ။ ဘလော့ဂ်ပေါ် စာရေးနေကြပေမယ့် တစ်ခါတစ်လေ ဟိုဟာဒီဟာလေး စမ်းသပ်ပြင်ချင်ရင်တောင် ကိုယ်ရေးထားတာလေးတွေ ပျောက်သွားမှာစိုးပြီး မလုပ်ကြည့်ရဲ မစမ်းကြည့်ရဲ ဖြစ်နေတာပါ။ နည်းပညာသမားတွေ ရေးတဲ့ဆိုက်တွေကျတော့ ကိုယ်သိလိုတဲ့ တစိတ်တပိုင်းလေးလောက်ကို ရှင်းပြထားတာမျိုး မဟုတ်တဲ့အပြင် တစ်ချို့ကိုယ်မရင်းနှီးတဲ့ နည်းပညာဆန်တဲ့ အခေါ်အဝေါ်တွေ အများကြီးကြားထဲမှာ ဖတ်ရင်း ရှုပ်ကုန်ပြီး နားမလည်နိုင်တော့တာမျိုးတွေ ဖြစ်ကုန်ကြရော။ ဒီလိုပိုစ့်မျိုးလေးတွေနဲ့ကျတော့ ရှင်းရှင်းလင်းလင်းလဲ သိရသလို လုပ်ကြည့်ဖို့လဲ မခက်ခဲဘဲ ရဲရဲတင်းတင်း စမ်းကြည့်နိုင်တာပေါ့။ နောက်နောင်ကိုလည်း သိထားသလောက် ဆက်လက်ပြီးတော့ ဝေမျှပေးနိုင်ပါစေရှင်။ ကျေးဇူးအများကြီးတင်ပါတယ်။

Anonymous said...

ကိုညီလင်းသစ်..
စမ်းကြည့်မယ်ကြုံရင်။
သဉ္ဖာ ရှင်းပြတာလည်းရှင်းပါတယ်။ (မလုပ်သေးလို့ ထင်တယ်း))
လုပ်ကြည့်လို့ မရရင် ကိုယ်ညံ့လို့ ပါ။း)
ကျေးဇူး ကျေးဇူးပါ။
အိုင်အိုရာ

ကောင်းမွန်ဝင်း said...

ကိုညီလင်းသစ်ပြောသလိုပဲ
“Screen shot ပုံတွေရော၊ အင်္ဂလိပ် စာလုံးတွေရော၊ ကွင်းစကွင်းပိတ်တွေ၊ အရောင်တွေရော..၊ အားလုံးစုပြုံနေတော့ ”
တမျိုးတော့ဖြစ်တယ်။ (အဟဲ... နောက်တာ)
ဒါပေမယ့် ဆုံးအောင်ဖတ်ပါတယ်။ မဖတ်ချင်ဘူးဆိုတဲ့ စိတ်တော့မဖြစ်ပါဘူး။
း)

ဖတ်လိုက်တော့ ကိုယ်မသိတာ သိလိုက်ရတာပေါ့။
ကျေးဇူးတင်ပါတယ်။နောက်ကို သတိထားပြီး လုပ်မယ်။

သဉ္ဖာ ပြောတာလည်း ပညာရတာပေါ့။
ကျေးဇူးပါ။

လင်္ကာ said...

သူများတွေ ဘလော့လို့ ဂျွတ်တက်နေပြီ။ ကိုယ်ကခုမှ စလုပ်ကြည့်တာ။
ခုလိုလေးရေးပေးတာတော်တော်အဆင်ပြေတာပဲ
ကျေးဇူးဗျို့ 

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ်ရော သဉ္ဇာကိုပါ ကျေးဇူးတင်ပါတယ်
ဘလော်ဂါတွေရဲ့ လိုအပ်ချက်တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။
အသုံးဝင်တဲ့ အချက်လေးမို့ အလဟဿ မဖြစ်ပါဘူး။
ကျေးဇူးအထူးပါ
အိပ်ပျော်အောင်အိပ် ကိုညီလင်းသစ်း)

rose said...

Thank you so much Ko Nyi for this useful post. I'll try that.

လင်္ကာ said...

နောက်လည်းဒါမျိုးလေးတွေမျှပါဗျို့ 

Anonymous said...

Thank you so much Ko Nyi Linn Thit. I have been thinking about that but simply don't know how to and now, kind of get the concept. Thank you again for sharing!
Mon Petit Avatar

Anonymous said...

I read start to end :-)I'll try one day hopefully.Summer holidays started and here's a small war to get a time for me in 2 laptops and a desktop at home:)
Gyidaw

မောင်မျိုး said...

မိုက်သား အစ်ကိုရ စမ်းကြည့်မယ် ကျေးဇူး ။ကျနော်လည်း အစ်ကို့လောက် နီးနီး နည်းပညာပိုင်း ကျွမ်းတယ်း)

Anonymous said...

ကျေးဇူးပါဗျာ.. အကျိုးရှိသလို အသုံးတဲ့သော အသိတခု ရပါတယ်..
N/A

ညိမ်းနိုင် said...

ဟား...မိုက်တယ်...အဲ့လိုလေးပွင့်တာ...၊ကျေးဇူးပါအစ်ကို
အစ်ကိုရေးထားတာရှင်းပါတယ်ဗျ...။ကဲအခုပဲ စမ်းကြည့်
ဦးမှ....:)

Angelhlaing(May everybody be happy and healthy! said...

ကျေးဇူးပါအကိုရေ ..စာသာရေးနေတာနည်းပညာပိုင်းမှာဆို ချာလွန်းလို့ တစ်ခုခုဆို သူများပဲ မေးနေရတာဆိုတော့ အခုလိုရှင်းပြပေးတာ ကျေးဇူးပါအကိုရေ စမ်းကြည့်ရမယ်...:)
ကောင်းသောနေ့လေးဖြစ်ပါစေလို့..

ညီလင်းသစ် said...

မဘေဘီ ...
မျှဝေခွင့်ရတာကိုပဲ ဝမ်းသာလှပါပြီဗျာ...၊း)

မသက်ဝေ ...
ရသွားတယ်ဆိုလို့ ဝမ်းသာပါတယ်၊ ဆရာသင်ရင် တတ်လွယ်တဲ့ ကျောင်းသူကို ဆုချရမှာပေါ့၊ အဲ.. ဓါတုဗေဒအချိန်မှာ သိပ္ပံကော်ပြား မေ့လာခဲ့ရင်လည်း အခန်းရှေ့မှာ ဒဏ်ပေးမှ ဖြစ်မယ်ထင်တယ်နော်..၊း)

မရွှေစင်ဦး ...
တချို့ကျောင်းသားတွေက အဲဒီလိုပဲ ထိုင်းတယ် ဆိုပြီး ခပ်လျှိုလျှို နေကြတာ တွေ့ဖူးတယ်ဗျ...၊း)

မသဉ္ဖာ ...
"_blank" ကို ကျနော်လည်း သုံးဖူးတယ်ဗျ၊ ဒါပေမယ့် "new" နဲ့ အတူတူပဲ အောက်မေ့နေတာ၊ ပို့စ်မှာလည်း အများအားဖြင့် လင့်ခ်က ၁ ခုထက် မပိုဘူးလေ၊ ဒီအတိုင်းဆို လင့်ခ်တစ်ခုထက် ပိုထည့်မယ် ဆိုရင် မသဉ္ဖာပြောတဲ့ "_blank" နည်းက ပိုတောင် ကောင်းသေးတာပေါ့၊ အခုလို ဖြည့်စွက်ပြီး မျှဝေပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ...၊

မသီတာ ...
ဟုတ်ကဲ့၊ အဆင်ပြေတယ်ဆိုတော့လည်း ဝမ်းသာရတာ ပေါ့ဗျာ၊ ငြိမ်နေတာ နဲနဲကြာပြီနော်၊ လုပ်ပါဦး...၊း)

မအိမ်သူ ...
ကျနော်ကိုယ်တိုင်လည်း နည်းပညာသမား မဟုတ်တော့ အဆင်ပြေတာလေး တခုခုတွေ့မိရင် ကိုယ့်လိုဘဝတူ တွေကို တကယ်ပဲ သတိရမိပါတယ်၊ ဒီပို့စ်ရေးတုန်းက ကိုယ့်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်လို့ ရှုပ်သွားမလား ဆိုပြီး စိတ်တထင့်ထင့်နဲ့ဗျ၊ အခုလို ရှင်းတယ်၊ နားလည် တယ်လို့ feedback ပြန်ပေးတာ တကယ်ပဲ ကျေးဇူး တင်ပါတယ်နော်...၊

မအိုင်အိုရာ ...
လမ်းကြုံရင် စမ်းကြည့်ပါ၊ မရစရာ အကြောင်းမရှိပါဘူး၊ ပြီးတော့ ဘလော့ဂ်ပျက်စီးမှာကိုလည်း စိုးရိမ်စရာ လုံးဝ မရှိပါဘူး၊ အဆင်ပြေပါစေဗျာ...၊း)

မကောင်းမွန် ...
အရှုပ်တွေ ကြားထဲကကို အဆုံးထိဖတ်သွားတာ ကျေးဇူးတင်ပါတယ်ဗျာ၊ သိထားတော့လည်း တချိန်ချိန် သုံးချင်ရင် သုံးလို့ရတာပေါ့လေ... နော့၊း)

လင်္ကာ ...
အားလုံးလည်း ဒီလိုပဲ လေ့လာသင်ယူရင်း ချီတက်နေ ကြတာပါပဲဗျာ၊ အဆင်ပြေတယ်ဆိုတော့ ဝမ်းသာပါတယ်၊ နောက်လည်း လာလည်ပါဦး...၊

မချော ...
အလဟဿ မဖြစ်ဘူး ဆိုတော့လည်း ဝမ်းသာရတာပေါ့ ဗျာ၊ အိပ်လို့ကတော့ ပျော်တယ်ဗျို့၊ အိပ်ရေးပျက်တာ တွေ များလို့ ထင်ပါရဲ့၊ တုံးကနဲပဲ...၊းD

rose ...
My pleasure and thanks for your appreciation, too.

လင်္ကာ ...
အားလုံးအတွက် အသုံးဝင်မယ့်ဟာမျိုး တွေ့ရင် ကြိုးစား ရေးဖြစ် ပါ့မယ်..၊

Mon Petit Avatar ...
Well.. sharing is caring, isn't it! Just happy to share something useful for fellow bloggers. =)

Gyidaw ...
Aw..I see. That's why you've been absent lately. I came down to GVA last weekend and thought of you. That cartoon exhibition at Les bains de Paquis is really nice.

မောင်မျိုး ...
ဟာ..ဒါဆို နည်းပညာ ဂုရုအချင်းချင်း လာတွေ့နေတာ ပေါ့..ဟားဟား၊း)

ကို N/A ...
အသုံးတည့်ရင်ကိုပဲ ဝမ်းသာရပါပြီဗျာ...၊

ကိုညိမ်းနိုင် ...
အေးဗျာ.. ကိုညိမ်းနိုင်က ရှင်းတယ်လို့ ထပ်ဆင့်ပြီး confirm ပေးတော့လည်း ဝမ်းသာ၊ စိတ်ရှင်းရတာ ပေါ့ဗျာ၊ ကျေးဇူးတင်ပါတယ်နော်...၊

ညီမ Angelhlaing ...
ကျေးဇူးပါဗျာ..၊ စမ်းကြည့်ပါ ညီမရေ၊ လင့်ခ်လေး တွေက သာယာတဲ့ နေ့ရက်တွေလိုပဲ ဖျတ်ကနဲ၊ ဖျတ်ကနဲ ပွင့်လာပါလိမ့်မယ်...။း)

မေဓာဝီ said...

ဆရာက သင်ပေးတော့ ချက်ချင်း အသုံးချလိုက်တာပေါ့။
ဒါမှ တပည့်ကောင်းပီသမှာလေ ... တော်တယ်မဟုတ်လား :))

ညီလင်းသစ် said...

မမေ ...
ကျနော်က ဆရာမဟုတ်ပေမယ့် လေ့လာသင်ယူတဲ့ မမေကိုယ်တိုင်က ချက်ဆိုနားခွက်က မီးတောက်ပြီးသား မို့ ဖြစ်ပါလိမ့်မယ်ဗျာ၊ အသုံးတည့် တာ တွေ့ရလို့ တကယ့်ကို ဝမ်းသာပါတယ်...။း)

TZA said...

ကျနော်ကတော့ target='_blank' ချည်းပဲ သုံးနေတာ အကျင့်ဖြစ်နေပြီဗျ။

ညီလင်းသစ် said...

ကို TZA ...
အေးဗျ၊ 'target=_blank' ကတောင် ပိုပြီး အဆင်ပြေမယ့် သဘောမှာ ရှိတယ်၊ အထူးသဖြင့် လင့်ခ်တွေ များမယ် ဆိုရင်ပေါ့..။

ချစ်ခြင်းအလင်္ကာ said...

လာလည်ရင်းနဲ့..ဗဟုသုတတခုရသွားပါတယ်အကို..
မသိတာတွေအများကြီးရှိသေးတာမို့
ဗဟုသုတတခုတိုးပါတယ်..
အရမ်းချာတဲ့သူတစ်ယောက်မို့
ရှေ့ကအကိုတွေအမတွေကိုလေးစား
ဆရာတင်ပါတယ်..
ကျေးဇူးများစွာဖြင့်

ချစ်ခြင်းအလကာင်္

တောက်ပကြယ်စင် said...

ကိုညီလင်းသစ်ရေ မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါရစေလား...

"အင်း...မဆိုးပါဘူး...အဆင်ပြေတဲ့အခါ သုံးကြည့်တာပေါ့..." နော် ကိုညီလင်းသစ်။ မမေပြောသလိုပဲ နည်းပညာဆိုဒ်တွေကို လိုက်ဖတ်ရမှာ ပျင်းတယ်။ ဒါပေမယ့် လိုအပ်လာရင်တော့ ဟိုလူမေး၊ ဒီလူမေးနဲ့ ပျာယာကိုခတ်သွားတာပဲ။

အစိမ်းရောင်ပြောသလိုပဲ အလဟဿမဖြစ်ပါဘူး။ တကယ်အသုံးဝင်ပါတယ်။ ကိုညီလင်းပြောပြတာတွေက မရှုပ်ပါဘူး။ တိမ်ကင်းနေတဲ့ ကောင်းကင်လို ရှင်းနေတာပဲ။

စာရှည်သွားပီ။ တော်ဦးမှ ထင်တယ်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...။

လပြည့်ရိပ် said...

ပိုစ့်အသစ်မှာ လက်တွေ့ကို အသုံးချပစ်လိုက်ပြီ။ အဲလိုလုပ်နည်းကို သိချင်နေတာကြာပြီ။ ပျင်းနေတာရော အဲဒီအတွက် အချိန်မပေးချင်တာရော ပေါင်းပြီး ဒီအတိုင်းလင်ခ့်တွေပေးနေတာ အကိုရေ... ခုလိုသိလိုက်ရတာ ကျေးဇူးအသင်္ချေပါနှော်။

ညီလင်းသစ် said...

ချစ်ခြင်းအလင်္ကာ ...
အားလုံးလည်း ဒီလိုပဲ သင်ယူနေကြတာပါပဲဗျာ၊ အရမ်းတော်တယ်၊ ချာတယ် ရယ်လို့ မဟုတ်နိုင်ပါဘူး၊း) လာလည်တဲ့ အတွက်လည်း ကျေးဇူးပါနော်...၊

ဘုန်းဘုန်း တောက်ပကြယ်စင် ...
တင်ပါ့..၊ ရှင်းတယ်ဆိုလို့ ဝမ်းသာပါတယ် ဘုရား၊ ဦးဇင်းလည်း ကျန်းမာပါစေ...၊

လပြည့် ...
ဒီတခါတော့ ကျနော့်ဘလော့ဂ်က ရေတွင်းကြီး ဖြစ်သွား ပြီ..ဟားဟား၊ ညီမက ရေငတ်နေတုန်း ဆိုတော့...၊း) မျှဝေခွင့်ရတာကိုပဲ ဝမ်းသာပါတယ်ဗျာ...။

nyimuyar said...

I prefer _blank