အခေါ်အဝေါ်နဲ့ နေရာဒေသတွေ ဘယ်လိုပဲ ပြောင်းပြောင်း တကမ္ဘာလုံးက သူ့ကိုလိုအပ်ပါတယ်၊ တကယ့်ကို မရှိ မဖြစ်လိုအပ်တာပါ၊ ဒါပေမယ့် လိုအပ်တိုင်းလည်း လိုသလောက်ရကြပါရဲ့လား...၊ ရတဲ့အခါမှာလည်း သန့်ရှင်း ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည့်စုံရဲ့လား၊
ကမ္ဘာပေါ်မှာ ရေလေးတစ်ပေါက်တောင်မှ ဝဝလင်လင် မသောက်ရတဲ့လူတွေ သိန်းသန်းချီရှိပါတယ်၊ ရေရဲ့ pH ၊ ရေမှာပါဝင်သင့်တဲ့ minerals ၊ Total Suspended Solids (TSS) လို့ခေါ်တဲ့ အမှုန်အမွှား ကင်းစင်မှု၊ စတာ တွေကို စဉ်းစားဖို့ဝေးလို့...ရေလို့ခေါ်ဖြစ်ရုံ လောက် အရည်လေးရရင်ကိုပဲ ကျေနပ်နေရတဲ့လူတွေ အများကြီးပါ၊
UNDP ရဲ့စာရင်းတစ်ခုအရ အမေရိကားလို နိုင်ငံမှာတော့ လူတစ်ယောက် တစ်နေ့ ပျမ်းမျှရေအသုံးပြုနှုန်းဟာ လီတာ ၆၀၀ နီးနီးရှိသတဲ့၊ ကမ္ဘာပေါ် မှာအများဆုံးပါပဲ၊ သူ့နောက်မှာတော့ သြစတြေးလျ၊ ပြီးတော့ ဥရောပ နိုင်ငံတွေ၊ ပြီးမှ တရုတ် အိန္ဒိယတို့က ၇၅-၁၀၀ လီတာခန့် နဲ့အလယ်မကျတကျ လိုက်ပါတယ်၊ ဒါ..တော်တော့်ကို နည်းနေပါပြီ၊ ဟိုး....အောက်ဆုံးကတော့ ရဝမ်ဒါ၊ ယူဂမ်ဒါ၊ မိုဇမ်ဘစ် စတဲ့ အာဖရိကနိုင်ငံတွေ...၊ သူတို့ရဲ့ လူတစ်ယောက် ပျမ်းမျှ တစ်နေ့သုံးနှုန်းက ၅ လီတာကနေ ၁၅ လီတာခန့်ပဲ ရှိပါတယ်၊ လူသားတစ် ယောက် အသက်ရှင်နေထိုင်မှုအတွက် လိုအပ်တာထက် အများကြီးနည်းပါတယ်၊
ဒီဖက်နှစ်တွေမှာတော့ တချို့လူတွေ ရေအရင်းအမြစ်အကြောင်းကို စပြီးသတိပြု၊ ဂရုစိုက်လာပါပြီ၊ သွားတိုက်နေစဉ်မှာ ရေဘုံဘိုင်ကို ပိတ်ထားတာတို့၊ ရေချိုးကန်ထဲ ရေတွေအများကြီးထည့်ရမယ့် Bath အစား၊ Shower နဲ့ရေချိုးတာတို့၊ မလိုအပ်ဘဲ ရေကိုမသွန်တာတို့ စသဖြင့်ပေါ့၊ ဒါပေမယ့်ကမ္ဘာ့လူဦးရေအချိုးနဲ့စာရင် အရမ်းနည်းပါသေးတယ်၊ တကယ်တော့ လူသားတွေသုံးနိုင်တဲ့ ရေချိုက ကမ္ဘာ့ရေထု စုစုပေါင်းရဲ့ ၃% ပဲရှိတာပါ၊ ဒါပေမယ့် ရေသံသရာလည်မှုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ ကတည်းက ဒီရေ ၃% ကိုပဲသုံးလာခဲ့ကြတယ်၊ ပြောရရင်တော့ ဒီနေ့ခင်ဗျား ထမင်းစားအပြီး သောက်လိုက်တဲ့ ရေဟာ ပုဂံခေတ်တုန်းက ကျန်စစ်သားမင်း ကြီး ချိုးခဲ့ဖူးတဲ့ ရေအချို့လည်း ကောင်းကောင်းကြီး ဖြစ်နေနိုင် ပါတယ်၊ တကယ်ပါ၊
ဒီကနေ့ တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေ၊ အဆမတန် များပြားလာတဲ့ ကုန်ထုတ်လုပ်မှု၊ စတာတွေကြောင့် တချိန် က ကျနော်တို့ဘိုးဘွားတွေ ဖောဖောသီသီ သောက်သုံးခွင့် ရခဲ့တဲ့ အဲဒီရေ ၃% ကိုကျနော်တို့ ကျပ်ကျပ် တည်း တည်း ခွဲဝေသုံးနေရပြီ၊ ဒီကြားထဲကမှ အဲဒီရေကလေးကို ကျနော်တို့ တန်ဖိုးထားပြီး မသုံးဘူးဆိုရင် သိပ်မဝေးတဲ့ကာလမှာ ရေအကျပ်အတည်းတွေ ဆက်တိုက်တွေ့လာရမှာ သေချာပေါက်ပါပဲ၊ ကဲ မိတ်ဆွေ ကော.....ဒီနေ့ရေကို အလဟဿမဖြစ်အောင် သတိလေး မပြုလိုက်ချင်ဘူးလား။ ။
ညီလင်းသစ်
၁၃ နိုဝင်ဘာ၊ ၂၀၀၈

7 comments:
kom: ဝါးတားအကြောင်းဖတ်သွားသည်။
လာဖတ်ပါတယ် ကိုညီလင်းသစ်။ ကျွန်မတို့ တွေးမိဖို့ မေ့နေတဲ့ ရေအကြောင်းလေး တွေး
ထားတာ ကောင်းတယ်။ တကမ္ဘာလုံးက သူ့ကိုလိုအပ်ပါတယ်၊ ဟုတ်တယ်နော်။ ရေ
ရှားပါးမလောက်ငှမှူ ကို အညာဒေသရဲ့ ပူလွန်းတဲ့နွေရာသီတစ်ခုမှာကြုံခဲ့ဖူးတယ်။ ရေရှားပါးတဲ့ကန္တာရ လိုနေရာမျိုးကို ဖြတ်သွားရုံနဲ့ အတော်နေရခက်တာ။ ရေမလောက်ငှစွာ
နဲ့ အကြာကြီးနေရရင် အတော်ဆိုးတယ်နော်။ “ဖေါင်စီးရင်းလည်း ရေငတ်” တတ်သေးတာ
ပဲမဟုတ်လား။ (ကျွန်မအတွက်တော့ ရေမရှိရင် ကော်ဖီဖျော်လို့ မရဖြစ်မယ်)။
ရေအကြောင်းလည်းဖတ်၊ ပုံလည်းကြည့်သွားပါတယ်
ကင်မရာကပဲ ကောင်းလွန်းတာလား.. ရိုက်တဲ့ သူကပဲ တော်လို့လား... :) ပုံတွေ သိပ်ကောင်းတာ။ တတိယပုံကိုကြည့်တော့ နောက်ကအပင်တွေရဲ့အပေါ်ကို တိုးထွက်နေတာနဲ့ ရေတွေ အပေါ်ကို ပန်းထွက်နေတာက ဟာမိုနီဖြစ်နေတာ သဘောကျတယ်။ အင်းးး Art ပဲ။
I've been trying to shoot some water drops as well.
No success yet for the drops are not sharp enough. :(
Anyway 5 stars for second photo. :)
ဟုတ်ကဲ့မခင်ဦးမေ...ဝါးတားအကြောင်းက ဖတ်ရတာ ဝါးတားတား တော့မဖြစ်ဖူးထင်ပါရဲ့... :D
မယုဝရီရေ...ရေမလုံလောက်တဲ့ ဒုက္ခကတကယ်ကိုပဲ ဆိုးလွန်းပါတယ်၊ ဖောင်စီးရင်းရေငတ်သူတွေ ရှိသလို ရေငတ်တုန်း ရေတွင်းထဲမကျတဲ့ သူတွေလည်း ဒုနဲဒေး ပါပဲဗျာ...၊
Sin Dan Lar...ကျေးဇူးတင်ပါတယ်ခင်ဗျာ၊
အမမေငြိမ်းရေ...နှစ်ခုစလုံးပဲ ဖြစ်မယ်ထင်တယ်...ဟီး၊ အမှန်တော့ အလင်းအမှောင်က ကိုယ့်ဖက်ခပ်ပါပါမို့ပါ၊
Everest...I totally agree with you. It ain't easy to take a photo of water drops. I'm not satisfied either with the first photo which could have been much better. Tks for your comment....!
အခုမှလာဖူးပါတယ်..
စိတ်ဝင်စားပါတယ်...
မမကေအိုအမ်ကတဆင့်လာပါတယ်...
ရေအကြောင်း ကျေးဇူး..
Post a Comment