11 January 2009

ဟင်းချက်တဲ့ တနင်္ဂနွေ

ဒီတနင်္ဂနွေရဲ့ နေ့လည်ခင်းကတော့ ဟင်းချက်တာနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်၊ နေ့လည် ၃ နာရီခွဲလောက်ကစ, ချက်တာ ညနေ ၆ နာရီခွဲကျော်ကျော်မှာမှ ပြီးတယ်၊ ဒီညနေစားဖို့အပြင် လာမယ့်တပတ်မှာပါ စားနိုင်အောင် ကြိုပြီးချက်ထားလိုက်တယ်၊ ညနေတိုင်း လုပ်နေရမယ့်အတူတူ အခုတစ်ခါပဲ အပင်ပန်းခံလိုက်မယ်ဆိုပြီး လုပ် လိုက်တာပါပဲ၊

အလုပ်ကနေ ပြန်လာတဲ့တချို့ညနေတွေမှာ စားစရာဘာမှ မရှိဘူး၊ မဟုတ်သေးဘူး၊ ကျနော်ပြောချင်တာက စားစရာက ရေခဲသေတ္တာထဲမှာ ရှိတယ်၊ ချက်ထားပြီးသား ဘာမှမရှိတာ...၊ ကျနော်ကလည်း ဒီဖက်ပိုင်းရက်တွေ မှာ အတော်လေးပျင်းနေတယ်၊ ဘာကြောင့်မှန်းလည်း မသိဘူး၊ လူက ဒီဇယ်အင်ဂျင်တပ်ထားတဲ့ ကားတစ်စီးလို ချမ်းချမ်းစီးစီး ရာသီဥတုကြားမှာ စက်ကလွယ်လွယ်ကူကူ နှိုးလို့မရချင်ဘူး၊ ဗိုက်ကလည်းဆာ... ချက်ဖို့ကလည်း ပျင်း...၊ အဲဒီလိုအခါတိုင်းမှာ မအိမ်သူက ပြင်ဆင်လေ့ရှိတယ်၊ ဒါပေမယ့် အမြဲတမ်းလိုလို သူ့ချည်းပဲလုပ်ခိုင်းလို့ ဘယ်ကောင်းမှာလဲ၊ သူ့မှာလည်း အလုပ်တဖက်နဲ့ ပင်ပန်းရှာမှာပေါ့၊

ဒီတော့ ဒီနေ့နေ့လည်ခင်းမှာ စမ်းပြီး ဟင်းတွေကြိုချက်ထားကြည့်လိုက်တယ်၊ တစ်ပတ်စာတော့ မရည်ရွယ်ပါ ဘူး၊ ၂ ရက် ၃ ရက်လောက်ဆိုရင်ပဲ မဆိုးဘူး၊ ချက်တာကတော့ သခွားဖရုံကြော်ချက်၊ ကြက်သားအာလူးဆီပြန်၊ ခရမ်းသီးနှပ်နဲ့ အမဲအူကြမ်းကို ချင်း၊ ငရုတ်သီးနဲ့ အခြောက်ကြော် စ,တာတွေပါပဲ၊ ကျနော်က စိတ်ကူးတည့်ရာ လျှောက်ချက်လေ့ရှိတော့ တခါတလေလည်း အစပ်အဟပ်က မတည့်တတ်ပြန်ဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ စားစ ရာတစ်ခုခုရှိနေရင် ပြီးတာပဲမဟုတ်လား၊ စားဖို့အသက်မရှင်ချင်ဘဲ အသက်ရှင်ဖို့ပဲ စားချင်တယ်။

4 comments:

Dr. Yi Yi Win said...

ဟင်းလေးတွေ ကောင်းမယ့်ပုံပဲနော်။ မှန်းကြည့်တာပါ။ ကလေးကောနေကောင်းလား ကိုညီလင်းသစ်။
အဲလိုကသီလင်တနဲ့ ဖြစ်သလိုစားပြီးရှင်သန်နေရတဲ့ဘ၀ကိုကျွန်မလည်းနှစ်သက်တယ်။ ပိုပြီးအဓိပ္ပါယ်ရှိသလိုပဲမို့ လို့ ပါ။

:P said...

ဟင်းက ပုံပါတင်ရင်ကောင်းမယ်။ သရေကျလို့ ပိုကောင်းတာပေါ့...။

ညီလင်းသစ် said...

ဟင်းတွေက ချက်လိုက်တာပါပဲဗျာ၊ ကိုယ်တတ်နိုင်သ လောက်ပဲပေါ့ :) အစီအစဉ်ကျအောင်နေပေမယ့်လို့ တခါတလေတော့လည်း ကသီလင်တနိုင်တတ်ပြန်ရော မယုဝရီရေ...။

Sin Dan Lar ရေ... ကျနော့်ဟင်းတွေမြင်မှ သွားရေ မကျဘဲ စားသောက်ချင်စိတ်တွေ ကုန်ခမ်းသွားရင် ဒုက္ခ။
:D

ThuHninSee said...

သူ့မှာလည်း အလုပ်တဖက်နဲ့ ပင်ပန်းရှာမှာပေါ့တဲ့။
မအိမ်သူရေ.. ကံကောင်းလိုက်တာ။