အလည်အပတ်ရောက်သွားခဲ့တဲ့ အီဂျစ်နိုင်ငံ ပင်လယ်နီ ကမ်းနဖူးပေါ်က မြို့ကလေးဖြစ်ပါတယ်၊ ဒီအပိုင်း ၂ က တော့ ပုံပြပို့စ် သက်သက် ပဲဖြစ်လို့ ခရီးစဉ်အကြောင်း အသေးစိတ်ကို သိလိုရင်တော့ အပိုင်း ၁ မှာ ဖတ်နိုင်ပါ တယ်၊ မံမီ တဦးတလေနဲ့မှ မဆုံဖြစ်လိုက်ဘဲ ကျနော် ပြန်ရောက်လာခဲ့တဲ့ ခရီးပေါ့...။ ။
ဂျစ်ပဆီမိုးတိမ် တချို့ကို ခပ်လှမ်းလှမ်းမှာ နှုတ်ဆက် ထားရစ်ခဲ့လိုက်တယ်
စွန်ပလွံပင်များကြားမှ Sharm El-Sheikh ကမ်းခြေ
Sharm El-Sheikh by night...
အာရပ်အခေါ် Karkade (ခါရ်ကာဒေး) ဆိုတဲ့ Hibiscus ပန်း..၊ ဒီပန်းဖျော်ရည်ကိုတော့ နောက်တစ်ခေါက် ထပ်သောက်ချင်သေးတယ်၊
ဒီခေါင်ရန်းပန်းတွေက ကျနော်သတိထားမိသလောက် မနက်နေရောင်ကောင်းကောင်း ရလာမှ ပိုပွင့်လာကြတယ်၊ နေပူဆာလှုံဖို့ ပြင်ဆင် ပွင့်အာလာနေတဲ့ ခေါင်ရန်းတစ်ပွင့်ကို ကျနော်က ကင်မရာမှန်ဘီလူးကနေ ခံစားလိုက်တယ်၊
ပင်လယ်နီနှင့် သူ၏ဧည့်သည်များ...
ပင်လယ်နီက ဆားပျော်ဝင်နှုန်း သိပ်သည်းဆ density မြင့်တဲ့ ပင်လယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်၊ သားကလေးက အဲဒီဆား ငန်ရည်တွေကို ကျနော်တို့အလစ်မှာ ခိုး,ခိုးသောက်ပြီး သဘောတွေ ကျနေလေရဲ့၊
စွန်ပလွံတစ်ပင်၏ ကွမ်းတကမ်းအလှ...၊ စွန်ပလွံသီး လတ်လတ်ဆတ်ဆတ်တွေ ရပေမယ့် ကျနော်က အခြောက်ပဲ ကြိုက်တယ်၊ အဲ... စွန် ပလွံသီးအခြောက်ပဲ ပိုကြိုက်တယ်လို့ ပြောတာ :D
လေယာဉ်ကွင်းနဲ့ ၁၀ မိနစ်စာ ကားမောင်းရတဲ့ အကွာအဝေးမို့ ပြေးလမ်းအတွက် ချဉ်းကပ်တဲ့လေယာဉ်တွေက ခပ်နိမ့်နိမ့်ကနေ ပျံသွား ကြတယ်၊ တစ်ရက်ကို အစီး ၂၀ လောက်တော့ ရှိမယ်ထင်တယ်၊
မအိမ်သူနဲ့ ကျနော်နဲ့ကြားထဲက အခက်အခဲကို ရှင်းပေးလိုက်တဲ့ သင်္ဘော...၊ ဧည့်သည်ပါးချိန်မို့ တစ်ရက်ကို ၃ ခေါက်ပဲထွက်ပြီး တစ်ခါ ထွက်ရင် တစ်နာရီ ဝန်းကျင်ခန့် ကြာပါတယ်၊
သင်္ဘောအတွင်းပိုင်းမှာ ရေအောက်ရှုခင်းကို ကြည့်ဖို့အတွက် အခုလို မှန်နဲ့ခင်းထားတယ်၊ ရေကလည်း ကြည်တဲ့အတွက် တော်တော်ကို ကွဲကွဲပြားပြား မြင်ရပါတယ်၊
ကျနော် အမျိုးအမည် မသိခဲ့သော ငါးမောင်နှံ၊ (ကျနော်ယူခဲ့တဲ့ သတ္တဗေဒဘွဲ့ကို အားနာတာနဲ့ ကိုယ်တစ်ဝက်ဖော့ပြီး ထိုင်နေလိုက်တယ်)
တချို့သန္တာကျောက်တန်းတွေက အတော်လှတယ်၊ သင်္ဘောသားတွေက ဒီရေအောက်ရှုခင်းတွေကို အလွတ်ရနေတော့ ကျောက်တန်း တွေပေါ်ကနေ မောင်းပေးတယ်၊ ရေအောက်မီတာ ၃၀ (ပေ ၉၀ခန့်) အထိ ကောင်းကောင်းမြင်ရပါတယ်၊
လာပြန်ပြီ နောက်တစ်ကောင်...၊ (အခုတော့ ကိုယ်ဖော့ရုံနဲ့ မလုံလောက်လို့ ကျနော်မတ်တပ်ပဲ ရပ်နေလိုက်တော့တယ်) :D
Sharm El-Sheikh ရဲ့အဝေးမြင်ကွင်း၊ ဟိုး အနောက်က တောင်တန်းတွေက ဆိုင်းနိုင်း (Sinai) လို့လည်း ခေါ်ကြတဲ့ သိနတောင်တန်း တွေပေါ့၊ ခရစ်ယာန်သမ္မာကျမ်းစာလာ ပညတ်တော် ၁၀ ပါးကို မောရှေ (Moses) ရေးခဲ့တဲ့ နေရာ...၊
အပြန်ခရီး...၊ လေယာဉ်အမြီးက အနီတန်းလေး စတဲ့နေရာဟာ Sharm El-Sheikh ရဲ့တည်နေရာပါပဲ၊
Good bye Red sea...! ပုံရဲ့ အပေါ်ဖက်နားမှာ စူးအက်တူးမြောင်းရဲ့ အဆက် မြစ်လက်တက်ကို ခပ်ဝါးဝါး တွေ့နိုင်ပါတယ်၊ အီဂျစ်ကတော့ နေရာ တော်တော်များများမှာ အခုလို သဲကန္တာရတွေပဲ ရှိလေရဲ့...။
5 comments:
အမြဲလာဖတ်ဖြစ်တယ်...။ ဓာတ်ပုံတွေလည်း တကယ့် professional ပဲ..။ Hibiscus ပထမပုံကညှို့အားတော်တော်ပြင်းတယ်.. (ထင်တာပါ)။
ကိုညီလင်း ရေ ပုံတွေကြောင့်ထင်ပါရဲ့ ဖြစ်နိုင်ရင် အခုချက်ချင်းကို သွားလိုက်ချင်မိတယ်ဗျာ
နေရာတစ်ခုထဲမှာ ပြာသောပင်လယ်နဲ့ မြင့်မာတဲ့တောင်ကြီးတွေ ခပ်နိးနီးရှိနေတာ ရှင်ခုန်ချင်စရာပဲ ကျနော် တော့ ပင်လယ်ရေစီးသံကိုမမြင်ရတာ ကြာလှပြီး ။
ကိုဖြိုး ...
ကျေးဇူးတင်ပါတယ်ဗျာ၊ (ကျနော်လည်း ၂ နှစ်ကျော်မှပဲ ပြန်ဖြစ်တော့တယ်...)
ကိုရွာသား ...
ုဟုတ်မယ်ဗျ၊ ရေက လူကိုအေးချမ်းစေတာကိုး...နော၊
မောင်မျိုး ...
ကျနော်လည်း ပင်လယ်ကို မမြင်ရတာ ကြာနေပြီဗျ၊ ဆွစ်က ကုန်းတွင်းနိုင်ငံ ဆိုတော့လေ..။
You are a true artist in all essence of the term. ...All pictures are amazing.
Post a Comment