06 October 2010

မိသားစုနဲ့ မနက်စာ


ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ စားသောက်၊ နေထိုင်နည်းတွေထဲမှာ မနက်စာ (breakfast) ကို အချိန်ပေးပြီး ကောင်းကောင်း စားတာလည်း တစ်ခုအပါအဝင်ပါ၊ ဒါပေမယ့် သိသာသိတယ်၊ မလိုက်လျှောက် နိုင်ပါဘူး၊ မြောက်များလှစွာသော မြို့ပြလူ တန်းစားများနည်းတူ ကျနော်တို့လည်း မိုးလင်းတာနဲ့ ကတိုက်ကရိုက် ပြေးရလွှားရတာပါပဲ၊ တကယ်ဆို အချိန်လေး ၁၅ မိနစ်လောက်စောထပြီး လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့သားနဲ့ လက်တွေ့မှာတော့ မနက်စာကို နေ့တိုင်း မစားဖြစ်ဘူး၊ ဒါတောင် အိမ်မှာကလေးတစ် ယောက်ရှိလာလို့ သူ့ကိုဂရုစိုက်ရင်း နဲနဲဝင်စားဖြစ်လာတာ...၊ အရင်ကဆို ပိုဆိုး....၊

ဒီတော့ ကျနော်တို့ သုံးယောက်စလုံး အတူတကွ မနက်စာ စားဖြစ်တာကတော့ စနေ၊ တနင်္ဂနွေမှာပါပဲ၊ အဲဒီ အခါမျိုးတွေမှာတော့ အများအားဖြင့် အေးအေးဆေးဆေး ရှိတတ်ပါတယ်၊ ဒီလိုအချိန်တွေမှာ ကျနော်တွေးမိ တတ်တာက ကျန်တဲ့နေ့တွေမှာလည်း အခုလောက် အေးအေးလူလူ မရှိရင်တောင် အထိုက်အလျောက် အချိန်ယူပြီး နေ့တစ်နေ့ကို အခုလို အစ,ပြုရရင် ကောင်းမှာပဲ-လို့၊ အင်း...ကြိုးစားဦးမှပါပဲ-ပေါ့လေ၊ ဒါပေမယ့် တနင်္လာနေ့လည်း ရောက်ရော ဒုံရင်းက ဒုံရင်းပါပဲ၊ သားကိုပဲ မဖြစ်မနေ စားခိုင်းပြီးတော့ ကျနော် တို့ကတော့ လောနေရတာပဲ၊ "To know and not to do is not yet to know" ဆိုတော့ တကယ်မသိ သေးဘူးလို့ပဲ ဆိုရမှာပေါ့...။ =)

မိသားစု
Photobucket


ကျနော် အခုကော်ဖီ ထည့်သောက်လေ့ရှိတဲ့ခွက်က အဲဒီခွက်အညိုလေး မဟုတ်တော့ပါဘူး၊ သူက ဒီမှာ ကွဲသွားခဲ့တာကိုး...။

ညီလင်းသစ်
၆ အောက်တိုဘာ၊ ၂၀၁၀

4 comments:

Maung Myo said...

ချစ်စရာကောင်းတဲ့ မိသားစု မနက်စာလေးမှာ ခွက်လှလှလေးတွေလာငေးသွားတယ် အစ်ကို ။ ပို့စ်ဟောင်းလေး လာထပ်ဖတ်အုံးမယ် ။

မေငြိမ်း said...

တကယ်တော့ အဲဒီဓာတ်ပုံလေးရဲ့ နာမည်ကပဲ မိသားစု နော် ညီလင်းရေ..။

MieMie said...

ခွက်ကလေး ၃ ခွက် လှတယ် ... ကျမလည်း ဟိုတလောလေးကမှ အိမ်ကခွက်တွေ ကွဲ လို့ ၉၉ ပြားဆိုင်ကနေ ခွက်တွေလှတာနဲ့ တဒါဇင်လောက် ၀ယ်လာခဲ့တယ် ... ( တခါတလေလည်း ဈေးပေါတဲ့ဆိုင်ကနေ ပစ္စည်းကောင်းလေးတွေ ရတတ်တယ် )
ခွက်အပေါ်ရှေ့ မျက်နှာစာမှာ ပန်းလေးတွေ ခြယ်ထားပြီး
ခွက်အပေါ်နှုတ်ခမ်းမျက်နှာစာနားမှာ ဇန်န၀ါရီ ဖေဖော်ဝါရီ
လအလိုက် စာတမ်းတွေ တလုံး တမျိုး စီ ထိုးထားတာ သဘောကျလို့ ...

mie nge

Shinlay said...

မနက်စာ ကိုကျမတို့ အတူတူမစားဖြစ်ကြဘူး။
ကျမက မနက်အစောကြီးထသွား။ သူကအိပ်တုန်း။
စနေ၊တနင်္ဂနွေကြတော့ ကျမက မြန်မာလိုစားပြန်တော့..