01 December 2010

အမေ...

ဒီကမ္ဘာပေါ်က မြောက်မြားလှစွာသော အမျိုးသမီးတွေထဲမှာမှ ကျနော်တို့တစ်ယောက်စီတိုင်းမှာ အမေ လို့ သတ်သတ် မှတ်မှတ် ခေါ်ရမယ့် အမျိုးသမီးတစ်ယောက်တော့ ရှိကြပါတယ်၊ ဝမ်းနဲ့လွယ်ပြီး မွေးပေးခဲ့တဲ့ မိခင်ရယ်လို့ တစ်ယောက်ပဲ ရှိနိုင်ပေမယ့် ဘဝခရီးတလျှောက်မှာ ကိုယ့်ရဲ့အမေအရင်းလိုပဲ လေးစားချစ်ခင် ရမယ့် အမေများစွာလည်း ကြုံတွေ့နိုင်ပါတယ်၊ ဒီလိုနဲ့ ဖလောရင့်စ် နိုင်တင်ဂေးလ်တို့လို မာသာထရီဇာ တို့လို မိခင်တွေကို လူ့သမိုင်းက လက်ဆောင်အဖြစ် ရခဲ့တာပဲ မဟုတ်လား၊ ပြောရရင်တော့... ဒီကမ္ဘာမြေ အတွက် ဘုရားသခင်ရဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ကတော့ ကြီးမြတ်တဲ့ မိခင်တွေပဲဖြစ်ပါတယ်၊

ချစ်ခြင်းမေတ္တာနဲ့ ယှဉ်လာရင်တော့ အနည်းငယ်သော ခြွင်းချက်အချို့ကလွဲလို့ မိခင်တိုင်းဟာ သူတို့ရဲ့သား၊ သမီးတိုင်းအတွက် ကြီးမြတ်သူချည်းပါပဲ၊ ဒီအထဲမှာမှ အချို့သောမိခင်တွေက ရင်မှဖြစ်သော သားသမီးတွေ အတွက်သာမကဘဲ သမိုင်းကငတ်မွတ်၊ တောင်းဆိုလာတဲ့ သားသမီးများစွာအတွက်ပါ မားမားမတ်မတ် ရပ်ခံသူ၊ ရင်ဆိုင်ဖြေရှင်းသူ၊ ဦးဆောင်လမ်းညွှန်သူ၊ ရဲရင့်စွာကာကွယ်သူတို့ ဖြစ်လာခဲ့ကြပါတယ်၊

ဒီလိုအမေတွေက သူတို့ရဲ့သားသမီးအရင်းတွေကိုတောင် ကျော်လွန်ပြီး ဆာလောင်မွတ်သိပ်နေတဲ့ “ခေတ်ရဲ့သားသမီး” တွေအတွက် အမြဲပဲ ပေးဆပ်လေ့ရှိတယ်၊ တခါတခါတော့လည်း သူတို့ရဲ့ ရှားရှားပါးပါး ကိုယ်ရေး ကိုယ်တာ ကွက်ကွက်ကလေးက သူတို့အတွက် ဘဝအမောတွေ ပြေစေဖို့ပါပဲ၊

ကျနော်တို့အားလုံးရဲ့အမေ ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ်အလုံးစုံမှ ကင်းဝေးပါစေ...။ ။


IMG_9417_mother


ညီလင်းသစ်
၁ ဒီဇင်ဘာ၊ ၂၀၁၀

10 comments:

hninhnin said...

I wish the same.When i watched their photos at airport,so........toushing.I worried when i watch their video at bogyoke market.I just wish her son can be along with her longer:( BTW Longing for ur snowy photoes.Today i went out n took photoes with APALA camara:)

Maung Myo said...

အစ်ကိုနဲ့ ထပ်တူ ဆုတောင်းသွားတယ်ဗျ လေးစားချစ်ခင်ရသော အမေ ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ်အလုံးစုံမှ ကင်းဝေးပါစေလို့

အမေ့ကိုချစ်သော သားများစွာထဲမှ တစ်ယောက် ။

Hay Mar said...

“ခေတ်ရဲ့သားသမီး” တွေတဲ့။ အသုံးအနှုန်းလေးကချစ်စရာလေးနော်။ ထပ်တူဆုတောင်းပေးပါရစေရှင်။

Sonata Cantata said...

ထပ်တူ ဆုတောင်းပါတယ်။

Sonata Cantata said...

ထပ်တူ ဆုတောင်းပါတယ်။

linn said...

အန်တီတို့ သားအမိနှစ်ယောက် ၇ဲ့  ပုံရိပ်တွေ ကြည့်ပြီး
ဆုတောင်းရင်း မျက်ရည်ကျမိတယ် ... ဒီသားလေးတယောက် အမြဲတမ်းအနားမှာရှိနေရင် သိပ်ကောင်းမှာဘဲ လို့လည်း တွေးမိတယ် ...


mie nge

မေငြိမ်း said...

အမ ဒီ post ကို ဘယ်လို ကျော်သွားခဲ့ပါလိမ့်..
ခုမှဖတ်ရတော့ ကျော်သွားမိခဲ့တာ နှမျောမိ...
ကျေးဇူးတင်တယ် ညီလင်းရေ.. ဒီ post လေးအတွက်...

Anonymous said...

Hey! Ko Nyi
You didn't reply for this post.


Gyidaw Hnin Hnin

ညီလင်းသစ် said...

Ma HninHnin ...
Yeah..we all were worried about her. Everything can happen anytime, right. I pray and keep the fingers crossed for the best in her life.

မောင်မျိုး ...
ပါဝင် ဆုတောင်းသွားလို့ ကျေးဇူးပါညီရေ..၊

မဟေမာ ...
လာလည်တဲ့အတွက်ရော ဆုတောင်းလေးအတွက်ပါ ကျေးဇူးတင်ပါတယ်..၊

မသီတာ ...
ဆုတောင်းတွေ ထပ်တူကျတာ သိရလို့ ဝမ်းသာရပါတယ်၊

မ mie nge ...
ကျနော်လည်း အဲဒီလို ဆန္ဒပြုမိတာ အမှန်ပါပဲဗျာ..၊

အမမေငြိမ်း ...
ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် အမရေ...၊

Gyidaw ...
your're right. I don't know how I missed it. Anyhow..thanks for reminding me and I just replied all the comments...now. :D

ဇွန်မိုးစက် said...

အစ်ကိုက.. အမေအကြောင်းရေးတယ်၊ ညီမလေးက သားအကြောင်းရေးတယ်။း)

http://zunmoesett.blogspot.sg/2010_11_01_archive.html