17 January 2009

သားကလေး, Johanna နှင့် baby-sitting


ပြီးခဲ့တဲ့ စနေနေ့က သားကလေးရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ် baby-sitting ဆိုတာကို မြည်းစမ်းခွင့်ရတယ်၊ အခု ၁၆ လသားအရွယ်အထိ သားက အဖေ၊အမေကလွဲရင် အဖွားတို့အဒေါ်တို့နဲ့ပဲ နေဖူးသေးတယ်၊ ကျနော်တို့ အလုပ်သွားတဲ့အချိန် တစ်ပတ်မှာ ၂ ရက် အမေဖက်က အဖွားက ထိန်းပေးတယ်၊ အဖွားကိုတော့သူ ကောင်း ကောင်းသိနေပြီ၊ သူ့ကို အဖွားအိမ်မှာ ထားခဲ့ရင် ပျော်ပျော်ရွှင်ရွှင်ပဲ နေခဲ့တယ်၊

အခု baby-sitting ကတော့ သူ့အတွက် မိသားစုဝင် မဟုတ်တဲ့သူတစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ် နေရခြင်း ပါပဲ၊ ဒါပေမယ့် လာထိန်းပေးတဲ့ ကောင်မလေးက တခြားသူစိမ်းတော့ မဟုတ်ပါဘူး၊ ကျနော်တို့မိတ်ဆွေ လင်မယားရဲ့ သမီးလေးပါ၊ Johanna လို့ခေါ်တယ်၊ သူက သားကလေးကို သိပ်ချစ်တယ်၊ တစ်ရက်သူတို့အိမ် အလည်သွားကြရင်းနဲ့ မအိမ်သူက Johanna ကို ကလေးထိန်းပေးချင်လားလို့ ကျီစယ်ရင်းမေးလိုက်တယ်၊ Johanna ကပျော်သွားပြီး ချက်ချင်းပဲ ထိန်းပေးမယ်လို့ ပြန်ဖြေတယ်၊ ပြီးတော့ သူ့အမေကို လှမ်းကြည့်တော့ သူ့ အမေကလည်း သဘောတူတယ်လို့ လှမ်းပြောတယ်၊

အခုလို Johanna က သားကလေးကို ထိန်းပေးမယ်ဆိုတော့ ကျနော်တို့လည်း အပြင်သွားပြီး တခြားလုပ်စရာ တွေလုပ်လို့ရတယ်၊ သူ့အတွက်လည်း သားကလေးနဲ့ ကစားခွင့်ရမယ်၊ နေ့စဉ်ဘဝကနေ တမျိုးတဖုံ အပြောင်း အလဲဖြစ်မယ်၊ ပြီးတော့ သူ့ကိုယ်ပိုင်လုပ်အားခနဲ့ မုန့်ဖိုးရှာခွင့်ရမယ်လေ၊ တကယ်တော့ Johanna တို့မိသားစုက ချောင်ချောင်လည်လည်ထဲကပါ၊ သူ့မိဘတွေက ကလေးထိန်းလို့ ရမယ့်မုန့်ဖိုးလောက်ကို ကောင်းကောင်းပေး နိုင်ပါတယ်၊ ဒါပေမယ့် အခုလိုဆိုတော့ Johanna အတွက် သူကိုယ်တိုင်ရှာရတဲ့အခါ ငွေရဲ့တန်ဖိုးကို ပိုသိမယ်၊ ကျနော်တို့အတွက်လည်း ကူဖော်လောင်ဖက် ဖြစ်စေတယ်၊ သူ့မိဘတွေကလည်း ကျနော်တို့ကို ကူညီနိုင်လို့ ဝမ်းသာမယ်၊ သုံးဦး သုံးဖလှယ်အကျိုးရှိတဲ့ ကိစ္စပါပဲ၊

ရယ်စရာကောင်းတာ တခုက Johanna ဟာသားအတွက် ပထမဦးဆုံး မိသားစု ပြင်ပကလာတဲ့ ကလေးထိန်း ဖြစ်သလို သားဟာလည်း Johanna အတွက် ပထမဦးဆုံး မိသားစုပြင်ပမှာထိန်းရတဲ့ ကလေးပါ၊ ဒါပေမယ့် အားလုံး ချောချောမောမောပါပဲ၊ ကလေးအများစုရဲ့ ထုံးစံအတိုင်း သားကလေးဟာလည်း Johanna ကိုအကဲ ခတ်ရင်း သူကျွေးတဲ့ ထမင်းကိုစားလိုက်၊ သူသိပ်တဲ့အခါ အိပ်လိုက်၊ နိုးလာတော့ သူနဲ့ကစားလိုက်နဲ့...၊ ၁၂ နှစ် ဆိုတဲ့အရွယ်နဲ့ မလိုက်အောင်ပဲ Johanna က သားကလေးကို ပျော်ရွှင်အောင် ထားရင်း ထိန်းသွားခဲ့ပါတယ်။ ။


IMG_2029a


Le fiston, Johanna et baby-sitting

Notre fiston a connu ce que c’est un baby-sitting (la garderie) le samedi dernier. Jusqu’à maintenant, à l’âge de 16 mois, il n’avait l’habitude de rester qu’avec sa grand-mère et sa tante en nos absences. Pendant la semaine où on travaille, il passe 2 jours avec sa grand-mère maternelle qu’il connaît bien. On peut bien le laisser chez elle sans le moindre souci. Il y est content.

Le baby-sitting qu’il a connu maintenant, c’est pour la première fois avec quelqu’un en dehors de la famille. Mais, la baby-sitter n’est personne d’autre que la fille du couple d’amis à nous : Johanna. Elle aime bien notre fiston. Un jour, on leur a rendu visite chez eux et mon épouse a demandé à Johanna si elle voulait garder Alexy pour une fois. Et là...Johanna a tout de suite répondu ‘ oui ’ d’un air très joyeux et tout en regardant sa maman. Sachant bien ce que sa fille voulait demander, la maman a donné son feu vert avec un grand sourire.

Ainsi, on pourrait aller dehors et faire ce qu’on a à faire. Pour Johanna, elle pourrait jouer avec Alexy et ça serait un petit changement dans la vie quotidienne. De plus, elle pourra avoir l’argent de poche, gagné de son propre effort. En fait, la famille de Johanna ne semble pas faire partie des gens qui ont la difficulté financière et certes, ses parents ont les moyens de lui offrir l’équivalent de l’argent de poche gagné par baby-sitting. Néanmoins, si elle est payée pour ce qu’elle a réellement fait, elle comprendra mieux la valeur du travail et de la récompense. Pour nous, ça serait un petit service non-négligeable. Quant à ses parents, ils seraient contents pour nous et fiers de leur fille. Que du bonheur pour tout le monde !

Ce qui est un peu drôle, c’est que pour notre fiston, Johanna est la première baby-sitter en dehors de la famille et vice versa, pour Johanna, Alexy est le premier enfant à garder en dehors de la famille. Mais, tout s’est très bien déroulé. Comme la majorité des enfants, notre fils a mangé ce que Johanna lui avait donné, s’est couché quand elle l’a mis au lit et a joué avec elle lors du réveil tout en observant et se posant des questions sur la personnalité de cette mignonne demoiselle qui était devant lui. Malgré ses 12 ans, Johanna a fait un travail remarquable dans la joie et la bonne humeur pour garder notre fiston unique bien aimé.


IMG_2024a



ညီလင်းသစ်
၁၇ ဇန်နဝါရီ၊ ၂၀၀၉

7 comments:

khin oo may said...

စိတ်ဝင်စားစရဘဲာ။
တလွဲ မတွေးနဲ့ဦး.
တော်ကြာနေ baby sitter လာလျောက်တယ် ထင်နေဦးမယ်။
ရေးထားတာ စိတ်ဝင်စားတယ်လို့ပြောတာပါ

Unknown said...

၁၂နှစ်တဲ့နော် လူကြီးလေးလိုပဲ။ ချောလိုက်တာ။
ဒီအရွယ်နဲ့ ၀င်ငွေရအောင် လုပ်တာ ချီးကျူးစရာပဲ။

Dr. Yi Yi Win said...

အဆင်ပြေနေတာမြင်ရလို့ ဝမ်းသာပါတယ် ကိုညီလင်းသစ်ရေ။ ကလေးတွေအတွက်ကလည်း အဲလိုကြင်ကြင်နာနာရှိမယ့်လူနဲ့ နေခွင့်ရဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်မက ကလေးတွေတော့ အဲလိုလူနဲ့ တော့နေခဲ့ရပါရဲ့။ မမြဲတဲ့သဘောအရ ပြောင်းပြောင်းသွားကြလေတော့ သူတို့ ခမြာ ငိုယိုတမ်းတလို့ မမ..မမ နဲ့ ကြာတော့ ကျွန်မထက်ကို သူတို့ ကိုပိုချစ်သွားတာလေ။ ခုတော့ ဆွေမျိုးထဲက တူမတွေပဲ ပြန်ပြန်ခေါ်ထားလိုက်တော့တယ်။ သူတို့ ကတော့ ကိုယ်မပြန်စေချင်ရင်မပြန်ဘူးလေ။ ဒါတောင်လက်ရှိတူမကြီးက မလေးရှားသွားမလို့ ပြင်နေပြန်တော့ ကလေးတွေအတွက်စိတ်မကောင်းဖြစ်ရဦးမှာ။ သူတို့ တက်လမ်းအတွက်ဆိုတော့ တားလို့ လည်းမဖြစ်တော့ဘူးလေ။ ဒါနဲ့ သားလေးကလဲ ကပြားသွေးထင်တယ်နော်။ ချစ်စရာလေး။ ခုလိုမြန်မာစာတွေရေးနေတဲ့ဖေဖေရဲ့သား ဆိုတော့ဂုဏ်ယူပါတယ်ရှင်။

:P said...

သားကလေးက ဘိုဆန်ဆန် ချစ်စရာကောင်းပါ့..။
၁၂ နှစ်နဲ့ ကလေးထိန်းနိုင်တာ တော်ရုံ တန်ရုံ တော်တာမဟုတ်ဘူးနော်....။

Saing Khan Tun said...

ကလေးက တုတ်တုတ်လေး ... ဟ ... ဟ ချစ်စရာလေး ...

Anonymous said...

အစ်ကိုရေ ပြင်သစ်စာတွေ ကျွမ်းကျင်လိုက်တာဗျ။ အားကျသွားမိပါတယ်။

ရွှေအိမ်စည် said...

တုတ်တုတ်ခဲခဲ ချစ်စရာလေး
baby-sitting လေးကိုလဲ သဘောတကျကြည့်မိသွားတယ်..
အခုဆို သူလဲ အပျိုပေါက်ကလေး ဖြစ်နေလောက်ရောပေါ့
ကြည်လင်တဲ့ အပြုံးနဲ့ စိတ်ရင်းနဲ့ချစ်ခင်မှုက သားကလေးအတွက် ကောင်းမွန်တဲ့ baby-sitting လေးကို ရရှိစေခဲ့တာပဲ
:)