25 March 2009

Seagull


အမြင့်ပျံ
IMG_2378a
Canon EOS450d, 173mm, f/10, 1/400, ISO200


စင်ရော်ယောင်ဆောင်သောဘဲ
IMG_2380a
Canon EOS450d, 134mm, f/8, 1/200, ISO200


ကျောက်ဆောင်ထက်မှ အလွမ်းများ
IMG_2383a
Canon EOS450d, 200mm, f/8, 1/320, ISO200


တစ်ကောင်တည်း ဒါပေမယ့်ယောနသန်
IMG_2384a
Canon EOS450d, 96mm, f/13, 1/500, ISO200


Sharing is caring
IMG_2386a
Canon EOS450d, 200mm, f/8, 1/320, ISO200


မြို့နှင့်ငှက်၏ ဆောင်းဖူးစာ
IMG_2389a
Canon EOS450d, 63mm, f/11, 1/250, ISO200


First come, first served
IMG_2391a
Canon EOS450d, 115mm, f/10, 1/400, ISO200


တလောဆီက လမ်းလျှောက်ထွက်ရင်း ရိုက်ဖြစ်တဲ့ပုံအချို့ပါ၊ ဆောင်းတွင်းရောက်ရင် ဒီစင်ရော်တွေက နှစ်တိုင်းဆောင်းခိုဖို့ ဝင်လာလေ့ ရှိတယ်၊ အဲဒီမှာ လူတွေက သူတို့စားမကုန်တဲ့ ပေါင်မုန့်တွေ လာ,လာကျွေးရင်း ဒီကောင်တွေအဖို့တော့ အချစ်နဲ့ပေါင်မုန့်နဲ့ ဟန်ကိုကျနေတာပေါ့၊ နဂိုကတည်းက ရှိနေတဲ့ ဘဲတွေ၊ငန်းတွေက နှေးနှေးကွေးကွေးတွေ ဆိုတော့ သွက်လက်တဲ့စင်ရော်တွေပဲ အရင်စားရလေ့ရှိတယ်၊

အခုလည်း မအိမ်သူနဲ့ သားလေးနဲ့ သူတို့ကို အစာကျွေးနေတုန်း ကျနော်လည်း ကင်မရာမှန်ဘီလူး စမ်းဖို့အခွင့်အရေးကို မလွတ်တမ်းယူ လိုက်တယ်၊ အရင်တစ်ခေါက်ကလည်း ဒီလိုမျိုး ရိုက်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းကတော့ အခြား Lens တစ်ခုနဲ့၊ အခုပုံတွေ အားလုံးကိုတော့ Sigma 18-200mm F3.5-6.3 DC OS မှန်ဘီလူးနဲ့ ရိုက်ပါတယ်။

7 comments:

Phyo Evergreen said...

ဓာတ်ပုံနဲ့ စာသားလေးတွေလိုက်တယ် အကို..။ အမြင့်ပျံဆိုတဲ့ပုံလေး သဘောကျတယ်..။

ဇနိ said...

ဓာတ်ပုံတွေက အတော်လှတယ်..း)

khin oo may said...

သဘော်စီးရင် ဇင်ယော်လေးတွေ လိုက်ပျံပေါင်မနီု့ကျွေးတာသတိရသွားတယ်။

Anonymous said...

သိပ်ကိုလှတဲ့ဇင်ယော်တွေပါပဲ..
ဝေမျှတဲ့ ကိုညီလင်းကိုလည်း ကျေးဇူးတင်ပါတယ်

Dr. Yi Yi Win said...

ကိုညီလင်းသစ်က စင်ယော် ခရေစီ ဖြစ်ပုံရတယ်နော်။ ချစ်လည်းချစ်စရာကောင်းတာကိုး။

ညီလင်းသစ် said...

ကိုဖြိုး, ကိုဇနိ...ကျေးဇူးပါဗျို့...။

မခင်ဦးမေ...ကျနော်ကတော့ အင်းလေးကန်ထဲ လှေစီး ရင်စင်ရော်တွေ လှေပေါ်က လိုက်ပျံတာ သတိရတယ်၊ လှေကအမိုးမပါတော့ တခါတလေလည်း စင်ရော်က ကိုယ့်ကိုအိမ်သာ အောက်မေ့တတ်သေးတယ်...ဟီး။

ရွာသားလေးဝိုင်တီယူ...ကျေးဇူးပါဗျာ။

စင်ရော် crazy ဖြစ်တယ်ရယ်တော့လည်း မဟုတ်ပါဘူး မယုဝရီရာ...၊ moving subject တွေလိုက်ရှာတော့ နီးနီးနားနား သူတို့ပဲတွေ့တာနဲ့....အဟဲ။

Unknown said...

Very very nice photos. Wanna come to there and take photos.