10 September 2008

မွန်းတည့်ချိန်၏သွားများ (၂)

ကျနော်တို့သွားခဲ့တဲ့ ကျေးရွာလေးနာမည်က Champéry လို့ခေါ်ပြီး၊ တောင်ပေါ်အမြင့်မီတာ တစ်ထောင်ဝန်းကျင်ခန့်မှာ တည်ရှိပါတယ်၊ Switzerland မှာရှိတဲ့ တောင်ပေါ်ရွာလေးတွေရဲ့ ထုံးစံ အတိုင်း ဆောင်းရာသီမှာ Ski စီးသူတွေနဲ့ ပြည့်နေပြီး နွေရာသီမှာတော့ ခရီးကြမ်းစက်ဘီးစီးသူတွေ ရယ်၊ trekking သွားသူတွေရယ်နဲ့ စည်ကားနေတတ်တဲ့ ရွာလေးတစ်ရွာပါပဲ၊ ကျနော်တို့ရောက်တဲ့ အချိန်က Swiss အမျိုးသားနေ့နဲ့လည်း တိုက်ဆိုင်နေတော့ ကျေးလက်အကတချို့နဲ့ ပျော်ပွဲရွှင်ပွဲ တွေလည်း တွေ့ခဲ့ရတယ်၊ အဲဒီတုန်းက ရိုက်ခဲ့တဲ့ပုံအချို့ကို တင်လိုက်ပါတယ်၊ ကြည့်စရာ ရှုစရာပုံ သိပ်မရှိတဲ့ ကျနော့်ဘလောဂ်လေးလည်း နဲနဲ စိုစိုပြေပြေဖြစ်သွားတန်ကောင်းပါရဲ့... ။ ။


Champéry ကျေးရွာ။


ရွာလယ်လမ်းမ...၊ အိမ်တွေမှာထူထားတဲ့ ပြည်နယ်အလံတွေက အမျိုးသားနေ့အထိမ်းအမှတ်အတွက်ပါ၊


သီဆို တီးမှုတ်ဖို့ ပြင်ဆင်နေသော ရွာသားများ...။


ရိုးရာဝတ်စုံကိုယ်စီဖြင့် ကျေးလက်အကဖော်ကျူးနေသည့် champéry ရွာသူရွာသားများ။


တောင်ပေါ်မှာ trekking သွားဖို့အတွက် cable car နဲ့တက်ရပါတယ်၊ ဒီကမှတဆင့် ကိုယ်လျှောက်နိုင်မယ့်လမ်း ကြောင်းကို ရွေးလို့ ၁ နာရီခရီး၊ ၂ နာရီခရီး၊ ၅ နာရီခရီး အစရှိသဖြင့် သွားလို့ရတယ်၊


Cable car ပေါ်ကနေမြင်ရတဲ့ Champéry ရွာမြင်ကွင်း၊ ရွာကနေတောင်ပေါ်ကို အမြင့်မီတာတစ်ထောင်ဝန်း ကျင်လောက်ကွာတယ်၊ ဒါပေမယ့် Cable car နဲ့တက်ချိန်က ၅ မိနစ်ပဲ ကြာပါတယ်။


ဒီလမ်းကြောင်းက ကြာချိန် ၁ နာရီပဲ ရှိပါတယ်၊ ခဲရာခဲဆစ်ကုပ်ကပ် တက်စရာလည်း မလိုဘူး၊ ဒါပေမယ့်အမြင့် ကြောက်တတ်ရင်တော့ ခြေဖဝါးတွေ နဲနဲအေးလာနိုင်တဲ့ ခရီးပါ၊


တောင်ကမ်းပါးယံတွေပြီးရင်တော့ အခုလိုစမ်းချောင်းလေးရဲ့ဘေးမှာလျှောက်ရင်း လွတ်လပ်ကျယ်ပြောတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ သန့်စင်တဲ့လေတွေ တဝကြီးရှူလို့ အဝေးကတောင်တန်းတွေကို ခံစားလို့ရပါပြီ။


ကွင်းပြင်ကျယ်ကြီးထဲမှာ သူလည်း အပူအပင်ကင်းစွာနဲ့ပေါ့၊

တောင်ပေါ်က ကျေးလက်စားသောက်ဆိုင်လေးတစ်ဆိုင်...၊ ဒီဆိုင်က သူတို့ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ခြံကထွက်တဲ့ လတ်လတ်ဆတ်ဆတ်ကုန်တွေနဲ့ လုပ်ထားတဲ့အစားအသောက်တွေကို ရောင်းပါတယ်။


မြို့ပြရဲ့မွန်းကျပ်မှုတွေက ကင်းဝေးရာတောင်ပေါ်ရိုးရာ အိမ်ကလေး...၊


ပုဇွန်ဆီရောင်အလှဖြင့်နာမည်ကြီး Les Dents du Midi (မွန်းတည့်ချိန်၏သွားများ)၊ ဒီနေရောင်ကညနေ ၈ နာရီ ၅၃ မိနစ်မှာရိုက်ထားတဲ့ ဝင်လုဆဲဆဲနေရဲ့ နောက်ဆုံးရောင်ခြည်တန်းတွေပေါ့...။

တခါတရံ မြို့ပြရဲ့မွန်းကျပ်မှုတွေက သိပ်ဖိစီးလာပြီဆိုရင် အခုလိုကျေးလက်ကဓါတ်ပုံလေးတွေက ကျနော့်ကို အတော်အတန် အမောပြေစေပါတယ်၊ မာကျောကြံ့ခိုင်တဲ့ တောင်တန်းကြီးတွေကိုကြည့်ရင်း ရှေ့ဆက်လှမ်းဖို့ ကိုယ့်ကိုယ်ကို တည်ဆောက်ယူဖြစ်ပါတယ်။ ။



ညီလင်းသစ်
၁၁ စက်တင်ဘာ၊ ၂၀၀၈

7 comments:

Dr. Yi Yi Win said...

ရုံးမသွားခင်လေး ၀င်လာပြီး ဓာတ်ပုံတွေ ခံစားသွားပါတယ် ကိုညီလင်းသစ်ရေ။ မျက်စိအေးပါ့။

ညီလင်းသစ် said...

ကျေးဇူးပါ မယုဝရီခင်ဗျာ...။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကိုညီလင်းသစ်က ဓါတ်ပုံကို ခံစားတတ်တာပဲ။

Thanks u ပါ။

နန္ဒာ့ Blog က ''သူနဲ့အတူတူ'' ပုံလေးက သူငယ်ချင်း Tom ရိုက်ပေးတာ။ ရိုက်လိုက် မှန်းတောင် မသိဘူး။ သူက တော်တော်လှမ်းလှမ်း နေရာ ရောက်နေတာလေ။

အပျော်တမ်း ရိုက်ပေမယ့် ခံစားချက်နဲ့ ရိုက်လို့ သူ့ပုံတွေ သိပ်ကောင်းတယ်။

ဒီ Post လေးက Interesting ပဲ။ Travelling ဝါသနာပါသူ နန္ဒာ့ အတွက် အကြိုက်ပါပဲ။

ရိုက်ထားတဲ့ ပုံတွေလဲ Brilliant!! Good Snaps.

Thanks again for sharing.
SMNTL

Soe Mya Nandar Thet Lwin (Borros Roxo) said...

Cbox မှာ Message ချန်တာ မရလို့ Comment မှာ ထပ်ရေးလိုက်တယ်။ Swiss မှာနေတာလား??

I take it you can speak French then, huh?

နန္ဒာလဲ Switzerland ကို July တုန်းက summer holiday အဖြစ် 3rd times ရောက်ဖြစ်တယ်။

ဓါတ်ပုံတွေ ရိုက်ခဲ့တာ အများကြီးပဲ။ Post တင်ဖြစ်ရင် လာပြောမယ်။

I love swiss culture and living standard. Everywhere is great to look at and very clean. But not been to village yet which i could do next time.

Please post about swiss and your experiences sometime if you could. It would be interesting to read for sure.

Cheers,
SMNTL

ညီလင်းသစ် said...

ဟုတ်ပါတယ် နန္ဒာ...Swiss အကြောင်းရေးဖို့စဉ်းစား ထားတာတွေတော့ ရှိပါတယ်၊ အဆင်ပြေသလို ရေးဖြစ် မှာပါ၊

နန္ဒာက Swiss ကို ၃ ခေါက်တောင်ရောက်ဖူးတယ်ဆို တော့ ဘယ်ဖက်တွေများပါလိမ့်၊ Swiss German အပိုင်းလား၊ Swiss Romande အပိုင်းလား၊

လာလည်တဲ့အတွက်လည်း ကျေးဇူးပါဗျာ....။

Anonymous said...

အဲ့ရွာလေးမှာ နေချင်တယ်.. :(

ဇွန်မိုးစက် said...

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်...

အလွတ်ရပေမယ့်လည်း အဆုံးထိတော့ မရေးတော့ပါဘူးနော်။

တောင်တန်းကြီးတွေကိုကြည့်ရင်း ရှေ့ဆက်လှမ်းဖို့ ကိုယ့်ကိုယ်ကို တည်ဆောက်ယူဖြစ်တယ်ဆိုတဲ့ အစ်ကို့ရဲ့ စကားလေးကြောင့် ခေါင်းထဲပေါ်လာတဲ့ကဗျာလေး ချရေးသွားတာ။

ဇွန်စိတ်ဓာတ်ကျတိုင်း ရွတ်ပြီး ကိုယ့်ကိုယ်ကို အားတင်းမိတဲ့ ကဗျာလေးပေါ့။း)