mardi 23 septembre 2008

ပန်း

တကယ်တော့ ကျနော်က ရုက္ခဗေဒနဲ့ သိပ်နီးစပ်တဲ့လူတော့ မဟုတ်ပါဘူး၊ ပန်းဆိုရင်ဂေါ်ဖီပန်း လောက်ကိုပဲ စိတ်ဝင်တစားနဲ့ ရှိနေတတ်တဲ့လူမျိုး...၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ အတွက် မိမိနှစ်သက်ရာ ဘာသာရပ်တွေကို နံပါတ်စဉ်တပ်ပြီး ချရေးရတော့ ရုက္ခဗေဒ ဘာသာရပ်ကိုကျနော် နောက်ဆုံးမှ ချရေးဖြစ်တယ်၊ ပန်းတွေကို ကျနော်သေသေချာချာ မသိပေမယ့် အရောင် အသွေးစိုတဲ့ ပန်းလေးတွေကိုတော့လည်း စိတ်ဝင်စားပြန်ပါတယ်၊

သူတို့တွေကို ကျနော်က အရောင်စပ်ဟပ်ပုံ ရှုထောင့်ကနေ ပိုစိတ်ဝင်စားဖြစ်ပါတယ်၊ ဒီတော့လည်း ခရီးသွားတုန်း ဟိုတကွေ့ ဒီတကွေ့ တွေ့မိတဲ့အခါ ဟိုတစ်ပွင့် ဒီတစ်ပွင့် ရိုက်ဖြစ်တယ်ပဲ ဆိုပါတော့ လေ...၊ နေရောင်ခြည်ရတုန်းလေး အလုအယက် ပွင့်ရတဲ့ သူတို့ခမျာ အလှပေါ်အယဉ်ဆင့်ချိန်က သိပ်တော့ မရှည်ကြာလှပါဘူး၊ အချိန်မတိုင်မီ စောစီးစွာ ရောက်လာတတ်တဲ့ ဆောင်းကြိုအအေး ဒဏ်ရဲ့ လက်ကြမ်းကြီးတွေ အောက်မှာ နွမ်းလျော့ မှိန်ဖျော့စွာနဲ့ တိတ်တဆိတ် ထွက်ခွာသွား ရလေ့ရှိပါတယ်၊ ရိုက်ထားတာတွေ အခုပြန်ကြည့်တော့လည်း သူတို့လေးတွေ ပျော်ရွှင်နေတဲ့ အဲဒီခဏတာလေးကို ပါမြင်ယောင် မိပြန်ရော...၊















ပွင့်ချိန်က မကြာပါဘူး၊ ဒါပေမယ့် သူတို့အလှဆုံး ပွင့်သွားခဲ့ကြတယ်...။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၀၈

8 commentaires:

ကလိုစေးထူး a dit…

ဒီတခါတော့ ကိုညီလင်းသစ်က အကြံဦးတယ်ဗျာ။ ကျနော်လဲ ပို့စ်ရေးဖို့ဆိုပြီး ပန်းပုံတွေ ရိုက်ထားတာ ရှိတယ်။ မတင်ဖြစ်သေးဘူး။ :)

ဒါနဲ့ ကွန်မန့်နေရာမှာ အင်္ဂလိပ်လို မဟုတ်ဘဲ တခြား ဘာသာတခုခု ဖြစ်နေတယ်။ အဲလို တမင်ထားထားတာလား။

khin oo may a dit…

visited.. see...feel.....like

khin oo may a dit…

can not write in c box.

My Wonderful Moral Thoughts a dit…

နန္ဒာလဲ ပန်းလေးတွေကို ဓါတ်ပုံရိုက်ရတာ ကြိုက်တယ်။

ကိုစေးထူးလိုပဲ ရိုက်ပြီ်း မတင်ဖြစ်သေးဘူး။

ပန်းဆိုတာ လောကကြီး လှစေဖို့ အလှဆင်ရာမှာ မပါမဖြစ်ပေါ့။ နန္ဒာတော့ ပန်းတွေကို ချစ်တယ်။

ဒီဓါတ်ပုံထဲက ပန်းကလေးတွေက Summer မှ ပွင့်ကြတာနော်။ England မှာလဲရှိတယ်။

အရောင်အစုံအလင်နဲ့ လှလိုက်ကြတာ။

By the way I cannot write in CBox either!! Please check.

SMNTL

Yu Wa Yi a dit…

ပန်းလေးတွေကြည့်သွားပါတယ် ကိုညီလင်းသစ်။ country ရှုခင်းလေးတွေလိုပဲ။ ကျွန်မ မ
ကြာမကြာအိပ်မက်လေ့ရှိတဲ့ ဥရောပရဲ့ ကျေးလက်ဒေသက ပန်းလေးတွေထင်ရဲ့။

Nyi Linn Thit a dit…

lကိုကလိုစေးထူးနဲ့ ကျနော်နဲ့ကတော့ ဟိုအင်္ဂလိပ်ဆိုရိုး စကားလေးလို ဖြစ်နေပြီ ထင်တယ်၊ Great minds think alike ဆိုတာလေ...၊ ဥာဏ်ကြီးရှင်တွေဟာ အတွေးအခေါ် တူကြတယ် လို့များ ဘာသာပြန်ရမလား မသိ..၊ ကိုကလိုစေးထူးက ပုံတွေမတင်ဖြစ်သေးပေမယ့် ကိစ္စမရှိပါဘူးဗျာ၊ အကြံတူ နောက်လူသာစမြဲ ဆိုတဲ့ ကျနော်တို့ မြန်မာစကားပုံလေးလဲ ရှိသားပဲး ))
ကွန်မန့်က ပြင်သစ်ဘာသာ ဖြစ်နေတာဗျ၊ ကျနော် ဘလော့ဂ်စ လုပ်ကတည်းက ပြင်သစ်စကားကိုရွေး လိုက်မိတော့ တောက်လျှောက်အဲဒီလို ဖြစ်နေတာပါဗျာ၊

အစ်မခင်ဦးမေ...လာလည်တာကျေးဇူးပါခင်ဗျာ၊ C-box လည်းပြန်ပြင်လိုက်ပါပြီ...။

နန္ဒာ့ဆီက ပန်းလေးတွေလည်း တင်ပါဦး၊ ကြည့်ကြရ တာပေါ့၊ ပန်းဆိုတာ ချစ်တဲ့သူတွေအတွက်တော့ ဝေ လည်းမွှေး၊ ကြွေလည်းမွှေးပါပဲ...၊

ဟုတ်ပါတယ် မယုဝရီရေ...၊ အဲဒီပန်းလေးတွေက အဲ့လ်ပ်စ် တောင်တန်းပေါ်က ပန်းတွေပါ။ မယုဝရီရဲ့ အိပ်မက်ထဲက အရောင်အသွေးကို မှီမှ မှီပါ့မလားပဲ...။

LIN LET KYAL SIN a dit…

အကိုညီလင်းသစ် .. ပန်းပုံလေးတွေက သိပ်လှတာပဲ။ ရိုးရိုးလေးတွေနဲ့ မြင်ရတာ စိတ်ထဲမှာ ကြည်နူးလှပသွားတယ်။ ညီမက သဘာဝအတိုင်း လှနေတဲ့ ပန်းခင်းတွေ ၊ အလှစိုက်ထားတဲ့ ပန်းတွေကို သိပ်ချစ်သလို မြင်ရတာလှစေတဲ့ ဘယ်ပန်းမဆို အကုန်လုံးကို သိပ်ကြိုက်။ ခံစားလှပစေသော ပန်းပုံလေးတွေအတွက် ကျေးဇူး :)

ThuHninSee a dit…

လှလိုက်တဲ့ပန်းလေးတွေ။