05 September 2008

မြို့ကလေးရဲ့ မိုးတိမ်တိုက်



ဝေးဝေးကစိုက်ခင်းစိမ်းစိမ်းတွေမှာ
လေဟုန်စီးနေတာ ကိုယ့်ဝိညာဉ်ပေါ့၊

တပိုင်းသေညနေခင်းတွေမှာ
အနီရောင်နှင်းဆီတစ်ပွင့်နဲ့
ယစ်မူးပါရစေ ကောင်မလေးရယ်...

လေရိုင်းတွေက သူစိမ်းဆန်သွားတဲ့
မစိမ်းတစိမ်း စိုက်ခင်းထဲမှာ
အရိုးကျွတ်ပေါက်ပြားတစ်လက်ကတော့
အလွမ်းပွင့်ဝေဝေနဲ့ ကြေကွဲနေဆဲ

ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။


ညီလင်းသစ်
၅ စက်တင်ဘာ၊ ၂၀၀၈

2 comments:

Dr. Yi Yi Win said...

ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။

နက်နဲလွန်းတဲ့ ဝေါဟာရတွေ နဲ့ ကျစ်လစ်တဲ့ကဗျာလေး
တွေးလို့ မပြီးနိုင်သေးဘူး။

မေဓာဝီ said...

ကိုညီလင်းရဲ့ ကဗျာတွေကို ပြန်ရှာဖတ်နေတာ ...
ကိုညီလင်းက စကားပြေ အရေးညက်သလို ကဗျာအတွေးလဲ ထက်တယ်။
ဒီကဗျာမှာ သုံးသွားတဲ့ စကားလုံးလေးတွေကို သဘောကျလို့ ... ။