ဝေးဝေးကစိုက်ခင်းစိမ်းစိမ်းတွေမှာ
လေဟုန်စီးနေတာ ကိုယ့်ဝိညာဉ်ပေါ့၊
တပိုင်းသေညနေခင်းတွေမှာ
အနီရောင်နှင်းဆီတစ်ပွင့်နဲ့
ယစ်မူးပါရစေ ကောင်မလေးရယ်...
လေရိုင်းတွေက သူစိမ်းဆန်သွားတဲ့
မစိမ်းတစိမ်း စိုက်ခင်းထဲမှာ
အရိုးကျွတ်ပေါက်ပြားတစ်လက်ကတော့
အလွမ်းပွင့်ဝေဝေနဲ့ ကြေကွဲနေဆဲ
ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။
ညီလင်းသစ်
၅ စက်တင်ဘာ၊ ၂၀၀၈
Canadian Rockies Mountain သွား တောလား - ၉
-
၂၀၂၄ စက်တင်ဘာ ၂၂ မနက်စောစော ဟိုတယ်ကနေထွက်ပြီး Canmore Post office မှာ
ထိုင်ဝမ်အမက ပို့စကဒ်ပို့တယ်။ ကိုယ်က magnet တခုထပ်ဝယ်တယ်။ ပြီးတော့ Johnston
Canyon က...
15 hours ago
2 comments:
ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။
နက်နဲလွန်းတဲ့ ဝေါဟာရတွေ နဲ့ ကျစ်လစ်တဲ့ကဗျာလေး
တွေးလို့ မပြီးနိုင်သေးဘူး။
ကိုညီလင်းရဲ့ ကဗျာတွေကို ပြန်ရှာဖတ်နေတာ ...
ကိုညီလင်းက စကားပြေ အရေးညက်သလို ကဗျာအတွေးလဲ ထက်တယ်။
ဒီကဗျာမှာ သုံးသွားတဲ့ စကားလုံးလေးတွေကို သဘောကျလို့ ... ။
Post a Comment